Channel Myanmar

'Jeeva' Ravi

Asthram (2025) 7.0
Asthram (2025) Asthram (2025) "အဆုံးစီရင်မှုများရဲ့နောက်ကွယ်..."ထူးခြားဆန်းကြယ်ကိစ္စတွေကို စိတ်၀င်စားတဲ့ ပရိသတ်ကြီးအတွက် လျှို့ဝှက်ဆန်းကြယ်မှုတွေအပြည့်နဲ့ တမီလ်စကားပြော သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အင်စပက်တာအာကီလန်ဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအကြောင်း စုံစမ်းရင်းနဲ့ ထူးခြားချက်တွေ တွေ့ရှိခဲ့ရပါတယ်။ပထမဆုံးအချက်ကတော့တော့ အဲဒီလို သမားရိုးကျမဟုတ်တဲ့ အဆုံးစီရင်မှုမျိုးတွေဟာ နေရာအနှံ့အပြားမှာ တစ်ပုံစံတည်းဖြစ်ခဲ့ကြတာပါ။ နေရာနဲ့အချိန်သာ ကွဲပြားပေမဲ့ လုပ်နည်းလုပ်ဟန်ချင်း အတူတူပါပဲ။ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုတွေ ဖြစ်တာကြောင့် ဘယ်သူကမှ သေချာမစစ်ဆေးခဲ့ပေမဲ့ အာကီလန်ကတော့ အမှုရဲ့ထူးခြားဆန်းကြယ်မှုတွေကြောင့် ရေဆုံးမြေဆုံး စုံစမ်းဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ ဆက်တိုက်ဖြစ်နေတဲ့ အဆုံးစီရင်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လို‌ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေရှိနေမလဲ၊အဲဒီအဆုံးစီရင်မှုတွေဟာ သမားရိုးကျဖြစ်ရပ်လား၊ ကျိန်စာလိုလို သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်နေမှာလား၊အာကီလန်ကရော အမှုလိုက်ရင်း ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ZweYan~Star တို့ ဖြစ်ပါတယ်။) File size… 1.2 GB/ 600 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 52min Subtitle….Myanmar Subtitle ...
movie

Asthram (2025)

Ten Hours (2025) 7.0
Ten Hours (2025) Ten Hours (2025) ဆယ်နာရီကြာအကန့်အသတ်IMDb 8.0/10တစ်ချိုသောသူတွေက ရိုးစင်းလွန်းတယ်လိုခံစားရပြီး အခြေကျတာထက် စိတ်လှုပ်ရှားစေတဲ့အလုပ်ကိုပဲ လုပ်လိုကြပါတယ်ကတ်စ်ထရိုဆိုတဲ့ရဲကလည်း အဲဒီလိုလူမျိုးပါသူက ခက်ခဲတဲ့အမှုများစွာကို ဖြေရှင်းနိုင်ခဲ့ပါတယ် ဒါပေမဲ့ သူ့လုပ်သက်တစ်လျှောက်မှာ စိန်ခေါ်မှုအရှိဆုံးပါလို သူခံစားရစေတဲ့ ဆယ်နာရီကြာဖြေရှင်းရတဲ့ အမှုတစ်ခုတော့ရှိခဲ့ပါတယ်တဲ့တစ်ညမှာသူ့ဆီ မိဘနှစ်ဦးရောက်လာပါတယ် သူတိုသမီးလေးဟာ ပုံမှန်ပြန်ရောက်ရမယ့်အချိန်ကို အိမ်ပြန်မရောက်လာ‌သေးသလိုသင်တန်းကို မေးကြည့်တော့လည်း မရောက်လာဘူး ပြောတဲ့အတွက် လူပျောက်တိုင်ချက်လာဖွင့်တာပါ ဒီလိုနဲ့သူလည်း ကောင်မလေးသင်တန်းရှိရာဆီ မေးမြန်းစုံစမ်းဖို ထွက်လာပါတော့တယ်အဲဒီနောက်မှာတော့ ညတွင်းချင်းသွားတဲ့ခရီးပေါ်က ဘက်စ်ကားမှာ လူသတ်မှုတစ်ခုဖြစ်သွားပါ‌တယ်ကတ်စ်ထရိုကတော့ ဒီအမှုနှစ်ခုဟာ ဆက်စပ်မှုရှိတယ်လို ကောက်ချက်ချမိပြီး ဘက်စ်ပေါ်က ခရီးသည်တိုင်းကို သူကိုယ်တိုင်သေချာ မေးမြန်းဖော်ထုတ်ပါတော့တယ်ဒီတော့မှသိရတာက ဘက်စ်ပေါ်ကခရီးသည်တိုင်း နောက်ကွယ်မှာ လျှိဝှက်ချက်ကိုယ်စီ ရှိနေတာပါဒီလိုနဲ့ ခရီးသည်တွေ လူစုမကွဲခင် သက်သေတွေမပျောက်ဆုံးခင် ကျန်ရှိတဲ့ခရီးစဉ်ကြာချိန်ဖြစ်တဲ့ ဆယ်နာရီပဲ ကတ်စ်ထရိုမှာ အချိန်ရပါတော့တယ် ခရီးသည်တွေတိုင်းဟာ လူသတ်သမားဖြစ်နေနိုင်တဲ့အ‌ခြေအနေနဲ့ ကတ်စ်ထရိုရဲ့ အမှုကိုင်တွယ်ဖြေရှင်းမှု ပြောင်‌မြောက်လွန်းပုံကို ဒီသည်းထိတ်ရင်ဖို ဒရမ်မာလေးမှာ ကြည့်ရှုအားပေး အဖြေထုတ်ကြည့်ကြရအောင်ပါ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…1.6 ...
movie

Ten Hours (2025)

Varunan God Of Water (2025) 6.8
Varunan God Of Water (2025) Varunan (2025) "ရေပဋိပက္ခ"ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် တမီလ်စကားပြော အက်ရှင်-ဒရာမာ ဇာတ်လမ်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ရေရှားပါးမှုပြဿနာကို အခြေခံထားပြီး ဂိုဏ်းနှစ်ဂိုဏ်းကြားကပဋိပက္ခတွေကို လူတွေရဲ့ဖြစ်တတ်တဲ့သဘောသဘာ၀နဲ့ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအရ အိန္ဒိယနိုင်ငံက နယ်တစ်နယ်မှာ ရေသန့်ပို့တဲ့လုပ်ငန်းကို ထိန်းချုပ်ထားတဲ့သူနှစ်ဦးရှိပါတယ်။သူတို့ချင်းနားလည်မှုယူပြီး ကိုယ့်ပိုင်နက်နဲ့ကိုယ် နှစ်ပေါင်းများစွာလုပ်ကိုင်လာကြပေမဲ့ တကယ်တမ်း အလုပ်သမားတွေကြားမှာတော့ ပဋိပက္ခလေးတွေ၊ ရန်စောင်မှုလေးတွေတော့ ရှိပါတယ်။အဲဒီလိုနဲ့ သူတို့အဖွဲ့နှစ်ဖွဲ့ကြား ဘယ်လိုပြဿနာတွေရှိလာမလဲ၊ ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာကို အချစ်၊ ဟာသ၊ အက်ရှင်နဲ့ ဒရာမာရောနှောပြီး ရသစုံအောင် ကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~ToMo~Star နဲ့ Yunni တို့ ဖြစ်ပါတယ်။) File size…2 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cym~Alex~ToMo~Star~Yunni
movie

Varunan God Of Water (2025)

Vidaamuyarchi (2025) 7.8
Vidaamuyarchi (2025) VidaaMuyarchi 2025 ထာဝရအဆုံးထိIMDb 7.8/10အက်ရှင်နဲ့အချစ်၊ အလွမ်း နှစ်မျိုးလုံးကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကာယယ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ခရီးထွက်လာချိန် အားလပ်ရက်ဆိုတော့ သူငယ်ချင်းတွေနဲ့ ခရီးထွက်လာတဲ့ အာဂျွန်ဆိုတဲ့ကောင်လေးနဲ့ဆုံခဲ့ပါတယ်။ ခရီးမှာလည်း နှစ်ယောက်သားအတူလည်ပတ်ပျော်ရွှင်ခဲ့တဲ့အပြင် ဖုန်းနံပါတ်တွေပါလဲခဲ့ကြပါတယ်။ အဲဒီအချိန်ကစလို့ စာတွေပို့ရင်း အဆက်အသွယ်မပြတ်ခဲ့ကြဘူးပေါ့။အတူရှိလာကြရင်း နှစ်လအကြာမှာ အာဂျွန်က လက်ထပ်ခွင့်တောင်းလို့ စေ့စပ်ခဲ့ကြပြီး သုံးနှစ်အကြာမှာသူတို့နှစ်ဦး ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အားလုံးက အားကျရတဲ့စုံတွဲအဖြစ် ပျော်ရွှင်စွာနေထိုင်လာခဲ့တာပါ။ ကာယယ် ကိုယ်ဝန်ဆောင်ချိန်မှာလည်း မွေးလာမယ့်ကလေးကို တွေးဆချစ်လို့ ပျော်နေခဲ့ကြပါတယ်။သူတို့ရဲ့ ပျော်ရွှင်နေတဲ့ဘဝထဲ ရောက်လာတဲ့မုန်တိုင်းကတော့ ကာယယ် ကိုယ်ဝန်ပျက်ကျသွားခြင်းရယ်ပါ။ နောင်လည်း ကိုယ်ဝန်ဆောင်နိုင်ဖို့မသေချာတော့‌ကြောင်း ဆရာဝန်ကပြောလိုက်တဲ့အချိန်ကစလို့ သူတို့အိမ်ထောင်ရေးဟာ ဟိုကြောင့်ဒီကြောင့်နဲ့ အဖုအထစ်လေးတွေ စတင်လာခဲ့ပါပြီ။ကိုးနှစ်အကြာမှာတော့ ကာယယ်က သူ ကောင်လေး‌တစ်ယောက်တွေ့နေပြီဖြစ်ကြောင်း၊ အာဂျွန်ကလည်း သူတို့အိမ်ထောင်ရေးကို ပြင်ဆင်ဖို့ကြိုးစားနေတာသိပေမဲ့ သူကွာရှင်းလိုကြောင်း၊ မိဘအိမ်ပြန်နေမယ့်အကြောင်း ဖွင့်ဟပြောပြလာပါတော့တယ်။ အာဂျွန်က သူ့ရဲ့ရိုးသားမှုကိုအသိအမှတ်ပြုလို့ သူ့မိဘအိမ်ပြန်တဲ့လမ်းခရီးကို သူတို့ရဲ့နောက်ဆုံးခရီးစဉ်လို့သတ်မှတ်ပြီး အတူသွားကြရအောင်ဆိုပြီး သူလိုက်ပို့လေရဲ့။လမ်းမှာသူတို့ကားကိုလိုက်နှောင့်ယှက်တဲ့ အမူးသမားလူငယ်အုပ်စုနဲ့တွေ့လာရချိန်မှာတော့......၁၂ နှစ်ကြာ အတူရှိခဲ့တဲ့ သူတို့ရဲ့ချစ်ခရီးလမ်းဟာ ဒီလိုပဲအဆုံးသတ်သွားရမှာလား၊ လမ်းကလူတွေက သူတို့ကိုဘာလို့ နှောင့်ယှက်ရတာလဲ၊ သူတို့နှစ်ဦးကြားတကယ်ပဲဘာတွေဖြစ်တာလဲဆိုတာ ကြည့်ရှုအဖြေရှာကြည့်ကြရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ...
movie

Vidaamuyarchi (2025)

4K HEVC
Sattam En Kaiyil (2024) 7.8
Sattam En Kaiyil (2024) Sattam En Kaiyil (2024) "တရားမျှတမှု"အသစ်ထွက်ရှိလာတဲ့ တမီးလ် မှုခင်းသည်းထိပ်ရင်ဖို ရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်ရဲစခန်းတစ်ခုမှာ ဘာရှာဆိုတဲ့ နိုင်ထက်စီးနင်းရဲတစ်ယောက်ရှိတယ် ရိုက်နှက်ဖို့ခိုင်းရတဲ့ ယုတ်မာရိုင်းစိုင်းတဲ့လူ စကားထစ်တဲ့ ဂိုသန်ဆိုသူက ညဘက်စိတ်ဂနာမငြိမ်ကားမောင်းလာပြီး အက်ဆီးဒင့်ဖြစ်ရာမှာ ဒီအမှုကိုရှောင်လွှဲဖို့ အရက်သောက်ကားမောင်းအမှုနဲ့ အဖမ်းခံရအောင် လုပ်တယ်ဘာရှာဆိုတဲ့ရဲကို ပါးရိုက်လိုက်မိလို့ ဘာရှာက သူ့ကိုဒေါသထွက်ပြီး စခန်းကိုခေါ်လာကာ အငြိုးတေးထားတဲ့အချိန် အနီးဝန်းကျင်မှာ မိန်းကလေးတစ်ယောက် ဆိုးဆိုးရွားရွားအသတ်ခံရတဲ့ အလောင်းတစ်လောင်းပေါ်လာရာမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဘယ်လိုတစ်ခုနဲ့တစ်ခု ဆက်စပ်နေမှာလဲ အိန္ဒိယရဲတွေရဲ့ အကျင့်ပျက်ခြစားမှု၊ တရားမျှတမှုစတဲ့ ရှုထောင့်အလီလီကို ပြထားတဲ့ရုပ်ရှင်လေးမှာ ဆက်လက်ခံစားကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ ~ Yunni ~ Bluri မှ ဖြစ်ပါတယ် File size… 1.65 GB / 851 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ KKKZ ~ Yunni ...
movie

Sattam En Kaiyil (2024)

Andhaghaaram (2020) 7.5
Andhaghaaram (2020) Andhaghaaram (2020) စိတ်ရဲ့အရိပ်ဒီတစ်ခါအလှည့်ကျတာကတော့ IMDb 7.5 ရရှိထားတဲ့ Andhaghaaram ဆိုတဲ့ တမီးလ်စကားပြော Horror , Mystery ဇာတ်ကားပဲဖြစ်ပါတယ်။ဒီကားဟာဆိုရင် Netflix မှာ ထုတ်လွှင့်ခဲ့ကတည်းက ထူးခြားတဲ့ဇာတ်လမ်းသွားနဲ့ စိတ်ခြောက်ခြားစရာခံစားချက်ကို ပေးနိုင်တဲ့အတွက် မှတ်ချက်ကောင်းတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ဇာတ်ကားအစမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အစပ်မရှိတဲ့ အမျိုးသား သုံးယောက်နဲ့ သူတို့ဘဝရဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေကို ပုံဖော်ထားပါတယ်။ပထမလူကတော့ နိုင်ငံ၏ အကျော်ကြားဆုံး စိတ်ရောဂါကု ဆရာဝန် ဒေါက်တာအင်ဒရန်ဖြစ်ပြီး စိတ္တဇလူနာတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် မိသားစုတစ်ခုလုံး အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့ပြီး အသံရော အလုပ်ကိုပါ ဆုံးရှုံးခဲ့ရသူပါ။ဒုတိယလူက ဆယ်လ်ဗန်ဖြစ်ပြီး စာကြည့်တိုက်မှာအလုပ်လုပ်နေတဲ့ ရိုးသားကြိုးစားတဲ့ မျက်မမြင်လေးတစ်ယောက်ဖြစ်ပါတယ်။တတိယတစ်ယောက်ကတော့ အသစ်တပ်ဆင်ထားတဲ့ဖုန်းကတဆင့် လျှို့ဝှက်ဆန်းကြယ်တဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံရရှိနေတဲ့ ဗင်နို့ဒ်ပဲဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ရည်းစားကိုရင်ဖွင့်ပေမယ့် ရူးကြောင်ကြောင်ဖြစ်နေတယ်လို့ ထင်မှတ်ခံနေရသူပါ။အဲဒီအမျိုးသားသုံးယောက်ဟာ ဘယ်အချိန်မှာ ဘယ်လိုပတ်သက်ဆက်နွယ်လာမလဲဆိုတာ တဖြည်းဖြည်းချင်းပုံဖော်ရိုက်ကူးထားပြီး စိတ်ဝင်တစားနဲ့ အဆုံးထိ ဆွဲခေါ်သွားနိုင်မယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ Slow burn type ဖြစ်ပေမယ့် ထူးခြားကောင်းမွန်တဲ့တင်ဆက်မှုနဲ့ မထင်ထားတဲ့လှည့်ကွက်တွေပါဝင်တာကြောင့် သင့်အတွက် အချိန်ကုန်လို့ကုန်သွားမှန်းတောင်မသိဘဲဖြစ်သွားမှာပါ။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် ) File size… 2.1 GB ...
movie

Andhaghaaram (2020)

3 (2012) 7.4
3 (2012) 3 Three (2012) အချစ်ရူးလေးရမ် IMDb - 7.4/10Vaathiလို ဒရာမာပဲလာလာ Maariလိုခပ်ကြမ်းကြမ်းဇာတ်ရုပ်ပဲလာလာ သရုပ်ဆောင်ချက်ပိုင်နိုင်လွန်းတဲ့ တစ်ကားဆိုရင် တစ်ကားဆိုသလောက်‌ ပရိသတ်ရင်ထဲ‌ရောက်တဲ့ မင်းသားကြီးဒနွတ်ရှ်နဲ့ Salaarထဲက ဒိတ်ဒိတ်ကြဲမင်းသမီးချောလေး ရှရူတီဟာဆန်ရဲ့ မာစတာပိစ်တစ်ကားဖြစ်တဲ့ Three (2012)ကို စီအမ်ချစ်သူ‌တို့ တောင်းဆိုနေတဲ့အတိုင်း တင်ဆက်ပေးလိုက်ပါပြီ။ဒီတစ်ခါမှာတော့ ဆယ်ကျော်သက်အရွယ် အချစ်ဇာတ်လမ်းလေးကို ထူးဆန်းထွေလာဇာတ်ကြောင်းလေးပါဝင်တဲ့ အချစ်ဒရာမာ ဇာတ်လမ်းဟောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ရမ်လို့ခေါ်တဲ့ ၁၂တန်းအရွယ်ကျောင်းသားလေးဟာ တစ်ရက်ကျောင်းကိုသွားရင်း မိုးရွာနေတဲ့လမ်းမပေါ်မှာ စက်ဘီးချိန်းကျပြီး ဒုက္ခရောက်နေတဲ့ ဂျာနန်နီကိုမြင်လို့ ဝင်ရောက်ကူညီပေးရင်း ချစ်မိသွားပါတော့တယ်။အချစ်နဲ့တွေ့ရင် အရာရာကို ကြိုးစားချင်တယ်ဆိုတဲ့စိတ်တွေနဲ့ အရင်က စာကို အာရုံမစိုက်ခဲ့တဲ့ ရမ်တစ်ယောက် ချစ်ရသူကိုမြင်ခွင့်ရဖို့အတွက်နဲ့ ဂျာနန်နီတက်တဲ့ ကျူရှင်ကိုလိုက်တတ်ရင်း စာတွေကြိုးစားခဲ့တဲ့အထိပါပဲ။ ဒီလိုနဲ့ ကြိုးစားလာလိုက်တာ ဂျာနန်နီရဲ့အချစ်ကို ရရှိခဲ့ပြီး အသက်အရွယ်ရလာတဲ့အခါမှာတော့ လက်ထပ်လိုက်ကြပြီး ဘဝတစ်ခုကိုထူထောင်ခဲ့ကြပါတယ်။အိမ်ထောင်တစ်ခုကို တည်ထောင်ပြီဆိုရင် ဖြစ်တတ်ကြတဲ့ထုံးစံအတိုင်းပဲ ပြဿနာသေးသေးလေးတွေကနေ ကြီးထွားလာခဲ့ပါတော့တယ်။ လက်ထပ်ခါစ စုံတွဲလေးဖြစ်ပေမယ့် နားလည်မှုလွဲတဲ့ကိစ္စတွေ အခက်အခဲတွေကို ရင်ဆိုင်လာရင်း တစ်ရက်မှာ မထင်မှတ်ထားပဲ ရမ်ဖြစ်သူဟာ သတ်သေသွားတဲ့ အခါမှာတော့ .....ရမ်ဘာကြောင့် သတ်သေရလည်းဆိုတာကို ဂျာနန်နီတစ်ယောက် စုံစမ်းကြည့်တဲ့အခါမှာ ဘယ်လိုထူးဆန်းထွေလာကိစ္စတွေ ...
movie

3 (2012)

2012
Kaththi (2014) 8.1
Kaththi (2014) Kaththi (2014) "ဓား" ================IMDb 8.1/10 ဗီဂျေးရဲ့ ကားဟောင်း၊ ကားကောင်း ခပ်မိုက်မိုက် နှစ်ကိုယ်ခွဲရုပ်ရှင်လေးတစ်ခုကို ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်လမ်းသွား တော်တော်လေးမိုက်တာကြောင့် remake ဆရာကြီး အက်ရှေးကူးမားကတောင် ပြန်ပြီး remake လုပ်မယ်လို့ သတင်းတွေထွက်ဖူးခဲ့တဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ဇာတ်လိုက်ဖြစ်သူ ကာသီဟာ ထောင်ကို ၁၈ ကြိမ်ဖောက်ဖူးတဲ့၊ ရဲတွေကတောင် ထောင်ဖောက်တဲ့သူတွေကို ဖမ်းဖို့အတွက် တဖန်ပြန်ပြီး အကူအညီတောင်းရတဲ့ ထောင်မင်းသားတစ်ယောက်ပါ။တစ်ခါမှာတော့ အဲဒီလိုပဲ ထောင်ဖောက်ပြေးရင်း သူ့ရှေ့မှာ ပစ်ခတ်မှုတစ်ခုဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီပစ်ခတ်မှုမှာ ဒဏ်ရာရသွားတဲ့သူက သူနဲ့ ရုပ်တထေရာတည်းတူနေတဲ့ ဗီရာဆိုတဲ့သူဖြစ်နေတာကြောင့် အဲဒီ ဗီရာအယောင်ဆောင်ပြီး ရဲတွေမမိအောင်ရှောင်နေရင်း ထောင်မင်းသားဘဝကနေ နင်းပြားတွေရဲ့သူရဲကောင်း ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။အက်ရှေးကူးမားကတောင် remake လုပ်ဖို့ ကြိုးစားဖူးတဲ့ထိ တော်တော်မိုက်တဲ့ရုပ်ရှင်လေးဖြစ်လို့ စီအမ်ပရိသတ်တွေအတွက် CM Bollywood Team ကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Kaththi (2014)

2014
Soorpanagai{Nene Naa} (2023) 7.3
Soorpanagai{Nene Naa} (2023) Nene Naa (2023) IMDb - 7.3/10 ဒီဇာတ်ကားမှာတော့ အခြားစုံထောက်ကားတွေနဲ့ မတူဘဲ ရှေးဟောင်းသုတေသနဌာနနဲ့ ရဲတွေပေါင်းပြီးတော့ အမှုလိုက်ကြတဲ့ ကားလေးဖြစ်ပါတယ်ဇာတ်လမ်းရဲ့အစမှာတော့ နိုင်ငံခြားသားတစ်ယောက်ဟာ တောထဲကို လေ့လာရေးလာရင်းနဲ့ မြေကြီးထဲကို ဆွဲနှစ်ခံလိုက်ရပါတယ်။ အဲဒီလိုဖြစ်တဲ့နေရာမှာ သွေးကွက်တွေကို တွေ့လိုက်ရတဲ့ ရိန်းဂျားရာဂျီက ရဲတွေကို အကြောင်းကြားလိုက်တဲ့အခါမှာ ဒီအမှုကို လိုက်ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ မြေကြီးကို စစ်ဆေးပေးဖို့အတွက် ရှေးဟောင်းသုတေသနဌာနကို အကူအညီတောင်းတဲ့အခါမှာတော့ ဒီဗီရာတစ်ယောက် ရဲတွေကို ကူညီပေးဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ ဒီဗီရာတစ်ယောက် မြေကြီးကို စစ်ဆေးဖို့အတွက် မြေကို တူးခိုင်းလိုက်တဲ့အခါမှာတော့ လွန်ခဲ့တဲ့ လေးရက်လောက်ကမှ သေဆုံးသွားခဲ့ရတဲ့ နိုင်ငံခြားသားက အရိုးခြောက်ဖြစ်နေခဲ့ပါပြီ။ ဘာလို့ ဒီလိုအရိုးခြောက်ဖြစ်သွားရတာလဲ …..ဒီအကြောင်းကို စစ်ဆေးရင်း အတိတ်ကအကြောင်းတွေနဲ့ ဆက်စပ်ပြီး ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Aditi~Cherry~Moon~Alex~ToMo တို့ပဲဖြစ်ပါတယ်) File size…2.6GB / 1.25GB Quality…1080p WEB DL /720p Format…mp4 Duration…2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Soorpanagai{Nene Naa} (2023)

2023
Anel Meley Pani Thuli (2022) 6.9
Anel Meley Pani Thuli (2022) Anel Meley Panithuli 2023 IMDb-6.9/10 အဓိကဇာတ်လိုက်ကျော် မာသီဆိုတဲ့မိန်းက‌လေးဟာ အားကစားပစ္စည်းဆိုင်ကြီးတစ်ခုရဲ့ လက်ထောက်မန်‌‌နေဂျာရာထူးနဲ့ အလုပ်လုပ်နေတဲ့ ရိုးသား ဖြောင့်မှန်တဲ့ဝန်ထမ်းတစ်‌ယောက်ပါသူ(မ)ဟာ အတူတူအလုပ်လုပ်နေတဲ့ စီနီယာဝန်ထမ်းတွေအပေါ် လေးစားရိုသေသလို အောက်လက်ငယ်သား ဂျူနီယာဝန်ထမ်းတွေအပေါ်မှာလည်း ဖေးမကူညီပေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်‌ယောက်ဆိုလည်း မမှားပါဘူး။တစ်ရက် သူ့လက်အောက်က ဝန်ထမ်းကောင်မလေးရဲ့ချစ်သူဟောင်းက လိုက်နှောင့်ယှက်နေလို့ သူ(မ)က ကြားဝင်‌ဖြေရှင်းပေးလိုက်တဲ့အခါအဲဒီကောင်လေးက မာသီ့ကို အခဲမကျေဖြစ်သွားခဲ့တယ် ။တစ်ခါ ဆိုင်ကဝန်ထမ်းကောင်လေးက သူငယ်ချင်းဖြစ်သူနဲ့ပူးပေါင်းပြီး ပစ္စည်းခိုးတာကို မာသီသိသွား‌တော့ အလုပ်ထွက်ခိုင်းလိုက်ပါတယ်။ အဲဒီလိုနဲ့ မာသီဟာ မရည်ရွယ်ဘဲနဲ့ လူနှစ်ယောက်ဆီက မကျေနပ်ချက်ရန်ငြိုးတွေ ရရှိခဲ့ရပါတယ်။တစ်ရက် အဲဒီဝန်ထမ်းကောင်မလေးရဲ့ မင်္ဂလာဆောင်ပွဲလုပ်တဲ့ ကျေးရွာလေးကိုသွားရင်းမာသီတစ်ယောက်မသမာတဲ့လူယုတ်မာသုံးယောက်ဆီက မတော်မတရားပြုကျင့်ခြင်း ခံလိုက်ရပါတယ်။ ဖြစ်သမျှကုန်စင်ကို ရဲစခန်းသွားတိုင်ပြီး သူထင်ကြေးပေးတဲ့သူတွေကို ရဲကဖမ်းဆီးစစ်ဆေးကြည့်တဲ့အခါ....တရားခံတွေက သူထင်ထားတဲ့ သူတွေမဟုတ်ဘဲ မထင်မှတ်ထားတဲ့သူတွေဖြစ်နေတာကိုသိလိုက်ရပါတယ်။ နောက်သုံးလနေရင် ချစ်တဲ့သူနဲ့လက်ထပ်ပြီး အားကစားဆိုင်က လက်ထောက်မန်နေဂျာ ဝန်ထမ်းဘဝနဲ့ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားတဲ့ မာသီတစ်ယောက် ကြုံလာရတဲ့ လောကဓံဆိုးတွေကို ဘယ်လို ကျော်လွှားအံတုပြီးနေသွားမလဲ ဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုခံစားပေးလိုက်ကြပါဦး...(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH ~ BpL ~ ToMo ~ ...
movie

Anel Meley Pani Thuli (2022)

2023
Infinity (2023) 8.1
Infinity (2023) Infinity ( 2023 ) ============== IMDb 8.7/10အိန္ဒိယမှုခင်းရုပ်ရှင် ပရိသတ်တွေအတွက် ဒီနှစ်ထဲမှာ မှုခင်းဇာတ်လမ်းကောင်းတွေ အများကြီးထွက်ရှိခဲ့ပြီး အခုလည်း နောက်ထပ် တမီလ်မှုခင်းရုပ်ရှင်တစ်ခု ထပ်မံထွက်ရှိလာပြန်ပါပြီ။ချန်နိုင်းမြို့ကြီးမှာ တစ်ညတည်းနဲ့ လူသဝာ်မှုနှစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲဒီလူသဝာ်မှုနှစ်ခုမှာ သေဆုံးသူတွေက ရဲအရာရှိတစ်ယောက်နဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်နေပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဘာသဲလွန်စမှရှာမရတဲ့အတွက် CBI လို့ခေါ်တဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့ကြီးဆီကို အဲဒီအမှုလွှဲပေးလိုက်ရပါတယ်။ အကွက်ကျကျ ကစားကွက်တွေရွှေ့နေတဲ့ လူသဝာ်သမားကို CBI က စုံထောက်ကြီး အက်ဗီက ဖမ်းမိမလားဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်ဆိုသူတွေကတော့ Yunni, V နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။ ) File size…1.7GB / 960MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ V~ Zwe Yan
movie

Infinity (2023)

2023