Channel Myanmar

Jason Watkins

Wicked Little Letters (2024) 7.0
Wicked Little Letters (2024)   Wicked Little Letters (2024)IMDb Rating (7.0) / Rotten Tomatoes (80%) အော်စကာဆုရမင်းသမီးကြီး တစ်ဦးဖြစ်တဲ့ Olivia Colman ကတော့ ဇာတ်ကားသစ်တစ်ကားမှာ ဇာတ်ဆောင်နေရာကနေ ထပ်မံဦးဆောင်ခဲ့ပါပြီ။ဒီဇာတ်ကားဟာဆိုရင် ထွက်ရှိချိန်ကတည်းက rating ကောင်းများစွာကို ရရှိခဲ့ပြီး ဒီကနေ့မှာဆိုရင်တော့ IMDB 7.0 နဲ့ Tomato Meter 80% အထိရရှိထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းနောက်ခံကိတော့ ဗြိတိသျှကားတွေရဲ့ ထုံးစံအတိုင်း စစ်ပွဲအပြီး ပြန်လည်ထူထောင်ရေးကာလကို နောက်ခံသရုပ်ဖော်ထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းဟာဆိုရင်တော့ comedy, dark comedy, drama, crime အစရှိတဲ့ category အထိ ဇာတ်အိမ်ကျယ်ပြန့်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းနောက်ခံအီဒစ်စွမ်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး ဘာသာရေးအရမ်းကိုင်းရှိုင်းသူဖြစ်ပါတယ်။သမ္မာသမတ်ကျလွန်းတဲ့သူဟာ ဘယ်လို အခက်အခဲပြဿနာတွေပဲရှိရှိ သမ္မာကျမ်းစာအတိုင်း မေတ္တာတရားအပြည့်နဲ့ ပြန်လည်တုံ့ပြန်တတ်သူဖြစ်ပါတယ်။ဒါပေမဲ့ တစ်နေ့မှာ အိုင်ယာလန်ကနေ သမီးငယ်တစ်ယောက်နဲ့အတူ ...
movie

Wicked Little Letters (2024)

2024
Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004