Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Judd Lormand
5.0
Rage (2014) Tokarev
Rage (2014)IMDb Rating (5.0) ပေါလ်မက်ဂွိုင်းယားဟာ ငယ်စဉ်ဘ၀ကနာမည်ကျော်ဂန်းစတားတစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် အတည်တကျမိသားစုဘ၀ထူထောင်တော့မယ်ဆိုတဲ့အချိန်မှာရာဇဝတ်မှုအားလုံးကိုစွန့်ပစ်ခဲ့ပြီး တရားဝင်စီးပွားရေးသမားတစ်ယောက်ဘ၀ကိုခံယူခဲ့ပါတယ်။အခုချိန်မှာတော့ ချစ်စဖွယ်ဆယ်ကျော်သက်သမီးငယ်၊ သဘောကောင်းဖြူစင်တဲ့ဇနီးသည်မိန်းမလှလေးတစ်ယောက်နဲ့ ဂုဏ်သရေရှိလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ဒါပေမယ့်လည်း ပေါလ်ရဲ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့် ကြမ္မာဆိုးဟာ သမီးငယ်ရဲ့ ၁၆ နှစ်ပြည့်မွေးနေ့ မတိုင်ခင်လေးမှာဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ သူတို့အိမ်မှာ လူကြီးတွေမရှိတဲ့အချိန်လက်နက်ကိုင်လူတစ်စုက ကျူးကျော်ဝင်ရောက်ခဲ့ပြီး သမီးဖြစ်သူ ကေ့တလင်းကိုပြန်ပေးဆွဲဖမ်းခေါ်သွားခဲ့ပြီး မကြာခင်မှာပဲ အသက်မဲ့အလောင်းအဖြစ်ပြန်ရှာတွေ့ခဲ့ရတာပါပဲ။သူ့နောက်ကြောင်းကိုသိတဲ့ ရဲတပ်ဖွဲ့ကရော သူ့မိတ်ဆွေတွေရော သူကိုယ်တိုင်ကပါ ဒီဖြစ်စဉ်ဟာ သူ့ရဲ့ဂန်းစတားအတိတ်ကအရိပ်တွေနဲ့ဆက်စပ်နေမယ်လို့ပဲယူဆကြတဲ့အတွက် ပေါလ်အနေနဲ့အခုချိန်မှာငြိမ်းချမ်းနေပြီဖြစ်တဲ့ဘ၀ကိုစွန့်လွှတ်ပြီးမြေအောက်လောကကိုပြန်လည်မြေလှန်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.5 GB) / (800 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:38:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie
Rage (2014) Tokarev
2014
Left Behind (2014)
Left Behind (2014)မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ...
movie
Left Behind (2014)
2014
OpenMatte
6.5
Big George Foreman (2023)
Big George Foreman (2023)~ IMDb rating - 6.5/10 ~Muhammad Ali တို့ Joe Frazier တို့နဲ့ ခေတ်ပြိုင် ဂန္ထဝင်မြောက် GOAT ကြီးဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ George Foreman ရဲ့ ဘဝတစ်လျှောက်ဖြစ်သမျှဇာတ်လမ်းအဖုံဖုံကိုတော့ Biography အဖြစ်နဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆင်းရဲလွန်းလို့မုန့်တစ်ခုတောင် မောင်နှမတွေခွဲဝေစားခဲ့ရတဲ့ဘဝတွေ၊ ဒုစရိုက်တောကြီးထဲကနေမှ လက်ဝှေ့ကြောင့် လမ်းမှားမရောက်ခဲ့တာတွေ၊ ဘာသာရေးနဲ့ George ကြားမှာဖြစ်ခဲ့တဲ့ Inner Conflict တွေစသည်ဖြင့် အတက်အကျတော်တော်မြန်မြန်နဲ့ ရှုထောင့်ရော ရသရောကို တော်တော်စုံတယ်လို့ပဲပြောရမှာဗျ။လက်ဝှေ့သမားဘဝကနား၊ သင်းအုပ်ဆရာသွားလုပ်၊ ဆယ်နှစ်လောက်နားပြီးမှ အသက်အကြီးဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတယ်ဆိုတော့လည်း သူ့ဘဝက ရုပ်ရှင်ပိတ်ကားပေါ်ရောက်လာတော့ တော်တော်တော့ကြည့်ကောင်းသားဗျ။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်မှာ လက်ဝှေ့ထိုးနိုင်သေးတယ်ဆိုတာ သာမန်လူတွေအဖို့ မဖြစ်နိုင်တော့တဲ့အရာပါပဲ။ ဒါကို Foreman ဟာ ကမ္ဘာကြီးကို ၁၉ နှစ်သားမှာတစ်ခါ၊ ...
movie
Big George Foreman (2023)
2023
6.5
Hours (2013)
Hours ဆိုတဲ့ ဇာတ်ကားကတော့ Director : Eric Heisserer ကိုယ်တိုင် ရေးသားရိုက်ကူးထားတဲ့ Drama , Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ IMDb Rating - 6.5/10 RottenTomatoes - 60% ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသားကြီး PAUL WALKER က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဖခင်ဆိုသည်မှာ သူတစ်ယောက်တည်းဆိုရင် ကြောက်ချင်ကြောက်မယ် ရှောင်ပုန်းရင်ရှောင်ပုန်းမယ် ဒါပေမယ့် သူတို့ချစ်ရတဲ့သားသမီးတွေနဲ့ပတ်သက်လာတဲ့အခါမှာတော့ ဖခင်ဆိုသောသူတွေက လောကကြီးကိုတောင် ရင်ဆိုင်ပြီး ပြောင်းပြန်လှန်ပစ်ကြတတ်သူမျိုးတွေပါ.... ***ဇာတ်လမ်းအညွှန်း***ဇာတ်လမ်းကတော့ Nolan Hayes ဆိုသောအမျိုးသားတစ်ယောက်က သူ့မိန်းမ ကလေးမွေးဖွားခါနီးဖြစ်တာကြောင့် ဆေးရုံသို့အချိန်မှာ ပို့ဆောင်ခဲ့သော်လည်း ကလေးအသက်မှီပေမယ့် သူ့မိန်းမအသက်ကိုတော့ မမှီခဲ့ပေ။ ဒီ့ထက်ဆိုးတာကတော့ သူ့ရဲ့ကလေးဟာ မွေးရာပါ အသည်းပြဿနာကြောင့် ဆေးရုံမှာ အသက်ရှု အဟာရဖြည့်သွင်းစက်နဲ့ အသက်ဆက်နေရပါတယ်။တစ်နေ့မှာတော့ သူ့ကလေးဆေးရုံတင်ထားရာ New Orleansမြို့သို့ လေပြင်းမုန်တိုင်း Hurricane အပြင်းအထန်တိုက် ခတ်ပြီး လေကြီးမိုးကြီးဖြစ်တာကြောင့် လူတိုင်းက လူနာကိုယ်စီခေါ်ပြီး ထိုဆေးရုံရှိရာ New Orleans မြို့မှ ထွက်ခွာကြကုန်ပါတယ်။ဒါပေမယ့် Nolan Hayes တစ်ယောက် သူ့သမီးဖြစ်သူကလည်း ဆေးပိုက်သွင်းတာကို မိနစ်ပိုင်းတောင် ဖြုတ်ထားလို့မရတဲ့ အခါမှာဆိုရင်တော့ Nolan Hayes တစ်ယောက်ရွေးချယ်စရာနှစ်ခုသာရှိပါတော့တယ်... သူ့သမီးကို ထားခဲ့ပြီးထိုမြို့မှထွက်မလား.... သူ့သမီးနဲ့ထိုဆေးရုံမှာပဲနေပြီး သူ့သမီးအသက်ကိုကယ်ဖို့လုပ်မလား.... သူဘယ်လိုပဲရွေးချယ်ပါစေ Hurricane မုန်တိုင်းကတော့ သနားတတ်မည်မဟုတ်ပေ... ဘယ်လိုတွေ ရွေးချယ်ပြီးဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားကြပါတော့...။ File ...
movie
Hours (2013)
2013