Channel Myanmar

Jake Weber

Year of the Fox (2023) 4.2
Year of the Fox (2023)  Year of the Fox (2023)IMDb Rating (4.2) ဇာတ်လမ်းလေးက အက်စ်ပန်မြို့က ဘီလျံနာကြီးတစ်ယောက်ရဲ့သမီးဖြစ်သူ အိုင်ဗီရဲ့ ဆယ်ကျော်သက်အရွယ်ဘဝအကြောင်းပဲဖြစ်ပါတယ်။အိုင်ဗီရဲ့မိဘတွေက ကွာရှင်းသွားပြီးတဲ့နောက် အိုင်ဗီက အမေဆီမှာနေလိုက် အဖေဆီမှာနေလိုက်နဲ့ နေခဲ့ရတယ်။အိုင်‌ဗီရဲ့အဖေက အထက်တန်းလူတွေပဲခေါ်ပြီး သီးသန့်ပါတီကျင်းပလေ့ရှိတယ်။အဲ့ပါတီပွဲမှာ သူဌေးသားသမီးတွေက အိုင်ဗီ့ကို ဆေးတွေဘာတွေသုံးကြည့်ဖို့ဆွယ်တော့ အိုင်ဗီလည်း လိုက်လျောပေးလိုက်ရော။နောက်တော့မှ တဖြည်းဖြည်းနဲ့သိလာရတာက ဒီပါတီပွဲရဲ့နောက်ကွယ် အရမ်းမှောင်မိုက်တဲ့ကိစ္စတစ်ခုကို ဖုန်းကွယ်ထားတယ်ဆိုတာပါပဲ။အဲဒါကို အိုင်ဗီတစ်ယောက်ဘယ်လိုသိသွားပြီး ဖော်ထုတ်မလဲဆိုတာကြည့်ရမဲ့ ဒရာမာကား‌လေးပဲဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)File size…(1.5 GB) / (710 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:34:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing
movie

Year of the Fox (2023)

2023
Dawn of the Dead (2004) 7.3
Dawn of the Dead (2004) Dawn of the Dead (2004)IMDb - 7.3/10_____Rotten - 75%ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာ ပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထားတာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါတယ်။ သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရပါလိမ့်မယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။ တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်... ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ် ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။ သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့ အကူညီခေါ်ပေးဖို့ အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်... အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာ ပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။ အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။ တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူး ဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။ တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတို့ထဲက တစ်ယောက်က အကိုက်ခံထားရပြီး အခြေနေက အတော်ဆိုးရွားနေပါပြီ။ သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့တဲ့လူကို လိုက်ကိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ်ဆိုတာ သိရှိကြပါတော့တယ်...။ ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ...။ တစ်ကယ်လို့များ အဲဒါကို ...
movie

Dawn of the Dead (2004)

2004
4K HEVC
Hungry Hearts (2014) 6..4
Hungry Hearts (2014) Hungry Hearts (2014) ====================ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် ဒါရိုက်တာ Saverio Costanzo မှရိုက်ကူးတင်ဆက်ထားပြီး 71 ကြိမ်မြောက် Venice နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအဖြစ်ဇကာတင်စာရင်းကိုဝင်ခဲ့တဲ့ ရုပ်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့Jude နဲ့ Mine တို့ရဲ့ သန့်စင်ခန်းထဲက မတော်တဆတွေ့ဆုံမှုလေးကနေ ချစ်ခြင်းတရားပေါက်ဖွားလာပြီး အဲဒါကြောင့်ပဲ မတော်တဆနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရပါတော့တယ်။သူတို့ဘဝရဲ့ ဂယက်တွေက ကိုယ်ဝန်ဆောင်ကာလမှာပဲ ပေါက်ဖွားလာခဲ့တယ်လို့ဆိုရမှာပါ။ကိုယ်ဝန်ဆောင်ကာလအစကနေ Mine တစ်ယောက် စာအုပ်တွေအဖတ်လွန်ပြီး အရာရာကိုအစွဲအလမ်းကြီးလာခဲ့ပါတယ်။အစားလည်းပုံမှန်မစားတော့သလို ခန္ဓာကိုယ်ကိုအဆိတ်အတောက်ဖယ်တယ်ဆိုပြီး ယုံမှာမှုတွေကြီးစိုးလာခဲ့ပါတယ်။သူတို့မိသားစုဘဝလေးဘယ်လိုဖြစ်လာမှာလဲ ရှေ့ဆက်ပြီးဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ )File size_(2.6GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June
movie

Hungry Hearts (2014)

Every Last One of Them (2021) 6.0
Every Last One of Them (2021) သမီးဖြစ်သူပျောက်ခြင်းမလှပျောက်သွားလို့ စုံစမ်းဖို့ မြို့ထဲကိုရောက်လာတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်း Jake Hunter...သူရောက်နေတာက Nichols ဆိုတဲ့ သူဌေးကြီးချုပ်ကိုင်နေတဲ့မြို့လေးပါသူ့သမီးပျောက်သွားတဲ့အကြောင်းကို ခြေရာခံလိုက်ရှာရင်း တစ်မြို့လုံးပတ်မွှေနေတဲ့ Jake Hunter က တစ်မြို့လုံးနဲ့တစ်ယောက်လို့ဆိုရလောက်အောင် တစ်ကိုယ်တော်သမီးရှာပုံတော်ဖွင့်နေတဲ့သူ အဆုံးမှာ ပျောက်ဆုံးနေတဲ့သမီးကို ရှာတွေ့မလားAction ကားတို့ထုံးစံ အပစ်အခတ်အသတ်အပုတ်တွေနဲ့ဆိုတော့ ကြည့်ရရှုရငြိမ့်လှတဲ့ ကားလေးမို့ ကြည့်ဖို့ညွှန်းလိုက်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__1.5 GB , 850 MB Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:30:00 Type__Action Subtitle__Myanmar Subtitle (Hardsub) Translated by Chuck Chuck & Chit Tee Encoded by Naing Aung Latt
movie

Every Last One of Them (2021)

Meet Joe Black (1998) 7.2
Meet Joe Black (1998) Meet Joe Black (1998)______IMDb - 7.2/10ဒီကားလေးကတော့ ၁၉၉၈ခုနှစ်ထွက် Drama, Fantasy, Romance  ကားလေးတစ်ကားဖြစ်ပါတယ်။ မင်းသားကြီး BradPitt ရဲ့ငယ်စဉ်တုန်းကကားကောင်းလေးပါ။ IMDb rating 7.1 ထိရထားတဲ့ကားလေးလဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ BradPitt ဟာ သေမင်းတမန်တစ်ဦးဖြစ်ပြီး အသက်၇၀ပြည့်မွေးနေ့ပွဲကို သွားရောက်နေတဲ့စီးပွားရေးသမား တစ်ဦးကို သွားရောက်ခေါ်ဖို့ပါပဲ။ အဲဒီအဘိုးကြီးတစ်ယောက် မွေးနေ့နီးမှ နားထဲမှာ ထူးဆန်းတဲ့အသံတွေဆက်တိုက်ကြားနေပေမယ့် လျစ်လျူရှုပြီးလုပ်စရာတွေဆက်လုပ်နေခဲ့တာပါ။ ဒါပေမယ့် သေမင်းတမန်ကတော့ အိမ်ထိပေါက်ချလာတော့တာပဲ။ BradPitt တစ်ယောက်မကြာသေးခင်ကမှ ပူပူနွေးနွေးသေထားတဲ့ လူငယ်တစ်ယောက်ရဲ့ ကိုယ်ထဲကိုဝင်ပူးပြီးအိမ်ထိ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတာပါ။ သို့သော် စူးစူးစမ်းစမ်းလုပ်ခဲ့တဲ့ သေမင်းတမန်ဖြစ်လေတာကြောင့် စီးပွားရေးသမား အဘိုးကြီးနဲ့ အပေးအယူလုပ်ကြတော့တာပါပဲ။ အဲဒါကတော့ BradPitt စိတ်ရှိသရွေ့ လူ့လောကကို သေချာလေ့လာကျင်လည်နေသမျှကာလပတ်လုံး အဲဒီအဘိုးကြီးက Guide အနေနဲ့လုပ်ပေးရမှာဖြစ်ပြီး သူပြန်မသွားသရွေ့ အဘိုးကြီးလည်းသေမှာမဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် Joe Black လို့နာမည်ပေးထားတဲ့ သေမင်းတမန်တစ်ယောက်နဲ့ စီးပွားရေးသမားအဘိုးကြီးတို့ ဘယ်လိုကမောက်ကတွေဖြစ်မလဲ။ လူ့လောကကိုထဲထဲဝင်ဝင် ကျင်လည်လိုက်ရတဲ့အခါ သေမင်းတမန်ကြီးဘယ်လို တွေခွကျကျလုပ်မလဲဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ အဲဒီနောက် သေမင်းတမန်ကြီးရော လူ့လောကကနေပြန်ထွက်သွားနိုင်ပါ့မလား။ ဘယ်လိုနောက်ဆံတင်းစရာတွေ ဘယ်လိုသံယောဇဉ်ကြိုးလေးတွေကျန်ခဲ့မှာလဲ။ အဘိုးကြီးလည်း ဘယ်လိုတွေ တိုင်ပတ်မလဲ…. မသေချင်လို့ခေါ်ထားကာမှ ဘယ်လိုသေချင်စိတ်ပေါက်အောင် ...
movie

Meet Joe Black (1998)

1998