Channel Myanmar

Jugal Hansraj

Nadaaniyan (aka) Naadaniyaan (2025) 5.0
Nadaaniyan (aka) Naadaniyaan (2025) Nadaaniyan (aka) Naadaniyaan (2025) "ရိုးသားမှုများ၏နောက်..." IMDb - 5/10နာမည်ကျော် အိန္ဒိယရုပ်ရှင်မင်းသားကြီး ဆေ့ဖ်အလီခန်းရဲ့ သားတော်မောင် ပထမဦးဆုံးပွဲထွက်လာတဲ့ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဆေ့ဖ်အလီခန်းကိုယ်ပွားလေးလို့ ပြောရလောက်အောင် ဆေ့ဖ်အလီခန်းကို ချွတ်ပြီးစွပ်ထားသလားထင်ရတဲ့အီဘရာဟင်မ်အလီခန်း။ပီယာဆိုတဲ့ ကျောင်းသူလေးက အသိုင်းကြီးအဝိုင်းကြီးကပေါက်ဖွားလာတဲ့ ကောင်မလေးတစ်ယောက်ပေါ့။အချစ်ရဆုံးသူငယ်ချင်းနှစ်ယောက်နဲ့အတူ ဘ၀ကိုပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပေမဲ့ ချစ်ရတဲ့သူငယ်ချင်းတွေက အထင်လွဲမှုတစ်ခုဖြစ်လာတဲ့အခါ ပီယာ့ခေါင်းထဲပေါ်လာတာက တကယ်မရှိဘဲ ရည်းစားရှိတယ်ဆိုပြီး ပြောမိလိုက်ပါလေရော။ဒီမှာပဲ သူငယ်ချင်းတွေယုံကြည်မှု ချစ်ခင်မှုပြန်ရဖို့ သူ့စိတ်ကြိုက်ရည်းစားတစ်ယောက်ကိုအသည်းအသန်ရှာရတဲ့အခါ....။ဆိုတော့ ဒီအချစ်ဟာသလူငယ်ရုပ်ရှင်လေးကို စီအမ်အက်ပ်လေးနဲ့ချေးလ်လိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.3 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nadaaniyan (aka) Naadaniyaan (2025)

Bade Miyan Chote Miyan (2024) 5
Bade Miyan Chote Miyan (2024) Bade Miyan Chote Miyan (2024)Sultan (2016)၊ Bloody Daddy (2023)တို့လိုရုပ်ရှင်တွေရဲ့ ဖန်တီးသူ ဒါရိုက်တာကြီး Ali Abbas Zafarရဲ့လက်ရာ ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်ကြီးကတော့ဖြင့် လူကြီးမင်းတို့ရှေ့မှောက်မှာ မြန်မာစာတမ်းထိုး ကြည်တောက်ရှင်းရယ်နဲ့ ရောက်ရှိလို့လာခဲ့ပါပြီ။ ဆိုနက်ခ်ရှီ၊ အာလေယာနဲ့ မာနူရှီတို့လို မင်းသမီးချောတွေလည်းပါဝင်အားဖြည့်ထားပါတယ်။နာမည်မရှိ၊ အကြောက်တရားမရှိ၊ မျက်နှာကိုတောင်မသိမမြင်ရဘဲ သူ့ကိုယ်သူကြမ္မာဆိုးလို့ခေါ်တဲ့ မကောင်းဆိုးဝါးလို ဗီလိန်ကြီးလိုချင်တာက လက်စားချေမှု။အားအပြင်းဆုံး အန္တရာယ်အပေးနိုင်ဆုံးလက်နက်ကို စစ်တပ်ယာဉ်တန်းနဲ့ သယ်ဆောင်လာတုန်းမှာပဲ ဖြတ်လုခံလိုက်ရပြီး လိုက်ပါစောင့်ရှောက်တဲ့လူတွေပါ အသတ်ခံလိုက်ရတယ်။ လုယူသွားတဲ့သူက လက်စားချေဖို့ ဆန္ဒပြင်းပြနေတဲ့ အကြမ်းဖက်သမားဗီလိန်ကြီး။ဒီလိုစိတ္တဇဆန်ဆန် ဗီလိန်ကို ရင်ဆိုင်နိုင်ဖို့က သူ့ထက်ပိုစိတ္တဇဆန်နိုင်မဲ့ စစ်သည်နှစ်ယောက်ကိုစုစည်းဖို့ပဲရှိတယ်ဆိုတဲ့ ဗိုလ်မှူးအမိန့်နဲ့ မီရှာတစ်ယောက် ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့ကို သွားပင့်ရပါတော့တယ်။ဘာအထောက်အထားမှမသိရတဲ့ ဗီလိန်ဆရာကြီးလိုချင်တဲ့ လက်စားချေမှုကဘာလဲ။ အရွှန်းတွေဖောက်ရင်း မျက်နှာကြောမတည့်ကြတဲ့ အရှေးနဲ့ တိုက်ဂါးတို့ကရော အဲဒီဗီလိန်ကိုတားဆီးနိုင်မှာလား။ အပစ်အခတ် အတိုက်အခိုက်ခပ်ကြမ်းကြမ်းတွေနဲ့ အိန္ဒိယအက်ရှင်ရုပ်ရှင်ကားကြီးပီသစွာ ပုံဖော်တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.5GB / 1.6GB  Quality…WEB ...
movie

Bade Miyan Chote Miyan (2024)

2024
Shiv Shastri Balboa (2023) 6.7
Shiv Shastri Balboa (2023) Shriv Shastri Balboa(2023) IMDb 6.8/10 Comedy/Dramaမင်းသားကြီး Arnupam Kherရဲ့ အသစ်ထွက်ရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Jugal Hansraj၊ Nargis Fakhri စတဲ့နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ အငြိမ်းစားယူထားတဲ့ ‌လက်ဝှေ့ပညာရှင်ကြီး ရှာစတီဟာ ရော့ကီရုပ်ရှင်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ သူရဲ့အောင်မြင်မှုတွေဟာ ရော့ကီရုပ်ရှင်ကြောင့် ဖြစ်တည်လာတာလို့ပြောရရင်လည်း မမှားပါဘူး။ရှာစတီဟာ ကျန်ရှိနေတဲ့သူ့ရဲ့ဘဝကို တစ်ဦးတည်းသောသားလေးရှိတဲ့ အမေရိကန်မှာ နေထိုင်ရင်း ကုန်ဆုံးဖို့အတွက် ခရီးစတင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ဟာ ဓလေ့တွေ နေထိုင်ပုံတွေ အကုန်ကွဲပြားနေတဲ့ နိုင်ငံနှစ်ခုဖြစ်တဲ့အတွက် နေသားကျဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ မိသားစုရှိရာကိုပြောင်းလာခဲ့ပေမယ့်လည်း အိမ်ကြီးထဲမှာ ခွေးလေးတစ်ကောင်နဲ့သာ အဖော်ပြုနေထိုင်ရင်း အချိန်ကုန်ဆုံးနေရပါတယ်။ အမေရိကန်မှာ နေထိုင်နေရတဲ့ သူ့ရဲ့ဘဝဟာ ဘယ်လိုအခက်အခဲတွေကြုံရဦးမလဲ။ဘယ်လိုစိတ်ဝင်စားစရာဇာတ်လမ်းတွေဖြစ်လာဦးမလဲဆိုတာကို ဟာသလေးလည်းနှောရင်း ကြည့်ရှုကြရမယ့် မိသားစုဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.3GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Voldemort~Zwe ~Cherry~BpL
movie

Shiv Shastri Balboa (2023)