Channel Myanmar

Ji Chenmu

Mukden Funeral Shop (2022) 6.2
Mukden Funeral Shop (2022) “ဒီလောကကြီးမှာ သရဲ တစ္ဆေဆိုတာမရှိပါဘူးလူတွေရဲ့ စိတ်နှလုံးထဲမှာ ကြောက်စိတ်ကိန်းအောင်း နေလို့သာ သရဲ တစ္ဆေနဲ့ပတ်သတ်တဲ့ လှည့်စားမှုပေါင်းများစွာက ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ် ”တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါက်ပေါက်လာချိန် အချိန်ကာလ / တရုတ်ရိုးရာ တစ္ဆေပွဲတော်နေ့တစ်နေ့ .....ထိုက်ဖျင် တရားရုံးရဲ့ မှောင်ပျပျ ပြဇာတ်ရုံတစ်ခုမှာ "ယင်းတောင်ရဲ့ နတ်ဆိုးအရှင်" ပြဇာတ်ကို ကပြလို့နေခဲ့ပါတယ်တစ်ဆက်ထဲမှာပဲ အဲဒီနေ့က စစ်ဆေးရေးမှူးချုပ် ဖန်းကျန့်ရူ ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်လို့နေခဲ့ပါတယ် ဖန်းကျန့်ရူရဲ့ သားဖြစ်သူဟာ ပြဇာတ်ရုံကို ရုတ်ရုတ်သဲသဲဖြစ်သွားစေဖို့ လူလွှတ်လိုက်ပြီးတော့ ဖခင်ဖြစ်သူရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ပြဇာတ်ရုံကို သိမ်းပိုက်လိုက်ပါတော့တယ် လူတွေအားလုံး ပျော်ရွှင်မှုရဲ့ အငွေ့အသက်တွေကြားမှာ နစ်မြောနေချိန်အတွင်း ......မီးတောက်များစွာနဲ့ လောင်ကျွမ်းနေတဲ့ လူတစ်ယောက်က စင်မြင့်ထက်ကနေပြီး ပြုတ်ကျလာခဲ့ပါတော့တယ် အဲ့ဒီမြင်ကွင်းက တစ္ဆေပွဲတော်နေ့ရက်မှာမှ နတ်ဆိုးအရှင်ကို မီးရှို့ခံရတဲ့မြင်ကွင်းနဲ့ သွားတူလို့နေပါတယ် သိကြတဲ့အတိုင်း လူသားတွေဆိုတာ တစ်ခုခုဆိုရင် အယူသည်းကြတဲ့ အထဲမှာပါလေ့ရှိပါတယ်စင်အောက်က စက္ကူရုပ်တွေနဲ့ အထိန်းအမှတ်ကျောက်တိုင်တွေအားလုံးက မီးကျွမ်းလောင်သွားခဲ့တာမို့ နတ်ဆိုးအရှင် ဒေါသထွက်သွားပြီ ဆိုတဲ့ ကောလဟာလတွေကတစ်ဟုန်ထိုးဆိုသလို ပျံ့နှံ့လို့သွားပါတော့တယ် ဖန်းကျင့်ရူဟာလဲ ဒေါသပုန်ထပြီး ဒီကိစ္စကို စတင်စုံစမ်းခဲ့ပါတယ် ဖုန့်ထျန်း စျာပနပစ္စည်းအရောင်းဆိုင်က ဆိုင်ပိုင်ရှင်ဖြစ်သူ ရွှီစစ်ကျို ဟာလဲ ဖိအားပေးခံရကာ ဒီအမှုကိစ္စမှာ ပါဝင်လာခဲ့ပါတော့တယ် အမှုကိစ္စကဟာ တစ်ဖြည်းဖြည်း ...
movie

Mukden Funeral Shop (2022)

Wonderful Youth ( 2024 ) 6
Wonderful Youth ( 2024 ) နယ်ကလာတဲ့ကောင်လေးတစ်ယောက်ရဲ့ဘတ်စကက်ဘောအိပ်မက်ဟာ အရမ်းကိုရူးသွပ်ပြီးခိုင်မာတဲ့အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို မှီငြိမ်းပြီးရိုက်ထားတဲ့ လူငယ်ကားလေးဖြစ်ပါတယ်။ဘတ်စကက်ဘောကိုချစ်တဲ့ရှောင်းယွီဖန်ဟာ နယ်မြို့လေးမှာ အလယ်တန်းအောင်ပြီးတော့ မြို့ကြီးကိုတက်ပြီးအထက်တန်းတက်ရတဲ့အခါ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ဘတ်စကက်ဘောအားကစားချန်ပီယံဖြစ်ဖို့ရာအတွက် ကျောင်းဘတ်စကက်ဘောအသင်းကိုဝင်နိုင်ဖို့ နည်းလမ်းစုံကြိုးစားရပါတယ်။အစပိုင်းမှာခက်ခဲပေမယ့် အခွင့်အရေးကြုံတော့ အသင်းဝင်ဖြစ်လာခဲ့ပါတယ်။ လူငယ်သဘာဝ စိတ်ဆတ်ကြတဲ့အတွက် အဖုအထစ်လေးတွေနဲ့ အဆင်မပြေမှုတွေရှိခဲ့ကြတယ်။ တစ်ဖြည်းဖြည်းနဲ့ အထင်လွဲတာတွေ ရှင်းသွားပြီးတော့ သူငယ်ချင်းသံယောဇဉ်တွေဖြစ်လာကြပြီး အားလုံးအတူနိုင်ငံအဆင့်ချန်ပီယံဖြစ်ဖို့ အစွမ်းကုန်ကြိုးစားကြတဲ့ဘဝခရီးအကြောင်းလေးဖြစ်ပါတယ်။ အခက်အခဲတွေကိုအတူတူကျော်ဖြတ်ရင်း တူညီတဲ့အိပ်မက်အတွက် နုပျိုဆန်းကြယ်တဲ့အထက်တန်းကျောင်းသားလေးတွေရဲ့အင်အားနဲ့ ပန်းတိုင်ရောက်ဖို့ မဆုတ်မနစ်ကြိုးစားသွားတဲ့ လူငယ်တွေအတွက်ခွန်အားဖြစ်စေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ Filesize : 1.85 GB / 1 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama  Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Wonderful Youth ( 2024 )