Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jonathan Lipnicki
7.3
Jerry Maguire (1996)
Jerry Maguire (1996)IMDb Rating (7.3) / Rotten Tomatoes (85 %) ဒီကားထဲမှာ မင်းသား Tom Cruise က Jerry Maguire အမည်နဲ့ အားကစား အေးဂျင့်အဖြစ်သရုပ်ဆောင်ထားတယ် စကားလုံးလှလှတွေကိုအသုံးပြုပြီး အောင်မြင်တဲ့အားကစားသမားတွေနဲ့ အားကစားအသင်းတွေကြားမှာ ငွေကြေး ကစားနေတဲ့သူတစ်ယောက်ပေါ့....အချစ်ဆိုတာကိုလည်း စာရွက်ပေါ်က ဂဏန်းတွေလို တွက်ချက်ပြီး အကျိုးအမြတ်ယူတတ်သူ..... သူဟာနာမည်ကျော်အေးဂျင့်အဖြစ်ကာလတစ်ခုထိနေနိုင်ခဲ့ပေမဲ့ တစ်နေ့တော့ ဘယ်သူမှ သူနဲ့စာချုပ်မချုပ်ချင်လောက်အောင် ဆိုးတဲ့အခြေအနေရောက်သွားတယ်......... ကျွန်တော်တို့ရှင်သန်ရင်း ဘဝတစ်ခုတည်ဆောက်တဲ့အခါမှာ အချစ်ရယ် အလုပ်ရယ် ငွေကြေးရယ် ကြားမှာ ပင်ပန်းနွမ်းနယ်နေတယ်........ နှလုံးသားနဲ့ဦးဏှောက်ပေါင်းစပ်မှုကြောင့် စကားတွေပြောတယ် ဟန်အမူအရာတွေပေါ်ပေါက်လာတယ်.... တစ်ချို့သောအလုပ်တွေမှာ ဦးဏှောက်ကရာနှုန်းပြည့်ဆုံးဖြတ်ပေးပေမဲ့ နှလုံးသားကြောင့် ယိမ်းယိုင်ခဲ့တာ ရှိတယ် နှလုံးသားရဲ့ အသိပေးမှုအောက်မှာလည်း ဦးဏှောက်ရဲ့ တစ်ချို့သော တလွဲ မာနတွေအတ္တတွေကြောင့်ပြိုလဲခဲ့တာရှိတယ်...ကိုယ့်အတွက် တကယ့်ပျော်ရွှင်မှုဆိုတာအဲ့အချိန်ရောက်ရင် လက်တစ်ကမ်းအလိုမှာပဲ လေတစ်ချက်အဝှေ့ခံလိုက်ရတဲ့ အခိုးအငွေ့လေးလိုပဲပျောက်သွားတတ်တယ် ပျော်ရွှင်မှုရဖို့အတွက် အတ္တတွေ မာနတွေကို အချိန်ကိုက် ခဝါချတတ်ဖို့လိုသလို ကိုယ့်နှလုံးသားရဲ့လိုအပ်ချက်အစစ်အမှန်ကိုလည်းမြင်အောင်ကြည့်တတ်ဖို့လိုတယ်... ကျွန်တော်ဘာလို့ဒါတွေပြောနေတာလဲဆိုတော့ ဒီကားကိုကြည့်လိုက်ရင် ခင်ဗျားတို့သဘောပေါက်သွားမယ်ထင်တယ်ဒီဇာတ်ကားမှာ တွမ်ခရုဟာ Golden Globe Award ...
movie
Jerry Maguire (1996)
1996
4K HEVC
5.9
Stuart Little (1999)
Stuart Little (1999)Childhood Favorite Movies တွေထဲက တစ်ခု ဖြစ်လောက်မယ် ထင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ...ဒီစတူးဝပ် လစ်တဲလ်ဆိုတဲ့ ကားလေးဟာ စိတ်ကူးယဉ်မှုတွေနဲ့အမြဲပြည့်နှက်နေတတ်တဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ အရမ်းကြည့်လို့ကောင်းခဲ့တဲ့ fairy tales ဆန်ဆန် ဇာတ်ကားလေးပါ အရမ်းကြည့်လို့ကောင်းပြီး sweet ဖြစ်ပါတယ်လူကြီးဖြစ်သွားလို့ ပြန်ကြည့်တော့ လက်တွေ့မဆန်တာတွေ ပေါတာတွေကို သတိပြုမိပေမယ့်လည်း Nostalgia ဆိုတာက ဆိုးဆိုးကောင်းကောင်း Nostalgicဖြစ်စေမယ်ဆိုရင်ကို ကြည့်ရတာ ပီတိဖြစ်စေတယ် မဟုတ်ပါလော...အဲ့ဒီတော့ ဒီလို ဇာတ်ကားလေးကို မျှော်လင့်စောင့်စားနေတဲ့သူတွေအတွက် CM ကနေ စေတနာအပြည့်နဲ့ ထွမ်ပြီး တင်ပေးလိုက်ရပါတယ် ကြိုက်ကြတယ်ဆိုရင် 2ကိုပါ ဆက်တင်ပေးမှာမလို့ အားပေးကြပါဦးနော်ကြည့်ဖူးပေမယ့် ဇာတ်လမ်းကို မေ့နေတဲ့သူတွေအတွက်ရော မကြည့်ဖူးသေးတဲ့သူတွေအတွက်ရော ဒီချစ်စရာကောင်းတဲ့ ကြွက်ကလေးစတူးဝပ်ရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောပြပေးပါ့မယ်နော်ဂျော့ဂျ် လစ်တဲလ် ဆိုတဲ့ ကောင်လေးက လစ်တဲလ်မိသားစုရဲ့ တစ်ဦးတည်းသောသားပါ ...
movie
Stuart Little (1999)
4.9
Altitude (2017)
Thriller,Action ဇာတ်ကားလေးပါ။မင်းသမီး Denise Richards နဲ့ Greer Grammer တို့ပါဝင်ထားပြီး မင်းသားကြီးကတော့ Dolph Lundgren ပါ။လေယာဉ်ပြန်ပေးဆွဲမှုနဲ့ FBI အေးဂျင့်တွေကို အခြေခံရိုက်ကူးထားပါတယ်။ File size…(800MB) and (230MB) Quality…BluRay Rip 720p Format…mp4 Duration….01:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Saw Wunna
movie
Altitude (2017)
2017
6.9
Boone: The Bounty Hunter (2017)
နာမည်ကျော် ကြေးစား လူမုဆိုး ဘွန်းန် တစ်ယောက် သူတို့ ရဲ့  Rating ကျဆင်းလာတဲ့ Boone: The Bounty Hunter ရုပ်သံအစီအစဉ်ကို တာဝန်ရှိသူတွေက ရပ်တန့် ပစ်လိုက်ဖို့ ပြောတဲ့အခါမှာ ဘွန်းန် တစ်ယောက် သူ့ အဖွဲ့ သားတွေရဲ့ အလုပ်အာမခံချက်အတွက် မူးယစ်ရာဇာ တစ်ယောက်ရဲ့  အမှုကို လက်ခံခဲ့ပါတယ် တရားခံက မက္ကဆီကို ဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတဲ့အချိန်မှာ ဘွန်းန် လည်း အဲ့ဒီနောက်ကိုလိုက်ပြီး တရားခံဖမ်းဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ မက္ကဆီကို မှာ ဘွန်းန် ကိုထောက်ခံသူဟာ မရှိသလောက်ကိုနည်းပါးပါတယ် ကံဆိုးချင်တော့ အဲ့ဒီဒေသလေးဟာလည်း မူးယစ်ရာဇာ ကြီးဆိုးနေတဲ့ ဒေသဖြစ်နေပြန်တယ် ဒီလိုအခြေအနေတွေမှာ ဘွန်းန် တစ်ယောက် သူတို့ အလုပ်ကို ဘယ်လိုကယ်တင်မလဲ ဒုက္ခရောက်နေတဲ့ သူ့ မိတ်ဆွေတွေကို ဘယ်လိုကယ်တင်မလဲဆိုတာ တွေကို စိတ်ဝင်စားဖွယ်ရိုက်ကူး တင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Scrn ပဲဖြစ်ပါတယ်)File Size : 700 MB/300MB Quality : WEB DL ...
movie
Boone: The Bounty Hunter (2017)
2017