Channel Myanmar

Jeffrey DeMunn

The X-Files (1998) 7.0
The X-Files (1998)  The X-Files (1998)IMDb Rating (7.0) / Rotten Tomatoes (66%) နာမည်ကျော်သိပ္ပံစိတ်ကူးယဉ်စီးရီး "The X-Files" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ The X-Files: Fight the Future ကိုညွှန်းပေးချင်ပါတယ်။FBI အေးဂျင့်နှစ်ဦးဖြစ်တဲ့ Fox Mulder နဲ့ Dana Scully တို့ဟာ Dallas မြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတစ်ခုကို စုံစမ်းစစ်ဆေးရာကနေ အစိုးရရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို သိခဲ့ရပါတော့တယ်။ ဒီလျှို့ဝှက်ချက်ဟာဆိုရင် ဂြိုဟ်သားတွေနဲ့ပါဆက်စပ်မှုရှိနေပြီး ကမ္ဘာမြေကိုခြိမ်းခြောက်နိုင်မယ့် အန္တရာယ်လည်းရှိနေပါတယ်။သူတို့နှစ်ယောက်အနေနဲ့ ဒါကိုဖော်ထုတ်နိုင်ဖို့ သက်စွန့်ဆံဖျားကြိုးစားကြပုံတွေကို သည်းထိတ်ရင်ဖိုခံစားနိုင်မှာဖြစ်ပါတယ်။ စီးရီးရဲ့ပရိတ်သတ်တွေဆိုရင်လည်း ဇာတ်ကြောင်းကဆက်စပ်နေတာကြောင့် ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုရင်မမှားပါဘူး။Sci-Fi thriller ရုပ်ရှင်တွေကြိုက်နှစ်သက်သူတွေဆိုရင်လည်း "The X-Files" ကိုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။)File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p ...
movie

The X-Files (1998)

1998
Marshall (2017) 7.3
Marshall (2017) Marshall (2017)~ IMDb - 7.3/10, Rotten Tomatoes - 80% ~အမေရိကန်ရဲ့ အထက်တရားရုံးမှာ လျှောက်လဲခွင့်ရတဲ့ ပထမဆုံးသော အမေရိကန် အာဖရိကန် လူမျိုး သားဂွတ်မာရှယ်ရဲ့အကြောင်းကို ပြန်လည်ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိပုံစံ ဒရာမာကားတစ်ကားပါ။ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ Chadwick Boseman ရဲ့ ကားကောင်းတစ်ကားပါပဲ။~ ဇာတ်လမ်းအညွှန်း ~အမေရိကန်မှာ လူဖြူဝါဒကြီးစိုးပြီး လူမည်းတွေဖိနှိပ်ခံရတဲ့အချိန် ဂရင်းဝစ်မြို့မှာ လူဖြူအမျိုးသမီးတစ်ဦး လူမည်းရဲ့ မုဒိန်းကျင့်ခံရတယ်လို့ စွပ်စွဲလိုက်တာကြောင့် တနိုင်ငံလုံးကလူမည်းအများစူတွေ အလုပ်ဖြုတ်ခံရတာကို ဖြေရှင်းဖို့ သားဂွတ်တစ်ယောက် လူမည်းဘက်က ထုပဖို့ သူငယ်ချင်းဆမ်နဲ့အတူ ကြိုးစားခဲ့ပါတယ်။သူကိုယ်တိုင်တာဝန်ယူဖို့ ကြိုးစားထားပေမဲ့ တကယ်တမ်း တရားရုံးက သူငယ်ချင်းဆမ်ကို အမှုစစ်ခိုင်းတဲ့အခါ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ... ဘယ်လိုကြိုးစားခဲ့ရလဲ... ဆိုတာတွေကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းတစ်ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.45GB, 680MB Quality ...
movie

Marshall (2017)

2017
The Majestic (2001) 6.9
The Majestic (2001) The Majestic (2001)~ IMDb - 6.9/10, Rotten Tomatoes - 42% ~ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ "ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်" လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ...
movie

The Majestic (2001)

2001
The Mist (2007) 7.2
The Mist (2007) ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့်တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ်နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့The Mist ဆိုတဲ့ ရုပ်ရှင်ကားပါဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါစောင်ကို ကွေးနေအောင် ခြုံပါ(FA ဆိုရင်ပေါ့) :Pကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ...တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်းဝင်ရောက် တိုက်ခက်တဲ့ အချိန်ရေကန်ငယ်လေး ရဲ့ နံဘေးကပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကိုသစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ်မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစုနိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာမြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီးအပျက်အစီးတွေကို ရှင်းလင်းကြရပါတယ်သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက်အစားအသောက်က အရေးကြီးတာကြောင့်အိမ်နီးချင်း ...
movie

The Mist (2007)

2007
The Shawshank Redemption (1994) 9.3
The Shawshank Redemption (1994) The Shawshank Redemption (1994)91% Rotten Tomatoes9.3/10 IMDbမိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ.....မသေခင်ကြည့်သင့်သော ကားများ....ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ...
movie

The Shawshank Redemption (1994)

1994
4K HEVC