Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joanna Cassidy
5.7
Don’t Tell Mom the Babysitter’s Dead (2024)
Don't Tell Mom the Babysitter's Dead (2024)ခရန်ဒယ်မိသားစုဟာ ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ သားသမီး ၄ ယောက်ကို အမေတစ်ယောက်တည်းကပဲ ပြုစုပျိုးထောင်လာခဲ့တာဖြစ်ပြီးသားသမီးတွေက တစ်ယောက်တစ်မျိုးဆိုးသွမ်းကြလို အမေဖြစ်သူက နိုင်ငံခြားကိုသွားချိန်မှာ ၁၇ နှစ်အရွယ် သမီးကြီးက အားကိုးလိုမရလို ကလေးထိန်းနဲ့ထားခဲ့ရတယ်။လူမည်းခရန်ဒယ်မိသားစုဆီရောက်လာတဲ့ ကလေးထိန်းအဖွားကြီးဟာ လူဖြူအမျိုးသမီးဖြစ်နေပြီး လူမျိုးရေးအလွန်ခွဲခြားသူ။ကံဆိုးချင်တော့ ကလေးထိန်းအဖွားကြီးဟာ သူတိုအိမ်ပေါ်မှာတင် သေဆုံးသွားတာကြောင့် လူကြီးမရှိဘဲ ကလေး ၄ ယောက် ဘယ်လိုတွေဖြရှင်းကြမလဲ။ရှေ့ဆက်ပြီးတော့ရော ဘယ်လိုအရာတွေနဲ့ ကြုံရမှာလဲ။၁၉၉၁ ခုနှစ်ထွက် Don't tell Mom the Babysitter's Dead ရဲ့ remake ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su ဖြစ်ပါတယ်။) File size… (2 GB) / (900 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:38:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie
Don’t Tell Mom the Babysitter’s Dead (2024)
2024
5
The Grudge 2 (2006)
The Grudge 2 (2006)ဒီဇာတ်ကားလေးက 2004 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန် Ju-On ရဲ့ အဆက်လေးဆိုပါတော့... The Grudge 1 ထဲက ကယ်ရန်ရဲ့ ညီမလေး အော်ဘရီကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။အမေလုပ်သူက ဖုန်းဆက်ပြီး အစ်မဖြစ်သူ ကယ်ရန် ဆေးရုံတင်ထားရတယ် ပြန်သွားခေါ်ပါဆိုလို့ မသွားချင်သွားချင်နဲ့ ဂျပန်ကို ရောက်ရှိသွားတဲ့ အော်ဘရီ... အစ်မနဲ့ တွေ့တဲ့အခါ လွတ်မြောက်အောင်လုပ်ပေးဖို့ အတင်းတောင်းဆိုခံရတဲ့ အော်ဘရီ... ထိုညမှာပဲ ကယ်ရန်တစ်ယောက် ဆေးရုံခေါင်မိုးကနေ ခုန်ချလိုက်တဲ့အခါ...ဂျပန်မှာကျောင်းလာတက်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေး အဲလစ်ဆန်... အများနဲ့မဝင်ဆန့်လို့ သူငယ်ချင်းရှားနေတာမို့ အတန်းဖော်ကောင်မလေး ၂ယောက်ကို အတင်းဝင်ရောရင်း သူတို့ရဲ့ နောက်ပြောင်မှုကြောင့် သရဲခြောက်တဲ့အိမ်ကြီးကို ရောက်ရှိသွားတဲ့ အဲလစ်ဆန်...မိထွေးအိမ်ပေါ်ရောက်လာတာကို မကျေမနပ်ဖြစ်နေတဲ့ ဂျိတ်... ဘေးအခန်းမှာ ထူးဆန်းတဲ့အသံတွေကြားရင်း ကျိန်စာ တစ်ခုမှာ ကပ်ငြိသွားတဲ့ သူတို့မိသားစုလေး....ဒီ၃ယောက်ရဲ့ ထူးဆန်းဖွယ် အချိတ်အဆက်ကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း အဖြေရှာလိုက်ကြပါဦးလို့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya ...
movie
The Grudge 2 (2006)
2006
Ghosts of Mars (2001)
Ghosts of Mars (2001)မားစ်ဂြိုဟ်ပေါ်မှာ လူ ၆၄၀၀၀၀ နီးပါးလောက် အခြေကျနေထိုင်လျက်ရှိချိန်ပေါ့...ရဲတပ်ဖွဲ့တစ်စုဟာ မိုင်းတွင်း တစ်ခုရဲ့ အကျဉ်းထောင်မှာ ရှိတဲ့ နာမည်ဆိုးနဲ့ကျော်ကြားသူ ဝီလီယမ်ကို လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးဖို့ရာ ခရိုင်စီဆိုတဲ့နေရာကို ပြန်ခေါ်လာပေးရမယ့် မစ်ရှင်လုပ်ဖို့ကြုံလာတယ်။ ရှိုင်းနင်းတောင်ကြား မိုင်းတွင်းကို သူတို့အဖွဲ့ ရောက်ရှိသွားချိန် အရင်လို လူစည်ကားမနေဘဲ ခြောက်ကပ်နေတာကို တွေ့လိုက်ရတယ်။ အဆောက်အအုံတွေထဲ ဝင်စစ်ဆေးလိုက်ချိန်မှာ လူတွေအားလုံးနီးပါး ရက်ရက်စက်စက် အသတ်ခံထားကြရတာကို မြင်လိုက်ရတယ်။အကြောင်းရင်းကို စုံစမ်းရင်း မားစ်ဂြိုဟ်ပေါ်က သယံဇာတတွေကို တူးဖော်ရင်း မလှုပ်နိုးအပ်သင့်တဲ့ အရာတွေကို လှုပ်နှိုးမိတဲ့အခါ...မယ်လနီနဲ့ သူ့ရဲ့တပ်ဖွဲ့ ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီး Ice Cube နဲ့ Jason Statham တို့လို နာမည်ကြီး ဘီးကြဲတွေ ကြမ်းပြထားတာမို့ ကြည့်ရတန်မယ့် ကားလည်း ဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ...
movie
Ghosts of Mars (2001)
2001
8.2
Blade Runner (1982)
1982 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Blade Runner ကားဟာလက်ရှိ 2017 ကာလဆီကိုဦးတည်ရိုက်ကူးထားတဲ့ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ မိုးပျံကားတွေ အထပ်မြင့်အဆောက်အဦတွေနဲ့ ပြောင်းလဲနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာအထူးပြောင်းလဲမှူလို့ခေါ်နိုင်တာတစ်ခုလဲရှိနေပါတယ်။အဲ့တာကတော့ Replicants လို့ခေါ်တဲ့ ပုံတူစက်ရုပ်တွေပါပဲ။လူသားနဲ့ချွပ်စွပ်တူတဲ့ အဲ့စက်ရုပ်တွေက ခံစားချက်တွေပေါက်ဖွားလာနိုင်တာကို လူသားတွေသိတဲ့အခါ သုတ်သင်ပစ်ဖို့ကြိုးစားရပါတော့တယ်။မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က Blade Runner လို့ခေါ်တဲ့ မုဆိုးတစ်ယောက်။ထွက်ပြေးလွတ်မြောက်နေတဲ့ Replicant တွေကိုရှာဖွေ သတ်ဖြတ်ပေးရမယ့်တာဝန်နဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။သာမာန်သိပ္ပံကားတွေနဲ့ မတူတာကတော့ ဒီစက်လမ်းက စုံထောက်ဇာတ်လမ်းအသွားမျိုးလို့ပြောလို့ရပါတယ်။ရိုးရိုးသားသားဝန်ခံရရင် စကြည့်ကာစကတော့ သိပ္ပံဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း စက်ရုပ်တွေကလူဆိုးတွေဖြစ် လူဆိုးတွေကိုရှင်းလင်းလိုက်တဲ့ကားမျိုးပဲထင်ခဲ့တာပါ။ကြည့်ရင်းနဲ့ ဒီကားက Imdb Rating 8.2နဲ့ Rotten Tomatoes 90% ရလဲရထိုက်ပါပေတယ်လို့ပဲကောက်ချက်ချလိုက်ပါတယ်။ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲ Blade Runner 2049 (2017) လဲ ထွက်ရှိထားတာမလို့ ဒီကားလေးကို အရင်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတော့တယ်။ File size…(2.2 GB)/(900 MB) Quality….BluRay 1080p HEVC / ...
movie
Blade Runner (1982)
1982
5.6
Chain Reaction (1996)
အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။ အခုကမ္ဘာပေါ်ကလူတွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊ စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။ တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။ လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံး ကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီး ပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။ ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာ ဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။ ၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါ ရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ် ၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာ၀ဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီး လောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်၀န်းကျင်ညစ်ညမ်းမူ စတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ် နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။ တွေးကြည့်ပါဗျာ ...
movie
Chain Reaction (1996)
19962007