Channel Myanmar

Jackson Rathbone

Big Stan (2007) 6.2
Big Stan (2007)  အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမီ အချိန်အတွင်း ကြံမိကြံရာကြံရင်းစတန်တယောက် သူ့ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။အဲဒီဆရာကျေးဇူးနဲ့ပဲ ထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကို ကူညီတိုက်ခိုက်ပေးရင်းဆရာကြီးတပါးဖြစ်လာပါတယ်။ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်း ထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန် အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။အဲတော့စတန်တယောက်ဘယ်လို ရှေ့ဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေ့ါပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့ BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။ ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။ ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:45:00 Genre... Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Fridays
movie

Big Stan (2007)

2007
Laws of Man (2025) 4.3
Laws of Man (2025)  Laws of Man (2025) ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲရဲ့အစောပိုင်းကာလအချိန်..။ဖရန့်ခ်နဲ့ တွမ်မီဆိုတဲ့ ယူအက်စ်မာရှယ်နှစ်ယောက် နီဗားဒါးပြည်နယ်က မြို့လေးတစ်မြို့မှာ ၀ရမ်းပြေးတရားခံတစ်ယောက်နောက်ကို လိုက်နေခဲ့ပါတယ်။ဒါပေမဲ့လည်း သက်သေတစ်မှုန်တစ်စိမှ မတွေ့ရတဲ့အပြင် ရှိခဲ့ဖူးတဲ့တစ်ခုတည်းသောသက်သေကလည်း ရုံးမီးလောင်တဲ့ထဲ ပါသွားတယ်ဆိုတော့ တရားခံကိုဖမ်းဖို့ အကျပ်ရိုက်နေခဲ့ကြတယ်။မြေယာအတွက်နဲ့ပဲ လူသတ်မှုတွေဆက်တိုက်လုပ်နေတယ်လို့ သူတို့ထင်ထားတဲ့တရားခံက သူတို့ထင်မှတ်မထားတဲ့ ကိစ္စကြီးတစ်ခုမှာပါနေတာကို သိရတဲ့အခါမှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1.1 GB) / (670 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama, Thriller, War Duration….01:39:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo
movie

Laws of Man (2025)

2025
Dread (2009) 5.6
Dread (2009) Dread (2009)လူတိုင်းမှာ အကြောက်တရား ကိုယ်စီရှိတတ်ကြတယ်။ တချို့က ပိုးဟတ်ကြောက်တယ်။ တချို့က အမှောင်ကြောက်တယ်။ တချို့က လူတွေနဲ့ ပြောဆို ဆက်ဆံရမှာ ကြောက်တယ်။ တချို့အကြောက်တရားတွေက သာမန်ဖြစ်ပေမယ့် တချို့ကတော့ လွန်လွန်ကြူးကြူး စိတ်ချောက်ချား ထိတ်လန့်တတ်ကြတယ်။အဲဒီလိုထိတ်လန့်ခြင်းတွေရဲ့ နောက်ကွယ်က စိတ်ဒဏ်ရာတွေ အကြောင်းရင်းတွေကို ဖော်ထုတ်ချင်တဲ့ ကျောင်းသား ၃ယောက်ရှိခဲ့တယ်။ ကျောင်းရဲ့ သုတေသနစာတမ်း အတွက်ပေါ့။စိတ်ဒဏ်ရာကိုယ်စီရှိကြတဲ့ ကျောင်းသား၃ယောက်က တခြားသူတွေရဲ့ အကြောက်တရားတွေ၊ ထိတ်လန့်မှုတွေ၊ အတွေ့အကြုံတွေကို မေးမြန်းပြီး ဗီဒီယိုတွေရိုက်ကြတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ကိုယ့်အကြောက်တရားကို ကျော်လွှားနိုင်ဖို့ တခြားသူတွေရဲ့ ထိတ်လန့်မှုအပေါ် အမှီပြုပြီး အလွှဲသုံးစား လုပ်တဲ့အခါ...အခုတ်အထစ် ပြကွက်ကြမ်းကြမ်းလေးတွေနဲ့ ကျောချမ်းစေမယ့် Thriller ကားကောင်းလေး ဖြစ်တာမို့ အားပေးလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 520MB Quality - 1080p, ...
movie

Dread (2009)

2009
Do Not Reply(2020) 6.0
Do Not Reply(2020) Do Not Reply(2020)ချယ်လ်ဆီးဆိုတဲ့ကောင်မလေးဟာ ပျော်ပျော်နေတတ်ပေမယ့် အပေါင်းအသင်းနည်းတဲ့ အထက်တန်း ကျောင်းသူလေးတစ်ယောက်ပါ။ အရှက်အကြောက်အရမ်းကြီးလွန်းတာကြောင့်အရမ်းပွေတဲ့ သူ့သူငယ်ချင်းက အတင်းတိုက်တွန်းတာတောင် ရည်းစားလည်း မရှိသေးပါဘူး။တစ်ရက်မှာ လုပ်မိခဲ့တဲ့ အပြစ်တစ်ခုကြောင့် အိမ်က အပြင်ထွက်လည်ခွင့် မပေးဘဲ ဒဏ်ပေးထားချိန်မှာဖုန်းနဲ့ပဲ ပြင်ပကို အဆက်အသွယ်လုပ်နေရပါတယ်။ ဖုန်းနဲ့ပဲ ဆက်သွယ်ရချိန်မှာအရင်ကမသိတဲ့ လူတစ်ယောက်နဲ့ စကားပြောမိသွားပါတယ်။ အဲဒီလူနဲ့ စကားပြောမိရာက အစပြုပြီးတော့ကံဆိုးမိုးမှောင် ဒုက္ခတွေ ကျရောက်လာပါတော့တယ်။ ဘယ်လို ဒုက္ခတွေလဲ၊ ဒုက္ခတွေကို သူကျော်လွှားနိုင်မလား ဆိုတာကို တော့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်......File Size :(850 MB) and (317MB) Quality : WEB-DL  720p Format…mp4 Duration…01:38:00 Genre : Thriller  ,Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae
movie

Do Not Reply(2020)

Samson (2018) 4.6
Samson (2018)  ဒီတစ်ခါတော့ လတ်တလောထွက်ရှိလာတဲ့ ကားသစ်တွေထဲကမှ Samson (2018)ဆိုတဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။Samsonဆိုတာကတော့ ဟီဘရူးကျမ်းစာပါ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဆမ်ဆန်ဆိုတာ ဘုရားသခင်ကပေးအပ်ထားတဲ့စွမ်းအင်တွေနဲ့ပြည့်စုံတဲ့လူသားပါ။ ထိုစွမ်းအင်တွေကိုကောင်းစွာထိန်းသိမ်းထားနိုင်ဖို လိုက်နာရတဲ့စည်းကမ်းချက်၃ခုရှိပါတယ်။ဆံပင်မညှပ်ရ၊အရက်မသောက်ရ၊ အသေကောင်တွေကိုမထိရဆိုတာတွေပါပဲ။ဆမ်ဆန် မွေးဖွားလာတဲ့အချိန်မှာ ဟီဘရူးတွေကိုဖီလစ်စတင်းလူမျိုးတွေက ကျွန်ပြုအုပ်စိုးနေတဲ့အချိန်ဖြစ်နေပြီး မျိုးနွယ်ရဲ ့မျှော်လင့်ချက်က သူ့အပေါ်မှာပါ။ဒါပေမယ့် စိတ်ထားအရမ်းကောင်းတဲ့ဆမ်ဆန်တစ်ယောက် အများအကျိုးတွက်ဆောင်ရွက်နိုင်ခဲ ့ရဲ ့လား။သူရဲ ့စည်းကမ်းချက်၃ခုကိုရောမကျိုးမပေါက်​အောင်စောင့်ထိန်းနိုင်ပါ့မလား။သူတို့မျိုးနွယ်စုကရော ဘယ်လိုရုန်းကန်လှုပ်ရှားရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။သမ္မာကျမ်းစာပါ နာမည်ကြီးဇာတ်ကောင် Samsonအကြောင်းကို အခုဒီSamson(2018)ဆိုတဲ့ကားလေးမှာ ကြည့်ရှုလို့ရနေပါပြီ။Imdb Rating 4.3Rotten Tomatoes 25%ရရှိထားပါတယ်။Qty - 720p Web DLGern - HistoricalDuration - 1hr 50minTranslator - Aye Mon KyawReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

Samson (2018)

2018