Channel Myanmar

Jared Harris

The Ward (2010) John Carpenter’s The Ward 5.6
The Ward (2010) John Carpenter’s The Ward The Ward (2010) John Carpenter's The Wardမင်းသမီး Amber Heard အဓိကပါဝင်ထားပြီး Sydney Sweeney နဲ့ အခြားမင်းသမီးတွေ အရံအဖြစ်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Psychological Horror အမျိုးအစားဇာတ်ကားပါ။ဇာတ်လမ်းကတော့....Kristen ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ ယာအိမ်တစ်လုံးကို မီးရှို့ပစ်ခဲ့ပါတယ်... ဒီမီးရှို့မှုနဲ့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်... Kristen ဟာ ဆေးရုံမှာ နေထိုင်ချိန်အတွင်း Dr. Geral Stringer, Emily, Sarah, Zoey, Iris ဆိုတဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးခဲ့ပါတယ်... ဆေးရုံတိုင်းလိုလို နာနာဘဝ မကောင်းဆိုးဝါးဆိုတာ ရှိစမြဲပါ... ဒီလိုပဲ Kristen တစ်ယောက်လဲ ရေချိုးရင်း သရဲမ တစ်ကောင်နဲ့ ပတ်ပင်းတိုးခဲ့ပါတယ်... Kristen သရဲမကို မြင်ပြီးနောက်မှာတော့ သူ့သူငယ်ချင်း Iris ဟာလဲ သရဲမကို တွေ့ခဲ့ပြီး အသက်နှုတ်ယူခံခဲ့ရပါတယ်... Iris ပျောက်ဆုံးသတင်းကို ကြားပြီးနောက်မှာတော့ မိန်းကလေးတွေဟာ ...
movie

The Ward (2010) John Carpenter’s The Ward

2010
Allied (2016) 7.1
Allied (2016) Allied (2016)IMDb Rating (7.1) / Rotten Tomatoes (60%)မင်းသား Brad Pitt နဲ့ ပြင်သစ်မင်းသမီး Marion Cotillard တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်အတွင်းကာလ လျှို့ဝှက်စပိုင်အခြေပြု ဒရမ်မာဇာတ်ကားကြီးဖြစ်ပါတယ်။ ပြင်သစ်မင်းသမီး Marion Cotillard ကို ထိပ်တန်းရုပ်ရှင်တော်တော်များများမှာ မြင်နေကျဆိုပေမယ့် ဒီရုပ်ရှင်မှာတော့ သူမရဲ့သွင်ပြင်လက္ခဏာတွေ လုံးဝကိုပေါ်လွင်ထင်ရှင်းနေခဲ့ပြီး မျက်လုံးအရွေ့ မျက်တောင်အခတ်လေးမှာတောင် ခဏခဏပြန်ကြည့်ချင်လောက်အောင် အထာကျကျ သရုပ်ဆောင်သွားခဲ့ပါတယ်... မင်းသားကလဲ ဘရတ်ပစ်ဆိုတော့ ပြောစရာမလိုတော့ပါဘူး... သူတို့နှစ်ယောက်စလုံးရဲ့လှုပ်ရှားမှုတိုင်း စကားလုံးတွေတိုင်းအသက်ဝင်နေပြီး ကြည့်ရှုသူကိုယ်တိုင်မျောပါသွားရမယ့်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ အဝတ်အစားဒီဇိုင်းတွေ ဆက်တင်တွေလဲ ခမ်းနားလှပပြီး အော်စကာဆုပေးပွဲမှာလဲ ဇကာတင်ဝင်ခဲ့ပါသေးတယ်။ဇာတ်လမ်းလေးကလဲ အတော်ကိုစိတ်ဝင်စားစရာပါပဲ ဒါပေမယ့် ဇာတ်လမ်းကိုမသိဘဲ ဒီတိုင်းထိုင်ကြည့်လိုက်တာက ပိုအရသာရှိမှာမလို့ သိပ်မရေးပြတော့ပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ ဂျာမန်နဲ့ အင်္ဂလန်တို့ရဲ့ တစ်ဖက်ကိုတစ်ဖက် သူလျှိုထားလုပ်ကြံကြဖို့စီစဉ်ကြတာတွေ သူလျှိုတွေရဲ့ပိရိသေသပ်မှုတွေ စစ်အတွင်းကာလအနိဌာရုံတွေ ယုံကြည်ဖို့ခက်ခဲတဲ့မစ်ရှင်တွေနဲ့ တော်တော်ကိုမှ ကောင်းမွန်သေသပ်အဆင့်မြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/ (1.3 GB ) / (860 MB) Quality….BluRay 4K ...
movie

Allied (2016)

2016
4K HEVC
The Man from U.N.C.L.E. (2015) 7.3
The Man from U.N.C.L.E. (2015) The Man From U.N.C.L.E (2015)IMDb Rating (7.3) / Rotten Tomatoes (68%)Superman ကိုယ်တော်ကြီး Henry Cavill ရဲ့ ဒီရုပ်ရှင်ကားက အက်ရှင်စပိုင်ရုပ်ရှင်ကားထဲမှာ Rating မြင့်ပြီး ကြည့်ကောင်းတဲ့အထဲပါပါတယ်။ဒါရိုက်တာ Guy Ritchie ရဲ့လက်ရာဖြစ်ပြီး သူ့စတိုင်အတိုင်း ဉရောပရဲ့ Gentleman အထာဝင့်ကြွားမှုအပြည့်နဲ့ ခမ်းခမ်းနားနားလှလှပပရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့....စစ်အေးခေတ် Cold War  ကာလကိုအခြေခံထားတာမလို့ အမေရိကန်ရဲ့ CIA အေးဂျင့်ရယ်...ရုရှားရဲ့ KGB အေးဂျင့်ရယ် နာဇီဂျာမဏီအကြောင်းတို့ကို မြင်တွေ့ရမှာဖြစ်ပြီးတစ်နိုင်ငံနဲ့တစ်နိုင်ငံအပြိုင်အဆိုင် နျူကလီးယားလက်နက်တပ်ဆင်ကြတဲ့ကာလမလို့ နာဇီဂျာမဏီတို့လက်ထဲမှာ ဒီကမ္ဘာဖျက်လက်နက်ကြီး မကျရောက်ဖို့ ကြိုးစားကြပုံတွေကိုအသည်းတယားယားစွန့်စားခန်းတွေကြားမှာ လှလှပပ စမတ်ကျကျမင်းသားမင်းသမီးတွေနဲ့ ဟာသလေးတွေနဲ့ ချစ်ကြည်နူးစရာလေးတွေနဲ့ပါ ရှုစားကြရမှာပါ။ File size…(6.1 GB)/(1.8 GB )/(1 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie

The Man from U.N.C.L.E. (2015)

4K HEVC
Poltergeist (2015) 6.1
Poltergeist (2015) ဒီတစ်ခါမှာတော့ CM Fan တွေ အတွက်ကြောက်စရာကောင်းတဲ့သရဲကားတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်1982 တုန်းက အောင်မြင်ခဲ့တဲ့ Poltergeist ဆိုတဲ့ရုပ်ရှင်ကားကို Remake ပြန်ရိုက်ထားတာ ဖြစ်ပါတယ်အဲရစ် နဲ့ အေမီ တို့ မိသားစု တစ်စုဟာ ဈေးသက်သာတဲ့ အိမ်ကိုရှာရင်းမထင်ထားလောက်အောင် တန်တဲ့ အိမ်ကြီး တစ်အိမ်ကိုရရှိခဲ့ပါတယ် လောလောလတ်လတ် အလုပ်ပြုတ်ထားတဲ့အဲရစ် အတွက်တော့ ဒီနေရာလေးကနေ ဘဝသစ်တစ်ခုပြန်စမယ် စိတ်ကူးထားတာပါဒါပေမဲ့ တစ်နေ့ထက် တစ်နေ့ အဲ့ဒီအိမ်ကြီးဟာထူးဆန်းစွာ အသံတွေ ပေးတာ ပစ္စည်းတွေ ရွေ့လျားတာမျိုးတွေဆက်တိုက်ဖြစ်လာပြီး မိသားစုကို ပါ ဒုက္ခပေးဖို့ ကြံရွယ်လာခဲ့သောအခါမှာတော့....  File size…2.87GB / 1.1GB / 623Mb Quality…4K HEVC /  1080p /  720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle ( Hard Sub) Encoder….Thit San Khant Translated by August
movie

Poltergeist (2015)

2015
4K HEVC Web-DL
The Sea Beast (2022) 7.9
The Sea Beast (2022) နက်ဖလစ်ရဲ့ ကာတွန်းအသစ်လေးလာပါပြီ။ ဒါရိုက်တာ ခရစ်ဝီလီယံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူက Big Hero 6 ကိုရိုက်ခဲ့တဲ့သူဖြစ်ပြီး၊ မိုအာနာ နဲ့ Bolt ကိုရေးခဲ့တဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတွေရဲ့ တိုက်ပွဲကို အခြေခံထားတာပါ။ အကောင်ဆန်းတွေကိုချစ်စရာတွေလုပ်ထားတော့ ကလေးတွေလည်း ကြည့်လို့အရမ်းသဘောကျမှာပါ။ ဇာတ်လမ်းထဲမှာတော့မေစီဆိုတဲ့ ကောင်မလေးဟာ မုဆိုးမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး သူ့မိဘတွေက ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ မိဘမဲ့ဖြစ်နေသူပါ။ သူကလည်း သူ့မိဘတွေလို မုဆိုးလုပ်ချင်တာကြောင့် မုဆိုးသင်္ဘောတွေထဲက နာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲဆိုတဲ့ သင်္ဘောပေါ်ကို ခိုးပြီးတက်လိုက်သွားပါတယ်။ အဲဒီမှာပဲ သင်္ဘောပေါ်က ကပ္ပတိန်ကြီး ခရိုး ရယ် သူ့ရဲ့ မွေးစားသား လက်ထောက် ဂျေကော့ တို့ရယ်နဲ့ပေါင်းပြီး ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြတဲ့အခါ....   File size…3GB / 1.3GB Quality…1080p NF WEB DL AAC5.1CH / 720p NF WEB DL Format...mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie

The Sea Beast (2022)

2022
Morbius (2022) 5.1
Morbius (2022) မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီးဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။ ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲသိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုးဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကိုပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။ကြည့်ကြည့်လိုက်ကြပါဦး။  File size…3.6GB / 1.6GB / 900MB Quality… 4k HEVC WEB DL  SDR AAC5.1Ch /1080p BLU RAY 5.1CH / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson
movie

Morbius (2022)

2022
4K HEVC Web-DL
Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012