Channel Myanmar

Jon Bernthal

The Amateur (2025) 6.7
The Amateur (2025) The Amateur (2025)IMDb Rating (6.6) / Rotten Tomatoes (61%) အော်စကာဆုရှင် မင်းသား Rami Malak , Marvel ရဲ့ Punisher မင်းသား Jon Bernthal ပါဝင်ထားတဲ့ နာမည်ကြီး ရုပ်ရှင်သစ်ထွက်လာပါပြီ..Youtube မှာ Geogusser ဆိုတဲ့ ပုံကိုမြင်လိုက်တာနဲ့ ကမ္ဘာ့ရဲ့ ဘယ်နေရာရောက်နေတယ်ဆိုတာကိုပါ အတိကျပြောနိုင်တဲ့ Rainbolt ဆိုတဲ့ လူကို လေ့လာပြီးဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ချာလီကို တည်ဆောက်ထားတာလို့ ပြောထားပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ ...စီအိုင်အေက နည်းပညာရှင် ဝှက်စာဖော်တဲ့ အေးဂျင့် ချာလီဟယ်လာရဲ့ မိန်းမဟာ CIA အတွင်းက အေးဂျင့်တွေရဲ့ ကြေးစားတွေကြောင့် မြေစာပင်ဖြစ်ကာသေဆုံးသွားပါတယ်....ဒီအရာကို စီအိုင်အေအရာရှိတွေကို တင်ပြပေမယ့် အတွင်းလူတွေပါဝင်နေတာကြောင့် ချာလီရဲ့ မိန်းမသေဆုံးသွားတာကို ဝမ်းနည်းကြောင်းပြနေပေမယ့်..လက်တွေ့မှာ သူတို့ကိုအမှုပြတ်ပတ်မှာဖြစ်တဲ့အတွက် ဘယ်သူမှ အရေးတစ်ယူမလုပ်ခဲ့ပါဘူး...မိန်းမဖြစ်သူရဲ့ သေဆုံးမှုကို ပူဆွေးမနေနိုင်ဘဲ ဒီကြေးစားတွေကို ...
movie

The Amateur (2025)

2025
4K HEVC
The Accountant² (2025) The Accountant 2 7.0
The Accountant² (2025) The Accountant 2  The Accountant² (2025)IMDb Rating (7.0) / Rotten Tomatoes (77%) 2016 တုန်းက အောင်မြင်ခဲ့တဲ့ ဘန်အက်ဖလစ်ရဲ့ စာရင်းကိုင်ရုပ်ရှင် အဆက်ထွက်လာပါပြီ။ ဒါရိုက်တာကလည်း Gavin O'Connor ပါပဲ။ဒီအပိုင်းမှာတော့ ခရစ်ရဲ့ ညီအဖြစ် Punisher နဲ့လူသိများတဲ့ မင်းသား Jon Bernthal ပါ ပါဝင်လာပါပြီ။ထုံးစံအတိုင်း ဉာဏ်ကြီးရှင်လည်းဖြစ် ဖိုက်တာလည်းဖြစ်တဲ့ ခရစ်က လူတွေကို ကူညီဖို့ ကြိုးစားရင်း ရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်ရတာပါပဲ။ဇာတ်လမ်းအကျဉ်းရေးကင်းဆိုတဲ့လူဟာ ပျောက်ဆုံးနေတဲ့ လက်တီနို သားအမိနှစ်ယောက်ကိုလိုက်ရှာရင်း အသခံလိုက်ရပါတယ်။အဲဒီမှာ ဘဏ္ဍာရေးဌာန ဒုညွှန်ချုပ်ဖြစ်နေတဲ့ မယ်ဒီနာက စာရင်းကိုင်ကြီးကို အကူအညီတောင်းလာပါတယ်။အဲဒီမှာ သားအမိနှစ်ယောက်လူပျောက်ရှာရုံနဲ့ ဘာလို့ ရာဇဝတ်ဂိုဏ်းတစ်ခုက အပြင်းအထန်လုပ်ကြံရသလဲဆိုတာ အဖြေရှာရင် ပိုကြီးတဲ့ အမှုကြီးကို အစဆွဲထုတ်မိပါတော့တယ်။ခရစ်အကူအညီလိုလာတဲ့အတွက် လုပ်ကြံရေးသမားဖြစ်နေတဲ့ သူ့ ညီဘရက်စတန်ပါ လာကူညီရတဲ့အခါ ညီအစ်ကိုနှစ်ယောက် ပွဲကြမ်းရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. ...
movie

The Accountant² (2025) The Accountant 2

2025
4K HEVC
Wind River (2017) 7.7
Wind River (2017) Wind River (2017)IMDb Rating (7.7) / Rotten Tomatoes (87%)Hawkeye မင်းသားကြီး Jeremy Renner နဲ့ Wanda မင်းသမီး Elizabeth Olsen တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက အင်ဒီးယန်းနယ်မြေက ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Rating မြင့် ရသစုံရုပ်ရှင်ကားကြီးပါ။ဇာတ်လမ်းကတော့... ကော်ရိုဟာ နှင်းတွေအမြဲဖုံးလွှမ်းနေတဲ့ အင်ဒီးယန်းရေခဲတောင်တွေပေါ်မယ် သားရဲမုဆိုးအဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်... တစ်နေ့မှာ သူခြင်္သေ့လိုက်ထွက်ရင်း နှင်းတောထဲမှာ မိန်းမပျိုလေးတစ်ဦးရဲ့အလောင်းကို တွေ့ရှိလိုက်ရပါတယ်...ဒီအမှုကိုစုံစမ်းဖို့အတွက် FBIက အတွေ့အကြုံမရှိတဲ့ စုံထောက်မလေး ဂျိမ်းကို စေလွှတ်လိုက်ပါတယ်... မနူးမနပ် ဆတ်ဆတ်ကြဲ ဂျိမ်းဟာ လူအင်အားကလည်းမလုံလောက် သူကလည်းအတွေ့အကြုံမရှိ အမှုကလည်းရှုပ်ထွေးလာနဲ့မကြံတတ် မစည်တတ်ဖြစ်လာရတဲ့အတွက် ကော်ရိုရဲ့အကူအညီကိုတောင်းခံပြီး အတူတကွ ဆက်လက်စုံစမ်းကြရတာပေါ့... ဒီလိုစုံစမ်းနေတဲ့အချိန်မှာပဲ ရေခဲတောင်ပေါ်မှာ နောက်ထပ်အလောင်းတစ်လောင်းကို ထပ်ပြီးတွေ့ရှိလိုက်ရတဲ့အခါမှာတော့ .........ဇာတ်အိမ်ဖွဲ့ပုံသေသပ်လှတဲ့အတွက် ဇာတ်ကားတလျှောက်လုံး ရင်တထိတ်ထိတ်နဲ့ တရားခံဘယ်သူဖြစ်နိုင်မလဲ.... ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာရော မဖြစ်နိုင်ဘူးလား....စသဖြင့် စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်....ရုပ်ရှင်တစ်ခုလုံးမှာလည်း နှင်းတွေရေခဲတွေနဲ့အမြဲဖုံးလွှမ်းနေတဲ့အတွက် နှင်းတောင်တန်းရဲ့ ရသအပြည့်ပုံစံနဲ့ ခံစားရမှာပါ။ File size…(6.5 GB)/ ...
movie

Wind River (2017)

2017
4K HEVC
Origin (2023) 7.2
Origin (2023)  Origin  ( 2023 ) ==============A24ဟာ ကားကောင်းတွေ ဆန်းဆန်းပြားပြားအငွေ့အသက်ရတဲ့ ရုပ်ရှင်တွေအများကြီးထုတ်ပြီး အောင်မြင်မှုကြီးလာခဲ့သလို မနှစ်ကလည်း သူ့ဆီကထုတ်တဲ့ EEAAOနဲ့ အော်စကာတွေ တော်တော်သိမ်းခဲ့ပြီးပါပြီ။ နီယွန်ကတော့ နည်းနည်းပိုထင်ရှားလာတာတော့  A24နောက်မှပေမဲ့ ၂၀၁၉ကတည်းက သူ့ဆီကဖြန့်တဲ့ ပါရာဆိုက်နဲ့  ဒီလိုအောင်မြင်မှုမျိုးရပါပြီ။  ဒီနှစ်လည်း   A24က သူဖြန့်တဲ့  The Zone of Interest နဲ့  အော်စကာရခဲ့သလို နီယွန်ကလည်း  Anatomy of a Fall နဲ့ အော်စကာရခဲ့ပါတယ်။ နှစ်ဘက်စလုံးက နှစ်တိုင်းလိုလို ကောင်းပေ့ဆိုတဲ့ကားတွေချည်း ဖြန့်နေတဲ့ ကုမ္ပဏီတွေချည်းပါပဲ။ အခု  Origin  ( 2023 )ကလည်း နီယွန်ကကားပါပဲ။  Originဟာ တကယ်တမ်းလည်း ဇစ်မြစ်တစ်ခုကို အဖြေရှာသွားတဲ့ ရုပ်ရှင်တစ်ကားပဲ။  ဘာဇစ်မြစ်လဲဆိုရင်တော့ လူမဲတွေ လူမျိုးရေးခွဲခြားခံရခြင်းရဲ့ ဇစ်မြစ်ပေါ့။ ဘယ်လိုစသလဲဆို တော်တော်တော့ရှည်တယ်။ ဒီဇာတ်မှာတော့ လူမဲကောင်လေးတစ်ယောက်ကို ...
movie

Origin (2023)

Baby Driver (2017) 7.6
Baby Driver (2017) Baby Driver (2017)IMDb Rating (7.6) / Rotten Tomatoes (92%)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Edgar Wright ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ Co- Produce ပြီးရိုက်ကူးထားတဲ့ Crime Action ဇာတ်ကားကောင်းတစ်ခုပါ။ ‌ဘယ်အချိန် ဘယ်နှခါ ကြည့်ကြည့် မရိုးနိုင်အောင်ခေတ်ရဲ့ဒဏ်ကို အံတုနိုင်တဲ့အပြင် ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းချက်တွေနဲ့ ဝင်ငွေပိုင်းမှာလည်း အတော်ကို အောင်မြင်မှုရခဲ့တဲ့ ရုပ်ရှင်တစ်ခုပါ။ဒီရုပ်ရှင်ကို ရိုက်ကူးဖြစ်တဲ့အကြောင်းကတော့ သူ့အနေနဲ့ သီချင်းများများပါတဲ့ ရုပ်ရှင်တစ်ခုဖန်တီးချင်စိတ်ကနေ စတယ်လို့ဆိုပါတယ်။ သီချင်းကိုလည်း နောက်ခံသီချင်းအနေနဲ့သုံးချင်တာမဟုတ်။ သူရိုက်ကူးခဲ့တဲ့ Scott Pilgrim vs. the World လို ဂီတကိုတည်ရိုက်တာလည်းမဟုတ်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးပေါ့။ ဒီနေရာမှာ Baby Driver က သူ့အမြင်နဲ့ကွက်တိကျတဲ့ပုံစံမျိုးကို တည်ခင်းနိုင်ခဲ့ပါတယ်။Baby Driver ဆိုတဲ့ ရုပ်ရှင်နာမည်အတိုင်း အဓိကဇာတ်ကောင်က Baby။ Baby က Driver။ ...
movie

Baby Driver (2017)

2017
4K HEVC
Sicario (2015) 7.6
Sicario (2015)  Genre – Action, Crime, Drama IMDB – 7.6/10 ၂၀၁၅ ခုနှစ်တုန်းက အလန်းစားရုပ်ရှင်တွေထဲက တစ်ကားဆိုငြင်းရမယ် မထင်ဘူးဗျာ… သေသပ်လှပတဲ့ ရိုက်ကွက်၊ ပံ့ပိုးပေးထားတဲ့ နောက်ခံတီးလုံးက စိတ်လှုပ်ရှားစရာ၊ မထင်ထားတဲ့ဇာတ်လမ်းနဲ့ ဇာတ်ကောင်ဖွဲ့စည်းပုံတွေကြောင့် ပိုမိုက်တဲ့အက်ရှင်ကားကောင်း ဖြစ်သွားခဲ့ရတယ်။ အက်ရှင်ဇာတ်ကားက ကောင်းဆိုရိုက်ထားတဲ့ ဒါရိုက်တာကြီးက Blade Runner တို့ Dune တို့ Arrivalတို့ ရိုက်ထားတဲ့ Denis Villeneuve ပေါ့ သူ့ စတိုင်အတိုင်းခပ်အေးအေးနဲ့ သံစဉ်တွေ အမြင်တွေနဲ့ ဖော်ကျူးထားတယ်။သရုပ်ဆောင်တွေကလည်း လူတိုင်းသိကြတဲ့ လက်ဖျောက်တီးThanos ကြီး Josh Brolin ရယ် အမြဲမှုန်ကုပ်ကုပ်နဲ့ သရုပ်ဆောင်လေ့ရှိတဲ့ Benecio Del Toro ရယ် Quiet Place တို့ တွမ်ခရုနဲ့ရှယ်ကြမ်းထားတဲ့ Edge of Tomorrow ထဲက Emily Blunt ...
movie

Sicario (2015)

2015
4K HEVC
Ford v Ferrari (2019) 8.1
Ford v Ferrari (2019) Ford v Ferrari (2019) IMDb - 8.1/10_______Rotten - 92% won 2 Oscars. Another 21 wins & 73 nominations     ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှ ာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ...
movie

Ford v Ferrari (2019)

2019
4K HEVC
The Accountant (2016) 7.3
The Accountant (2016) Batman မင်းသား Ben Affleck ရဲ့ Action, Crime အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘဝမှာ High Functioning Autism(ဉာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး) ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့သင်္ချာဉာဏ်ကြီးရှင်မျိုးဖြစ်လာပြီး လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခဝါချပေးတဲ့အလုပ်ကို လုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါ မသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ် (ခြုံပြောရရင် Batman စီးပွားပျက်ပြီး စာရင်းကိုင်လုပ်စားသလိုပါပဲ :3 )။ ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရတဲ့အခါမှာ....... File size…7.86GB / 1.7GB /  720MB Quality…4k HEVC AAC5.1CH /  1080p  / ...
movie

The Accountant (2016)

2016
4K HEVC
Viena and the Fantomes(2020) 5.0
Viena and the Fantomes(2020) Viena and the Fantomes(2020)ဒီဇာတ်လမ်းကတော့ ၁၉၈၀ခုနှစ်များအကျော်က The Fantomes ဆိုတဲ့လမ်းပေါ်မှာနေလမ်းပေါ်မှာအိပ် နယ်လှည့်ဖျော်ဖြေပွဲတွေသွားပြီး Punkဂီတအသစ်ပုံစံတစ်ခုကို ပရိတ်သတ်တွေကိုချပြကာအောင်မြင်မှုရဖို့ကြိုးစားနေတဲ့ Bandတစ်ခုရဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်...ဗီယာနာဆိုတဲ့ကောင်မလေးကတော့ အဲ့ဒီအဖွဲ့ရဲ့ပရိတ်သတ်ဖြစ်တဲ့အတွက် သူတို့နဲ့နီးနီးကပ်ကပ်နေနိုင်ဖို့အဖွဲ့ရဲ့ဖျော်ဖြေပွဲတွေမှာ လက်တိုလက်တောင်းလုပ်ပေးရတဲ့အလုပ်သမားနေရာကို မရရတဲ့နည်းနဲ့ဝင်ခဲ့ပါတယ် ...အဲ့ဒီလို ဝင်လိုက်ပြီးနောက် သူမ ဘဝအလှည့်အပြောင်းတွေစကြုံတွေ့တော့ပါပဲ...ဘယ်လိုသူမကြုံတွေ့ရမလဲ....ဘဝဟာ သူမ ထင်ထားတာထက်ခက်ခဲနေမလား....... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူက MarTizasပါ...File Size : (980 MB) and (380 MB) Quality : WEB-DL720p Format…mp4 Duration…01:36:00 Genre : Music , Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie

Viena and the Fantomes(2020)

Fury(2014) 7.6
Fury(2014) Fury(2014) Blu-Ray 1080p 5.1 CH,720P IMDB rating .....7.6 ၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။အလန်းစားတင့်တိုက်ပွဲတွေတွေ့ရမြင်ရမှာဖြစ်သလို၊ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကိုအကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦးFile Size : (2.7GB)၊(950MB) Quality : Blu-Ray 1080p 5.1 CH,Blu-Ray ...
movie

Fury(2014)

2014
Ford v Ferrari (2019) 8.1
Ford v Ferrari (2019) Ford v Ferrari (2019) IMDb - 8.1/10_______Rotten - 92% won 2 Oscars. Another 21 wins & 73 nominations  #Unicode ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ...
movie

Ford v Ferrari (2019)

2019
Shot Caller (2017) 7.5
Shot Caller (2017)  ဒီဇာတ်လမ်းလေးက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ထောင်ထဲမှာ ဘယ်လိုခြယ်လှယ်နေတယ်ဆိုတာကို ပုံဖော်ထားတဲ့ Action ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးက လူတိုင်းက အားကျလောက်ရအောင် စီးပွားရေးလည်းအောင်မြင်မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ ဂျေကော့ လို့ခေါ်တဲ့လူတစ်ယောက်တစ်နေ့မှာတော့ ကံဆိုးပြီး ကားမတော်တဆဖြစ်ပြီး ကားပေါ်ပါတဲ့သူ့သူငယ်ချင်းသေသွားသလိုတစ်ဖက်လူလည်း အပြင်းအထန် ထိခိုက်မိတဲ့အတွက် ထောင်ကျသွားပါတယ် ။အကုသိုလ်ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တဲ့ဆိုတဲ့အတိုင်းပဲ ထောင်ကျသွားမှပိုပြီးတာ့ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ထောင်ထဲမှာ ဒုစရိုက်သမားတွေရဲ့ ဖိနှိပ်ကွပ်ကဲမှုကို ခုခံဖို့ကြိုးစားရင်းနဲ့ သူကိုယ်တိုင်လည်းမဖြစ်ချင်ဘဲနဲ့ တဖြည်းဖြည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်လာပါတယ်။ထောင်ကအထွက် သူ့ကိုလက်နက် မှောင်ခိုတစ်ခု ကွပ်ကဲဖို့ သူ့မိသားစုအသက်အန္တရာယ်ခြိမ်းခြောက်ပြီး စေခိုင်းခံလိုက်ရပါတယ်။ဂျေကော့တစ်ယောက် ဘယ်လိုနည်းလမ်းတွေ ရှာကြံပြီး သူ့မိသားစုလည်း ဘေးအန္တရာယ်မရောက်အောင်လက်နက်မှောင်ခိုမှုကို လည်းဖော်ထုတ်ပြီး ရာဇဝင်လူဆိုးတွေကိုပညာသားပါပါ ဘယ်လိုရင်ဆိုင်သွားလဲဆိုတာ စောင့်ကြည့်လိုက်ပါ ။အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် ဒုက္ခအခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ရင်းမိသားစုအတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို စောင့်ကြည့်လိုက်ပါ။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ)Quality : Bluray 720p Running Time : 2hr 01minutes Format : Mp4 Genre : Crime, ...
movie

Shot Caller (2017)

2017