Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jakob Cedergren
7.7
The Guilty (2018)
IMDb rating 7.7 ရထားတဲ့ ဒိန်းမတ်ကားလေးတစ်ကား တင်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က thriller အမျိုးအစားပါ သည်းထိတ်ရင်ဖိုလေး ကြည့်ရမှာပေါ့။ဒီကားက ထူးခြားပါတယ်။ သရုပ်ဆောင် တစ်ယောက်ထဲကိုပဲ ပြသွားတာ။ ကျန်တာအားလုံးက လိုက်ပြီး စိတ်ကူးနဲ့ မြင်ယောင်ကြည့်ရတာ။ တကယ်ကို feel ပါပဲ။ဇာတ်လမ်းအကျဉ်း ============အက်စ်ဂါဆိုတဲ့ ရဲတစ်ယောက်ဟာ အရေးပေါ်ဖုန်းလိုင်းမှာ တာဝန်ကျနေတယ်။ သူ့ဆီကို ဆေးသမားတွေ ဓားပြတိုက်ခံရတဲ့သူ ရန်ဖြစ်တဲ့သူ ကကြိုးကကြောင် မျိုးစုံ ဖုန်းဆက်ကြတယ်။ သူက ဖြေရှင်းပေးရတယ်။အဲဒီဖုန်းတွေကြားမှာ မိန်းမတစ်ယောက်ရဲ့ ဖုန်းသံဝင်လာခဲ့တယ်။ ဒါပေမယ့် အဲဒီမိန်းမက သူ့သမီးကိုပဲ ဖုန်းပြောနေတဲ့ပုံပဲ ဖြစ်နေတော့ ဖုန်းမှားနေတာလားဆိုပြီး ဖုန်းချတော့မလိုပဲ။ဒါပေမယ့် ဘေးမှာ ပြန်ပေးဆွဲထားတဲ့လူရှိလို့ ဟန်ဆောင်ပြောနေတာလားဆိုတာ သံသယဝင်သွားတယ်ပေါ့။ ဒါကြောင့် yes or no မေးခွန်းတွေကို ပါးပါးနပ်နပ်မေးပြီး ရဲနဲ့သူနဲ့ အဆက်အသွယ်လုပ်ကြတယ်။အက်စ်ဂါက သူ့လိပ်စာ၊ ပြန်ပေးသမားလိပ်စာ နောက်ကြောင်းတွေလိုက်ပြီး နီးစပ်တဲ့ ရဲကားတွေ ...
movie
The Guilty (2018)
2018
6.2
A Matter of Trust (2022)
A Matter of Trust (2022)~ IMDb rating - 6.2/10 ~(18+ အခန်းလေးတွေပါတာမို့လို့ ၁၈နှစ်ပြည့်မှ ကြည့်ကြဖို့တိုက်တွန်းပါရစေခင်ဗျာ)2022 မှာထွက်ရှိထားတဲ့ ဒရာမာရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်တဲ့ A Matter of Trust မှာတော့ လူတွေ ပုန်းကွယ်ထားတဲ့ မိမိရဲ့ Dark Side တစ်ခု ကျိုးပေါက်သွားချိန် ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံစားချက်တွေ အကျင့်စရိုက်တွေကို ရိုက်ပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။မတူညီတဲ့မိသားစုငါးစုရဲ့ မိသားစုဝင်တွေရဲ့ Dark Side တွေနဲ့ သူတို့ကြုံတွေ့လာရတဲ့ အတိတ်အဖြစ်အပျက်တွေ ဟန်ဆောင်မှုတွေ ယုံကြည်မှုချိုးဖောက်ခံရတဲ့အခါ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေကို တစ်ကွက်ပြီး တစ်ကွက်ရိုက်ပြထားတဲ့ ဇာတ်ကောင်းကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်ကားရဲ့ နာမည်အတိုင်း ယုံကြည်မှုဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာရော တခြားသူအတွက်မှာပါ ဘယ်လိုအရေးပါလဲဆိုတာကိုလည်းရိုက်ပြထားပါသေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.85GB, 820MB Quality - 1080p, ...
movie
A Matter of Trust (2022)
2022
7.3
The Birdcatcher (2018)
ဒီဇာတ်ကားကတော့ 2019 ခုနစ်ကထွက်ထားတဲ့ဇာတ်ကားလေးပါ နာဇီခေတ်ကိုအေခြခံပီးရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ် IMDb 4.7နဲ့ Google user 80%က ထောက်ခံထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ ဇာတ်လမ်းအကျဉ်းကတော့ တွန်ဟိုင်းမြို့မှာနေနေတဲ့ ဂျူးလူမျိုးတွေရှိပါတယ် အဲ့ဒီ့ထဲမှာ အက်စတာတို့မိသားစုလည်းအပါအဝင်ပါပဲ တနေ့မှာတော့ နာဇီတွေက တွန်ဟိုင်းက ဂျူးလူမျိုးတွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေ စတင်လုပ်လာပါတော့တယ် အဲ့ဒီ့မှာ အက်စတာရဲ့ မိဘနှစ်ပါးလည်အသတ်ခံရပီး အက်စတာဟာ ထွက်ပြေးရပါတယ် ထွက်ပြေးရင်းပြေးရင်းနဲ့သူမဟာ နာဇီတွေရဲ့ဘက်တော်သားဖြစ်တဲ့ နော်ဝေလူမျိုး ဂျိုဟန်ရဲ့အိမ်ကိုရောက်သွားခဲ့ပါတယ် အဲ့ဒီမှာဂျိုဟန်ရဲ့သား အက်ဆယ်က သူမကိုကူညီပေးခဲ့တာပါ ဒါပေမယ့် နာဇီတွေကလွတ်သွားတဲ့သူမကိုလိုက်ရှာနေတာကြောင့်ရယ် ဂျိုဟန်က နာဇီတွေရဲ့လူဖြစ်တာကြောင့်ရယ် အဲ့ဒီအိမ်ကို သူမဟာ ယောကျာ်းလေးတယောက်ဟန်ဆောင်ပီး ရောက်သွားခဲ့ပါတယ် အဲ့ဒီမှာ သူမ ရှင်သန်ဖို့ ဘာတွေကြုံတွေရင်ဆိုင်ရမလဲနာဇီတွေလက်ထဲကနေ ဒီအိမ်ကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာလားဆိုတာ ကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဇာတ်လမ်းအညွုန်းနဲ့ဘာသာပြန်သူကတော့Pyae Shan Tun Wai ပါ
movie
The Birdcatcher (2018)
2018