Channel Myanmar

Jourdy Pranata

The Butterfly House aka Pernikahan Arwah (2025) 6.7
The Butterfly House aka Pernikahan Arwah (2025) The Butterfly House (2025) IMDb - 7/10အင်ဒိုသရဲကား ကြိုက်နှစ်သက်သူတို့အတွက် Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ အသစ်ထွက်အင်ဒိုဟော်ရာရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။တာစ်ယာနဲ့ ဆာလင်မ်တို့က မင်္ဂလာဆောင်ဖို့ပြင်ဆင်နေကြတဲ့ ချစ်သူစုံတွဲ။စေ့စပ်ပွဲအပြီး ဟောင်ကောင်မှာမင်္ဂလာဦးအကြိုဓာတ်ပုံရိုက်ဖို့စီစဉ်ထားပေမဲ့ ဆာလင်မ်ရဲ့တစ်ဦးတည်းသောဆွေမျိုးဖြစ်တဲ့ အဒေါ်ဖြစ်သူဆုံးပါးသွားခဲ့တယ်။ဒီမှာပဲ ဟောင်ကောင်သွားဖို့ အစီအစဉ်ကိုဖျက်ပြီး နယ်မြို့လေးက အဒေါ့်အိမ်ဟောင်းကြီးမှာပဲရိုက်ကြဖို့ဆုံးဖြတ်လိုက်ကြတာပေါ့။ဒါပေမဲ့ နယ်မြို့လေးက အဒေါ့်အိမ်ကိုရောက်တဲ့အချိန်မှာတော့ အိမ်ကြီးက တာစ်ယာ့အိပ်မက်ဆိုးထဲမှာ မြင်တွေ့ဖူးနေတဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ KKKZ ~ Zwe ~ Cherryတို့ဖြစ်ပါတယ်) File size… 1.4 GB / 500 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 41min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ KKKZ ~ Zwe ~ Cherry
movie

The Butterfly House aka Pernikahan Arwah (2025)

Ten Years Challenge (2024) 7.4
Ten Years Challenge (2024)  Ten Years Challenge (2024)IMDb Rating (7.4) လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်သွားနိုင်မယ်ဆိုရင် တူညီတဲ့အမှားတွေမလုပ်မိအောင် ကြိုးစားနိုင်မလား?ဒီဇာတ်လမ်းလေးကတော့ 27 နှစ်အရွယ် Atya ဆိုတဲ့ မိန်းကလေးတစ်ယောက် 12 နှစ်ကြာ တွဲခဲ့တဲ့ကောင်လေးဆီက အဖြတ်ခံရ၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလည်း စွန့်ပစ်ပြီး တစ်ခြားစီးပွားရေးလုပ်ငန်းကိုလုပ်ခဲ့လို မပျော်ရွှင်ရတဲ့အပြင် အထက်တန်းတုန်းက သူများကိုအနိုင်ကျင့်ခဲ့တဲ့လုပ်ရပ်တွေကြောင့် အရှက်ရစရာတွေမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ဆန်းကြယ်တဲ့ကံကြမ္မာက သူ့ကိုလွန်ခဲ့တဲ့ 10 နှစ် အထက်တန်းကျောင်းသူဘဝကို ပြန်လည်ခေါ်ဆောင်သွားချိန်မှာတော့ တူညီတဲ့အမှားတွေထပ်မလုပ်မိအောင်၊ ဟိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့ဘဝကိုပြောင်းလဲနိုင်အောင် ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(1.5 GB) / (560 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:29:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal ...
movie

Ten Years Challenge (2024)

2024
Cinta Dari Timor (2024) 4.9
Cinta Dari Timor (2024)  Cinta Dari Timor (2024)IMDb Rating (4.9) "ငါတို့နာမည်တွေကလိုက်ဖက်တယ်" "ဘာလို့လိုက်ဖက်တာလဲ" "ကြယ်တွေရှိတဲ့နေရာမှာ ကောင်းကင်ရှိတယ်လေ""ကြယ်" လို့အဓိပ္ပာယ်ရတဲ့ဘင်တန်ဆိုတဲ့ကောင်မလေးနဲ့ "ကောင်းကင်" လို့အဓိပ္ပာယ်ရတဲ့လန်ဂစ်ဆိုတဲ့ကောင်လေးဟာ ၁၉၉၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ ချစ်ကြိုးသွယ်မိခဲ့ကြပါတယ်။ဒါပေမဲ့ အင်ဒိုနီးရှားကနေ အရှေ့တီမောခွဲထွက်တဲ့လူထုဆန္ဒခံယူပွဲကြောင့် ဘင်တန်တို့မိသားစုက အရှေ့တီမောကိုပြန်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အင်ဒိုနီးရှားမှာပဲ လန်ဂစ်နဲ့အတူနေခဲ့ချင်တဲ့ဘင်တန်ဟာ အိမ်ကထွက်ပြေးပြီး လန်ဂစ်လာအခေါ်ကိုစောင့်ဆိုင်းနေခဲ့ပေမယ့် ရောက်မလာခဲ့တဲ့လန်ဂစ်ကြောင့် စိတ်အနာကြီးနာခဲ့ရပါတယ်။ရှစ်နှစ်ကြာအောင် လန်ဂစ်ကြောင့်ခံစားနေရဆဲဖြစ်တဲ့ဘင်တန်တစ်ယောက် တစ်ရက်မှာတော့ မမျှော်လင့်ဘဲ လန်ဂစ်ကိုပြန်တွေ့လိုက်ရပြီး သူသိခဲ့တဲ့လန်ဂစ်မဟုတ်တော့ဘဲ အပြောင်းလဲကြီးပြောင်းလဲနေခဲ့ပါပြီ။လန်ဂစ်တစ်ယောက် သူသိပ်ချစ်ခဲ့တဲ့ချစ်သူဘင်တန်ဆီ ဘာလို့ရောက်မလာခဲ့တာလဲ။ ရှစ်နှစ်အကြာမှာ လန်ဂစ်က ဘာလို့ပြောင်းလဲနေခဲ့တာလဲဆိုတာ ရုပ်ရှင်မှာဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အင်ဒိုနီးရှားအချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး အင်ဒိုနီးရှားရဲ့နိုင်ငံရေးသမိုင်းကြောင်းနောက်ခံတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aye Yu Naing ဖြစ်ပါတယ်။)File size…(1.4 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:22:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Aye Yu Naing
movie

Cinta Dari Timor (2024)

2024
Kajiman: Iblis Terkejam Penagih Janji (2023) 7.4
Kajiman: Iblis Terkejam Penagih Janji (2023) Kajiman: Iblis Terkejam Penagih Janji (2023) IMDb _7.4/10သရဲကားစစ်စစ် အောက်လမ်းနဲ့ အဆောင်တွေအကြောင်းကြည့်ရှုချင်သူတွေအတွက်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်Home Care အဖြစ်အလုပ်လုပ်နေတဲ့ဆန်တီတစ်ယောက် ကောက်ခါငင်ခါအလုပ်ထွက်သွားတယ် သူအလုပ်လုပ်တဲ့အိမ်က သရဲခြောက်တယ်လို့လည်းပြောစမှတ်တွေရှိနေတယ်ပေါ့သူအလုပ်ထွက်ပြီးနောက်မှာ အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်ချင်းမလှပျောက်သွားလေရဲ့ ဒါကြောင့် သူ့နေရာကို အာရှာဆိုတဲ့ နာ့စ်လေးတစ်ယောက်ကို အစားထိုးထည့်လိုက်တယ် အာရှာကြည့်ရတဲ့လူနာက အဘိုးကြီးပါ ရုတ်တရက်စကားမပြောတော့ဘဲ အိပ်ရာထဲဘုန်းဘုန်းလဲသွားတဲ့လူမမာအဘိုးကြီးကို ပြုစုရင်းနဲ့ အဘိုးကြီးရဲ့ကုတင်အောက်မှာအဆောင်လေးတစ်ခုတွေ့ခဲ့တယ်ဒီအဆောင်အကြောင်း ပတ်မေးကြည့်တော့ ဒီအဆောင်ကအောက်လမ်းရန်ကိုကာကွယ်နိုင်ပေမဲ့ ဆောင်ထားတဲ့လူကတော့ဖျားနာပြီးကပ်ဘေးတောင်သင့်စေတဲ့အထိကြမ်းပါတယ် ဒီအကြောင်းလိုက်စုံစမ်းရင်းနဲ့ အရင်ကအလုပ်ထွက်သွားတဲ့ ဆန်တီတစ်ယောက်က သေသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့....။ လက်ခံပြီးသားအလုပ်ဖြစ်တာရယ် ဒီလူနာကိုကယ်တင်ဖို့ရယ်နဲ့ သူဘယ်လိုတွေလုပ်ဆောင်သွားမလဲ မမြင်ရတဲ့ရန်သူကိုတိုက်ခိုက်ဖို့ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size… 996MB / 333MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Kajiman: Iblis Terkejam Penagih Janji (2023)

2023
#FriendButMarried 2 (2020) 7.8
#FriendButMarried 2 (2020) Friend But Married 1 မှာ ဒစ်တိုနဲ့အာယုတို့ Friendzoneထဲကထွက်ပြီးတစ်ခါတည်းလက်ထပ်ပြီး နောက် သူတို့လင်မယားဘဝကိုပုံဖော်ရိုက်ကူးထားတာပါ သူငယ်ချင်းဘဝက ချစ်သူလင်မယားတွေဖြစ်လာတော့ အခက်ခဲလေးတွေရှိပါတယ် သူငယ်ချင်းလိုပေါပြီးနေမိတာ တစ်ယောက်နဲ့တစ်ယောက် အားပြိုင််မိတဲ့အခါလေး တွေပေါ့ ဇာတ်လမ်းအကျဥ်းကတော့ သမားရိုးကျပါပဲ ဒစ်တိုနဲ့အာယုတို့လက်ထပ်လိုက်တယ် အာယုကလေးရ သွားတယ် ဒါလေါက်ပါပဲ Family affair ကိုအသားပေးရိုက်ထားတာမို့ plot က simple ဖြစ်တာပါ ဒါပေမယ့် ဒီ Friend But Married နှစ်ကားလုံးကိုကြည့်ပြီးရင်တော့ ကျိန်းသေပေါက် mesg တစ်ခုခုကျန်ကိုကျန်မှာပါ ရည်းစားမထားဖူးတဲ့သူတွေသိလိမ့်မယ် ရည်းစားထားလိုက်ရင် အမှန်ကန်Ro ရမယ် အပျော်ကြီးပျော်ရမယ် တစ်ယောက်နဲ့တစ်ယောက်ချစ်ကြင်နာပြီးပျော်ပျော်ကြီးနေရမယ် အဲ့လိုထင်ရင်သင်လုံးဝheavy မှားနေပြီလို့ ဒီကားကပုံဖော်ပေးထားပါတယ် ချစ်သူဘဝမှာလဲချစ်သူဘဝအလျောက် ဒီ relationship လေးတစ်ခုတည်မြဲဖို့ ဘယ်လောက်ရုန်းကန်ရတာတွေ ဘယ်လိုခွင့်လွှတ်မှုနားလည်မှုတွေ ထားရတာတွေဘယ်လောက်စိတ်ပင်ပန်းရ တာတွေကို Friend But Married 1 မှာပုံဖော်ထားပြီး နောက်ပိုင်းလင်မယားဖြစ်သွားရင်လဲ ကိုယ်မွေးမယ့် ကလေးအတွက် စိတ်ပူရတာတွေ ကိုယ့်မိန်းမရဲ့ကိုယ်ဝန်ဆောင်ချိန်ဟော်မုန်း အပြောင်းအလဲကြောင့် စိတ်အပြောင်းလဲဖြစ်တာတွေကို ဘယ်လောက်သည်းခံရတာတွေပါပါတယ် ဒါကြောင့်ဒီနှစ်ကားလုံးကိုကြည့်ပြီးရင် မိတ်ဆွေတို့အနေနဲ့ Relationship တစ်ခုတည်ဆောက်တာရဲ့ အတိမ်အနက်ကိုကောင်းကောင်းကြီး သိသွားမယ်လို့ပြောချင်ပါတယ် အင်ဒိုကါးပေမယ့်အထင်မစမောလိုက်ပါနဲ့ IMDb မယ်rating ကောင်းသလို indonesian cast လေးတွေကလဲအလန်းတွေမို့ ကြည့်ရတာရှယ်တန်ပါတယ်ဗျာ   File Size - 1.1 gb Quality - web-dl 1080p Subtitle -  burmese Translator - Hein ...
movie

#FriendButMarried 2 (2020)

2020