Channel Myanmar

Jack Holden

Journey’s End (2017) 6.7
Journey’s End (2017)  Journey's End (2017)IMDb Rating (6.7) / Rotten Tomatoes (91%) ဒီဇာတ်ကားကတော့ 2017ကထွက်ရှိထားပြီး IMDb 6.7/10ရရှိခဲ့တဲ့ war/dramaရုပ်ရှင်အမျိုးအစားပါပဲ။1928 တုန်းကပြသခဲ့တဲ့ပြပွဲတစ်ပွဲကို အခြေခံပြီး ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။နာမည်ကျော်" The Space between us "," Hugo "အစရှိတဲ့ဇာတ်လမ်းတွေထဲက သရုပ်ဆောင် Asa Butterfield.. " Me before u","Love Rosie!" အစရှိတဲ့ Romanceကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသား Sam Clafin..ဒီလိုနာမည်ကြီးသရုပ်ဆောင်တွေက သူတို့ရိုက်နေကြ Characterတွေကနေခွဲထွက်ကာ ဒီဇာတ်လမ်းထဲမှာပီပြင်အောင်သရုပ်ဆောင်နိုင်သွားတာလဲ ချီးကျူးစရာပါပဲ။Rating ကပ်စေးနည်းတဲ့ Rotten Tomatoesကတောင် 91%ပေးထားတာမို့ ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ရုပ်ရှင်ဝေဖန်ရေးသမားတွေကလဲ Rating တွေရက်ရက်ရောရောပေးထားတာတွေ့ရပြန်ပါတယ်။ ဇာတ်လမ်းလေးကိုမြည်းစမ်းကြည့်ဖို့အတွက် ဇာတ်လမ်းအကျဉ်းလေးလဲ တင်ပြပေးပါရစေ။ဇာတ်လမ်းအကြောင်းကတော့ ပထမကမ္ဘာစစ်တုန်းက ရှေ့တန်းမှာရောက်နေခဲ့တဲ့အင်္ဂလိပ်စစ်သားတွေရဲ့ဘဝနဲ့ အခက်အခဲတွေကိုရိုက်ကူးပြထားတာပါ။သူတို့စခန်းချထားတဲ့နေရာရဲ့ရှေ့မှာက အင်အားများလွန်းတဲ့ရန်သူတွေဖြစ်ပြီး နောက်ကိုပြန်ဆုတ်ဖို့ကလဲ အထက်ကလူကြီးတွေက နောက်ဆုတ်ခွင့်လုံးဝမပေးလို့ ရှေ့တိုးနောက်ဆုတ်မရဖြစ်နေတဲ့အချိန်ပါ။ဒါ့အပြင်သူတို့တပ်စိတ်ရဲ့ကပ္ပတိန်ဖြစ်သူကပါ ...
movie

Journey’s End (2017)

2017