Channel Myanmar

Jake Johnson

No Strings Attached (2011) 6.2
No Strings Attached (2011) No Strings Attached (2011) IMDb Rating (6.2) မင်းသမီး Natalie Portman နဲ့ မင်းသား Ashton Kutcher တို့ပါဝင်ထားပြီး အချစ်ရိုမန့်ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ဇာတ်ကားလေးပါ။ အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး.... အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး... တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်.... ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ....။ တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့....။ Comedy Romance ဇာတ်လမ်းလေးမလို့ ရိုမန့်သီးသန့်မဟုတ်ဘဲ ရီလဲရီနေရပါတယ်။ကြည့်ကြည့်ပါ.အကြိုက်တွေကြမှာပါ။File size…(1.8 GB) / (910 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:47:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

No Strings Attached (2011)

2011
Drinking Buddies (2013) 6.1
Drinking Buddies (2013)  Genre – Comedy, Drama, Romance IMDB – 6.1/10 ဇာတ်ကားနာမည်လေးအတိုင်း အရက်သောက်ဖော်သောက်ဖက် အကြောင်းလေးပါ ဒါပေမဲ့ ယောက်ျားလေးအချင်းချင်းမိန်းကလေးအချင်းချင်း မဟုတ်ပဲ ယောက်ျားလေးနဲ့မိန်းကလေး သောက်ဖော်သောက်ဖက်ပေါ့လေ။ ဘီယာချက်စက်ရုံတစ်ခုမှာ တစ်ဦးတည်းသော မိန်းကလေးဖြစ်တဲ့ပွဲစီစဉ်သူ စီမံခန့်ခွဲရေးက ကိတ်နဲ့ ဘီယာချက်တဲ့စက်ပိုင်းကလုခ်တို့ဟာ အရမ်းခင်မင် အတူတူသောက်စား မူးရူးညတွေလည်း ပလူးပလဲနေကြတဲ့ ဘော်ဒါနှစ်ယောက်ဖြစ်ကြပါတယ် ဒါပေမဲ့ လွန်ကျူးတာမျိုး ချစ်မိသွားတာမျိုးမရှိခဲ့ပါဘူး။ ကိတ်မှာလည်း စတူဒီယို လုပ်နေတဲ့ ချစ်သူခရစ်စ်ဆိုတာ ရှိသလို လုခ်မှာလည်း စာသင်တဲ့ကောင်မလေးဂျေးလ်ဆိုတာ ရှိကြပါတယ်။ ဒီလိုနဲ့ တစ်ရက် အလုပ်ပိတ်ရက်မှာနှစ်တွဲချိန်းကြပြီး ပင်လယ်ဘေးက အိမ်လေး အလည်အပတ်ထွက်ခဲ့ချိန်မှာတော့ ကိုယ်စီ ကိုယ်စီ တွဲနေကြတာကမှန်ကန်တဲ့လူ ဖြစ်မလား၊ ဘယ်သူက ကိုယ့်အတွက် မှန်ကန်မလဲစသဖြင့် အတွဲနှစ်တွဲကြားက ပြဿနာလေးတွေ အလုပ်ကပြဿနာလေးတွေ အနောက်တိုင်း အချစ်ပြဿနာလေးတွေကိုဖော်ပြထားတဲ့ ဟာသ ဒရမ်မာကားလေး တစ်ကားဖြစ်ပါတယ်။ ခေါင်းဆောင်နေရာက ကျွန်တော်တို့ မင်းသမီးအလန်းစားOlivia Wilde ...
movie

Drinking Buddies (2013)

A Very Harold & Kumar Christmas (2011) 6.2
A Very Harold & Kumar Christmas (2011) A Very Harold and Kumar Christmas (2011) Genre - Comedy, Adventure IMDB - 6.2/10  ဟာရိုးနဲ့ ကူးမားတို့နှစ်ယောက် ပထမနှစ်ကားအပြီးဘာဂါတွေစား ထောင်တွေဖောက်ရ လုပ်ပြီးကြတဲ့နောက်ကိုယ်စီ ချစ်သူရပြီး ငြိမ်သက်သွားကြပါတယ်။ဒီလိုနဲ့ ၆ နှစ်ကြာလာတဲ့အခါမှာ ဟာရိုးတစ်ယောက်ကတော့အိမ်ထောင်သည်ဖြစ်နေပြီး အလုပ်ကြိုးစား မကောင်းတာတွေမလုပ်တော့ပဲရိုးသားတဲ့မိတ်ဆွေတစ်ယောက်နဲ့သာပေါင်းပြီးကလေးရအောင် ကြိုးပမ်းနေတဲ့အချိန် ဖြစ်ပါတယ်။ကူးမားဆိုတဲ့ကောင်ကတော့ သိတဲ့အတိုင်း ဆေးခြောက်ပဲ ဆက်သုံးနေပြီးချစ်သူနဲ့ လမ်းခွဲထားတာလည်း အချိန်ကြာတော့ပေပေတေတေနေနေတဲ့အချိန်ပေါ့။အဲဒီမှာပဲ ကိုယ်စီ ပြဿနာတစ်ခုစီ တက်ကြတယ်ဟာရိုးအတွက်ကျ ယောက္ခထီးအလိုကျ နေချင်တဲ့အတွက်ခရစ္စမတ်သစ်ပင်ကို အလှဆင်ဖို့ တာဝန်ကျတယ်ကူးမားကကျ ချစ်သူက ကိုယ်ဝန်ရှိနေလို့လာပြောတာကိုဆေးကွဲပြီး သေချာမဖြေရှင်းနိုင်တော့ ဟိုကစိတ်ပျက်ထွက်သွားပြန်ပါလေရော။ဒီလိုနဲ့ နှစ်ယောက်သား ပြန်ပေါင်းစည်းဖို့ ဖြစ်လာတာကကူးမားဆီကို ဟာရိုးနာမည်နဲ့ အထုပ်တစ်ထုပ်ရောက်လာလို့ ဟာရိုးအိမ်သွားပို့ရာကနေ ဟာရိုးကြောက်ရတဲ့ယောက္ခထီးရဲ့ ၈ နှစ်ကြာပျိုးထားတဲ့ ခရစ္စမတ်သစ်ပင်ကြီးကူးမားကြောင့် မီးလောင်သွားခဲ့ချိန်မှာတော့…ညတွင်းချင်း အပင်ရှာဖို့ စွန့်စားခန်း ထွက်ရပါတော့တယ်အဲဒီမှာ ရိုးရာမပျက် အလွဲပေါင်းစုံနဲ့ လိုချင်တာကိုရဖို့ဘယ်လောက်သောက်တလွဲတွေ ဖြစ်ရမလဲဆိုတာကိုတစ်ခွီခွီနဲ့ ကြည့်ရှုခံစားရမှာပါ။ဒီကားမှာတော့ ...
movie

A Very Harold & Kumar Christmas (2011)

2011
The Mummy (2017) 5.7
The Mummy (2017) အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီးအရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ယနေ့ခေတ်လန်ဒန်မြို့မြင်ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ  သူရဲကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသမီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအကုန်လုံး လက်လွှတ်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်။အဲဒါနဲ့ အာမာနက်ဟာ သူသာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ ...
movie

The Mummy (2017)

2017
4K HEVC
Tag (2018) 6.6
Tag (2018) "အသက်ကြီးလာလို့ ကစားတာရပ်လိုက်တာမဟုတ်ဘူး၊ ကစားတာရပ်လိုက်တာလို့ အသက်ကြီးလာတာ" ဆိုတဲ့ဆောင်ပုဒ်က သူတို့ရဲ့လက်သုံးဆောင်ပုဒ်တစ်ခုပေါ့။သူတို့ဆိုတာ Hogan, Bob, Chilli, Sable, Jerry တို့သူငယ်ချင်းငါးယောက်အဖွဲ့ကိုရည်ညွှန်းတာပါ။ဟိုးငယ်ငယ်လေးကတည်းက ကျောင်းနေဖက် ဆော့ဖော်ဆော့ဖက်တွေဖြစ်တဲ့အတွက် တစ်ယောက်ကိုတစ်ယောက်လည်း သံယောဇဉ်အတော်ရှိကြပါတယ်။အသက်ကြီးလာတဲ့အခါကိုယ့်လမ်းကိုလျှောက်ပြီး တစ်ယောက်နဲ့တစ်ယောက် သူစိမ်းတွေလိုတကွဲတပြားမဖြစ်ချင်တဲ့သူတို့သူငယ်ချင်းတစ်သိုက်ဟာ အချိန်တန်ရင်ခွဲခွာရမယ်ဆိုတဲ့ လောကကြီးရဲ့နိယာမကို ဆန့်ကျင်ဖို့နည်းလမ်းတစ်ခုကိုတီထွင်ခဲ့ပါတယ်တော့တယ်။အဲဒါကတော့ အသက်ကြီးတဲ့အချိန် ငယ်ငယ်တုန်းကလို ဆက်ပြီးဆော့ကစားတဲ့နည်းပါပဲ။သူတို့ဆော့တဲ့ကစားနည်းကို မြန်မာလိုခေါ်ရရင်တော့ စိန်ပြေးလိုက်တမ်းပေါ့ဗျာ။သူတို့သူငယ်ချင်းတွေဟာ အဲဒီစိန်ပြေးလိုက်တမ်းကို နှစ်တိုင်းရဲ့မေလတိုင်းမှာ ကစားလေ့ရှိတယ်။ဒါပေမယ့် အရင်တုန်းကလို လူစုလူဝေးနဲ့ကွင်းပြင်ကျယ်ကြီးထဲမှာဆော့ကြတာမဟုတ်ပါဘူး။မေလအတွင်းတစ်ရက်ရက်မှာခွေးရူးဖြစ်တဲ့သူက ကိုယ်ဖမ်းချင်တဲ့လူရှိတဲ့နေရာကို ရောက်အောင်လာပြီး ဖမ်းရတာပဲဖြစ်ပါတယ်။ဒါ့အပြင်ကိုယ့်ကိုမြင်ရင်လည်း အဖမ်းခံရတဲ့သူက ထွက်ပြေးနိုင်တဲ့အတွက် မမှတ်မိအောင်ရုပ်တွေဘာတွေ ဖျက်ပြီးအနားရောက်မှအမိဖမ်းရပါတယ်။ထူးခြားချက်တစ်ခုကတော့ သူတို့သူငယ်ချင်းထဲမှာ Jerry ဆိုတဲ့တစ်ယောက်က အဲဒီကစားနည်းစဆော့ပါပြီဆိုကတည်းက နှစ် ၃၀ တိုင်အောင် တစ်ခါမှအဖမ်းမခံရသေးပါဘူး။၃၁ နှစ်မြောက်မှာတော့ Jerry တစ်ယောက်အိမ်ထောင်ပြုပြီးတော့ ဒီကစားပွဲကနေအကောင်းဆုံးစံချိန်နဲ့ အပြီးတိုင်အနားယူတော့မယ်ဆိုတဲ့သတင်းကို သိသွားတဲ့ Hogan ဟာ ကျန်တဲ့သူငယ်ချင်းသုံးယောက်ကိုအမြန်စုပြီးတော့ မင်္ဂလာပွဲမှာခြေချုပ်မိနေမယ့် Jerry ကိုဖမ်းပြီး သူ့ရဲ့နှစ် ၃၀ ...
movie

Tag (2018)

2018