Channel Myanmar

Jason Segel

I Love You, Man (2009) 7
I Love You, Man (2009) I Love You, Man (2009)~ IMDb - 7/10, Rotten Tomatoes - 83% ~ကျွန်တော်တို့ ယောက်ျားလေးတွေတိုင်းမှာ ဆိုးတူကောင်းဖက် ဘော်ဒါ တွေဆိုတာ ရှိတတ်ကြပါတယ်။ ကိုယ် ဘာကောင်ကြီးပဲဖြစ်နေနေ ကိုယ့်ကို အခင်အမင်မပျက်မယ့် "သားကြီး" တွေပေါ့ဗျာ။ဒီဇာတ်ကားလေးထဲမှာတော့ မင်းသားကြီး Paul Rudd က ကောင်မလေး မျက်နှာတစ်ချက် မညှိုးရအောင် လိုလေသေးမရှိထားတဲ့ Boyfriend Material ကြီး၊ မိန်းကလေးတိုင်းက ခင်မင်ရတဲ့ နားလည်တတ်သူကြီး ပီတာ အဖြစ် သရုပ်ဆောင်ထားပါတယ်။မကြာခင် ဇနီးလောင်းလေး ဇိုဝီနဲ့ လက်ထပ်ရတော့မှာမို့ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမဲ့ ပီတာမှာ အရေးကြီးဆုံးဖြစ်တဲ့ သတို့သားအရံ လုပ်ပေးမဲ့ အခင်ရဆုံး ယောက်ျားလေး သူငယ်ချင်း မရှိဘူး ဖြစ်နေပါတယ်။ ဒီတော့ လူရိုးလူဖြောင့်ကြီး ...
movie

I Love You, Man (2009)

2009
Tenacious D in The Pick of Destiny (2006) 6.8
Tenacious D in The Pick of Destiny (2006) Tenacious D In the Pick of Destiny (2006) Genre - Comedy, Adventure, Music IMDB - 6.8/10မင်းသားကြီး ဂျက်ဘလက်ခ်ဆိုတာနဲ့ ကွန်ဖူးပန်ဒါကိုပြေးမြင်ကြမယ်ထင်ပါတယ် နောက်ပြီး သူရိုက်ထားတဲ့တခြားဟာသကားတွေကလည်း နာမည်ကြီးပါပဲSchool of Rock တို့ Jumaji တို့ Goosebump တို့ စသဖြင့် အများကြီး ရှိပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် မင်းသား ဂျက်ဘလက်ခ်ကတကယ်သီချင်းဆိုပါတယ် လက်တွေ့လောကမှာလည်းဒီရုပ်ရှင်နာမည်အတိုင်း Tenacious D ဆိုပြီး Rock အဖွဲ့လေးထောင်ထားတာပါနောက်အဖွဲ့ဝင်တစ်ယောက်က ဒီရုပ်ရှင်ထဲမှာပါတဲ့သရုပ်ဆောင် ကိုင်းဂတ်စ်ပါပဲနောက်ပြီး သူတို့ဟာ သီချင်းတွေဆိုလည်းကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်တီးတွေပါ။ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သာမန်မြို့ငယ်လေးမှာဘာသာတရာကိုင်းရှိုင်းကြတဲ့ မိသားစုလေးရှိပါတယ်ဒီမိသားစုလေးထဲက JB ဆိုတဲ့ ဖက်တီးလေးကတော့မိရိုးဖလာကို ဆန့်ကျင်ပြီး အင်မတန်မှ Rock ဂီတကို ကြိုက်တာပေါ့အဲဒါကြောင့် သူနေထိုင်ရာပတ်ဝန်းကျင်က Rocker တစ်ယောက်မဖြစ်နိုင်တဲ့အတွက် Rock ဆရာကြီး အဆိုတော် ...
movie

Tenacious D in The Pick of Destiny (2006)

Forgetting Sarah Marshall (2008) 7.1
Forgetting Sarah Marshall (2008) Forgetting Sarah Marshall (2008)~ IMDb - 7.1/10, Rotten Tomatoes - 83% ~ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့... လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ဒီအတိုင်းပါပဲ "ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း" ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါ​တော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ ...
movie

Forgetting Sarah Marshall (2008)

2008
Our Friend (2021) 7.3
Our Friend (2021) Our Friend (2021)******************(IMDb 7.3 )ဇတ်လမ်းအညွှန်း============ဘဝမှာ လူတစ်ယောက်တိုင်းဆီက လူပေါင်းစုံနဲ့ ကြုံဖူးကျ နေဖူးကျမှာပါ...အဲ့ထဲမှာမှ ကိုယ်အရမ်းချစ်ရတဲ့မိသားစုတွေရှိကြတယ်...အရမ်းခင်ရတဲ့သူငယ်ချင်းတွေရှိကြတယ်...အဓိကပြောချင်တာကတော့ အရမ်းခင်ရတဲ့သူငယ်ချင်းဆိုတဲ့အကြောင်းလေးပါပဲ... အဲ့လိုသူငယ်ချင်းကို..ညီအစ်ကိုမောင်နှမလို ချစ်ပြီးရင်းနှီးခင်မင်ဖူးကြမှာပါ...အနေဝေးနေရင်တောင်မှ ဘယ်လောက်ရင်းနှီးကြတယ်ဆိုတာ ထုတ်ပြောစရာတောင်မလိုပါဘူး... အဲ့လိုသူငယ်ချင်းတွေထဲမှာမှ အသက်လတ်ပိုင်း လောက်မှာ စတော့ခင်ဖူးခဲ့တယ်...ဒါပေမဲ့ မိသားစုလိုဖြစ်သွားတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းကို ဒီဇာတ်ကားထဲမှာ ဖော်ပြထားပါတယ်...သူ့နာမည်က ဒိန်းတဲ့...ဒိန်းက ပျင်းစရာကောင်းတဲ့စာရင်းကိုင် အလုပ်ကိုလုပ်ပါတယ်...သူ့မှာ ကောင်မလေးလဲရှိတယ်...ဇာတ်ကားရဲ့အစမှာတော့ သူစပြီးပေါင်းဖြစ်သွားတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ မက် နဲ့ နစ်ကိုးလ်တို့လင်မယားလေးအကြောင်းနဲ့ ပြထားပါတယ်......နစ်ကိုးလ်ဆိုတဲ့မိန်းကလေးက ကဇာတ်မှာသီချင်းဆိုတဲ့အလုပ်လုပ်တယ်...သူ့ယောက်ျားဖြစ်တဲ့ မက်က ဂျာနယ်ဌာနမှာ စာရေးတဲ့အလုပ်လုပ်တယ်...ဒိန်းက နစ်ကိုးလ်ဆိုတဲ့သူငယ်ချင်းမိန်းကလေးကို လူလွတ်ထင်ပြီး ချိန်းတွေ့ဖို့လုပ်ရင်းက ခင်သွားကြတာပါအဲ့လိုနဲ့ တဖြည်းဖြည်းပေါင်းလာရင်းနဲ့ အချိန်တွေကြာလာတဲ့တစ်ရက်မှာ သူတို့ကြားထဲမှာ မထင်မှတ်တဲ့ ဝမ်းနည်းစရာအဖြစ်ဆိုးကြီးတစ်ခုကို ကြုံလိုက်ရပါတယ်...အဒါကတော့ နစ်ကိုးလ်မှာ ကင်ဆာရှိသွားတာပါပဲ..အဲ့အချိန် သူတို့လင်မယားမှာ သမီးလေး၂ယောက်လည်းရှိနေကြပြီ...ဒီလိုအခြေအနေ တွေ ခက်ခဲသွားပြီဖြစ်တဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဒိန်းတစ်ယောက် ဘာတွေလုပ်မလဲ...သူတို့ဒီအခြေအနေကိုဘယ်လိုတွေတူတူကျော်ဖြတ်ကြလဲဆိုတာကို...ကြည့်ရှုမယ့် ရုပ်ရှင်ချစ်သူငယ်ချင်းအပေါင်းတို့ ဆက်လက်ခံစားကြည့်ကြပါဦး..ဒီဇတ်ကားကိုဘာသာပြန်ပေးသူကတော့ Cynthia ဖြစ်ပါတယ်။ File Size : (1.1 GB, 1.8 ...
movie

Our Friend (2021)

2019