Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jonathan Alvaro
Dilan 1983 : Wo Ai Ni (2024)
ဒီတစ်ခါအလှည့်ကျတာကတော့ Netflix မှ အင်ဒိုနီးရှား ကလေးကားလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလန်လို့အမည်ရတဲ့ကျောင်းသားလေးက အရှေ့တီမောမှာ ၂ နှစ်နီးပါးနေပြီးတဲ့နောက် အရင်မြို့ အရင်ကျောင်းကို ပြန်လာခဲ့ရပါတယ်။ အတန်းထဲမှာ အရင်က သူရဲ့ဆိုးဖော်တေဖက်ငယ်သူငယ်ချင်းတို့အပြင် မေလီယန် မယ်ရီအွိုင်းလို့ခေါ်တဲ့ ခပ်ချောချောတရုတ်မလေးတစ်ယောက်ကလည်း ကျောင်းသူသစ်အနေနဲ့ ရောက်ရှိလို့နေပါတယ်။ဒီတော့ လူကြီးမကျ ကလေးမကတဲ့ ငဆိုး ငပေ ငတေ ငပွေလေး ဒီလန်တစ်ယောက် တရုတ်မလေးကို ဝေါ်အိုက်နီတွေဖြစ်ကာ အိမ်ထောင်စုဇယားထဲ မင်းပါးပါးနဲ့မားမားကိုထည့်ချင်လာပါတော့တယ်။ ကျောင်းသားကားပီပီ ကလေးလို ဆိုးလိုက်ဆော့လိုက် တရုတ်ဘုံကျောင်းက နဂါးဖြစ်ချင်နေတဲ့ အတန်းကြီးလူဆိုးကောင်တွေနဲ့ ရန်ဖြစ်လိုက်နဲ့ပဲ ဇာတ်လမ်းလေးကို သယ်လာတာမလို့ ပေါ့ပေါ့ပါးပါး အပျင်းပြေကြည့်ရှုချင်သူတွေအတွက် အချိန်ဖြုန်းစရာ ဇာတ်ကားကောင်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ဒီလန်တစ်ယောက် ကံကောင်းစေမယ့် တရုတ်ဘုံကျောင်းက နဂါးပဲဖြစ်မလား .. ပါးပါးနဲ့မားမားကိုပဲ အိမ်ထောင်စုဇယားထဲက ပြန်ထုတ်ပေးလိုက်ရမလား ဆိုတာကိုတော့ ဇာတ်လမ်းအဆုံးမှာ သိရပါလိမ့်မယ်ဗျ။ Filesize : 1.59 GB / 884 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama, Romance, Family, ...
movie
Dilan 1983 : Wo Ai Ni (2024)
5.8
Sumala (2024)
Sumala (2024)IMDb Rating (5.8) ဆီမာရန်နယ်အတွင်းက ရွာတစ်ရွာမှာအားလုံးကြောက်ကြတဲ့ နာမည်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ ဆူမာလာလို့ ခေါ်ပြီးညဘက်နေဝင်ပြီဆိုတာနဲ့ရွာသားတွေဟာအပြင်မထွက်ရဲကြတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ ဆူမာလာဟာ ညဘက်အပြင်ထွက်တဲ့လူတွေ အထူးသဖြင့် ကလေးတွေကိုပစ်မှတ်ထားသတ်ဖြတ်လေ့ရှိလို့ပါပဲ။အဲ့ဒီဇာတ်လမ်းဟာ အခုချိန်အထိအသက်ဝင်နေပြီး တကယ်ဖြစ်ရပ်မှန်လို့စွဲထင်နေကြဆဲဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဆိုဂျီမန်ဟာ မြေရှင်ကြေးရတတ် ရွာမျက်နှာဖုံးသူဌေးတစ်ဦးဖြစ်ပြီး သူ့ဇနီးချောလေးနာမည်က ဆိုလတ်စ်ထရီလို့ခေါ်ပါတယ်။သာယာသယောင်ရှိတဲ့သူတို့အိမ်ထောင်ရေးမှာလိုအပ်ချက်တစ်ခုကတော့ အမွေခံသားသမီးမွေးဖွားနိုင်ခြင်းမရှိတာပါပဲ။အမျိုးတွေရဲ့ဖိအားတွေကြောင့် မလွန်ဆန်နိုင်တော့တဲ့ ဆိုဂျီမန်ဟာ ဒီနှစ်ကုန်လို့မှ ကလေးမွေးမပေးနိုင်ရင် နောက်မိန်းမထပ်ယူရလိမ့်မယ်လို့ ရာဇသံပစ်လိုက်တဲ့အချိန်မှာတော့ ဆိုလတ်စ်ထရီဟာ ကြံရာမရဖြစ်ပြီး အောက်လမ်းဆရာမတစ်ဦးအကူအညီနဲ့ ကလေးရဖို့ကြံစည်ပါတော့တယ်။အောက်လမ်းအတတ်တို့ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးရှိစမြဲဖြစ်တဲ့အတွက် အဲ့ဒီအစီအရင်ကနေ ထွက်ပေါ်လာတဲ့သန္ဓေဟာ သူတို့ကိုဘယ်လိုဒုက္ခပေးမလဲ?ဆူမာလာဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲအစရှိတာတွေကိုရှုစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။(အလွန်ရက်စက်ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက်ကြည့်ရဲမှကြည့်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့v Alias ဖြစ်ပါတယ်။)File size…(2.3 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:54:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie
Sumala (2024)
2024