Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeong Man-sik
7.0
Man in Love (2014)
Man in Love (2014)ယောကျ်ားတန်မယ့် မျက်ရည်နဲ့မျက်ခွက်ဆိုတာ ဒီလိုကားပါပဲ...အချစ်ကြောင့် ယောကျ်ားရင့်မာကြီးတွေ ဘယ်လိုကြွေကျကြလဲ သက်သေခံမဲ့ရုပ်ရှင်ပါ...။မင်းသားကြီးကတော့ တောင်ကိုရီးယားရဲ့ အနုပညာကြေးမြင့်မားပြီး ရုပ်ဆိုးဆိုးလို့ခပ်လွယ်လွယ်ရှုမြင်ကြတဲ့ Hwang Jung-minမင်းသမီးကတော့ ဂျူမုန်ထဲက Han Hye-jin...ဇာတ်လမ်းကတော့...ဟွမ်ဂျွန်မင်းဆိုတာ သူဌေးရဲ့အကြွေးတွေကို လိုက်တောင်းပေးနေတဲ့ လူမိုက်တစ်ယောက်။တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း အဖေ့အတွက် အကြွေးဆပ်ဖို့ကျန်ရှိနေတဲ့ ဂျိုဟေးဂျောင်ကိုမြင်မြင်ချင်း တဖက်သတ်ချစ်မိသွားခဲ့တယ်။ ဒါကြောင့် ဂျိုဟေးဂျောင်ရဲ့ အကြွေးစာချုပ်ကို သူဌေးဆီကနေ ဘောနပ်အဖြစ်တောင်းပြီး ဂျိုဟေးဂျောင်နဲ့အပေးအယူလုပ်လိုက်ပါတော့တယ်။အဲ့ဒီအပေးအယူကဘာလဲ...လူကြမ်းကြီးနဲ့ မင်းသမီးတို့ဇာတ်လမ်းကဘယ်လိုဆက်သွားမယ်ဆိုတာ....ဟာသကားလို့ထင်ပြီး ကြည့်လိုက်မိပြီး ငိုမိသွားသူတွေ ဒုနဲ့ဒေးပါပဲ။ File size…(1.8 GB )/(880 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:00:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myat Chel
movie
Man in Love (2014)
7.0
OK! Madam(2020)
OK! Madam(2020)(နင်းကန်လန်းတဲ့ကားမို့ WEB-DL 1080P,720p တို့ဖြင့်တင်ဆက်ပေးထားပါတယ်...)သာမန်ဈေးလေးထဲမှာ မုန့်လုပ်ရောင်းတဲ့ မီယောင်းဟာ ကွန်ပျူတာပစ္စည်းတွေပြင်တဲ့ ခင်ပွန်းဖြစ်သူ ဆော့ဟွမ် သမီးလေးဖြစ်သူ နာရီတို့နဲ့အတူ နေထိုင်တယ်.... တစ်နေ့မှာ ဟာဝိုင်အီကိုသွားဖို့ ကံစမ်းမဲပေါက်သွားပြီး အပျော်တွေလွန်ရင်း ခရီးသွားဖို့ဖြစ်လာတယ်ပေါ့.... ဟာဝိုင်အီကိုသွားနေတဲ့လမ်းခရီးဟာ တကယ်ပျော်စရာလို့ထင်ရပေမယ့် လေယာဉ်ပေါ်မှာ မမျှော်လင့်တဲ့အဆုံးဝါးဆုံးပြဿနာတွေဖြစ်လာတယ်.... သူတို့လေယာဉ်ပေါ်မှာ အရမ်းကိုအန္တရယ်များလှတဲ့ သူလျှိုပါလာတယ်ဆိုတဲ့ သတင်းရလို့ မြောက်ကိုရီးယားတပ်မှူးဖြစ်သူနဲ့အဖွဲ့တွေဟာ လေယာဉ်ကိုပိုက်စိပ်တိုက်ရှာကြတော့တယ်... စီးနင်းလာတဲ့ခရီးသည်တွေအားလုံး ဓားစာခံဖြစ်သွားကြတယ်ပေါ့.....မြောက်ကိုရီးယားကအဖွဲ့ကလည်း တကယ့်ကိုကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လက်မရွှံအဖွဲ့တွေ....အဲ့ဒီနောက်တော့ လေယာဉ်ပေါ်မှာ ပြဿနာမျိုးစုံစပါတော့တယ်....ဒီကားက ဇာတ်လမ်းစပြီး မိနစ်(၃၀)လောက်မှာတင် ပွဲစကြမ်းပါတယ်....လေယာဉ်ပေါ်ရဲ့ နေရာကျဉ်းကျဉ်းလေးတွေမှာ အက်ရှင်ခန်းတွေက တကယ်ကိုမိုက်တဲ့အပြင်ကြည့်ရတာတွေတကယ့်ကိုရှင်းပါတယ်...စိတ်ကျေနပ်စရာကောင်းတဲ့အက်ရှင်ခန်းတွေပါတဲ့အပြင်ဇာတ်လမ်းကတော်တော်ကောင်းပြီး လျှို့ဝှက်ချက်တွေနဲ့ နောက်ကွယ်က ထင်မထားတဲ့ အကြောင်းအရာတွေနဲ့မို့အားလုံးလက်မလွှတ်သင့်ပါကြောင်းပါ...သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲတွေပါ...တောင်ကိုရီးယားရဲ့စွယ်စုံရမင်းသမီးကြီး အုမ်းဂျောင်ဟွာ နာမည်ကြီးသရုပ်ဆောင် မင်းသားကြီး ဘတ်ဆောင်အုန်း ဇာတ်ရုပ်တိုင်းမှာပိုင်နိုင်တဲ့ မင်းသားလီဆန်ယွန်း Running Man လီဂွမ်ဆူရဲ့ချစ်သူမိန်းကလေး မင်းသမီးလီဆောင်ဘင်း နဲ့ အထူးဧည့်သည်သရုပ်ဆောင်အဖြစ် မင်းသားဂင်နမ်ဂီတို့အပြင် နာမည်ကြီးဇာတ်ပို့အများအပြား ပါဝင်အားဖြည့်ထားကြပါတယ်...File Size :(1.8GB)(850 MB) and (380 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:40:00 Genre : Action ...
movie
OK! Madam(2020)
WEB
6.1
Over My Dead Body (2012)
[Unicode]ဒီဇာတ်ကားလေးက ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Crime/Comedy အမျိုးစားဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းသိပ္ပံ စမ်းသပ်မှု တစ်ခုရဲ့ microchip ကို ဥက္ကဌဖြစ်သူ ဂင်ထက်ဆူက ဓာတ်ခွဲခန်းနေ ခိုးယူပြီး နိုင်ငံခြားကို ရောင်းပစ်ဖို့လုပ်ခဲ့ပါတယ် အဲ့အချိန်မှာ ဓာတ်ခွဲခန်း အလုပ်သမားခေါင်းဆောင် ဂျင်ဆူကို ကားတိုက်လုပ်ကြံခဲ့ပါတယ်ဂျင်ဆူရဲ့သမီးက သူ့အဖေဘာကြောင့် လုပ်ကြံခံရတယ်ဆိုတာကိုသိရှိပြီး ဥက္ကဌဂင်ဆီ ဆေးရုံစရိတ်နဲ့ လျော်ကြေးတောင်းဖို့ သွားခဲ့ပေမယ့် ဥက္ကဌဂင်ဟာ ရုတ်တရက်သေဆုံးသွားပါတယ် အဖေ့ ဆေးရုံစရိတ်အတွက် လျော်ကြေးရဖို့ ဘာမဆိုလုပ်မယ်ဆိုပြီး အဖေဖြစ်သူရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အတူ ဥက္ကဌဂင်ရဲ့ အလောင်းကို ခိုးယူပြီး ငွေညှစ်ဖို့လုပ်ခဲ့ပါတယ်ဒါပေမယ့် သူတို့ အလောင်းမှားခိုးမိပြီး ခိုးလာတဲ့လူကလည်း အသက်ရှင်နေတဲ့ အခါ ဘယ်လိုတွေ ဆက်ဖြစ်မှာလဲဥက္ကဌဂင်ရဲ့အလောင်းကရော ဘယ်မှာလဲ ဓာတ်ခွဲခန်းက ခိုးယူသွားတဲ့ microchip ကရော ဘယ်သူ့ဆီမှာလဲရဲတွေကလည်း ဒီ microchip နောက်ကိုလိုက်နေကြတဲ့အခါ ဘယ်လို အလွဲလေးတွေ ဟာသေလေးတွေဖစ်မလဲဆိုတာ ...
movie
Over My Dead Body (2012)
5.8
Money (2019)
Zawgyi=====၂၀၁၉ခုနှစ်ထွက်ကိုရီးယားကားကိုမှ Stock Exchange နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်တော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။IMDb rating အရတော့ vote ပေးသူ 175 ဦးအတွက် 5.8 ပဲရထားတယ်ဆိုပေမဲ့ Rotten Tomatoes မှာ 67% အထိရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ရုံဝင်ငွေအနေနဲ့လည်း 25.1 million USD ရထားတာပါ။Cast တွေမှာလည်းလူသိများတဲ့ သရုပ်ဆောင်တွေချည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တောနယ်တစ်ခုကကြိုးစားပြီးတက်လာတဲ့ စတော့ခ်ရှယ်ယာပွဲစားပေါက်စလေးတစ်ယောက်မှာရည်မှန်းချက်တစ်ခုပဲရှိပါတယ်။သူချမ်းသာချင်တာပဲဖြစ်ပါတယ်။ဆင်းဆင်းရဲရဲနေခဲ့ရတဲ့သူတစ်ယောက်အတွက် ချမ်းသာချင်ကြတာချည်းပါပဲ။မိဘတွေရုန်းကန်နေရတာကိုကြည့်ပြီးသူချမ်းသာချင်လာတယ်။အဲတော့စတော့ခ်ရှယ်ယာရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှာအလုပ်ရပြီး စတော့ခ်ရှယ်ယာပွဲစားပေါက်စအဖြစ်အားကြိုးမာန်တက်အလုပ်ကြိုးစားမယ်ဆိုပြီး တက်လာပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ ထင်သလောက်မလွယ်သလိုသူများတွေကော်မရှင်ကပြွတ်သိပ်နေချိန်မှာ သူ့ခဏသုညဖြစ်နေရတာပါပဲ။ဒီလိုနဲ့တစ်နှစ်လောက်လုံးချာလည်လိုက်နေရင်းကနေ ချမ်းသာဖို့ဖြတ်လမ်းနည်းတစ်ခု သူရလာခဲ့ပါတယ်။ဘယ်သူ့ကြောင့်ရသွားတာလဲ။အဲဒီဖြတ်လမ်းနည်းကရော ရေရှည်အဆင်ပြေရဲ့လားဆိုတာတော့သူတို့စတော့ခ်ရှယ်ယာဈေးကွက်တွင်းကအရှုပ်အရှင်းတွေကြားဝင်ကြည့်ရင်းခံစားကြည့်ကြပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) Unicode======၂၀၁၉ခုနှစ်ထွက်ကိုရီးယားကားကိုမှ Stock Exchange နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်တော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။IMDb rating အရတော့ vote ပေးသူ 175 ဦးအတွက် 5.8 ပဲရထားတယ်ဆိုပေမဲ့ Rotten ...
movie
Money (2019)
2019
6.6
Asura: The City of Madness(2016)
Asura: The City of Madness(2016)IMDb...6.6,,,Rotten..80%" ကျုပ်ရဲအဖြစ်အလုပ်လုပ်တဲ့ အန်နမ်မြို့က အကျင့်ပျက်တဲ့သူတွေနဲ့ပြည့်နှက်နေပြီ..ဒီနောက်ပိုင်းပြန်လည်ဖွံ့ဖြိုးခြင်းတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ခြိ်မ်းခြောက်လာကြတယ်..အန်နမ်ရဲ့မြို့တော်ဝန် ပါ့ခ်ဆွမ်ဘဲဆိုတာရှိတယ်..သူက တစ်မြို့လုံးကို၀ါးမြိုချင်နေတာ...သူ့ပြိုင်ဘက်ကလည်း ဘယ်ငြိမ်နေပါ့မလဲ...နေ့တိုင်းမှာတိုက်ပွဲတွေဖြစ်လို့...ကျုပ်ကတော့ အနိုင်ရတဲ့သူနဲ့ပဲပူးပေါင်းတယ်..."ဒါကတော့ ရဲတစ်ဦးဖြစ်တဲ့ ဟွမ်ဒိုဂျောင်ရဲ့အယူအဆပါပဲ....သူက ငွေရဖို့ဆိုဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ပူးပေါင်းပြီး ခွေးတစ်ကောင်လိုအလုပ်လုပ်မယ့်သူ....ဒီကားကတော့ အန်နမ်မြို့တော်ဝန်နဲ့ အတိုက်အခံပါတီတွေကြားမှာ လူမိုက်ဂန်းစတားတွေ..စုံထောက်တွေနဲ့ရှေ့နေတွေကြားကို ကောင်းကောင်းကြီးရိုက်ပြထားတာ..သူတော်စင်တွေ ယုန်ကလေးလိုကောင်တွေတစ်ယောက်မှ မပါဘူး..ယုံပုံစံဖြစ်နေရင်တောင် ယုန်ယောင်ဆောင်ထားတဲ့ ကျားတွေ မြေခွေးတွေပဲဖြစ်တယ်...သွေးထွက်သံယိုခန်းပေါင်းများစွာပါသလို နိုင်ငံရေးရဲ့ ပဋိပက္ခပေါင်းစုံကို အလွှာစုံ နယ်ရုပ်စုံရဲ့ ရွှေ့ကွက်ပေါင်းများစွာကိုတွေ့မြင်ရမယ်..နောက်ပြီးဒီကားက ဇာတ်လမ်းအစမှ အဆုံး Tempo ကျသွားတယ်လို့ရယ်မရှိဘူး...ကြည့်ရင်းကျော်ထဲစိမ့်အောင်လန့်လာသလို ဆက်လည်းမကြည့်ဘဲမနေနိုင်အောင် ဆွဲဆောင်မှုရှိလွန်းတယ်..သရုပ်ဆောင်တွေကလည်း ကိုရီးယားတကယ့်အထင်ကရ လူတွေကြီးပဲ...The king,The Divine Moveနဲ့ Cold eye တို့မှာ ကြမ်းခဲ့ ရမ်းခဲ့တဲ့မင်းသားကြီးWoo-sung Jungကိုတော့ထွေထွေထူးထူးထပ်မိတ်မဆက်တော့ဘူး..စပွိုင်လာမပါလေ..ဘာဇာတ်လမ်းအကြောင်းမှမပြောလေကြည့်လို့ကောင်းတဲ့ဇာတ်ကားမို့ ဒီလောက်နဲ့တော်ပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (2.13GB),(1.03GB) and ...
movie
Asura: The City of Madness(2016)
2016
7.3
The Tiger: An Old Hunter’s Tale (2015)
IMbD rating 7.3, Tomato Rating 71% ရထားတဲ့ ကိုးရီးယားဇာတ်လမ်းကောင်းလေးပါ။ရိုက်ကူးတင်ဆက်ပုံ ကောင်းမွန်သလို Visual effect တွေ အရမ်းကို အသက်ပါလှပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ ကျား နဲ့ မုဆိုး တို့ကြားက သံယောဇဉ်တွေ …တိရစ္ဆာန်ပေမယ့် သားသမီးကို ချစ်ခင်တဲ့မိဘမေတ္တာကို ပေါ်လွင်အောင် ရိုက်ပြထားပါတယ်။ရိုက်ကူးတင်ဆက်ပုံကောင်းတာကြောင့် 21st Chunsa Flim Art Award မှာ Technical Award , 36th Korea Gold Award Festival မှာ Grand Prize, Best Director , Special Jury Price တွေရထားသလို 53rd Grand Bell Award ဆုပေးပွဲမှာ High Technology Special Award စတဲ့ဆုပေါင်းများစွာ ...
movie
2015
7.6
Breathless (2008)
breathless ကိုရီးယားရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မိဘနဲ့သားသမီးတွေအကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခတွေ ။ယင်းသို့မဟုတ်လျှင် အခြားတစ်ဖက်မှာ ဖေးပိတ်လှောင်ပိတ်ထားတဲ့ ခါးသီးရက်စက်မှု တွေကို သကာခဲ ရွရွကလေးဆမ်းထားသလိုမျိုး နုနုရွရွကလေး ရိုက်ပြတာမျို းမဟုတ်ဘဲ အတွင်းသားထဲအထိ ဘာမှမခြွင်းမချန်ဘဲ အမြစ်လှန် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားတစ်ကားလို့ ပြောရပါလိမ့်မယ်။လူသားစာမျက်နှာကြီီးရဲ့ ရှေ့မျက်နှာဖုံးမျက်နှာစာတွေကတော့ လှပတဲ့အပြုံ းတွေ။ဆေးရောင်စုံခြယ်သထားတဲ့ ရှူ မျှော်ခင်းတွေနဲ့ အားကျစရာရှိကောင်းရှိလိမ့်မယ်။အတွင်းမျက်နှာစာကိုတော့ ဘယ်သူမှ ထဲထဲဝင်ဝင် မသိနိုင်ကြသူတွေများပါတယ်။ဆန်းဟွမ်းဆိုတဲ့ ကောင်က ကိုရီးယားရဲ့လူလတ်တန်းစားလောကထဲမှာ ကျင်လည်ကျက်စားနေတဲ့ လူမိုက်တစ်ယောက်လို့ပြောရပါ့မယ်။သူ့အလုပ်က သူငယ်ချင်းဖြစ်သူရဲ့ ချေးငွေလုပ်ငန်းမှာ လာမဆပ်တဲ့ လူတွေကို ရိုက်နှက်ပြီးအကြွေးတောင်းပေးရတာတို့နဲ့ ခွင့်ပြု ချက်မရှိဘဲ ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်လေးတွေတို့။ဆန္နပြပွဲတွေကို ဖြို ခွင်းတဲ့လုပ်ငန်းတွေမှာ ရိုက်နှက်ပေးတတ်တဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။သူရဲ့နေထိုင်မှု ကလည်း ခေါင်းထဲမှာ ရိုက်ဖို့နှက်ဖို့နဲ့ ဆဲဖို့ ဆိုဖို့လောက်ပဲ အာရုံထားသူပါ။အကြွေးတောင်းမယ်။မပေးရင် ရိုက်မယ် နှက်မယ်။ဆဲမယ် ဒါပါပဲ။အပြင်မှာတွေ့ဘူးတဲ့ စရိုက်ဆန်တဲ့လူမိုက်ပုံစံပေါ့။လူလတ်တန်းစားရပ်ကွက်တွေထဲက တိုက်ခန်းကလေးတွေမှာ မှီခိုနေကြတဲ့ ...
movie
Breathless (2008)
2008