Channel Myanmar

Jessica Hynes

Death of a Unicorn (2025) 6.2
Death of a Unicorn (2025)   Death of a Unicorn (2025)IMDb Rating (6.2) / Rotten Tomatoes (54%) Wednesday စီးရီးထဲက မင်းသမီး Jenna Ortega နဲ့ Antman မင်းသား Paul Rudd တို့ ပါထားတဲ့ မွန်းစတားဟော်ရာကားပါ။ယူနီကွန်းတွေနဲ့ဇာတ်လမ်းပေမဲ့ ချစ်စရာ ယူနီကွန်းတွေတော့ မဟုတ်ပါဘူး။ ချိုနဲ့ထိုးတယ် ကိုက်တယ် တစ်အိမ်လုံးဖျက်ဆီးတယ် အကုန်ကျုံးတယ်ဆိုတဲ့ကားမျိုးပါ။ဒီရုပ်ရှင်ကြည့်ပြီးရင် နောက်ဆို ယူနီကွန်း အပြင်မှာ မြင်ရင်တောင် တန်းပြီး ထွက်ပြေးပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းရှေ့နေ အဲလိယက် နဲ့ သူ့ရဲ့ သမီး ရစ်ဒလီ တို့ဟာ ဆေးဝါးကုမ္ပဏီကြီးတစ်ခုရဲ့ ပိုင်ရှင်မိသားစုဆီကို ပိတ်ရက်မှာ အရောက်သွားခဲ့ပါတယ်။အဓိကအချက်ကတော့ ဘုတ်အဖွဲ့ ကိုယ်စားလှယ်ရှေ့နေ အလုပ်ကို ရအောင်ယူဖို့ဖြစ်ပြီး သားအဖေနှစ်ယောက် တစ်သက်စားမကုန်အောင် ချမ်းသာဖို့ပါပဲ။ဒါပေမဲ့ လမ်းမှာ ယူနီကွန်းမြင်းပေါက်လေးကို ကားနဲ့တိုက်မိပြီး သေပြီမှတ်လို့ ကားထဲဖွက်သယ်လာပါတယ်။အဲဒီ မြင်းပေါက်လေးအလောင်းက ...
movie

Death of a Unicorn (2025)

2025
4K HEVC
Paddington in Peru (2024) 6.8
Paddington in Peru (2024)  Paddington in Peru (2024)IMDb Rating (6.8) / Rotten Tomatoes (94%) ဒီကားလေးကတော့ ပိတ်ရက်မှာ ကာတွန်းကားကောင်းကောင်းကြည့်ချင်သူတွေ အကြိုက်တွေ့စေမယ့် Paddington in Peru ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ကာတွန်းကားကြိုက်သူတော်တော်များများကတော့ စကားပြောတဲ့ဝက်ဝံ‌လေး Paddington ကို သိကြမှာပါ။ဒီဇာတ်လမ်းလေးဟာ ရှေ့မှာလည်း နှစ်ကားထွက်ရှိထားပြီးဖြစ်ပြီး အတော်ကိုအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဒီတစ်ကားနဲ့ဆိုရင်တော့ Paddington Trilogy ပြည့်စုံသွားပြီပေါ့ဗျာ။ ဇာတ်လမ်းအကျဉ်းပက်ဒင်တန်ဟာ ပျောက်ဆုံးသွားတဲ့သူ့ရဲ့အန်တီလူစီကို လိုက်ရှာဖို့အတွက် ပီရူးနိုင်ငံကိုခရီးထွက်တဲ့ ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်။အမေဇုံမိုးသစ်တောတွေကိုဖြတ်ကျော်ပြီး စွန့်စားခန်းဖွင့်ကြပုံကို စိတ်လှုပ်ရှားစရာ ကြည့်ရှုကြရမှာပါ။အရင်ကားတွေကြည့်ဖူးသူတွေရော မကြည့်ဖူးသူတွေပါ ကြည့်လိုက်ဖို့ အကြံပေးပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vader ဖြစ်ပါတယ်။) File size… (6.4 GB) / (2.2 GB) / (1.2 GB) Quality….WEB-DL 4K HEVC / ...
movie

Paddington in Peru (2024)

2024
4K HEVC
Bridget Jones’s Baby (2016) 6.5
Bridget Jones’s Baby (2016) Bridget Jones's Baby (2016)~ IMDb - 6.5/10, RT - 78%, Meta - 59% ~ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က‌ တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်‌နေခဲ့ပါတယ်။အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘ‌တွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ...
movie

Bridget Jones’s Baby (2016)

2016
Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004
Son of Rambow (2007) 7.0
Son of Rambow (2007) ဒီကားလေးကိုစကြည့်မိတော့ကျွန်တော်တို့ယောက်ျားလေးတွေငယ်ငယ်တုန်းက ကစားတာတွေကိုသွားသတိရမိတယ်စစ်တိုက်တမ်းကစားရင်ဟိုဘက်နဲ့ဒီဘက်ခဲတွေပစ်ပြီးဆော့တာပေါ့လေသေနတ်တွေစပေါ်လာတုန်းကဆိုရင်လေသေနတ်နဲ့ပစ် နွေရာသီဆိုစွန်လွှတ်် ဂျင်ပေါက် အရုပ်ပစ် နဲ့ ဒီကြားထဲစမတ်ဒေါင်းကွဆိုပြီးချသေးတာပဲရုပ်ရှင်ကြည့်ပြီးရင် ကိုယ်ကြိုက်တဲ့ဇာတ်ကောင်တွေဆိုအတုခိုး သူ့အတိုင်းလိုက်လုပ်နဲ့စဉ်းစားရင်းပျော်ဖို့ကောင်းခဲ့တာ ဒီကားမှာလဲအဲ့လိုပဲ ဝီလီယံဆိုတဲ့ကောင်လေးတစ်ယောက် ကျောင်းမှာဆိိုးပေတေတဲ့လီကန်တာအိမ်ကိုရောက်သွားပြီး ရမ်ဘိုကား FIRST BLOOD ဆိုတဲ့ဇာတ်ကားကိုကြည့်မိပြီး စတော့တာပဲနဂိုကတည်းကပုံဆွဲဝါသနာပါနဲ့သူ့ကိုယ်သူရမ်ဘိုရဲ့သားဆိုကိုယ့်ဟာကိုဇာတ်လမ်းရေးထားတာရုပ်ရှင်ဇာတ်လမ်းဝင်ပြိုင်မယ့်လီကန်တာလဲဇာတ်လမ်းကြိုက်ပါတယ်ဆိုပြီးရိုက်တော့တာပဲသူတို့ဘယ်လိုရုပ်ရှင်ရိုက်ကြလဲဆိုတာဇာတ်လမ်းထဲမှာကြည့်ပေါ့နော်ဟာသခန်းလေးတွေလဲပါတယ်သူတို့ရုပ်ရှင်ရိုက်တာကိုကြည့်ပြီးငယ်ငယ်ကကမြင်းကြောထတာတွေတောင်သတိရမိတယ်ကျောင်းမှာဆော်ကြည်ဘဲ ပြင်သစ်ကလာတဲ့ ဒီဒီယာတစ်ယောက်ဝီလီယံတို့ရိုက်မယ့်ဇာတ်လမ်းထဲမှာဝင်ပါပါရစေဆိုပြီးဝင်ရိုက်ပါတယ်ကန်တာကအမြင်ကတ်တော့ပြသနာတွေဖြစ်တော့တာပဲနောက်ဆုံးမှာ dramaပုံစံမျိုးလေးနဲ့ဇာတ်သိမ်းထား တယ်ဇာတ်ဆောင်က ကလေးတွေပဲဆိုပြီးအထင်မသေးပါနဲ့ IMDB rating 7 ရထားတဲ့ဇာတ်ကားကောင်းလေးပါကဲကျွန်တော်တို့ကလေးဘဝကိုတစ်ခေါက်လောက်ပြန်သွားကြတာပေါ့(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ)  Quality : Blu-Ray 720p Running Time : 1hr 36min Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-iNFAMOUS Translated by Tin Myo Lwin Encoded by ...
movie

Son of Rambow (2007)

2007