Channel Myanmar

Janaki Jayaraman

Vaazhai (2024) 7.5
Vaazhai (2024) Vaazhai (2024)"လေဟုန်ခွင်းငှက်ငယ်" ===============================ဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ IMDb 8.5/10 ရ တမီလ် ကျေးလက် ကလေးရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ တမီလ်ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါ။ အဲဒီရွာက ကလေးတွေဟာ ကျောင်းပိတ်ရက်တွေမှာ အနားမရဘဲ ပိုက်ဆံရမယ့်အလုပ်တွေ လုပ်ကြရပါတယ်။ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံသီချင်းထဲကလို အရွယ်ရောက်လာရင်တောင် ပြန်တမ်းတစရာ ငယ်ဘဝနိဗ္ဗာန်ဘုံမရှိတဲ့ကလေးတွေပေါ့။ အဲဒီထဲမှာ စီဒါဗာနန်ဆိုတဲ့ ငှက်ပျောခိုင်ထမ်းရတဲ့ကောင်လေးလည်းပါပါတယ်။ ကျောင်းစာကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ နားချိန်ဆိုတာချိုနဲ့လားလို့ မေးနေရတဲ့ဘဝမှာ စီဒါဗာနန်ဆိုတဲ့ကောင်လေး အရွယ်နဲ့မမျှထဲဝန်တွေထမ်းရပုံတွေ၊ ပြောင်းလဲပစ်သင့်တဲ့ စနစ်တွေ၊ ကျေးလက်ရဲ့ အငွေ့အသက်တွေကို ဒီရုပ်ရှင်ထဲမှာ လှလှပပလေး ပုံဖော်ပြထားပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.26 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vaazhai (2024)

Red Sandal Wood (2023) 9
Red Sandal Wood (2023) Red Sandal Wood (2023) IMDb - 9.0/102021 ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အာလူးအာဂျွန်နဲ့ ရာရှ်မီကားတို့ရဲ့ Pushpaရုပ်ရှင်လို စန္ဒကူးနီမှောင်ခိုလုပ်ငန်းအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်ကျော်မင်းသားကို စန္ဒကူးနီမှောင်ခိုဂိုဏ်းကို ဖော်ထုတ်မယ့် လက်ဝှေ့‌ကျော်လေးပရာဘာအဖြစ် မြင်တွေ့ရမှာပါ။ Pushpa 2 လည်း ပြသဖို့ရက်ဝေးသေးတာဆိုတော့ ကိုအာလူးကိုစောင့်ရင်းနဲ့ အလွမ်းပြေကြည့်ရှုလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းအန်ဒရာမြို့အတွက်တော့ စန္ဒကူးဆိုတာ မြေဆီမြေနှစ်ကထွက်တဲ့ ရတနာတစ်ပါးပါပဲ။ ကြီးမားကျယ်ပြန့်လှတဲ့ တီရူပသီက စန္ဒကူးနီတောအုပ်ကြီးဟာ အန်ဒရာသားတွေအတွက် ဂုဏ်ယူစရာဖြစ်သလို ဝိသမ‌လောဘသားတွေအတွက်လည်း အသင့်ယူသုံးလို့ရတဲ့ ရွှေတွင်းကြီးဆိုလည်းမမှားပါဘူး။ ‌ဘယ်လောက်ပဲ ဥပဒေနဲ့ထိန်းနေပါစေ စန္ဒကူးနီမှောင်ခိုမှုတွေကတော့ တောကြီးအနှံ့မှာ ရှိနေဆဲပါပဲ။ကာရုနာတစ်ယောက် အရွယ်ရောက်လာပြီး မိသားစုတာဝန်ကိုထမ်းရတော့မယ်ဆိုပေမဲ့ အလုပ်ကရှာမရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရသူပါ။ သားကြီးတစ်ယောက်ပီပီ အဖေ့ကိုလည်း အလုပ်တွေကနေ နားစေချင်၊ အလုပ်ကလည်းမရ။ ဒီကြားထဲ လူတွေ့ကပါအဆင်မပြေပြန်တော့ ရရာအလုပ်ကိုဝင်လုပ်ဖို့ စိတ်စောနေပါပြီ။ ဒါပေမဲ့ ကာရုနာရဲ့မိဘတွေကတော့ တင့်တောင့်တင့်တယ် ...
movie

Red Sandal Wood (2023)

2023