Channel Myanmar

Ju Hao

Wonderful Youth ( 2024 ) 6
Wonderful Youth ( 2024 ) နယ်ကလာတဲ့ကောင်လေးတစ်ယောက်ရဲ့ဘတ်စကက်ဘောအိပ်မက်ဟာ အရမ်းကိုရူးသွပ်ပြီးခိုင်မာတဲ့အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို မှီငြိမ်းပြီးရိုက်ထားတဲ့ လူငယ်ကားလေးဖြစ်ပါတယ်။ဘတ်စကက်ဘောကိုချစ်တဲ့ရှောင်းယွီဖန်ဟာ နယ်မြို့လေးမှာ အလယ်တန်းအောင်ပြီးတော့ မြို့ကြီးကိုတက်ပြီးအထက်တန်းတက်ရတဲ့အခါ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ဘတ်စကက်ဘောအားကစားချန်ပီယံဖြစ်ဖို့ရာအတွက် ကျောင်းဘတ်စကက်ဘောအသင်းကိုဝင်နိုင်ဖို့ နည်းလမ်းစုံကြိုးစားရပါတယ်။အစပိုင်းမှာခက်ခဲပေမယ့် အခွင့်အရေးကြုံတော့ အသင်းဝင်ဖြစ်လာခဲ့ပါတယ်။ လူငယ်သဘာဝ စိတ်ဆတ်ကြတဲ့အတွက် အဖုအထစ်လေးတွေနဲ့ အဆင်မပြေမှုတွေရှိခဲ့ကြတယ်။ တစ်ဖြည်းဖြည်းနဲ့ အထင်လွဲတာတွေ ရှင်းသွားပြီးတော့ သူငယ်ချင်းသံယောဇဉ်တွေဖြစ်လာကြပြီး အားလုံးအတူနိုင်ငံအဆင့်ချန်ပီယံဖြစ်ဖို့ အစွမ်းကုန်ကြိုးစားကြတဲ့ဘဝခရီးအကြောင်းလေးဖြစ်ပါတယ်။ အခက်အခဲတွေကိုအတူတူကျော်ဖြတ်ရင်း တူညီတဲ့အိပ်မက်အတွက် နုပျိုဆန်းကြယ်တဲ့အထက်တန်းကျောင်းသားလေးတွေရဲ့အင်အားနဲ့ ပန်းတိုင်ရောက်ဖို့ မဆုတ်မနစ်ကြိုးစားသွားတဲ့ လူငယ်တွေအတွက်ခွန်အားဖြစ်စေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 1.85 GB / 1 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama  Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Wonderful Youth ( 2024 )

You Are My Champion ( 2022 ) 6.2
You Are My Champion ( 2022 ) CM ပရိသတ်ကြီးကို ဘဝအတွက်လမ်းပျောက်နေတဲ့အချိန်မှာ အိပ်မက်တွေကိုပြန်လည်အကောင်အထည်ဖော်ဖို့ အားဖြစ်စေမယ့်ကျောင်းသားကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ Chen Xing ဆိုတဲ့ တိုက်ရိုက်တင်ဆက်မှုနဲ့အွန်လိုင်းမှာနာမည်ကြီးနေတဲ့ အထက်ကျောင်းသူလေးဟာ အရင်တုန်းက လက်ရွေးစင်ဒိုက်ဗင်အားကစားသမားဖြစ်ဖို့ကြိုးစားခဲ့ဖူးပါတယ်။လက်ရွေးစင်ရွေးချယ်ပွဲအချိန်မှာ မိဘတွေကွာရှင်းခဲ့တဲ့အတွက်ကြောင့် စိတ်ဒဏ်ရာရပြီးကောင်းကောင်းမလုပ်နိုင်ခဲ့တဲ့အတွက် ဒိုက်ဗင်အားကစားကိုလက်လျော့ခဲ့လိုက်ရပါတယ်။Chen Xing တို့အထက်တန်းကျောင်းက ကာယဆရာJiဟာ Chen Xingရဲ့စွမ်းရည်ကိုမထင်မှတ်ပဲသိသွားတဲ့အချိန်မှာ ကျောင်းကရေကူးကန်ကိုမဖျက်ရဖို့အတွက် သူ့အလုပ်တည်မြဲဖို့အတွက် Chen Xingကို ဒိုက်ဗင်အားကစားကိုပြန်ကြိုးစားဖို့နားချပါတော့တယ်။ငယ်ကစိတ်ဒဏ်ရာကြောင့် လက်လျော့ခဲ့တဲ့Chen Xingဟာ အိပ်မက်ကိုပြန်အကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်။ အခက်အခဲအမျိုးမျိုးတွေကိုဆရာတပည့်၂ယောက်အတူကြိုးစားကျော်ဖြတ်ရင်း အိပ်မက်ကိုအကောင်အထည်ဖော်ကြတာကိုကြည့်ပြီး CMပရိသတ်ကြီးလဲ မိုတီတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Comedy Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

You Are My Champion ( 2022 )