Channel Myanmar

Jimmie Walker

Shriek If You Know What I Did Last Friday the Thirteenth (2000)
Shriek If You Know What I Did Last Friday the Thirteenth (2000) Shriek If You Know What I Did Last Friday the Thirteenth (2000)ဟော်ရာပရိသတ်တွေဆို Scream, Friday the 13th, I Know What You Did Last Summer အဲဒီဇာတ်ကားတွေကို သိကိုသိကြမှာပါ။ ဒါကတော့ Scary Movie တွေလိုပဲ အဲဒီသုံးကားလုံးကို ဟာသလုပ်ပြီးရိုက်ထားတဲ့ ဇာတ်ကားလေးပါ။ မူရင်းဇာတ်ကားတွေကို ကြည့်ဖူးထားရင် ပိုခွီရပါလိမ့်မယ်။ ဒါပေမဲ့ Friday the 13th ကိုတော့ သိပ်မတွေ့သလိုပါပဲ။ အဲဒီထက် ပိုစိတ်မကောင်းစရာက ၁၈ ပက်လက်မပါတာပါပဲ။ Parody တွေထုံးစံ အနည်းအကျဥ်းတော့ သဘောလောက် ပါတယ်ဆိုပေမဲ့ မူရင်းကားတွေလောက်တော့ အားရစရာကောင်းလောက်အောင် ပါတာမဟုတ်ဘူးပေါ့ဗျာ။အဲဒီသုံးကားကိုတင်မဟုတ်ဘဲ တခြားကားတွေ၊ လူတွေကိုလည်း ကြုံရင်ကြုံသလို ဖဲ့ပါသေးတယ်။ ဖဲ့တဲ့ထဲမှာ သူ့လိုမျိုး ဇာတ်ကားတွေကို ...
movie

Shriek If You Know What I Did Last Friday the Thirteenth (2000)

2000
The Guyver (1991) 5.0
The Guyver (1991) The Guyver (1991)_____IMDb - 5.0/10  ဒီကားလေးကတော့ ၁၉ ၉ ၁ ခုနှစ်ကထွက်ရှိခဲ့တဲ SuperHero ကားလေးတစ်ကားဖြစ်ပါတယ်.... သိပ္ပံပညာရှင်တစ်ယောက်ဟာ Guyver လို့ခေါ်တဲ ဂြိုလ်သားပစ္စည်းတစ်ခုကို ဂြိုလ်သားတွေလက်ထဲမရောက်အောင် ယူပြီးထွက်ပြေးနေရာကနေ ဂြိုလ်သားတွေဖမ်းမိတာကိုခံလိုက်ရပြီး အသတ်ခံလိုက်ရပါတယ်.. ဒါပေမယ့် သူဟာ အဲဒီ Guyver ဆိုတဲပစ္စည်းကို ဂြိုလ်သားတွေမမြင်အောင်ဖွက်ထားခဲ့ပါတယ်... အဲဒီ ဂြိုလ်သားပစ္စည်းကို လူငယ်လေးတစ်ယောက်ကရလိုက်တဲအချိန်မှာတော့ အစွမ်းထက်တဲစွမ်းအင်တွေကိုရလိုက်ပါတော့တယ်... ဂြိုလ်သားတွေဟာ Guyver ကိုပြန်ရဖို့အတွက် ဒီလူငယ်လေးနောက်ကိုလိုက်လံဖမ်းဆီးကြပါတော့တယ်... ဒီကားလေးဟာ Super Hero ဇာတ်လမ်းကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေးဆိုလည်း မမှားပါဘူး... အခုခေတ်မှာ Super Hero ဇာတ်လမ်းတွဲတွေများလာပေမယ့်လည်း ၁၉ ၉ ၁ ခုနှစ်ကထွက်ရှိခဲ့တဲ ဒီကားလေးကတော့ Old But Gold ဆိုတဲ့ ကားလေးတစ်ကားထဲမှာပါတယ်လို့ပဲပြောလိုက်ပါရစေ..    Quality ...... DVDrip Format ...... mp4 Duration ........ 01:28:00 Size ..... 664 MB Translator ..... Ohmmar Khin Encoder ...... Moe Myint Lwin
movie

The Guyver (1991)

1991