Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jolie Chan Yuen-Kei
6
Echoes of the Thunder ( 2023 )
ဒီတစ်ခါမှာတော့ CM ကနေယှဉ်ပြိုင်ခြင်းကိုမှနှစ်ခြိုက်တဲ့ပရိသတ်တွေအတွက် ကားမောင်းပြိုင်ပွဲကိုအဓိကဇာတ်အိမ်တည်ထားတဲ့ ဟောင်ကောင်နာမည်ကြီး ဇာတ်လမ်းလေးဖြစ်တဲ့ Echoes of the Thunderကားလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ မာရှန့်ရူံက ဟောက်ရှန့်လုပ်ငန်းစု ပိုင်ရှင်ရဲ့သားဖြစ်ပြီး အင်မတန်မှချမ်းသာတာကြောင့် ပြိုင်ကားကစားသမားအဖွဲ့တည်ထောင်ထားထားတာပေါ့။ ဒီအဖွဲ့ထဲမှာ လီဝေနန်ဆိုတဲ့လူက အပျော်တမ်းပြိုင်ကားမောင်းသမားဖြစ်ပြီး အင်မတန်မှာထူးချွန်တဲ့ပြိုင်ကားမောင်းသမားလည်းဖြစ်တယ်။သူ့အပြင် ဟောင်ကောင်မှောင်ခိုပြိုင်ကားလောကမှာ နာမည်ကြီးဆရာတစ်ဆူဖြစ်တဲ့ အစ်ကိုဟော်ကတော့ ကားဝပ်ရှော့ဆိုင်လည်း ဖွင့်ထားတာပေါ့။ အစပိုင်းမှာလီဝေနန်နဲ့အစ်ကိုဟော်တို့ကို ဆင်းရဲတဲ့အပြင်ဘာမှလုပ်ကိုင်စားသောက်စရာမရှိခဲ့ပဲသူများကားတွေကို လိုက်လံပြင်တဲ့အလုပ် လုပ်ခဲ့ရာကနေ မာရှန့်ရူံနဲ့တွေ့ပြီးသုံးယောက်သား သွေးသောက်ညီအစ်ကိုတွေဖြစ်သွားခဲ့ကြတယ်။ဒီလိုနဲ့လီဝေနန်မှာ နှလုံးရောဂါရှိတဲ့သားလေးတစ်ယောက်ရှိပြီး ခွဲစိတ်မှုပိုက်ဆံလိုနေတဲ့အပြင် အစ်ကိုဟော်ကလည်း ကားဝပ်ရှော့ဆိုင် အရင်းအနှီးလိုနေတာကြောင့် မာရှန့်ရူံက အပျော်တမ်းလို့ခေါ်တဲ့ တရားမဝင်ပြိုင်ကားမောင်းပြိုင်ပွဲက ပိုက်ဆံမရတဲ့အတွက် ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အကြံပေးခဲ့တယ်။ဒီလိုနဲ့ မာရှန့်ရူံကြောင့်နှစ်ဦးသား ငွေကြေးအဆင်ပြေခဲ့ပြီး တစ်နေ့မှာ မာကာအိုဘုရင့်ဖလားကားမောင်းပြိုင်ပွဲကြီးရောက်ရှိလို့လာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းတစ်လျှောက်လုံးမှာဖော်ကြူးထားတဲ့ ညီအစ်ကိုတွေရဲ့စိတ်ဓါတ်နဲ့ ကားမောင်းသမားတွေရဲ့အသက်စွန့်စားယှဉ်ပြိုင်မှုတွေကိုပါ မြင်တွေ့ရမှာကြောင့် ဒီဇာတ်လမ်းလေးကို CM ကနေစောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.65 GB / 857 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ...
movie
Echoes of the Thunder ( 2023 )