Channel Myanmar

Joshua Pandelaki

Dominion of Darkness (2024) 5.7
Dominion of Darkness (2024)   Dominion of Darkness (2024)IMDb Rating (5.7) ဖာသာ သောမတ်စ်ဟာ မိခင်နဲ့ညီမဖြစ်သူကို မတော်တဆမှုတစ်ခုမှာဆုံးရှုံးခဲ့ပြီးနောက်၊ သူ့ကိုယ်သူလိပ်ပြာမလုံစိတ် သံသယစိတ်တွေနဲ့ယုံကြည်ချက်ပြိုကွဲနေခဲ့ပြီး အသင်းတော်ကနေနူတ်ထွက်ဖို့ကြံစည်နေတဲ့သူတစ်ယောက်ပါ။သွားလေသူ သူ့ ညီမဖြစ်တဲ့ဒီယန်ဒရာရဲ့သူငယ်ချင်း ကေလာဆိုတဲ့ကောင်မလေးကတော့ သူ့မိခင်ဖြစ်တဲ့သူတွဲနေတဲ့ လူရှုပ်လူပွေဖြစ်သူ ဒင်းနစ်စ်ကို မျက်မုန်းကျိုးကြည့်မရသလို အဲ့ဒီလူနောက် သူ့အမေ ပါသွားမှာကိုလည်း အစိုးရိမ်ကြီးစိုးရိမ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ဆယ်ကျော်သက်ပီပီကြံရာမရစဉ်းစားရင်း သူငယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့ စီလာရဲ့အကြံနဲ့ ဝိဉာဉ်ခေါ်အရုပ်ကိုသုံးပြီး ဖခင်ဖြစ်သူရဲ့ဝိဉာဉ်ကိုခေါ်ယူပြီး အကူအညီတောင်းဖို့ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီမကြံမကောင်းမစည်ရာအကြံအစည်ကို အကောင်အထည်ဖော်ပြီးပြီးချင်း သူတို့နှစ်ဦးလုံး ထိတ်လန့်ဖွယ်ဖြစ်ရပ်တွေဆက်တိုက်ကြုံခဲ့ပြီးတဲ့နောက်မှာတော့ အသင်းတော်ရဲ့တာဝန်ရှိသူတွေ၊အပနှင်ဘုန်းတော်ကြီးတွေ အားလုံးပါ ပေါင်းစည်းနှိမ်နင်းရတဲ့ ဆရာမနိုင်မိစ္ဆာတွေနဲ့ရင်ဆိုင်တွေ့ကြုံရတဲ့အဖြစ်တွေကိုသည်းထိတ်ရင်ဖိုခံစားကြရမှာပါ။သမားရိုးကျအင်ဒိုဟော်ရာတွေထုံးစံဖြစ်တဲ့ အောက်လမ်းတွေ မှော်အတတ်တွေကနေ ခွဲထွက်သွားပြီး နတ်ဆိုးအပနှင်ပုံစံမျိုးကိုမှ ဟော်ရာကျွမ်းကျင်သူတွေဖြစ်တဲ့ အင်ဒိုနီးရှားလက်ရာနဲ့ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.3 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:35:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Dominion of Darkness (2024)

2024
Malik & Elsa (2020) 5.8
Malik & Elsa (2020) Malik & Elsa (2020) =================== အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Boy Candra ရေးသားပုံဖော်ထားတဲ့    Malik and Elsa စာအုပ်ပထမတွဲကို ရုပ်ရှင်အနေနဲ့ထွက်ရှိလာပြီး IMDb 6/10ရရှိထားတဲ့ အင်ဒိုနီးရှားရုပ်ရှင်လေးပဲဖြစ်ပါတယ်    အင်ဒိုနီးရှားရုပ်ရှင်တွေနဲ့ အများစုကအလှမ်းဝေးကြပေမယ့် အခုတစ်ခေါက်ရုပ်ရှင်လေးကတော့    လူငယ်ဒရမ်မာကားလေးဖြစ်နဲ့အလျောက် လူငယ်တွေအကြိုက်တွေ့မယ်ထင်ပါတယ်    မာလစ်ဆိုတဲ့ကျောင်းသားလေးတစ်ယောက် ပါဒန်ဆိုတဲ့မြို့လေးကို    တက္ကသိုလ်တက်ဖို့ရောက်လာခဲ့ပါတယ် မာလစ်ဟာ အဖေတစ်ခုသားတစ်ခုဘဝနဲ့    ဘဝကိုလှုပ်ရှားရုန်းကန်နေရသူပါ ပါဒန်မြို့ကို ရောက်လာချိန်မှာလည်း စျေးမှာတောက်တိုမရလုပ်ကိုင်ရင်း    တက္ကသိုလ်စရိတ်ကို ကိုယ်တိုင်ရှာဖွေနေရသူတစ်ယောက်ပါ    တစ်နေ့မှာ အတန်းဖော်ကောင်မလေးဖြစ်တဲ့ အယ်လ်ဆာနဲ့ အလောင်းအစားပြိုင်ကြရာမှ     အယ်လ်ဆာတစ်ယောက်ရှုံးပြီး မာလစ်ကိုတစ်ပတ်တိတိ နေ့လည်စာဝယ်ကျွေးဖို့ အကြောင်းဖန်လာပါတော့တယ်    တစ်ပတ်ဆိုတဲ့အချိန်တိုလေးအတွင်းမှာ မာလစ်နဲ့အယ်လ်ဆာဟာ လူငယ်ပီပီ   စူးစမ်းကြရင်း လည်ပတ်ကြရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်    သူတို့ရဲ့ဆန္ဒလေးတွေကို စက္ကူလေယာဥ်မှာရေးရင်း လွှတ်ခဲ့ကြတဲ့သူတို့နှစ်ယောက်    စက္ကူလေယာဥ်လေးတွေလိုပဲ သူတို့ရဲ့ဘဝဆန္ဒတွေကို လွတ်လွတ်လပ်လပ် အကောင်ထည်ဖော်ခွင့်ရမလားဆိုတာကိုတော့   Malik & Elsa ဆိုတဲ့ရုပ်ရှင်လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်   Translated by : Emily Encoded by : YK Quality : 1080p WEB-DL and 720p File ...
movie

Malik & Elsa (2020)

2020
Valentine (2017) 6.0
Valentine (2017) ဘက်တီဗီရာဆိုတဲ့မြို့တော်ဟာ ဒုစရိုက်မှုတွေ၊အကြမ်းဖက်မှုတွေနဲ့ပြည့်နှက်နေပြီးတော့ ဆိုးရွားတဲ့လူရမ်းကားတွေကို ရဲတပ်ဖွဲ့ဝင်တွေကလဲ သေချာထိန်းသိမ်းနိုင်စွမ်းမရှိလှပါဘူး။ ဆယ်ကျော်သက်ကလေးတွေရဲ့စံပြလူတွေကလူဆိုးတွေ ဂိုဏ်းစတားတွေဖြစ်နေခြင်းအပေါ်မှာ ဘိုနိုဆိုတဲ့လူတစ်ယောက်ကပြောင်းလဲချင်စိတ်ရှိခဲ့ပါတယ်။ သူ့အနေနဲ့ လူစွမ်းကောင်းတစ်ယောက်ကိုဖန်တီးပြီးတော့ ကလေးတွေရဲ့စံပြလူအဖြစ် ဒီလိုလူမျိုးတွေကိုသတ်မှတ်ပြီးတော့ အကြမ်းဖက်မှုတွေကိုပပျောက်စေချင်ခဲ့တာပါ။ ဗယ်လင်တိုင်းဆိုတဲ့ မျက်နှာဖုံးနဲ့လူစွမ်းကောင်းအမျိုးသမီးနေရာမှာပါဝင်ပြီးတော့ လှုပ်ရှားပေးနိုင်တဲ့ကောင်မလေးတစ်ယောက်ကို ဝဝန်ဆိုတဲ့ဖက်ရှင်ဒီဇိုင်နာတစ်ဦးနဲ့အတူရှာဖွေရင်း နောက်ဆုံးမှာတော့ တွေ့ရှိခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ဗယ်လင်တိုင်းဆိုတဲ့လူစွမ်းကောင်းမလေးဟာ လူဆိုးလူမိုက်တွေနဲ့တိုက်ခိုက်ရင်းတစ်မြို့လုံးရဲ့စိတ်ဝင်စားခြင်းကိုခံလာရပါတော့တယ်။ ဒါပေမယ့် တစ်ဖက်မှာလဲ မြို့ရဲ့အဓိကအကြမ်းဖက်သမားတစ်ယောက်ဖြစ်တဲ့ အရိပ်ဆိုသူဟာလဲ တစ်စနဲ့တစ်စနဲ့ ပိုပိုပြီးတော့အခြေအနေဆိုးတွေကိုဖန်တီးလာတဲ့အခါမှာတော့ ... ဇာတ်လမ်းလေးမှာပဲဆက်ပြီးတော့ကြည့်ရှုလိုက်ရအောင်ဗျာ။ Released Date - May 2019 Genres -Action Duration -1hr 34min ဒီရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Aye Chan Su ဖြစ်ပါတယ်
movie

Valentine (2017)

2017