Channel Myanmar

Jiu Kong

Er Long Lake Monster (2025) 6
Er Long Lake Monster (2025) တရုတ်ပြည်တုံးပေနယ်က အာ့လုံရေကန်မှာရေမကောင်းဆိုးဝါးမိစ္ဆာရှိတယ်ဆိုပြီးတော့ ဂျပန်ခေတ်ကတည်းကယုံကြည်ခဲ့ကြတယ်။ လက်ရှိခေတ်ကိုရောက်လာတော့ ဒဏ္ဍာရီတစ်ခုသာဖြစ်လာခဲ့ပါတယ်။တစ်နေ့မှာတော့စုံတွဲတစ်တွဲဟာကန်ရေပြင်ပေါ်မှာလှေစီးနေတုန်း ရေအောက်ကထူးဆန်းတဲ့အရာတစ်ခုကသူတို့လှေကိုဆွဲခေါ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ရေမကောင်းဆိုးဝါးဟာပြန်လည်ထွက်ပေါ်လာပြီဆိုပြီးတော့ အင်တာနက်ပေါ်မှာပြန့်သွားပြီး ခရီးသွားတွေအများကြီးရောက်လာပြီး အာ့လုံရေကန်ကိုလည်ပတ်ကြပါတယ်။ ခရီးသွားတွေများလာတော့ အာ့လုံကန်ရွာလေးရဲ့စီးပွားရေးဟာတိုးတက်လာခဲ့တယ်။အဲဒီအချိန်မှာပဲ ဒီရေမကောင်းဆိုးဝါးကိုစွဲလမ်းနေတဲ့ဂျပန်သူဌေးကြီးတစ်ယောက်ဟာ အာ့လုံရွာနယ်မြေကိုအပိုင်သိမ်းပြီးတော့စက်ရုံဆောက်ဖို့ကြံစည်နေပါတယ်။ ယွီဟွမ်းဆိုတဲ့အာ့လုံရွာသားတစ်ယောက်ဟာ သူ့တပည့်ကျော်(၃)ရောက်နဲ့အတူ ဂျပန်ကြီးရဲ့အကြံအစည်ကိုတားဖို့ကြိုးစားတဲ့ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 1.43 GB / 786 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy , Drama Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Er Long Lake Monster (2025)

Welcome to My Side ( 2024 ) 6
Welcome to My Side ( 2024 ) ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ကြည့်နေကျဇာတ်ကားမျိုးမဟုတ်တဲ့ အချစ်ဇာတ်ကားလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ချန်ရှောင်ကျိုးဆို‌တဲ့ ကောင်လေးတစ်ယောက် တစ်နေ့ သူ့ချစ်သူနဲ့လမ်းခွဲခဲ့ကြပါတယ် အကြောင်းအရင်းကတော့ ဆေးလိပ်မဖြတ်နိုင်လို့ပါ အဲ့နေ့လမ်းခွဲတဲ့ညမှာတင်ပဲ ရှောင်ကျိုးတစ်ယောက် ဆေးလိပ်ကိုနာကျည်းပြီး ဆေးလိပ်ဖြတ်ဖို့ ဆေးခန်းတစ်ခုကို ရောက်သွားရာမှာတော့ ‌ဆရာဝန်က ဦးနှောက်ကို လျှပ်စစ်ကုထုံးနဲ့ လုပ်ပေးနေချိန်မှာ ရုတ်တရက်ကြီး မီးပျက်သွားပြီး ဦးနှောက်ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်၃ရက်ကြာမေ့မြောပြီးနောက်မှာတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အဝါရောင်ကိုမြင်တာနဲ့ ဘေးပတ်ဝန်းကျင်က လူတွေအားလုံးဟာ အဝါရောင်ဘဲရုပ်အဖြစ်ပြောင်းသွားပြီး စကားသံမကြားရတော့ဘဲ ဘဲအော်သံပဲကြားရတော့တာပါအဲ့လိုနဲ့တစ်နေ့ အစားသောက် vlog လုပ်တဲ့နာမည်ကြီး ဖုန်ကျားနန်ဆိုတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းကြောင့် တွေ့ဆုံခဲ့ရပြီးနောက်မှာတော့ ရှောင်ကျိုးတစ်ယောက်သိလိုက်ရတာက ကျားနန်သူ့နားမှာရှိနေရင် သူအဝါရောင်ကိုကြည့်လည်း ဘာမှမဖြစ်တာပါပဲအဲ့လိုနဲ့ တစ်နေ့မှာ ကျားနန်တစ်ယောက် သူ့အနားကနေ ထွက်သွားချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမှာလဲ ဘာလို့ ကျားနန်က သူ့အနားမှာရှိနေချိန်တိုင် ရောဂါမဖောက်ရတာလဲ ဆိုတာကိုတော့ ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်ဇာတ်ကားလေးမှာ ကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်နော် Filesize : 956 MB / 536 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Comedy , Romance , Fantasy Runtime : 1h 42 ...
movie

Welcome to My Side ( 2024 )

Flying Scrap Car ( 2024 ) 5.7
Flying Scrap Car ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟာသအမောပြေဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ Flying Scrap Car ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ဖျောင်ယီရွာဆိုတာကတော့ ပြိုင်ကားပြိုင်ပွဲတွေကျင်းပတဲ့ ပြိုင်ပွဲကွင်းနေရာဖြစ်တာပေါ့။ ဒီရွာလေးရဲ့ထူးခြားချက်ကတော့ အသုံးမဝင်တဲ့ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့ ပြိုင်ကားသဖွယ်လုပ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကြတာပေါ့။ အဲ့လိုပစ္စည်းတွေကို ပြန်တပ်ဆင်ပြုပြင်တဲ့စက်ရုံကို ပိုင်ဆိုင်ထားတဲ့ ဖန်းရှန့်ကတော့ အကြွေးတွေ ပတ်လည်ဝိုင်းနေပြီး ပျော်ပျော်နေတတ်တဲ့လူဖြစ်ပြီး ရိုးသားဖြူစင်တဲ့လူတစ်ယောက်ဖြစ်တယ်။သူနဲ့ဆရာတူအစ်ကိုတော် မာထာ့ဆွေကတော့ သူ့ဆရာနဲ့ပြိုင်ပြီးအနိုင်ရရှိသွားတဲ့လူဆိုပေမဲ့ ဖျောင်ယီရွာရဲ့ ပြိုင်ဘက် ဂလိုဘယ်လုပ်ငန်းစုကုမ္ပဏီဆီ သစ္စာတော်ခံခဲ့တာကြောင့် တရွာလုံးက သူ့ကိုသစ္စာဖောက်အဖြစ်မုန်းတီးနေကြတာပေါ့။ဒီလိုနဲ့တနေ့မှာ တကမ္ဘာလုံး ပြိုင်ကားပြိုင်ပွဲရဲ့ ပြိုင်ပွဲခွဲကျင်းပဖို့ကွင်းနေရာစကားတင်စာရင်းမှာ ဖျောင်ယီရွာနဲ့ ဂလိုဘယ်ကုမ္ပဏီနှစ်ခုက ထိပ်တန်းအကြိတ်အနယ်ယှဉ်ပြိုင်ကြတာပေါ့။ ကဲဒီတော့ ပြိုင်ဘက်ဂလိုဘယ်ကုမ္ပဏီနဲ့ ဖျောင်ယီရွာတို့ယှဉ်ပြိုင်မှုကြား ဘယ်သူအနိုင်ရရှိမလဲ။နောက်ဆုံးမှာ ဘယ်သူကိုရွေးချယ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ယှဉ်ပြိုင်မှုတွေကို ဟာသအရောအနှောလေးနှင့် တင်ဆက်ထားတာဖြစ်တာကြောင့် အမောပြေဟာသဇာတ်လေးတစ်ပုဒ်ကောင်းကို လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy  Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

Flying Scrap Car ( 2024 )

Raid On The Lethal Zone ( 2023 ) 5.9
Raid On The Lethal Zone ( 2023 ) အခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-၁၉၉၈ ခုနှစ် ၇ လပိုင်း တရုတ်အနောက်မြောက်ပိုင်းနယ်စပ်မှာ မိုးအဆက်မပြတ်ရွာခဲ့ပြီး တစ်ခါမှ မကြုံဖူးတဲ့ ရေကြီးမှုကပ်ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ ရေကြီးမှုဟာ နယ်စပ်မှာရှိတဲ့ မူးယစ်ဂိုဏ်းတွေအတွက်တော့ မူးယစ်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အကောင်းဆုံး အကာအကွယ်ပဲ ဖြစ်ပါတယ်။ နယ်စပ်မှ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်တော့ သဘာဝဘေးအန္တရာယ်ရော ရန်သူအန္တရာယ်ရောရှိနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ထိုကဲ့သို့ အခြေအနေမျိုးမှာ တပ်သားတွေဟာ အသက်စတေးရမယ့် အန္တရာယ်ကို မကြောက်မရွံ့နဲ့ မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးဖို့ ဆုံးဖြတ်ခဲ့ပါတယ် မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးစဉ်မှာပဲ ဝမ်ကျင်းဟောင်၊ ကောလိုင်လိုင်၊ စွင်းကျိ၊ ခုံကျူ့ကော်၊ လျိုချွင်းရှန်း စတဲ့ မူးယစ်ချေမှုန်းတဲ့ တပ်သားများဟာ ငယ်ရွယ်တဲ့ အချိန်မှာပဲ သူတို့အသက်ကို တိုင်းပြည်အတွက် စတေးခဲ့ကြပါတယ်။ကပ်ဘေးအန္တရာယ်တွေကတစ်ကြောင်း၊ ဒုစရိုက်ဂိုဏ်းတွေက တစ်ဖွယ်နဲ့ နှောက်ယှက်နေတဲ့နယ်စပ်ကို ကာကွယ်ဖို့အတွက် နယ်စပ်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိပြည့်ဝမှုကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie

Raid On The Lethal Zone ( 2023 )

I Am Not A Dionysian ( 2022 ) 6
I Am Not A Dionysian ( 2022 ) ဒီတစ်ခေါက်မှာတော့ I Am Not A Dionysian ( 2022 ) ဟာသရုပ်ရှင်လေးကို ဘာသာပြန်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဥ်းချုပ်လေးကတော့....အရှေ့မြောက်ပိုင်း ဝိုင်အရက်စက်ရုံက ဝန်ထမ်း စုန့်ဟိုင်လျန် က စက်ရုံမှူး ရဲ့ လှည့်စားမှုကြောင့် သူ့ရဲ့အလုပ်သမားတွေဆီမှာ အကြွေးတင်နေခဲ့ပါတယ်....တောင်ပိုင်းရှိ ဝိုင်အရက်စပ်သမား ရှုံချူမော့ကလည်း အလုပ်မှာ ပေါ့ဆမှုကြောင့် အလုပ်ပြုတ်သွားခဲ့တယ်....အလုပ်လက်မဲ့ဖြစ်နေတဲ့ သူ နှစ်ယောက်ရဲ့ မတော်တဆ ဖုန်းခေါ်ဆိုမှုကဆင့်တွေ့ဆုံခဲ့ကြပြီး သူဌေးအယောင်ဆောင်ပြီးတော့ ဝိုင်အရက်စက်ရုံကြီးရဲ့ စီးပွားရေးအကြောင်း ပြောဖြစ်ကြရင်းတာပေါ့ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်လှည့်စားနေရင်းကနေ နောက်ပိုင်းမှာတော့ရိုးသားစွာ အသက်ရှင်နေထိုင်ခြင်းဟာ ဘဝရဲ့ အဓိပ္ပါယ်အစစ်အမှန်ဖြစ်ကြောင်း ဘယ်လိုမျိုး သိရှိလာခဲ့လဲဆိုတာကိုပုံဖေါ်ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Nwe Encoded by LK
movie

I Am Not A Dionysian ( 2022 )