Channel Myanmar

John Ratzenberger

Up (2009) 8.2
Up (2009)  Up (2009)IMDb Rating (8.3) / Rotten Tomatoes (98%) Pixarဆိုတဲ့ animation studio အကြောင်း ပြောကြတဲ့အခါ အများနဲ့မတူတဲ့ storyline, ဇာတ်ကောင်ဖန်တီးမှုပုံစံတွေ၊ဆန်းသစ်တဲ့ ဇာတ်လမ်းပုံစံတွေနဲ့ ကျွန်တော်တို့ ငယ်ဘဝအမှတ်တရအများစုကို ဖန်တီးပေးနိုင်ခဲ့တဲ့ studioတစ်ခုဆိုတာ အားလုံးသိကြမှာပါ။ဒီstudioကပဲ ထုတ်လိုက်တဲ့Upဆိုတဲ့ Animationဇာတ်ကားကတော့ အတော်များများရင်းနှီးပြီးသားဖြစ်သလို မကြည့်ဖူးတဲ့သူလည်း အတော်ရှားမယ့် animationဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Action နဲ့ comedyကိုရောစပ်ထားပြီးချစ်ခြင်းမေတ္တာ‌တွေ ဒရာမာတွေကိုလည်း ပီပြင်အောင်ဖန်တီးထားတာပါ။ Carlဆိုတဲ့ ကင်းထောက်ကောင်လေးတစ်ယောက်က Ellie ဆိုတဲ့ သဘာဝစူးစမ်းလေ့လာရေးစိတ်ဝင်စားသူနဲ့ အကြောင်းပါခဲ့ပြီး Wild Life Explorerဖြစ်ချင်တဲ့အိပ်မက်ကို အတူအကောင်အထည်ဖော်နိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ အကြီးဆုံး အိပ်မက်ကအမေဇုန်တောထဲမှာ ရှိတဲ့ Paradise Fallဆိုတဲ့ ရေတံခွန်နံဘေးမှာ အိမ်လေးတစ်လုံးဆောက်ပြီး နေသွားဖို့ပါ။ဒါပေမဲ့ သူတို့ရဲ့အိပ်မက်တွေ အကောင်အထည်မပေါ်ခင်Ellie တစ်ယောက်ဆုံးပါးသွားတဲ့နောက် အထီးကျန်နေတဲ့Carlအ‌နေနဲ့ ဇနီးဖြစ်သူ မလုပ်နိုင်ခဲ့တဲ့အရာကို လက်တွေ့ဖြစ်အောင် လုပ်ပေးဖို့ ...
movie

Up (2009)

2009
4K HEVC
Monsters, Inc. (2001) 8.1
Monsters, Inc. (2001) Monsters, Inc. (2001)IMDb Rating (8.1) / Rotten Tomatoes (96%) ဒီကား​လေးကတော့ Animation ကြိုက်သူတွေ ကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ဒါရိုက်တာ Pete Docter က ရိုက်ကူးတင်ဆက်ထားပြီး Rating (8.1/10) ထိ ရရှိထားတဲ့ မွန်းစတား ကာတွန်းကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းMonstropolis ဟုခေါ်သော ဒဏ္ဍာရီမြို့ကြီးဟာ မွန်းစတားလေးတွေ အတူတကွနေထိုင်နေကြသော အရပ်ဖြစ်ပါတယ်။ဒီ မွန်းစတားလေးတွေဟာ ကလေးသူငယ်တွေရဲ့အသံစွမ်းအင်ပေါ်မှီခိုပြီး အသက်ရှင်နေထိုင်ကြရတာပါ။မွန်စတားလေးတွေက ကလေးသူငယ်တွေနဲ့ ထိမိတာနဲ့သေတတ်ပါတယ်။တနေ့သူတို့မွန်းစတားကမ္ဘာလေးထဲကို Boo ဆိုတဲ့ ကလေးမလေး ရောက်ရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(4.8 GB) / (2.2 GB) / (1.1 GB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. ...
movie

Monsters, Inc. (2001)

2001
4K HEVC
Toy Story 2 (1999) 7.9
Toy Story 2 (1999) ဒီဇာတ်လမ်းက ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဂျက်စီဆိုတဲ့ ကောင်းဘွိုင်မလေးနဲ့ ဝူဒီရဲ့မြင်းလေး ဘူးလ်အိုင်းစ်တို့ စပါလာတဲ့ ဇာတ်ကားလေးပါ။အန်ဒီတစ်ယောက်ဆော့နေရင်း ဝူဒီရဲ့လက်က မတော်တဆပြဲသွားတာကြောင့် နောက်မှပြန်ချုပ်ဖို့ သိမ်းထားချိန် အန်ဒီ့အမေရဲ့ နားလည်မှုလွဲမှုကြောင့် အိမ်ပစ္စည်းအဟောင်းတွေ ရောင်းမယ့်ပုံးထဲ ဝူဒီတစ်ယောက်ပါသွားခဲ့ပါတယ်။အဲဒီအချိန်မှာ မြို့ထဲက အရုပ်ဆိုင်ပိုင်ရှင်က မြင်သွားပြီး ဝူဒီကို ရှားပါးအရုပ်မှန်း သိနေတာကြောင့် ပစ္စည်းပုံးထဲက ခိုးသွားခဲ့ပါတယ်။ အရုပ်သည်ရဲ့ ဆိုင်မှာ ဝူဒီရဲ့လူဆိုးဖမ်းဂိုဏ်းလို့ ပြောရမယ့် ဂျက်စီနဲ့ဘူးလ်အိုင်းစ် နှစ်ယောက်နဲ့ စဆုံခဲ့ပါတယ်။အရုပ်သည်ရဲ့အကြံက ရှားပါးအရုပ် ဖြစ်တဲ့ ဝူဒီတို့ကို ဂျပန်ကအရုပ်ပြတိုက်ကို ရောင်းပစ်လိုက်ဖို့ပါပဲ။ အစပိုင်းမှာ ဝူဒီက အိမ်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ဂျက်စီတို့အဖွဲ့ နားချ တာကြောင့် သူတို့နဲ့ပဲအတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အရုပ်သည်လက်ထဲပါသွားတဲ့ ဝူဒီနောက်ကို ဘတ်ဇ်တို့တစ်သိုက် လိုက်ကယ်ဖို့ ကြိုးစားရင်းနဲ့ အရုပ်ဆိုင်ထိ ရောက်လာခဲ့ပါတယ်။တစ်ချိန်ကျရင် အန်ဒီစွန့်ပစ်သွားမှာစိုးလို့ ပြန်မလိုက်ချင်တော့တဲ့ ဝူဒီကို ဘတ်ဇ်တို့အဖွဲ့ ပြန်ခေါ်နိုင်မှာလား၊ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…4.8GB / 2.1GB / 1GB Quality…4k HEVC / BluRay 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit ...
movie

Toy Story 2 (1999)

1999
4K HEVC
WALL·E (2008) 8.4
WALL·E (2008) ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ...ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ...ကမ္ဘာကျော် Animation ကုမ္မဏီတွေကနှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့Messageရည်ရွယ်ချက်တွေ..အများကြီးတွေ့ရပါတယ်..ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ်ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန်ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင်ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့Animated Film တစ်ခုဖြစ်ပါတယ်။ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ်ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲကတင်ဆက်ပုံကောင်းကောင်းနဲ့ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်....အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်..IMDb မှာ Rating က 8.5/10 ထိရရှိထားပါတယ်Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံးခွဲထွက်ခဲ့သည့်WALL-Eသည် ထုတ်လုပ်မှုကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့ပါတယ်ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကိုလိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ ...
movie

WALL·E (2008)

2008
4K HEVC
Superman I (1978) 7.4
Superman I (1978) Superman I (1978) Extended Cut===============================~ IMDb - 7.4/10, RT - 93%, Meta - 82% ~ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ...
movie

Superman I (1978)

1978
Luck (2022) 6.3
Luck (2022) Luck (2022)~ IMDb rating - 6.3/10 ~Apple TV ကနေ လွှင့်တဲ့ကာတွန်းကားအသစ်ကောင်းကောင်းလေးတစ်ကား ထပ်ထွက်ပါတယ်။ ဆမ်ဆိုတဲ့မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ကတည်းက ကံအမြဲဆိုးပြီး အကုန်တလွဲဖြစ်တယ်၊ မွေးစားမိဘလည်းရှာမရဘဲ အသက် ၁၈ နှစ်ပြည့်သွားလို့ ကိုယ်ပိုင်အခန်းကိုပြောင်းပြီး အလုပ်လုပ်နေရတဲ့ ကောင်မလေးပါပဲ။ တစ်နေ့မှာတော့ သူဘာလို့ ကံတွေဆိုးနေလဲဆိုတဲ့အဖြေကို မတော်တဆတွေ့သွားပါတော့တယ်။တကယ်တော့ လူသားတွေဆီကို ကံဆိုးခြင်းတွေကံကောင်းခြင်းတွေကို ပို့နေတဲ့နေရာတွေရှိပါတယ်။ အဲဒီမှာ ဌာနပေါင်းစုံရှိပြီး ကံဆိုးနည်းကံကောင်းနည်းမျိုးစုံကို သတ္တဝါပေါင်းစုံက စီမံထုတ်လုပ်နေပြီး လူတွေဆီကို ကြုံသလိုပို့နေတာကို သိလိုက်ရတာပါ။ အဲဒီ ကမ္ဘာတွေဆီကို ဆမ် တစ်ယောက် မတော်တဆရောက်သွားပြီး သူအလိုချင်ဆုံးဆန္ဒတစ်ခုအတွက် ကံကောင်းဖို့ ကြိုးစားလာတဲ့အခါ...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 933MB, 585MB Quality - 1080p, 720p, 480p IMDb Rating ...
movie

Luck (2022)

2022
That Darn Cat (1997) 6.0
That Darn Cat (1997) [Unicode]That Darn Cat(1997)ဆရာသမားတို့ အိမ်ကမြောင်မြောင်လေးကအိပ်လိုက်စားလိုက်နဲ့ ကြွက်တောင် မခုတ်လို့ အသုံးမကျဘူးလို့ ထင်နေပါသလားဒီလိုဆိုရင်တော့ မှားမယ်နော်မြောင်မြောင်လေး စွမ်းဆောင်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်ဒီဇာတ်ကားလေးထဲ ကြည့်လိုက်ရအောင်... ဇာတ်လမ်းအစမှာတော့ ပြန်ပေးဆွဲတဲ့သူနှစ်ယောက်က သူဌေးမကြီးနဲ့ အိမ်ဖော်အဒေါ်ကြီးကို မှားပြီး ပြန်ပေးဆွဲတာကနေစထားပါတယ်ထိုမြို့ငယ်လေးက ဆယ်ကျော်သက်ကောင်မလေးဆီမှာ ဒီစီလို့ခေါ်တဲ့ မြောင်မြောင်လေးတစ်ကောင်ရှိပါတယ်ဒီစီက ဆရာသမားတို့အိမ်ကမြောင်မြောင်လိုပဲ အိပ်လိုက်စားလိုက်ပေါ့ဗျာအဲ့ဒီအပြင်ကို ည ၈ နာရီဒေါင်ခနဲထိုးတာနဲ့ တစ်မြို့လုံးလျောက်ပတ်တတ်သေးတယ်ဒီလိုပတ်ရင်းနဲ့ တစ်နေ့တော့.....အိပ်လိုက်စားလိုက် မြို့ပတ်လိုက်ပဲလုပ်နေတဲ့ ဒီစီလေးဆီကနေတွေ့တဲ့အရာတစ်ခုကနေပိုင်ရှင်ဆယ်ကျော်သက်ကောင်မလေးနဲ့ ထိုမြို့က လုပ်တိုင်းလွဲနေတဲ့ စုံထောက်တစ်ယောက်ဒီအမှု့ကို ဘယ်လိုမျိုး ဖော်ထုတ်ကြမလဲဆိုတာ ဟာသဆန်ဆန် ကြည့်ရမှာပါဒီကားကြည့်ပြီး အိမ်ကမြောင်မြောင်ကိုဒီစီလို အတင်းတွေအပြင်ပေးမသွားနေဖို့လည်း ကြိုပြောချင်ပါတယ်ဗျို့ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Amelia ပါ )Quality__1080p , 720p IMDb Rating__6.0/10 Format__mp4 Duration__01:30:00 Type__Comedy , Family Subtitle__Myanmar Subtitle (Hardsub) Translated by Amelia Encoded by Naing Aung Latt
movie

That Darn Cat (1997)

1997