Channel Myanmar

Jen-Ya Wu

Them, Behind the Door (2024) 6
Them, Behind the Door (2024) သဲထိတ်ရင်ဖို သရဲကားကြမ်းကြမ်းလေး ကြိုက်တယ်ဆိုရင် ဒီရုပ်ရှင်ကို ရွေးသင့်ပါတယ်။ ဘယ်အချိန် သရဲက ဘယ်လိုထွက်လာမလဲ ဘယ်သူက သရဲ ဘယ်သူက လူလဲဆိုတာတွေကို ထိတ်တလန့်လန့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ချန်ဝေးဟာ သမီးဖြစ်သူ ရှီးယာနဲ့အတူ အိမ်တွင်းအကြမ်းဖက်တဲ့ ယောကျာ်းဆီက ပြေးလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအမြင့်ဆုံးနေရာဖြစ်တဲ့ လိပ်ပြာတိုက်ခန်းကို ပြောင်းလာခဲ့ပြီးနောက် ထူးဆန်းတဲ့ ကိစ္စတွေကို အဆက်မပြတ်ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။တိုက်ခန်းထိန်းသိမ်းသူ ဘကြီးလျန်နဲ့ ခေါင်မိုးထပ်က ဦးလေးစန်းတို့က သူ့ကို ဒီတစ်ထပ်က မသန့်ရှင်းဘူးဆိုတာ အဆက်မပြတ်သတိပေးနေပြီး ပြောင်းနိုင်ရင် ချက်ချင်းပြောင်းသွားဖို့ ပြောပါတယ်။ဒါပေမဲ့ ငွေကြေးအခက်အခဲရှိနေတဲ့အတွက် ဒီမှာပဲ ဆက်နေခဲ့ပါတယ်။တစ္ဆေတံခါးပွင့်ချိန်ရောက်တဲ့အချိန်မှာ လိပ်ပြာတိုက်ခန်းမှာ ထူးဆန်းထိတ်လန့်စရာ ကိစ္စတွေ ပိုပြီးတော့ ဖြစ်ပျက်လာခဲ့ပါတယ်။ ဒါပေမဲ့ အရင်ကတည်းက နေထိုင်သူတွေကတော့ မထူးဆန်းတော့သလိုပါပဲ။ ကုန်စုံဆိုင်က အဒေါ်စွင်း၊ တစ္ဆေမြင်ရတဲ့ အဒေါ်စွင်းရဲ့ မြေးလေး၊ သွက်လက်ပြီး သဘောကောင်းတဲ့ အစားထိုး ထိန်းသိမ်းသူ ရှောင်လျန် စတဲ့ နေထိုင်သူတွေနဲ့အတူ လိပ်ပြာတိုက်ခန်းမှာ ဘယ်လို ဇာတ်လမ်းမျိုးတွေ ရှိနေမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 952 MB / 488 ...
movie

Them, Behind the Door (2024)

Lost in Forest ( 2023 ) 5.8
Lost in Forest ( 2023 ) အားရှန်းဟာတစ်ခေတ်တစ်ခါတုန်းက ကျုံးရှန်းနယ်မှာ ဂိုဏ်းစတားတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူ့ညီကိုကိုကယ်ဖို့အတွက်နဲ့ ထောင်(၁၂)နှစ်ကျသွားခဲ့တယ်။ ထောင်ကထွက်လာပြီး သူ့ရဲ့ညီကိုရှားအိုးကိုပြန်သွားတွေ့ခဲ့ပေမယ့် ထောင်ထဲ(၁၂)နှစ်ကြာခဲ့တဲ့အချိန်အတွင်းမှာ သူ့ဘဝအတွက် အရေးကြီးတဲ့သူတွေရဲ့ အရေးကြီးတဲ့အချိန်တွေနဲ့လွဲချော်ခဲ့ရတဲ့အတွက် သူက မြေအောက်လောကရဲ့အရှုပ်အထွေးတွေထဲကို ထပ်ပြီးဝင်မပါချင်တော့ဘူး။အဲဒီအချိန်မှာပဲ ငယ်ရွယ်ပြီးကြမ်းတမ်းတဲ့မျောက်ကြီးလိုနာမည်ပြောင်ခေါ်တဲ့ လူငယ်တစ်ယောက်က ရှားအိုးရဲ့ငွေရှင်သားကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ ရှားအိုးက မျောက်ကြီးကိုရှင်းဖို့ကြိုးစားတယ်။ ဒီလိုနဲ့ ဂိုဏ်းနှစ်ခုကြား တိုက်ပွဲတွေဖြစ်လာတဲ့အခါ ရှားအိုးကိုထပ်ကယ်နိုင်မယ့်သူ အားရှန်းပဲရှိတော့တယ်။ ညီကိုအတွက် သွေးစွန်းတဲ့လမ်းကိုပြန်လျှောက်ဖို့ဖြစ်လာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Filesize : 1.89 GB / 784 MB Quality : WEB-DL 1080p HEVC , 720p Format : mkv / mp4 Genres : Action , Crime , Drama Runtime : 2h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Lost in Forest ( 2023 )

Gatao: The Last Stray (2021) 6.0
Gatao: The Last Stray (2021)  အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အချစ်အကြောင်းကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ အချစ်ဆိုတဲ့ထဲမှာ သမီးရည်းစားအချစ်တင်မကဘဲ သူငယ်ချင်းပေါင်းဖော်အချင်းချင်းချစ်တဲ့အချစ်ကိုပါ လှလှပပပုံဖော်ထားပြသထားတဲ့ ထိုင်ဝမ် ဇာတ်လမ်းကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်ဂန်းစတားဆိုတာမျိုးက ကိုယ်လုပ်ချင်လွန်းလို့ဖြစ်လာတာမဟုတ်ဘဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်သာဘဲဖြစ်လာရတာပါ အားချင်းဆိုတဲ့ကောင်လေးဟာလည်း တည်ငြိမ်တဲ့အိမ်တစ်ခု သာမန်ဘဝတစ်ခုကို တောင့်တနေတဲ့ ဂန်းစတားတစ်ယောက်ပေါ့ သူဟာ ရှောင်ချီဆိုတဲ့ ဓာတ်ပုံဆရာမလေးနဲ့တွေ့ပြီး သူ့စိတ်ကူးတွေ ဖြစ်လာခါနီးအချိန်မှာ သူတို့ အဖွဲ့က ဆေးကုန်ကူးမှုအရှုပ်အရှင်းတွေနဲ့ ဆက်နွယ်ပတ်သတ်လာပါတော့တယ် ဒီလိုအရှုပ်အထွေးတွေကြားထဲမှာ အားချင်းတစ်ယောက် သူ့ညီအစ်ကိုတွေနဲ့ သူချစ်ရတဲ့ ကောင်မလေးကို ဘယ်လိုကာကွယ်နိုင်ဖို့ ကြိုးစားမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါနော် ။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )Quality__1080p,720p,360p IMDb Rating__6.0/10 Format__mp4 Duration__02:05:00 Type__Crime , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie

Gatao: The Last Stray (2021)