Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joséphine de la Baume
6.9
The Hitman’s Bodyguard (2017)
The Hitman's Bodyguard (2017)IMDb Rating (6.9)2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ......သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို တစ်ကားလုံး အလန်းစား ...
movie
The Hitman’s Bodyguard (2017)
2017
4K HEVC
5.4
Madame Claude (2021)
Madame Claude (2021)မဒမ်ကလောက် ဒါမှမဟုတ် ဖာနန်ဒီဘရူနက်လို့ ၂၀ ရာစုနှောင်းပိုင်းက အာဏာရှင်သဖွယ်ဖြစ်သွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ဇာတ်လမ်ပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။အခု ဒီ ၂၀၂၁ ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကားကတော့ နောက်ဆုံး ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းဖြစ်ပြီတော့ ၂၀၀၀ ခုနှစ်မပြည့်ခင်တုန်းက ထွက်ခဲ့တဲ့ OG ဇာတ်ကားလည်းရှိပါသေးတယ်။ ဇာတ်အိမ်အကျဉ်းမဒမ်ကလောက်ဟာ ၁၉၆၀ နှောင်းပိုင်းမှာ ပြည့်တန်ဆာခေါင်အဖြစ်နာမည်ကြီးခဲ့သူတစ်ယောက်ပါ။ဘယ်လောက်တောင် အာဏာရှိခဲ့လဲဆိုရင် ကျင့်ဝတ်အရ အောက်တန်းကျတယ်လို့ ဆိုနိုင်တဲ့အလုပ်ကိုလုပ်နေပေမယ့် အစိုးရပိုင်းလူကြီတွေနဲ့ပေါင်းသင်းဆက်ဆံရပြီးနောက်ကွယ်က ဖြစ်ရပ်တချို့ကို ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့အထိ အာဏာရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ငယ်စဉ်က ဖြစ်ရပ်ဆိုးရှိခဲ့တဲ့ မဒမ်ကလောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းပေါ်ရောက်သွားခဲ့တဲ့အချိန် ခေတ်ကာလရေစီးကြောင်းအရလည်း ကမ္ဘာစစ်ဖြစ်ပြီး သွေးအေးစစ်ပွဲ ဒါမှမဟုတ်တိုင်းပြည်တွေပြည်လည်နာလည်ထူခါစ စစ်အေးကာလမှာ ယောက်ျားသားတွေရဲ့ ရမ္မက်ကြီးပုံကို အရသာတွေ့သွားပြီ အဲဒီကနေ အမြတ်ထုတ်ရာကနေ အာဏာတဖြည်းဖြည်းရလာခဲ့ပါတယ်။ဒီဇာတ်လမ်းထဲမှတော့ သူရဲ့ ဘဝအစ သူ့ရဲ့သက်တမ်းတစ်လျှောက် နောက်ကွယ်နေ ပြည့်တန်ဆာလောကကို ဘယ်လိုကြိုးကိုင်ခြယ်လှယ်ခဲ့လဲ၊ဒါ့အပြင်နောက်ဆုံးမှာ ရာဇဝတ်မှုကြီးတွေရဲ့ ဖြစ်မြဲဓလေ့အတိုင်း ဘယ်လိုလုံးပါးပါးသွားလဲဆိုတာကို ဖြစ်ရပ်မှန်သဖွယ် ...
movie
Madame Claude (2021)
2021
5.5
Kiss of the Damned (2012)
ပါလိုဆိုတဲ့ဇာတ်ညွှန်းရေးဆရာလေးဟာ နယ်မြို့လေးတစ်ခုကို ပရောဂျက်အသစ်တစ်ခုအတွက် အေးအေးဆေးဆေးစာရေးဖို့ရောက်လာခဲ့ပါတယ်။မိုးတွေသည်းတဲ့ ညတစ်ညမှာတော့ မြို့ခံတစ်ဦးဖြစ်တဲ့ ဒီယွန်နာဆိုတဲ့ မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီးဇာတ်လမ်းအရှိန်တက်တော့မယ့်အချိန်မှာ ဒီယွန်နာက ရှောင်ဖယ်ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ပါလိုဟာ ဒီယွန်နာကိုမှ အရူးအမူးဖြစ်သွားခဲ့ပြီး ဘာတွေပဲဖြစ်လာဖြစ်လာ လက်ခံရင်ဆိုင်ပါတော့မယ်ဆိုတဲ့ အနေအထားနဲ့ သူ့ဘ၀တစ်ခုလုံးကိုပုံအပ်လိုက်ပါတော့တယ်။အဲ့ဒီမှာပဲ သူ့အတွက်အသစ်အဆန်းဖြစ်နေတဲ့လောကတစ်ခုနဲ့တွေ့ဆုံခဲ့ရတော့တာပါပဲ။ ဒီယွန်နာဟာသွေးစုပ်ဖုတ်ကောင် တစ်ဦးဖြစ်ပြီး သူတို့လိုသွေးစုပ်ဖုတ်ကောင်တွေဟာလည်းမြေအောက်လောကတစ်ခုလို ကမ္ဘာအနှံ့စိမ့်ဝင်ပျံ့နှံ့ပြီးလူတွေကြားထဲမှာ ရောနှောနေထိုင်ကြပါတယ်။သွေးစုပ်ဖုတ်ကောင် အများစုက လူတွေကိုရန်မရှာတော့ပဲ တိရိစ္ဆာန်သွေးလူလုပ်သွေးတွေနဲ့ အသက်ဆက်နေကြပေမယ့် စိတ္တဇဆန်ဆန် လူသားတွေကိုအုပ်စိုးလိုတဲ့၊ ရန်မူလိုတဲ့ အနည်းစုကလည်းရှိနေပြန်ပါသေးတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့ ဒီယွန်နာရဲ့ညီမ မီမီဖြစ်ပြီး သူတို့လက်ရှိနေထိုင်နေတဲ့ စံအိမ်ကြီးကိုရောက်လာပြီး သူတို့ကိုဒုက္ခပေးပါတော့တယ်။မြင်ဖူးနေကျ သွေးစုပ်ဖုတ်ကောင်ဇာတ်ကားတွေနဲ့ကွဲထွက်ပြီး ပုံစံအသစ်နဲ့ချဉ်းကပ်ထားတဲ့ drama/horror ဇာတ်လမ်းကောင်းလေးတစ်ခုပါ။ Heroes မင်းသား Milo Ventimiglia နဲ့ အရမ်းမိုက်တဲ့ ပြင်သစ် မင်းသမီးချောတွေဖြစ်တဲ့ Joséphine de La Baume နဲ့ Roxane Mesquida တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ခံစားကြည့်ကြပါဦး။ (မိသားစုနဲ့ကြည့်ဖို့အဆင်မပြေတဲ့ အဖော်အချွတ်ခန်းအနည်းငယ်ပါဝင်ပါတယ်)( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.4GB)/(680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, ...
movie
Kiss of the Damned (2012)
7
One Day (2011)
One Day (2011)~ IMDb rating - 7/10 ~One Day ကို တော်တော်ရိုမန့်တစ်ဆန်တဲ့ရုပ်ရှင်လို့ ပြောရင် ယုံချင်မှလည်း ယုံကြမယ်။ ဘယ်နားက ရိုမန့်တစ်ဆန်နေတာလဲလို့ ထမေးချင်စရာလည်း ဖြစ်ကောင်းဖြစ်သွားမယ်။ One Day ကိုယ်တိုင်ကလည်း ရိုမန့်တစ်ကို မရမကဖော်ကျူးထားတဲ့ ရိုမန့်တစ်ကားမျိုးမဟုတ်ဘူး။ ဘဝနှစ်ခုရဲ့ အစ အနိမ့် အမြင့်အတက်အကျတွေကြားက လူ၂ယောက်ရဲ့ ဆက်ဆံရေးကိုပဲ ပိုအသားပေးပြသွားတယ်။ ဒါကြောင့်ပဲ One Day ဟာ ပိုရိုမန့်တစ်ဆန်သွားခဲ့တာပဲ။ ဘာလို့ဆို One Day ဟာ လက်တွေ့နဲ့အနီးစပ်ဆုံး ရိုမန့်တစ်ကားမို့ပါပဲ။ ပါရီမှာ လက်ထပ်ခွင့်တောင်းတဲ့ ရိုမန့်ခန်းမျိုး ခင်ဗျားဘဝမှာ ကြုံလာရဖို့ မရှိနိုင်ပေမဲ့ လွဲချော်မှုများစွာ ဝေးကွာခြင်းတွေနဲ့ အချစ်တွေကတော့ ကျိန်းသေပေါက်ရှိနေခဲ့မှာပဲ။ One Day ဟာ ထိုနည်း၎င်း အချစ်တွေအကြောင်းပေါ့။သက္ကရာဇ် နှစ်လတွေမှာ မြင်နိုင်ဆဲအချစ်တွေဟာ အိပ်မက်တစ်ခုထဲ ...
movie
One Day (2011)
2011