Channel Myanmar

Joel Basman

Stella. A Life. (2023) Stella. Ein leben. 6.2
Stella. A Life. (2023) Stella. Ein leben.  Stella. A Life. (2023)IMDb Rating (6.2) ဒုတိယကမ္ဘာစစ်ကာလ ဂျာမနီမှာ ဂျူးတွေအသတ်မခံရခင်ကနေ စပြီးဇာတ်အိမ်တည်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံရုပ်ရှင်ပါ။ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စစ်ကို အရိပ်တောင်မြင်ရမှာမဟုတ်ဘဲ ဂျူးတွေရဲ့ အဖြစ်ဆိုးတွေကိုပဲ အခြေတည်ထားပါတယ်။ဆိုပေမဲ့လည်း ဂျူးတွေအသတ်ခံရတာက အဓိကပေမဲ့ အဲဒါကိုလည်းမပြထားပါဘူး။တကယ်တမ်း ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်ကာလ ဂျူးခြောက်သန်းအသတ်ခံရခြင်းမှာ ဂျူးတွေကို သစ္စာဖောက်ခဲ့တဲ့ ဂျူးတွေကိုယ်တိုင်လည်း တရားခံအဖြစ်ပါနေတာကို ပြထားတဲ့ရုပ်ရှင်ပါပဲ။စတယ်လာဆိုတဲ့ အမျိုးသမီးရဲ့ စစ်ကြီးမတိုင်ခင်ကနေ သစ္စာဖောက်ပုံတွေကနေ ဒီစစ်ကြီးအပြီး သူပြန်ခံခဲ့ရတဲ့ဒဏ်တွေကိုပါ ပြထားတယ်။ ဖြစ်ရပ်မှန်ပေါ်အခြေတည်ထားတဲ့ ဂျူးတွေရဲ့သမိုင်းတစ်ထောင့်ရုပ်ရှင်ပါပဲ။  (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2.4 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama,History,war Duration….02:01:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

Stella. A Life. (2023) Stella. Ein leben.

2023
Papillon (2017) 7.0
Papillon (2017) Papillon(2017) ဟာ ၁၉၇၃ခုနှစ်က Papillonကို အသစ်တဖန် ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ Henri Charrièreရဲ့ Papillon and Banco ကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Papillonဟာ လူသတ်မှုတစ်ခုနဲ့အမှုဆင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ သူနဲ့အတူအခြားသောအကျဉ်းသားတွေဟာ တောင်အမေရိကမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချခံခဲ့ရပါတယ်။ Papillonဟာ ထောင်ထဲစရောက်ကတည်းက ထွက်ပြေးဖို့စိတ်အားထက်သန်နေသူပါ။ အကြိမ်ကြိမ်အခါခါထွက်ပြေးဖို့ကြိုစားလိုက် ပြန်လည်အဖမ်းခံရပြီးအပြစ်ဒဏ်တွေတိုးလိုက်ဖြစ်နေခဲ့ပါတယ်။ ဘယ်လောက်ပဲဆိုးဝါးတဲ့အခြေအနေကိုရောက်ပါစေ ဇွဲမလျှော့ပဲအကြိမ်ကြိမ်ခါခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုနဲ့ လုံ့လဝီရိယတွေကြောင့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ ဇာတ်ဝင်ခန်းတိုင်းက ကိုယ်တိုင်ပါဝင်နေရသလို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အရင်ဇာတ်ကားဟောင်းPapillon(1973)ဟာလည်း လူကြိုက်များပြီးအောင်မြင်ခဲ့တဲ့အတွက် အသစ်တဖန်ပြန်လည်ရိုက်ကူးထားတဲ့ယခု Papillon(2017)ကိုတော့ အထူးတလည်ညွှန်းနေစရာတော့မလိုပါဘူး။ ပါပီ ရဲ့ ဇတ်ကြောင်းဟာ စာအုပ်တွေ ရုပ်ရှင်တွေ များစွာထွက်ပြီး ဖြစ်လို့ ဇတ်လမ်းရဲ့ စပွိုင်လာကို ဖွင့်ချထားသလို ဖြစ်ရင် နားလည်ခွင့်လွှတ်ပေးပါ ဇတ်လမ်း ရဲ့ ရသ ကတော့ တမူထူးခြားနေမှာပါ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Amy Khine ပဲဖြစ်ပါတယ်…    File Size : 1.4 GB Quality : 1080P BluRay Running Time : 2h 13min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Source : Rarbg Translated by Hnin Amy Khine Encoded by ...
movie

Papillon (2017)

2018
Land of Mine (2015) 7.8
Land of Mine (2015)  မိုင်းဆိုတာ စစ်မြေပြင်မှာ ဗျူဟာမြောက်အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်... သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စစ်ကြောင်းတစ်ခုကို ရပ်တန့်နှောင့်နှေးစေချင်လို့ပါ..ဥပမာ မိုင်းကွဲတယ် ခြေထောက်ပြတ်တယ် ဒီအခါမှာ သူ့ကို သယ်ဖို့ စစ်သည် (၂)ယောက် လိုမယ်... ဗျူဟာမြောက်သုံးကြတယ်...သေဆုံးနိုင်ခြေနည်းတယ်ဆိုပေမယ့် တစ်သက်လုံးလူဖြစ်ရှုံးသွား နိုင်ပါတယ်.. မိုင်းဖော်တဲ့သူအတွက်လည်းအရမ်းကို အန္တရယ်များပါတယ်.. ဒီတွေဘာကြောင့်ပြောပြနေလဲဆိုတော့ ဒီကားထဲမှာ ဂျာမန်တွေဟာဒိန်းမတ်ကိုသိမ်းထားတုန်းမှာ မိုင်းအလုံး (၂) သန်းကျော်ကိုထောင်ထားခဲ့တယ်... ဂျာမန်တွေစစ်ရှုံးသွားလို့ ဒိန်းမတ်မြေက ဆုတ်ခွာ သွားပေမယ့် မိုင်းအလုံးရေ (၂)သန်းကျော်ရှိတဲ့ကွင်းကြီးတော့ကျန်ခဲ့ပါတယ်... ဒီမိုင်းကွင်းကြီးကိုရှင်းဖို့တာဝန်ကြတဲ့သူက ဒိန်းမတ်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး... ဒီမိုင်းတွေကိုရှင်းဖို့ဆိုပြီ ဂျာမန်စစ်သုံပန်း(၁၄)ယောက်တိတိကို တပ်ကြပ်ကြီးဆီပို့ပေးကြတယ်... မိုင်းရှင်းတုန်း သေသွားလည်း နှမြောစရာမရှိတဲ့သူမျိုးတွေပေါ့.. ဂျာမန်တွေသိမ်းပိုက်စဉ်တုန်းက ဒိန်းမိတ်တွေကို ရက်စက်စွာသတ်ဖြတ် မိန်းမတွေဆိုလည်းမုဒိန်းကျင့် ဆိုးယုတ်မှုမှန်သမျှ ဒိန်းမတ်တွေခံစားခဲ့ရတယ်... ခုမိုင်းဖော်ရမယ့်အချိန်မှာ ဂျာမန်ကလေးတွေနဲ့ဖော်ရမယ်ဆိုတော့ဒိန်းမတ်တပ်ကြပ်ကြီးအတွက် နာကျဉ်းသမျှတွေ ပုံချပါတော့တယ်.. ကလေးတွေလို့မမြင်ဘူး .. ဒိန်းမတ်တွေအပေါ်ရက်စက် ခဲ့တဲ့ ဂျာမန်တွေလို့ပဲမြင်တယ်...အသက်ငယ်ရွယ်သေးတဲ့ လူငယ်လေးတွေကို ရက်ရက်စက်စက် ...
movie

Land of Mine (2015)

2015