Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joey King
7.4
Crazy, Stupid, Love. (2011)
Crazy, Stupid, Love. (2011)IMDb Rating (7.4) / Rotten Tomatoes (79 %)Ryan Gosling , Emma Stone တို့အပြင် ဂျာကြီး မိုက်ကယ်စကော့ Steve Carell , Julianne Moore , Aunt May ဖြစ်သူ Marisa Tomei , Lio Tipton , Kevin Bacon စတဲ့သရုပ်ဆောင်ပေါင်းများစွာနဲ့ ဒီဇာတ်ကားက အချစ်ဟာသ ဒရမ်မာရုပ်ရှင်ကားကြီးပါ။ Rating ကောင်းသလို ရုံတင်ဝင်ငွေလဲကောင်းခဲ့ပါတယ်။ ဘတ်ဂျက် သန်း ၅၀ သာ ကုန်ကျခဲ့ပေမယ့် Box office မှာ ၁၄၅ သန်း ပြန်လည်ရရှိတဲ့ထိ အောင်မြင်ခဲ့ပါတယ်။အရွယ်ရောက်လာတဲ့ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ အိပ်မက်တစ်ခုရှိတယ် ပြီးပြည့်စုံတဲ့ family life တစ်ခုဖန်တီးဖို့ပဲ... ဒါကြောင့်အချစ်စစ်တစ်ခုရှာဖွေတယ် အိမ်ထောင်ပြုတယ်ဒါမှမဟုတ်သင့်တော်တဲ့သူလို့ထင်တဲ့သူနဲ့အိမ်ထောင်ပြုကြတယ်.. ပြီးတော့.. ...
movie
Crazy, Stupid, Love. (2011)
2011
4K HEVC
7.5
The Conjuring (2013)
သရဲကားကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီနှစ်ထဲမှာထွက်ထားတဲ့ ပရိသတ်တော်တော်များများ စိတ်ဝင်စားတဲ့ The Conjuring နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့အိမ်မှာထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကိုပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များလည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာCarolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ)ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လိုကြုံတွေရတာတွေကို ကူညီပေးရင်း ဘဝတစ်ပါးသို့ မကူးပြောင်းဘဲအိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဉာဏ်ဥစ္စာစောင့်နတ်ဆိုးကမိသားစုဝင်အားလုံးကို ဘယ်လိုအနှောင့်အယှက်ပေးတယ်၊ထိတ်လန့်မှုတွေပေးတယ်၊နောက်ဆုံးအသက်အန္တရာယ် စိုးရိမ်ရသည်အထိဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။ ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာသွားလာပြုမူနေတာကို ရှုစားရမှာပါ။ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလိုဝုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလိုတအိအိ ပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက်ယောက်ကခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး ပြကွက်တွေကို ...
movie
The Conjuring (2013)
2013
4K HEVC
6.0
The Princess (2022)
The Conjuring , Kissing Booth တို့နဲ့ လူတော်တော်များများသိလာကြတဲ့ မင်းသမီး Joey King ရဲ့ အလန်းစားကားတစ်ကားထွက်လာပြန်ပါပြီ ဇာတ်လမ်းအကျဥ်းလှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ချောလေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်...အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ်ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။File Size__( 1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Action, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt
movie
The Princess (2022)
6.2
The Kissing Booth 2
လာပါပြီ အကုန်လုံးစောင့်မျှော်နေကြတဲ့ Kissing Booth 2 ..... အခု 2 မှာတော့ မင်းသမီးအယ်ဗန်စ်နဲ့သူ့ဘော်ဒါလီတို့ ဖိုင်နယ်ကျောင်းသားတွေဖြစ်သွားကြပါပြီ မင်းသားနိုအာကလည်း ကျောင်းဆက်တက်ဖို့အတွက် ဘော်စတွန်ကိုထွက်သွားရပါတယ် လီမှာကလည်း ရေချယ်ဆိုတဲ့ကောင်မလေး နဲ့ ချစ်သူတွေဖြစ်နေကြပါတယ် မင်းသမီးအနေနဲ့နိုအာ့ကိုလွမ်းနေတုန်း နိုအာကတော့ ဘော်စတွန်မှာသူငယ်ချင်း ကောင်မလေးအသစ်ရသွားပါတယ် မင်းသမီးကလည်း နောက်ထပ် စော်ကြည်ဘဲကောင်လေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်သွားပါတယ် အမြဲတပူးပူးတတွဲတွဲဖြစ်နေကြ မင်းသမီးနဲ့လီတို့သူငယ်ချင်းနှစ်ယောက်ကြားမှာ ရေချယ်ရောက်လာတော့ဘယ်လိုပြဿနာတွေဖြစ်လာမလဲ မင်းသမီးနဲ့နိုအာကြားက အချစ်ရေးကကော ပျက်စီးသွားမလား ပိုပြီးခိုင်မာလာမှာလားဆိုတာ ဆက်ပြီးကြည့်ရှုပါဦးလို့..... File Size - 1.8 gb Quality - web-dl 1080p Subtitle - burmese Translator - Augsut , Pyae Shan Tun Wai , YK , Dolly Encoder - Thit San Khant
movie
The Kissing Booth 2
2020
3.0
Slender Man (2018)
Horror ပရိသတ်တွေအတွက် Slender Man ဆိုတဲ့စကားလုံးက စိမ်းမနေလောက်ဘူးထင်ပါတယ်။Thin Man နဲ့မတူတာကတော့ Thin Man က Supernatural ဇာတ်လမ်းတွဲထဲမှာပါဝင်နေတာဖြစ်ပြီးတော့ Slender Man ကတော့ အပြင်လောကမှာ ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။သူ့ကို အမျိုးမျိုးပြောကြပေမယ့် အခြေခံအားဖြင့်ကတော့ အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားတဲ့ ပုံမှန်ထက် အများကြီး ပိန်ပိန်ရှည်ရှည် မျက်နှာဗြောင်နဲ့ လူတစ်ယောက်ပုံစံနဲ့ဖော်ညွှန်းတတ်ကြပါတယ်။သူဟာလူတွေကို ဖမ်းခေါ်သွားတတ်ပြီး စိတ်ညို့တတ်ပြီးတော့ ရူးအောင်လုပ်တတ်တယ်လို့ ပြောကြပါတယ်။သူအဓိကပစ်မှတ်ထားတာက ကလေးတွေနဲ့ လူငယ်တွေများတယ်လို့သိရပါတယ်။တကယ်တန်းတော့ Slender Man က Blogger တစ်ယောက်ရဲ့လက်ဆော့ချက်နဲ့ ဖြစ်လာတဲ့ သရဲတစ်ကောင်ပါ။အဲဒါကိုမှစိတ်ဝင်စားသူတွေကထပ်ဖြည့်ရင်း Slender Man ဆိုတာဖြစ်လာပါတော့တယ်။အဲဒီလိုထပ်ဖြည့်လိုက်ရင်း Supernatural ဇာတ်လမ်းတွဲထဲက Thin Man လို တကယ်ဖြစ်လာနိုင်မလား ကျွန်တော်ကတော့ မပြောတတ်ပါဘူးဗျာ။ဒီဇာတ်ကားရဲ့ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်ကောင်မလေး လေးယောက် Slender Man ကိုဖိတ်ခေါ်မိရင်း ဘာတွေဖြစ်ကြတယ်ဆိုတာကိုရိုက်ပြထားတဲ့ အကြောင်းလေးပါ။Horror ကားကောင်းကောင်းတောင့်တနေသူတွေအတွက် အရမ်းကြီးကောင်းတယ်လို့ပြောမရပေမယ့် ...
movie
Slender Man (2018)
2018
6.3
The Kissing Booth (2018)
CM Fan တွေကို ဒီတစ်ခါတော့ အရမ်း ရို ရတဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် The Kissing Booth ပါတဲ့ ဒီဇတ်လမ်းမှာ အဓိက ကတော့ အလ် ဆိုတဲ့ ကောင်မလေးပါ ငယ်ငယ်ကတည်းက သူမ အမေ ရဲ့ BF မှာလဲ သူနဲ့ တစ်ပြိုင်ထဲ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ရှိနေပါတယ် လီ လို့ ခေါ်တဲ့ ကောင်လေးပေါ့ လီ နဲ့ အလ် က မွေးဖွားတဲ့နေ့ တွေ အချိန်တွေ တူတဲ့ အမွှာတွေလို ဖြစ်ပြီး မိခင် ၂ ယောက်ထက်တောင် ပိုပြီး BFF ဖြစ်လာခဲ့ပါတယ် ဘယ်သွားသွား အတူတူ ဘာလုပ်လုပ် အတူတူပါပဲ ၂ ယောက်ကြားမှာ ဘာလျို့ဝှတ်ချက်မှ မထားခဲ့ပါဘူး ဒါပေမယ့် သူတို့မှာ စည်းကမ်းတော့ ရှိပါတယ် တစ်ယောက် ရည်းစားထားရင် တစ်ယောက်က သဘောတူရမယ် သဘောမတူရင်လဲ လုံးဝ လမ်းခွဲရမယ်ဆိုတာမျိုးတွေပေါ့ ဒါပေမယ့် အဲ့ဒီ ကတိကို စပြီး ချိုးဖောက်မိတာကတော့ လီ ရဲ့ အကိုဖြစ်သူ နိုအာ ကြောင့်ပါပဲ... နိုအာ က စော်ကြည်ဘဲ ကျောင်းရဲ့ ဖိုက်တာပေါ့ အငယ် ၂ ကောင်ဖြစ်တဲ့ လီ နဲ့ ...
movie
The Kissing Booth (2018)
2018
4.7
Wish Upon (2017)
Wish uponBe careful what you wish forသင့်ဆုတောင်းကိုသတိပြုပါလူတိုင်းဆုတောင်းပြည့်ချင်ကြပါတယ်။ကိုယ်ဆုတောင်းတာတွေတကယ်ဖြစ်လာရင် အတိုင်းထက်အလွန်ပျော်ရွှင်တတ်ကြပါတယ်။ဒီဇာတ်ကားလေးကတော့ အမြဲတမ်းကျောင်းမှာအစအနောက်ခံနေရတတ်တဲ့ကောင်မလေးတစ်ယောက်က သူ့ဆီမှာဆုတောင်းပြည့်အိုးလေးတစ်ခုရလာပြီးပြောင်းလဲမှုတွေဖြစ်လာတဲ့အကြောင်းကိုရိုက်ပြထားတာပါ။ထိုအိုးလေးမှာ ဆုတောင်းရခုကိုပြည့်အောင်လုပ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ဒါပေမယ့် ဆုတောင်းတစ်ခုပြည့်မြောက်ပြီးတိုင်း ကိုယ်နဲ့သိတဲ့သူတစ်ယောက်အသက်ဆုံးရှုံးရတဲ့အကြောင်းကို ထိုကောင်မလေးကနောက်ကျမှသိလိုက်ရပါတော့တယ်။အကြောင်းကတော့ အိုးထဲမှာနတ်ဆိုးတစ်ကောင်ရှိနေတဲ့အတွက်ပဲဖြစ်ပါတယ်။ထိတ်လန့်ခြောက်ခြားဖွယ်ဇာတ်ကားတစ်ကားပါ။Horror ပရိသတ်တွေအတွက်တော့ တကယ့်ကိုအကြိုက်တွေ့စေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ရဲမာန်အောင်ပါ။) File Size : (700 MB) and (260 MB) Quality : Bluray 720p Running Time : 1hr 30min Format : Mp4 Genre :Fantasy, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Man Aung Encode by Thanhtike Zaw
movie
Wish Upon (2017)
2017
6.6
Going in Style (2017)
Going in Style (2017)_______IMDb - 6.6/10 ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံထောက်တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.6 ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန် သူကတော့ May Tharaphi Twinlay ပါ) File Size : (702 MB) Quality : Webrip 720p Running Time : 1hr 36minutes Format : Mp4 Genre : Comedy,Crime Translated By May Tharaphi Twinlay Encode By Thanhtike Zaw
movie
Going in Style (2017)
2017