Channel Myanmar

Johnny Depp

Alice Through the Looking Glass (2016) 6.2
Alice Through the Looking Glass (2016) Alice Through the Looking Glass (2016)_____IMDb - 6.2/10   Alice through the Looking Glass (2016) IMDB : 6.2 Rotten Tomatoes : 29% Genre : Fantasy/Drama/Adventure Alice through the Looking Glass ကတော့ Alice in Wonderland(2010) ရဲ့ Sequel ရုပ်ရှင်ဖြစ်တာကြောင့် သိပ်ပြီးတော့ အထွေအထူးမညွှန်းတော့ပါဘူး။ ဇာတ်ကြောင်းကိုပဲတန်းပြောလိုက်ပါတော့မယ်။ ဇာတ်ညွှန်း အဲလစ်စ်လေး အသက် ၂၂ နှစ်ကျော်ခဲ့ပါပြီ။ သူ့အဖေပိုင်တဲ့ သင်္ဘော"အံ့ဖွယ်" ရဲ ကပ္ပတိန်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ဒီလိုနဲ့ တရက်မှာ ကြည့်မှန်တစ်ခုကနေပြီး အဲလစ်စ်ဟာ အံ့ဖွယ်ကမ္ဘာကိုပြန်ရောက်သွားခဲ့ပါတယ်။ ရောက်သွားတဲ့အချိန်မှာဟက်တာတစ်ယောက် စိတ်ဖောက်နေပါပြီ။ ဘာလို့စိတ်ဖောက်လည်းဆိုတော့ သူ့မိသားစုဟာ ဂျက်ဘာဝေါ့ကီလက်ချက်နဲ့ အသက်မဆုံးပဲ အသက်ရှင်နေတယ်ဆိုတဲ့ အသိကြောင့်ဖြစ်ပါတယ်။ သူတို့ကိုကယ်တင်နိုင်မယ်ဆိုလည်း အဲဒါက အဲလစ်စ်တစ်ယောက်တည်းပဲရှိကြောင်း ဟက်တာကပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲလစ်စ်က ...
movie

Alice Through the Looking Glass (2016)

2016
4K HEVC
Alice in Wonderland (2010) 6.4
Alice in Wonderland (2010) Alice in Wonderland (2010)IMDb - 6.4/10_____Rotten - 50%Won 2 Oscars. Another 33 wins & 63 nominations.   Alice In Wonderland(2010) IMDB : 6.4 Rotten Tomatoes : 50% Genre : Family/Adventure/FantasyAlice in Wonderland ကို လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝတစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။ငယ်ငယ်ကတည်းက လောကကြီးကိုရင်ဆိုင်ပြီးတိုက်ခိုက်နေရတဲ့ အသက်အရွယ်ရောက်လာတာတောင်မှTim Burton ရဲ့ရုပ်ရှင်တွေကိုကြည့်ပြီး Tim Burton Universe ထဲကိုသွားချင်တဲ့စိတ်ကမကုန်သေးပါဘူး။ Fantasy လောကရဲ့ ဖခင်ကြီး Tim Burton ရဲ့ရုပ်ရှင်တွေဟာ ကြည့်လိုက်တိုင်း ရင်ထဲမှာတော့ တစ်ခုခုကျန်ခဲ့ပါတယ်။Alice in Wonderland လည်းအဲလိုပါပဲ။ ကျွန်တော်တို့ဟာ ဘဝမှာ တစ်ခါတော့ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice တော့ဖြစ်ချင်ခဲ့မှာပါ။ ရှုပ်ထွေးလှတဲ့ လောကကြီးကနေ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice ...
movie

Alice in Wonderland (2010)

2010
4K HEVC
Fantastic Beasts: The Crimes of Grindelwald (2018) 6.6
Fantastic Beasts: The Crimes of Grindelwald (2018) Fantastic Beasts 2: The Crimes of Grindelwald (2018) IMDb - 6.6/10_____Rotten - 36%   2018 ထွက် မှော်ရုပ်ရှင်ဇာတ်လမ်းအသစ်ကို တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကိုတော့ စာရေးဆရာမ ဂျေကေရိုးလင်းရေးသားခဲ့တဲ့ စိတ်ကူးယဉ်မှော်ကမ္ဘာထဲမှာပဲ အခြေခံထားပါတယ်။ဒီဇာတ်လမ်းတွေရဲ့ အရှေ့မှာတော့ ဟယ်ရီပေါ်တာ ရုပ်ရှင် ၈ ကား ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။လက်ရှိရုပ်ရှင်ကတော့ ဟယ်ရီပေါ်တာတို့ မမွေးခင် ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုး လူလတ်ပိုင်းကာလကို အခြေခံထားပါတယ်။ဒါဟာ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ပထမရုပ်ရှင်ကတော့ 2016မှာ ထွက်ခဲ့ပြီး ဖြစ်ပါတယ်။အဓိကဇာတ်ကောင်ကတော့ နျု့ စကာမန်ဒါဆိုတဲ့ မှော်ဆရာပါပဲ။သူက မှော်ဝင်သတ္တဝါဆန်းတွေကို စိတ်ဝင်စား လေ့လာနေပြီး သူရေးခဲ့တဲ့ စာအုပ်ဟာ ဟယ်ရီပေါ်တာတို့ခေတ်မှာ ကျောင်းသုံးဖတ်စာအုပ်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ============ရှေ့ကထွက်ထားတဲ့ ရုပ်ရှင်မှာ အဲဒီခေတ်ရဲ့ အတော်ဆုံးမှော်ဆရာနှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ဂရင်ဒယ်ဝေ့ါဒ် ကို နျု့ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်။အော့စကူးရပ်စ်ဖြစ်တဲ့ ခရီးဒန့်စ်ကတော့ မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ခရီးဒန့်စ်ကတော့ သူ့ရဲ့ ...
movie

Fantastic Beasts: The Crimes of Grindelwald (2018)

2018
4K HEVC
Fantastic Beasts and Where to Find Them (2016) 7.3
Fantastic Beasts and Where to Find Them (2016) Fantastic Beasts and Where to Find Them (2016) IMDb - 7.3/10____Rotten - 74% Won 1 Oscar. Another 14 wins & 53 nominations.   ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင်  နျု စကန်မန်ဒါပါ(ဟယ်ရီတို့ ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် ...
movie

Fantastic Beasts and Where to Find Them (2016)

2016
4K HEVC
The Man Who Cried (2000) 6.1
The Man Who Cried (2000) The Man Who Cried (2000)IMDb Rating (6.1) / Rotten Tomatoes (35%) ဒီရုပ်ရှင်လေးကတော့ ရုရှားကနေထွက်လာတဲ့ ဂျူးမိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့ ဆူဇီအကြောင်း ရိုက်ကူးထားတာပါ။ဆူဇီတို့မိသားစုဟာ ရွှေ့ပြောင်းဖို့လုပ်ရင်းကနေ သူ့အဖေနဲ့သူနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။တစ်နေ့မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ သူ့အဖေကို ပြန်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းအဆိုကောင်းတဲ့ ဆူဇီဟာ ပါရီမြို့ပြဇာတ်ရုံတစ်ခုမှာ အကမယ်တစ်ယောက်ဖြစ်လာပါတယ်။သူမရဲ့အခန်းဖော်ကတော့ သူ့ရုပ်ရည်ကို အသုံးချပြီး ချမ်းသာတဲ့ သူတစ်ယောက်နဲ့ယူဖို့ ကြံရွယ်နေတဲ့ လိုလာပေါ့ လိုလာက ဝင်ငွေကောင်းတဲ့ နာမည်ကြီးတဲ့ အော်ပရာအဆိုတော် ဒန်တေကို ချိန်နေချိန်မှာဆူဇီသဘောကျတာကတော့ ဂျစ်ပစီတစ်ယောက်ဖြစ်တဲ့ ဆီဆာပါ ဒန်တေကတော့ ဂျစ်ပစီတွေ ဂျူးတွေကိုမုန်းတဲ့ မူဆိုလီနီကို ထောက်ခံသူပေါ့..နောက်ဆုံး ဒုတိယကမ္ဘာစစ်ရဲ့အငွေ့အသက်တွေ ပဲရစ်မြို့အထိရောက်ရှိလာချိန်မှာတော့ သူတို့လေးယောက် ဘာဆက်ဖြစ်ကြမှာလဲ..ဆူဇီတစ်ယောက် သူချစ်တဲ့ ဆီဆာနဲ့ ဇာတ်သိမ်းမှာ ပေါင်းရမှာလား.. သူ့အဖေနဲ့ရော တွေ့ရမလား..လိုလာကရော ဒန်တေကို ပိုင်ဆိုင်နိုင်ပြီး ဘဝမှာ ပျော်ရွှင်ရမှာလား..အတ္တသမား ဒန်တေရော ...
movie

The Man Who Cried (2000)

2000
Transcendence (2014) 6.3
Transcendence (2014) Transcendence(2014)2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ...Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်....PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့်ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး...နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသောteam တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်း လုံးဝဖျက်ဆီးခံလိုက်ရပါတယ်...နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့..သူတို့ကတော့ "Revolutionary Independence From Technology" (R.I.F.T.)ပါ..လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့  Will Caster ဟာ  သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်..အဲဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp  ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်...ဒါအပြင် ...
movie

Transcendence (2014)

2014
Once Upon a Time in Mexico (2003) 6.4
Once Upon a Time in Mexico (2003) ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်....အဲ့ဒီရုပ်ရှင်တွေကတော့... Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို ...
movie

Once Upon a Time in Mexico (2003)

2003
Tusk (2014) 5.3
Tusk (2014) Tusk (2014)Tusk ဟာ နာမည်ကျော် A24 ကနေ ၂၀၁၄က ထွက်ခဲ့တဲ့ကားပေမဲ့ A24 ပရိသတ်တွေကြား အခုထိ တခုတ်တရထည့်ထည့်ပြောနေရတဲ့ ကားပါ။ A24 က ဒီလိုကား အခုထိ ဒီတစ်ကားပဲရှိနေတော့ သူ့ဖန်တွေအတွက် ဒီကားက အမြဲအမှတ်တရလို ဖြစ်နေမယ့်ကားလည်းဖြစ်နေပါတယ်။ A24 က ဒီလိုကားတွေလည်း ဖြန့်တာလားဟလို့လည်း ပြောချင်ပြောလို့ရသလို တကယ်တမ်းပြောကြတာကတော့ ဒီကားရဲ့ စိတ်ညစ်ညူးအောင်လုပ်နိုင်စွမ်းကို ပြောကြတာက ပိုများတာပေါ့။ ဟာသမင်းသား ကီဗင်စမစ်က ရိုက်ထားတာမို့လို့လည်း ဒီကားက Comedy Horror ကားဖြစ်နေတယ်။ ဒီကားရဲ့ Horror ကတော့ Body Horror ပါ။ အားလုံးလည်းသိကြတဲ့အတိုင်း Body Horror ဆိုတာမျိုးက ကြည့်ရတဲ့သူတင်မဟုတ် တစ်ခါတလေကျ ဘာသာပြန်တဲ့လူကိုပါ တော်တော်စိတ်ထဲစွဲပြီး စိတ်ညစ်အောင်လုပ်နိုင်တယ်။ သေချာတာကတော့ ဒီဇာတ်ကားရဲ့ အကြောင်းအရာနဲ့ အပြတွေဟာ ထူးထူးခြားခြားနဲ့ ရှားပါးပါတယ်။ ...
movie

Tusk (2014)

2014
Rango (2011) 7.2
Rango (2011) [Unicode]2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်၀ နေလို့ပဲ …Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ ...
movie

Rango (2011)

The Tourist (2010) 6.0
The Tourist (2010) ဂျော်နီဒပ်နဲ့အန်ဂျလီနာဂျိုလီတို့ပါဝင်တဲ့ ဒီဇာတ်ကားက Action/Crime ပုံစံ လျှို့ဝှက်သည်းထိတ်ရင်ဖိုရုပ်ရှင်ကားပါ။အလက်ဇန္ဒား ပီးရက် လို့ခေါ်တဲ့ ရုရှား မာဖီယားဂိုဏ်းတစ်ခုက ငွေထိန်း လူယုံ တစ်ယောက် ။သူ့သူဌေး ဂိုဏ်းခေါင်းဆောင်ဆီက ဒေါ်လာ သန်း ၂၀၀ ကျော် ဘုံးသွားတယ် ။ ဒါ့အပြင် အင်္ဂလန် နာမည်ကျော် စကော့တလန်ယာဒ့် စုံထောက်အဖွဲ့ကြီး ဆီကနေလဲ ပေါင် ၇၃၃ သန်း ဘုံးသွားပါသေးတယ် ။ သူ့ကို ၂ နှစ်လုံးလုံး လိုက်ရှာကြတယ် ။ အစအနတောင် မတွေ့ရခဲ့ပါဘူး ။ စကော့တလန်ယာဒ့် အဖွဲ့က အလက်ဇန္ဒား ပီးရက်ကို မိဖို့ အတွက် ပေါင် ၈ သန်းကျော် အသုံးပြုခဲ့တယ် ။တစ်နေ့တော့ အထူးစုံထောက် အာချက်ဆင် ခေါင်းဆောင်တဲ့ စုံထောက်အဖွဲ့တွေက အလက်ဇန္ဒား ပီးရက် ရဲ့ ဇနီးသည်နောက်ကို ထပ်ခြပ်မကွာ လိုက်လံစုံစမ်းနေတဲ့ကြားက သူတို့ နှစ်ဦး ဆက်သွယ်မိသွားကြတယ် ။ အလက်ဇန္ဒားဟာ ...
movie

The Tourist (2010)

4K HEVC
Pirates of the Caribbean: Dead Men Tell No Tales(2017) 6.6
Pirates of the Caribbean: Dead Men Tell No Tales(2017) Pirates of the Caribbean: Dead Men Tell No Tales(2017) ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်. ----------------------------------------------------------------------------------- . File Size : (2.5GB) and (1.3GB) Quality : HEVC 1080p 5.1, 720P Format…mp4 Duration…02:09:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae 
movie

Pirates of the Caribbean: Dead Men Tell No Tales(2017)

2017
4K HEVC
Pirates of the Caribbean: At World’s End(2007) 7.1
Pirates of the Caribbean: At World’s End(2007) Pirates of the Caribbean: At World's End(2007) IMDb...7.1 သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့ အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။ ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်။ ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်... --------------------------------------------------------------------------------------  File Size : (8.8GB )(4.24GB) and (1.53GB) Quality : Blu-Ray 4KHEVC, 1080p 5.1CH,720P Format…mp4 Duration…02:49:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae  
movie

Pirates of the Caribbean: At World’s End(2007)

2007
4K HEVC
Pirates of the Caribbean: Dead Man’s Chest(2006) 7.3
Pirates of the Caribbean: Dead Man’s Chest(2006) Pirates of the Caribbean: Dead Man's Chest(2006)အညွှန်း ************************************************** IMDb....7.3 ဒီတစ်ခါတော့ ကပ္ပတိန်ဂျက်စပဲရိုးတစ်ယောက် အကြွေးဆပ်ဖို့ အချိန်ကျပြီလို့ အသိပေးခံထားရပါပြီ.. ဘယ်သူ့ကို အကြွေးတင်နေတာလဲဆိုတော့ ငရဲက သင်္ဘောသားတွေနဲ့အတူ တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့ ပင်လယ်သရဲကြီး ဒေဗီဂျုန်းဆီမှာပါ ဖျက်ထိုးဉာဏ်ကောင်းတဲ့ဂျက်တစ်ယောက် ပြေးလို့ မလွတ်တဲ့ အနေအထားရောက်နေတာပါ ဒီတော့ သူ့ကိုယ်သူ ကယ်တင်ဖို့ ဂျက်ကြံရဖန်ရပြန်ပါတယ်.. ဝေလ်တန်နာနဲ့ အဲလစ်ဇဘတ်သ်ဆွမ်းဆီကနေ မဖြစ်မနေအကူအညီ ယူမှရမှာပါ သူတို့ကရော ကြည်ကြည်ဖြူဖြူ ကူညီပါ့မလား ... ဒီကြားထဲ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ ဂျက်ဘယ်လိုတွေ မဲဆွယ်လိုက်လဲဆိုတာတွေကတော့ ထုံးစံအတိုင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဟာသကွက်လေးတွေ တိုက်ခန်းခိုက်ခန်းလေးတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမှာပါ ... ဂျက်ရဲ့ အဓိက မစ်ရှင်ကတော့ ဒေဗီဂျုန်းရဲ့ ဖွက်ထားတဲ့ နှလုံးသားကို ရှာဖွေဖို့ပါ ဒေဗီဂျုန်းမှာလည်း နှလုံးသားရေးရာ လျှို့ဝှက်ချက်လေးတွေက ရှိနေပါသေးတယ်... ဒါ့အပြင် ဝေလ်တန်နာတစ်ယောက် ဂျက်နဲ့အတူ ထူးဆန်းပြီး ကြောက်စရာစွန့်စားခန်းကို လိုက်ပေးလိုက်ရတာကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမှာပါ ဒေဗီဂျုန်းရဲ့ တစ္ဆေသင်္ဘောကြီးပေါ်မှာ ဘာတွေ ရှိနေတာလဲဆိုတာလည်း စိတ်ဝင်စားစရာမို့ ဇာတ်လမ်းလေးထဲမှာသာ ကြည့်လိုက်ပါတော့... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi ...
movie

Pirates of the Caribbean: Dead Man’s Chest(2006)

2006
4K HEVC
Pirates of the Caribbean: The Curse of the Black Pearl(2003) 8.0
Pirates of the Caribbean: The Curse of the Black Pearl(2003) Pirates of the Caribbean: The Curse of the Black Pearl(2003) IMDb...8,,,Rotten....79% ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှ ာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ.. ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ... သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်..  ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော... တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ် ဘာဆိုဇာဆိုတဲ့ သူကတော့ ရတနာသိုက်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂျက်နဲ့ သဘောထားကွဲလွဲတော့ ဂျက်ဆီကနေ ပုလဲနက်ကို လုသွားတဲ့ကောင်ပေါ့.. ဖြစ်ချင်တော့ ဘာဘိုဇာနဲ့ သူ့တပည့် သင်္ဘောသားတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုကို မိနေပြီး အသက်လည်း မရှင်နိုင် သေလည်း ...
movie

Pirates of the Caribbean: The Curse of the Black Pearl(2003)

2003
4K HEVC
Corpse Bride (2005) 7.3
Corpse Bride (2005) Corpse Bride (2005)IMDb - 7.3/10_____Rotten - 84% ဒီနေ့အတွက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb Rating -7.3 ရရှိထားပြီး.... မြူးကြွတဲ့တေးသီချင်းလေးများ...Romanceဆန်တဲ့ပြကွက်လေးများနဲ့ ....အချစ်တို့ရဲ့ ပြယုဒ်ကိုထင်ပေါ်အောင်ပြသပေးနိုင်ခဲ့တဲ့ Best Romance Horror Animation Movies ကောင်းတွေထဲကတစ်ကားဖြစ်ခဲ့တဲ့ CORPSE BRIDE ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ… ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်..... လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian villageလို့ခေါ်တဲ့ရွာလေးတစ်ရွာမှာ ဆွေစဉ်မျိူးဆက်ချမ်းသာလာပြီး အထည်ကြီးပျက်ဘဝကိုရောက်ရှိတော့မဲ့လူကုန်ထန်မိသားစုတစ်စု.....ပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအဝိုင်းကမဟုတ်တဲ့ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှတစ်ဦးတည်းသောသားလေး Victa... မိသားစုနှစ်ခုရဲ့လိုအပ်နေတဲ့ ကွက်လပ်ကိုယ်စီကိုဖြည့်ဖို့ရန် တစ်ယောက်ကိုတစ်ယောက်တစ်ခါမှမမြင်ဖူးကြတဲ့ VIctoria နဲ့ Victaတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အစမ်းလေ့ကျင့်တဲ့အခမ်းနားလေးနဲ့ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ်...... ဒါမဲ့ မိဘတွေအတင်းပေးစားလို့ယူရမှာဖြစ်ပြီး....တစ်ခါမှမမြင်ဖူးတဲ့သူကိုလက်ထပ်ချင်စိတ်မရှိတဲ့ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးတွေ့ရှိသွားကြတဲ့အခါ....Victa တစ်ယောက် လက်ထပ်ပွဲRehersalမှာအယောင်ယောင်အမှားမှားဖြစ်စေခဲ့ပြီး လက်ထပ်ပွဲအစမ်းလေ့ကျင့်မှုကိုသေချာလုပ်ဆောင်နိုင်မှ မဂ်လာပွဲကျင်းပရတော့မဲ့အဖြစ်ရောက်သွားခဲ့ပါတယ်….အစမ်းလေ့ကျင့်မှုကိုသေချာလေ့ကျင့်ဖို့ တောထဲကိုပြေးထွက်သွားကာတစ်ယောက်တည်းလေ့ကျင့်နေချိန် သူလေ့ကျင့်နေတဲ့ လက်ထပ်ခွင့်စကားကြောင့်ချစ်သူပြန်အလာကိုမျှော်နေရင်းသေဆုံးသွားတဲ့ Amali မိန်းကလေး သေရာမှနိုးထလာတဲ့ အခါ..Victaတစ်ယောက် Amaliနဲ့လက်ထပ်လိုက်ရပြီး သရဲတွေနေတဲ့နေရာသို့ဘုမသိဘမသိပါသွားရရှာပေါတော့တယ်... တစ်ဖက်မှာလည်းချစ်သူပြန်အလာကိုမျှော်နေရှာတဲ့Victoriaတစ်ယောက်.... Victaပြန်မလာတာနဲ့ အရန်သင့်သူ့နေရာကိုအစားထိုးပြီး...Victoriaမိသားစုရဲံ စည်းစိမ်တွေကိုလိုချင်နေတဲ့ ...
movie

Corpse Bride (2005)

2005
Murder on the Orient Express (2017) 6.5
Murder on the Orient Express (2017) Murder on the Orient Express (2017) IMDb - 6.5/10_____Rotten - 61%   စာရေးဆရာမ အဂါသာ ခရစ္စတီးရဲ့ ၁၉၃၄ တုန်းက နာမည်ကျော်ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာကဲနက်ဘရာနက် က ရိုက်ကူးထားတာပါ။၁၉၃၄ ဆောင်းရာသီကာလ မြင်ကွင်းနဲ့အတူ နာမည်ကျော် ဘယ်လ်ဂျီယံစုံထောက် ဟာဂျူလီပွိုင်ရော့တ်ဟာ ဂျေရုဆလင်က ခိုးမှုတစ်ခုကို ဖော်ထုတ်ပြီးနောက် ခရီးသွားပြီးအပန်းဖြေဖို့ စီစဉ်ခဲ့ပါတယ်။အဲဒါနဲ့ အစ္စတန်ဘူလ်ကို သွားခဲ့ပြီးOrient Express ရထားကုမ္ပဏီ ဒါရိုက်တာ သူ့မိတ်ဆွေဘော့နဲ့ တွေ့ဆုံခဲ့ပါတယ်။လန်ဒန်ကနေ သံကြိုးစာရတဲ့အတွက် ပွိုင်ရော့တ်တစ် ယောက်ဘော့စီစဉ်ပေးတဲ့ရထား ခရီးစဉ်နဲ့ အရေးပေါ်အိမ်ပြန်ဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပွိုင် ရော့တ်ကို ဆမ်မြူရယ်ရက်ချက် ဆိုတဲ့ အမေရိကန်သူဌေးတစ် ယောက်က သုံးရက်တာ ရထား ခရီးစဉ်အတွင်းမှာ သက်တော် စောင့်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ အမည်မသိပါတီတစ်ခုရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာပို့ခံရတဲ့ အတွက် ပွိုင်ရော့တ်ကိုငှားတာ ဖြစ်ပေမယ့် ပွိုင်ရော့တ်ကလက် မခံခဲ့ပါဘူး။နောက်တစ်နေ့ ...
movie

Murder on the Orient Express (2017)

2017
4K HEVC
Minamata (2020) 7.9
Minamata (2020) Minamata (2020)=============IMDb Rating - 7.9/10၁၉၇၁ ခုနှစ်က ဂျပန်နိုင်ငံ၊ မီနာမာတာမြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ မာကျူရီအဆိပ်သင့်မှုကို အခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မီနာမာတာမြို့လေးဆိုတာ သိပ်ကိုလှပတဲ့ ကမ်းရိုးတန်းမြို့လေး၊ ဒေသခံ‌တွေမှာလည်း တံငါလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းပြုနေသူတွေအများကြီးရှိပြီး ပင်လယ်ငါးတွေကို အဓိကစားသုံးကြတဲ့မြို့လေးပေါ့၊ဒါပေမယ့် ချီဆိုဆိုတဲ့ဓာတုစက်ရုံကြီး မီနာမာတာမြို့လေးကိုရောက်လာတဲ့အခါမှာ စက်ရုံကနေပင်လယ်ထဲကိုစွန့်ထုတ်တဲ့ဓာတုပစ္စည်းတွေကြောင့် ငါးတွေအဆိပ်သင့်၊ အဲဒီကတစ်ဆင့် လူတွေအဆိပ်သင့်ပြီး ကလေးလူကြီးမကျန် ဦးနှောက်တစ်သျှူးတွေထိခိုက်ပြီး ခြေလက်တွေအကြောဆိုင်း၊ မျက်စိကွယ်၊ စကားမပြောနိုင် စတဲ့ ရောဂါလက္ခဏာတွေခံစားရရှာပါတယ်။ဒီလိုနဲ့ ဆယ်စုနှစ်တစ်စုကျော်အကြာ ၁၉၇၁ခုနှစ်မှာ နယူးယောက်မြို့ လိုက်ဖ်မဂ္ဂဇင်းက ဓာတ်ပုံဆရာကြီး ယူဂျင်းစမစ်ဟာဘာသာပြန်ဂျပန်မလေး အိုင်လင်းရဲ့တောင်းဆိုမှုကြောင့် မီနာမာတာကို ကင်မရာတစ်လုံးနဲ့ရောက်လာပြီး ဒေသခံတွေနဲ့အတူတရားမျှတမှုအတွက် ဆန့်ကျင်လှုပ်ရှားကြပါတော့တယ်။ဒီဖြစ်ရပ်မှန် ဇာတ်ကားထဲမှာ လောကကြီးကိုစိတ်ကုန်နေတဲ့ ထေ့ငေါ့ငေါ့ဓာတ်ပုံဆရာကြီးယူဂျင်းစမစ်အဖြစ် မင်းသားကြီးJohnny Depp က  အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ MTA ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p, ...
movie

Minamata (2020)

2021