Channel Myanmar

Jin Yanna

War On Drug (2025) 5.8
War On Drug (2025) မော့ပေဆိုတဲ့မြို့လေးမှာ မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့ခေါင်းဆောင်ခန်းမြောင်ဟာ မူးယစ်ရောင်းဝယ်မှုနောက်လိုက်စုံစမ်းရင်း လောင်ယောင်းဆိုတဲ့ မူးယစ်ရာဇာကြီးနဲ့ထိပ်တိုက်တွေ့လာပါတယ်။ ဉာဏ်များတဲ့လောင်ယောင်းနောက်လိုက်ရင်း လောင်ယောင်းဟာသူ(၁၅)နှစ်လုံးလုံးရှာနေရတဲ့ အစ်ကိုကြီးဆိုတာသိလိုက်ရပါတယ်။ဆယ်နှစ်ကျော်အငြှိုးအတွေးတွေဟာ တစ်ဖြည်းဖြည်းပေါ်လာပါတယ်။ တကယ်တော့ လောင်ယောင်းတို့မောင်နှမ၂ယောက်ဟာ မူးယစ်ရာဇာကြီး တစ်ယောက်မွေးစားတာခံရပြီးတော့ ညီမလေးအတွက် မူးယစ်ဆေးရောင်းနေရတာဖြစ်ပါတယ်။ ဒီလိုနဲ့သူတို့ရဲ့ ကြောင်နဲ့ကြွက်ကစားပွဲဟာ အရှိန်ပိုမြင့်လာပြီးတော့ ညီအစ်ကိုအချင်းချင်းသေနတ်ပြောင်းဝကို ချိန်လာတဲ့အခြေအနေကိုရောက်လာပါတယ်။ အစွန်း(၂)ဖက်က ညီအစ်ကိုနှစ်ယောက်ရဲ့အဆုံးသတ်ဟာ ဘယ်လိုဖြစ်လာမလဲ...... Filesize : 1.95 GB / 941 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

War On Drug (2025)

Wolf Girl (2025) 5.6
Wolf Girl (2025) ကဲ ရန်ကိုရန်ချင်း တုံ့ပြန်မယ်ဆို ဒီသံသရာကြီးက အဆုံးသတ်ပါဦးမလား... မေတ္တာနဲ့ တုံ့ပြန်ပါဆိုတဲ့ ရွှေပြည်အေးတရားဟောတာ ခဏခဏကြုံဖူးမယ်ထင်ပါရဲ့... ဒါပေမယ့် တစ်ဖက်က မေတ္တာတရားထားချိန်မှာ တစ်ဖက်ကလည်း မေတ္တာတရားကိုနားလည်ဖို့ နှလုံးသားပါလာဦးမှဆိုတာ ဒီကားလေးကသရုပ်ပြထားပါတယ်...ဟုတ်ပါတယ်... ယွဲ့ဝမ်ရယ်ဟာ သူ့ချစ်မိဖုရားလေးက ရောဂါဆန်းနဲ့ ကုတင်ပေါ်လဲသွားတဲ့အတွက်... နန်းတွင်းသမားတော်ရဲ့ စကားအတိုင်း ဝံပုလွေဘုရင်မရဲ့ သွေးနဲ့မှ ကုသနိုင်ပါမယ်ဆိုလို့ ၃ ရက် ၃ ည တိတိ တောအဝမှာ မိုးညထဲ တောင်းပန်ခဲ့ပါတယ်... ဆေးကုဖို့သွေးကို... ဒါပေမယ့် သွေးမရခင်မှာပဲ မိဖုရားကသေသွားခဲ့ပြီး.... မိဖုရားကိုကယ်ဖို့သွေးပေးရင်လည်း ဘုရင်မသေမှာမို့ မပေးခဲ့တာဆိုပေမယ့်လည်း... ယွဲ့ဝမ်ရယ်ကတော့ အတော်ဆုံးဆိုတဲ့ ပါရမီရှင်တွေကို ငှားပြီးတော့ ဝံပုလွေတစ်မျိုးနွယ်လုံးကို ချေမှုန်းဖျက်စီးတော့တာပေါ့...ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုတဲ့ စကားပုံလေးအတိုင်း... တစ်မျိုးနွယ်လုံးကို မရှင်းနိုင်ဘဲ ဝံပုလွေပေါက်လေးကျန်သွားတော့... ၁၀ နှစ်ကြာတဲ့အခါမှာ ပါရမီရှင်တစ်ယောက်ချင်းစီကို နည်းဗျူဟာတွေ သေချာချမှတ်ပြီးတော့ တစ်ယောက်ပြီးတစ်ယောက်ကို သတ်ဖို့ကြိုးစားတော့တာပေါ့...ကဲ ဝံပုလွေပေါက်လေး ရဲ့ လက်စားချေတာ အောင်မြင်ပါ့မလား... လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ပျက်ခဲ့တာတွေကရော ကြားထဲမှာ သိုဝှက်ထားတဲ့ လူမသိတဲ့ကိစ္စရှိနေဦးမှာလား... တစ်ခဏ ဘဝအမော စိတ်ဒုက္ခတွေပြေပျောက်ဖို့ ဇာတ်ကားလေး ကြည့်မယ်တွေးရင် ဒီကားလေးကို ကြည့်ကြည့်ပါလို့ Filesize ...
movie

Wolf Girl (2025)

The Lost Cave of the Arctic Sea ( 2024 ) 5.8
The Lost Cave of the Arctic Sea ( 2024 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သင်္ချိုင်းဖောက်တဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......ပင်လယ်ကျွန်းတစ်ကျွန်းပေါ်မှာ နန်ယွဲ့ရှေးဟောင်းသမိုင်းဝင် နေရာဟောင်းကို ရှာတွေ့ခဲ့ပါတယ်။ ဒီနေရာက နန်ယွဲ့အမတ်ချုပ်ကြီး လွီကြားတဲ့ ရတနာတွေ ဖွက်ထားတဲ့ နေရာဖြစ်တယ်လို့ ပြောနေကြပါတယ်......တိုက်ဖွန်မုန်တိုင်းကြီး ကျရောက်ခါနီးမှာ ထူးခြားတဲ့ နားကြားစွမ်းရည်ရှိတဲ့ ဝူဟိန်ကို နန်ယွဲ့သမိုင်းလေ့လာနေတဲ့ ကုလင်က အကူအညီတောင်းခဲ့တဲ့အတွက် ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ လွီကျားတို့ခေတ်ထက် ပိုဝေးတဲ့ သမိုင်းဝင်ဂူကြီးတစ်ခုကို တွေ့သွားတဲ့အခါ စွန့်စားရေးခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်......တရုတ်သင်္ချိုင်းဖောက်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ပုံရိပ်ယောင်တွေ တစ္ဆေတွေ မိစ္ဆာတွေ သင်္ချိုင်းထဲက ထူးဆန်းတဲ့အကောင်ကြီးတွေ မျိုးစုံကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် အသည်းငယ်သူတွေတော့ သတိလေးနဲ့ ကြည့်ကြပါလို့...... Filesize : 1.27 GB / 693 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Adventure , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ...
movie

The Lost Cave of the Arctic Sea ( 2024 )

Doomsday Warrior ( 2024 ) 5.7
Doomsday Warrior ( 2024 ) ဒီရုပ်ရှင်ကားလေးကတော့ တရုတ်နိုင်ငံကရိုက်တဲ့ ရှားရှားပါးပါး သိပ္ပံဇာတ်ကားကောင်းတွေထဲက တစ်ကားလို့ပြောရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူးနော် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ - မျိုးသုဉ်းခြင်းလျို့ဝှက်နယ်‌မြေလို့ယာယီနာမည်ပေးထားတဲ့ အာကာသယာဉ်လုံးကြီးက တရုတ်နိုင်ငံ အခြေစိုက် အာကာသနှင့်သိပ္ပံစခန်း CTC ရဲ့ လမ္ဘာအာကာသစခန်းကို ဝါးမျိုသွားပြီး ကမ္ဘာမြေပေါ်ရောက်လာခဲ့ပါတယ် ။အဲဒီအရာကြီးရောက်လာပြီးကတည်း ကမ္ဘာမြေရဲ့ ရေအရင်းအမြစ်တွေက စတင်ပြီး ဆုံးရှုံးလာခဲ့ပါတော့တယ် ။ အဲဒီအရာကြီးကို စစ်ဆေးဖို့အတွက် ကုလသမ္မဂက doomsday Warrior အဖွဲ့တွေဖွဲ့ပြီး စေလွှတ်ခဲ့ပေမဲ့ ဘယ်သူမှ အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး ။ နှစ်ဝက်ကြာပြီးတဲ့အခါမှာတော့ ကမ္ဘာမြေဟာ ရေရှားပါးလာမှုကြောင့် အဝါရောင်ပြောင်းသွားပြီးတော့ သေကြေကုန်တဲ့လူတွေလည်း တစ်ဘီလီလျံထိမြင့်မားလာခဲ့ပါတော့တယ် ။အဲဒီလိုနဲ့ CTC က အရေးပေါ်အခြေအနေအဖြစ် အထူးတပ်ဖွဲ့ 001 ကို မဖြစ်မနေတာဝန်ပြီးမြောက်အောင်လုပ်ဖို့ အမိန့်နဲ့အတူ ထိုအကာအကွယ်အလွှာထဲကို ဝင်ရောက်စေခဲ့ပါတယ်။ ‌ ကပ်ပတိန်ယန်ယိနဲ့အတူ သုတေသနအဖွဲ့ဝင် 2ယောက်လည်း တစ်ပါတည်းလိုက်ပါသွားခဲ့ပါတယ် ။ဇာတ်လမ်းလေးကတော့ အထူးတပ်ဖွဲ့ 001 က ထိုနယ်မြေမှာဘယ်လို စွန့်စားခန်းတွေနဲ့ကြုံတွေ့ရမလဲ ? ထိုအရာကြီးက ထူးဆန်းတဲ့အကောင်တွေက‌ရောဘာတွေဖြစ်မလဲ ။ ဒါ့အပြင် ကမ္ဘာမြေကြီးက ရေအရင်းအမြစ်တွေဆုံးရှုံးကုန်ရတဲ့အဓိက အကြောင်းကဘာဖြစ်မလဲ ? ရှားပါးသွားတဲ့ရေကရော ကမ္ဘာမြေပေါ်မှာ တဖန်ပြန်ရရှိနိုင်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့ ...
movie

Doomsday Warrior ( 2024 )

Dragon Hunter ( 2023 ) 5.7
Dragon Hunter ( 2023 ) တရုတ်တွေက မသေဆေးဖော်ဖို့စွဲလမ်းခဲ့တာ ဟိုးရှေးကတည်းကပါ.... သိပ္ပံပညာတွေထွန်းကားလာပေမယ့်လဲ ထာဝရနုပျိုနိုင်တဲ့ ဆေးဖော်ဖို့ကြိုးစားနေကြတုန်းပါပဲ။ နဂါးဆိုတာအမှန်တကယ်ရှိတယ်လို့ ယုံကြည်ပြီး နဂါးဝင်စားတဲ့ နဂါးသွေးပါတဲ့လူက ထာဝရနုပျိုတယ်လို့ဒဏ္ဍာရီရှိပါတယ်။သတင်းထောက်မလေးတစ်ယောက်ဟာ မထင်မှတ်ပဲ နှစ်(၂၀)ကြာအောင် ရုပ်ရင့်လာခြင်းမရှိတဲ့ လူတစ်ယောက်ကိုရှာတွေ့ခဲ့ပြီး သတင်းမှာဆောင်းပါးအဖြစ်နဲ့ထည့်ရေးလိုက်တယ်။ အဲဒီအချိန်မှာ နုပျိုဆေးဖော်နေတဲ့ပါမောက္ခကြီးက ဆေးကိုလက်တွေ့ကျကျ မဖော်နိုင်ဖြစ်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားတော့ ပါမောက္ခကြီးက အဲဒီလူကိုရရာနည်းနဲ့ခေါ်ပြီး နဂါးရှိတဲ့နေရာကိုလမ်းပြခိုင်းတော့တာပေါ့။ သူရှာနေတဲ့ မအိုမင်းနိုင်တဲ့နုပျိုဆေးဆိုတာတကယ်ရှိနိုင်ပါ့မလား...... ဒဏ္ဍာရီလာနဂါးတွေကရောတကယ်ရှိနိုင်ပါ့မလား Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Fantasy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dragon Hunter ( 2023 )

Giant Snake Incident at Yellow River ( 2023 ) 5.9
Giant Snake Incident at Yellow River ( 2023 ) " ဟွမ်မြစ်အတွင်းက ကြောက်မက်ဖွယ်ကောင်းလှတဲ့ လူသားစား မြွေကြီးရဲ့ ဒဏ္ဍာရီလေးတစ်ပုဒ် "ဟွမ်မြစ်ရဲ့နံဘေးမှာ ဆိတ်ငြိမ်အေးချမ်းတဲ့ ခေတ်လွန်ရွာလေးတစ်ရွာတည်ရှိပါတယ် ။ ဒီလိုအေးချမ်းလှတဲ့ ရွာလေးဆီကို ခေါင်းတလားကြီးတစ်လုံးနဲ့အတူ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးအန္တရာယ်ကြီးက ရောက်ရှိလို့လာခဲ့ပါတော့တယ် ။ထူးဆန်းတဲ့ အရာတွေ မကြာခဏ ဖြစ်ပြီး လူတွေကလဲ တစ်ဦးပြီး တစ်ဦးပျောက်ဆုံးလို့ လာခဲ့ချေပါတယ် ။ ဒီဘေးအန္တရာယ်ကြီးကို ကျောက်မိသားစုကနေပြီး နှိမ်နင်းဖို့ သွားခဲ့ပေမဲ့ တစ်ဦးတစ်ယောက်မှ ပြန်လာခြင်းမရှိခဲ့ပါဘူး ။ ဒီကိစ္စဖြစ်ပြီး နှစ် ၂၀ ကြာတဲ့နောက်မှာ အလားတူ ကိစ္စရပ်မျိုး ပြန်လည်ဖြစ်ပျက်လာခဲ့သောအခါ...?ကျောက်အိမ်တော်ရဲ့ မျိုးဆက်ကို ဆက်လက် လက်ခံမဲ့ သခင်လေးကျောက်ပိုင်တစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကို နှိမ်နင်းဖို့ ခရီးစတင်ထွက်ခဲ့ပါတော့တယ် ။ ဒီတော့ မြစ်ထဲက မကောင်းဆိုးဝါး မြွေကြီးကို နှိမ်နင်းနိုင်ပါ့မလား ? ဘယ်လိုမျိုး အန္တရာယ်တွေနဲ့ ကြုံတွေ့ရဦးမှာလဲ ? ဆိုတာ သခင်လေး ကျောက်ပိုင်ရဲ့ စွန့်စားရေး ခရီးစဥ်လေးကို အတူတူ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : ...
movie

Giant Snake Incident at Yellow River ( 2023 )

Desert Monster ( 2022 ) 5.9
Desert Monster ( 2022 ) ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာထွက်ရှိခဲ့တဲ့ “desert monster” ဆိုတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ -“အေးချမ်းစွာနေထိုင်လာခဲ့ကြတဲ့သဲကန္တာရ ကျေးရွာလေးတစ်ခုဆီကို ဗီဇပြောင်း သားရဲတွေ ရောက်ရှိလာခြင်းကနေပြီးတော့ အစပြုပါတယ် အဲဒီရွာငယ်လေးမှာနေထိုင်ကြတဲ့ အများစုဟာဆိုရင် မုဆိုးလုပ်ငန်းကို လုပ်ကိုင်ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့သူတွေပါ ဗီဇပြောင်းသားရဲတွေ ရောက်ရှိလာပြီးတဲ့နောက်မှာတော့ ကျေးရွာက ရွာသူ ရွာသားတွေဟာ ထူးဆန်းတဲ့ ရောဂါတစ်ခုကို ခံစားရပါတော့တယ်အသက်တွေ တစ်ချောင်းပြီး တစ်ချောင်းဆုံးရှုံးနေစဥ်မှာတော့ “ယင်းဇီ” လို့ခေါ်တဲ့ မိန်းမပျိုလေးဟာ သူ့ရဲ့မုဆိုးအပေါင်းအပါတွေနဲ့ အတူတူ သူတို့ကျေးရွာလေးကိုကယ်တင်ဖို့အတွက် မူလဗီဇပြောင်းဖြေဆေးရည်ကို သွားရှာဖို့ ထွက်လာခဲ့ပါတော့တယ် ​ အဲဒီအချိန်မှာ သူတို့တွေလိုချင်တဲ့ မူလဗီဇပြောင်းဖြေဆေးရည်ကို ရရှိဖို့အတွက် ဗီဇပြောင်းသားရဲတွေရဲ့ခေါင်းဆောင် မိခင်သားရဲကြီးကို ဖမ်းဆီမှ ဖြစ်မဲ့ အခြေအနေနဲ့ ကြုံတွေလာရတဲ့အခါမှာတော့ -”❐ ဘာတွေဆက်ဖြစ်ကြမှာလဲ ? ❐ အသံကြားနိုင်စွမ်းလဲကောင်း / အနံ့ခံနိုင်စွမ်းအားလဲကောင်းတဲ့ ဗီဇပြောင်းသားရဲတွေကိုရော သူတို့ အဖွဲ့လေးရင်ဆိုင်နိုင်ပါ့မလား ? ❐ ကဒ်ဆိုးကြီးကျရောက်နေတဲ့ သူတို့ကျေးရွာလေးကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာ ဒီဇာတ်ကားလေးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြပါဦးရှင် [Reviewed By Chit Mya Mya Hmwe] Quality : ...
movie

Desert Monster ( 2022 )