Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
J.T. Walsh
7.8
Misery (1990)
စာရေးဆရာကြီး Stephen Kingရဲ့ Miseryဝတ္ထုကိုပြန်ရိုက်ထားတဒီရုပ်ရှင်ဟာ Horrorရုပ်ရှင်တွေထဲမှာတော့ပြောစမှတ်တွင်ခဲ့တဲ့ရုပ်ရှင်ပါ။ဒီဇာတ်ကားထဲက စိတ္တဇအမျိုးသမီးကြီးနေရာကသရုပ်ဆောင်တဲ့မင်းသမီးကြီး Kathy Batesလဲ ဒီဇာတ်ကားနဲ့ပဲ အော်စကာဆု၊ရွှေကမ္ဘာလုံးဆုတွေ ရခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းစာရေးဆရာ ပေါလ်ရှယ်ဒန်က မစ္စရီဆိုတဲ့အမျိုးသမီးဇာတ်ကောင်အကြောင်းအသားပေးရေးထားတဲ့လုံးချင်းဝတ္ထုတွဲတွေနဲ့ လူကြိုက်များအောင်မြင်တဲ့ စာရေးဆရာကြီးတစ်ယောက်ပေါ့။ဒါပေမယ့် ကြာလာတော့ မစ္စရီအကြောင်းရေးရတာငြီးငွေ့လာလို့ ပေါလ်ရှယ်ဒန်ကသူ့ရဲ့နောက်ဆုံးထွက် မစ္စရီဝတ္ထုမှာ မစ္စရီဇာတ်ကောင်ကို သတ်ပစ်လိုက်တယ်။ပြီးတော့သူ့ရဲ့ ဝတ္ထုအသစ်ကို လူသူမနီးတဲ့ဟိုတယ်လေးမှာသွားရေးနေတုန်း သူ့သမီးလေးမွေးနေ့အတွက်နယူးယောက်ကိုပြန်အလာမှာ နှင်းမုန်တိုင်းမိပြီးကားမှောက်သွားခဲ့တယ်။ခြေတွေလက်တွေနံရိုးတွေကျိုးပြီး နှင်းမုန်တိုင်းထဲမှာသတိလစ်ပြီးသေစစဖြစ်နေတဲ့ သူ့ကို အန်နီဝစ်ဆိုတဲ့ မိန်းမကြီးကကယ်ဆယ်ပေးခဲ့ပါတယ်။သတိရလာတော့ သူ့ကိုကယ်ခဲ့တဲ့အန်နီဝစ်ကသူနာပြုဟောင်းတစ်ယောက်ဖြစ်တဲ့အပြင်သူ့ရဲ့မစ္စရီဝတ္ထုတွေကိုအရူးအမူးစွဲလမ်းအားပေးတဲ့အကြီးစားပရိတ်သတ်တစ်ယောက် ဖြစ်နေတာကြောင့်စိတ်သက်သာရာရခဲ့ပေမယ့်လဲ....စာရေးဆရာဟာ တဖြေးဖြေးနဲ့ဆိုသလိုအန်နီဝစ်ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို သတိထားမိလာပါတယ်။ဒါ့အပြင် အန်နီဝစ်ဟာ မစ္စရီဇာတ်ကောင်ကိုပုံမှန်ထက်ပိုပြီးချစ်ခင်စွဲလမ်းနေတာကိုလဲသတိထားမိလာပြီး...နောက်ဆုံးထွက်မစ္စရီစာအုပ်မှာ မစ္စရီသေသွားတာကို အန်နီဝစ်တစ်ယောက်သိသွားချိန်မှာ...ဒီဇာတ်ကားဟာ သွေးသံရဲရဲအခန်းတွေကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ပါဝင်တာကြောင့်R ratedသတ်မှတ်ထားပါတယ်။Horrorရုပ်ရှင်တွေ မကြိုက်ရင်တောင်ဒီကားက Horror,Drama,psycho thrillerအချိုးကျကျပေါင်းစပ်ထားပြီးKathy Batesရဲ့ လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ကြည့်ကိုကြည့်သင့်ပါတယ်။ယုတ္တိမရှိ ပေါပေါပဲပဲ jump scareတွေတစ်ကွက်မှမပါပဲ ကြည့်ရတဲ့သူကို ရင်တလှပ်လှပ်ဖြစ်စေမှာပါ။ဒါကြောင့် Horrorရုပ်ရှင်တွေကိုမြတ်နိူးသူတွေအဖို့Miseryဟာလုံးဝစိတ်ပျက်စေရမှာမဟုတ်ကြောင်း ကတိပေးလိုက်ရပါတယ် File Size : 14 GB, 3.3 GB, 1.5 GB Quality ...
movie
Misery (1990)
1990
4K HEVC
6.9
The Grifters (1990)
The Grifters (1990)~ IMDb - 6.9/10, Rotten Tomatoes - 91% ~National Board of Review of Motion Pictures ရဲ့ ၁၉၉၀ ခုနှစ်အတွက် အကောင်းဆုံး ရှပ်ရှင် ၁၀ ကားထဲက တစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ရုပ်ရှင်ပါ။ သိတဲ့အတိုင်း ၁၉၉၀ ဆိုတာ ကားကောင်းတွေထွက်ခဲ့တဲ့နှစ်ဆိုတော့ အကောင်းဆုံး ၁၀ ကားထဲပါတယ်ဆိုတာ တော်ရုံတော့မဟုတ်ပါဘူး။ အော်စကာဆု ၄ ခု ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ ဇာတ်လမ်းအပိုင်းတွေမှာ တခြားဆုကြီးတွေလည်း ရခဲ့တယ်။ဒီရုပ်ရှင်ကို Crime ဝတ္ထုနယ်ပယ်မှာ ဩဇာရှိတယ်လို့ပြောလို့ရတဲ့ Jim Thompson ရဲ့ The Grifters ဝတ္ထုကို မှီငြမ်းထားတယ်။ ၁၉၉၀ မှာ Jim Thompson ရဲ့ ဝတ္ထု ၂ ခုကို ...
movie
The Grifters (1990)
1990
7.5
Pleasantville (1998)
Pleasantville (1998)~ IMDb - 7.5/10, Rotten Tomatoes - 86% ~ဒီခေတ်က ဖြစ်ရပ်တွေကိုကြည့်ရင်း "အရင်ခေတ်ကလူတွေသာ ဒါကိုမြင်ရင် ဘယ်လိုနေမလဲ" ဆိုတာမျိုးကို တစ်ခါလောက်တော့ တွေးမိဖူးကြမယ့်လူတွေများပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အဲဒီလိုအရင်ခေတ်တစ်ခုကိုပြန်ရောက်သွားတာပါ။ သိပ္ပံကားတွေလို အချိန်ခရီးသွားရင်း တကယ့်သမိုင်းထဲရောက်တာမျိုးတော့မဟုတ်ဘူးပေါ့။ ဒေးဗစ် နဲ့ ဂျန်နဖာဆိုတဲ့ အမွှာမောင်နှမ ၂ယောက်က ၁၉၅၀ လောက်က တီဗီရှိုးတစ်ခုဖြစ်တဲ့ Pleasantville ဆိုတဲ့အစီအစဉ်ထဲကို ပဉ္စလက်ဆန်ဆန် ဝင်ရောက်သွားတာဖြစ်ပါတယ်။ပလဲဆန့်ဗေးလ်က ပြောရမယ်ဆိုရင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာလိုပါပဲ။ လူတိုင်းတာဝန်ကိုယ်စီနဲ့၊ နေ့တိုင်းကလည်း ဒီလို မပြောင်းမလဲ၊ အိမ်တွေကအစတူပြီး မီးတောင်မလောင်တတ်လို့ မီးသတ်ဆိုတာ သစ်ပင်ပေါ်တက်ပြီးပြန်မဆင်းတတ်တဲ့ကြောင်လေးတွေကို ကယ်ဖို့လောက်အသုံးဝင်တာပါ။ ရာသီဥတုကလည်း အမြဲတစ်ချိုးတည်း၊ အပူချိန်ကလည်း မတက်မကျ။ ဒီလို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်ပြီး ပြည်သူတွေအားလုံးပျော်နေကြတဲ့ ပလဲဆန့်ဗေးလ်တီဗီရှိုးထဲက ပလဲဆန့်ဗေးလ် မြို့ကလေးပါ။ဒါပေမဲ့ ဒေးဗစ်တို့မောင်နှမ ၂ ယောက်ရောက်သွားပြီး ပြောင်းလဲမှုတွေ ...
movie
Pleasantville (1998)
1998
7.3
Good Morning, Vietnam (1987)
Good Morning, Vietnam (1987)~ IMDb - 7.3/10, Rotten Tomatoes - 89% ~ဒီဇာတ်လမ်းလေးကတော့ အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အေဒရီယန်ခရိုနော်ဆိုတဲ့ ရေဒီယိုဒီဂျေတစ်ယောက်အကြောင်းကို အခြေခံထားတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ ၂ ခြမ်းကွဲနေတဲ့အချိန်ကာလကိုနောက်ခံထားပြီး ရိုက်ကူးထားပါတယ်။အမေရိကန်က ဗီယက်နမ်မြောက်ပိုင်းဘက်ကနေ မဟာမိတ်အဖြစ် ကြားဝင်ဆောင်ရွက်နေတဲ့ကာလပေါ့။ အေဒရီယန်ခရိုနော်ကတော့ ဗီယက်နမ်မြောက်ပိုင်း ဆိုင်ဂွန်က ပြန်ကြားရေးဌာနကိုတာဝန်နဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ ဇဝနဉာဏ်ရွှင်လွန်းလို့ စရောက်တဲ့နေ့မှာတင် လက်တန်းပြက်လုံးထုတ်တင်ဆက်ပြီး ပွဲကျစေခဲ့တဲ့သူပါ။ခရိုနော်ရောက်လာပြီဆိုကတည်းက အထက်လူကြီး ဟော့ခ်နဲ့ ဒစ်ကာဆန်တို့နှစ်ယောက် အငြိမ်မနေရတော့ပါဘူး။ ခရိုနော်က စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တဲ့သူပါ။ ဘယ်လောက်အမိန့်ပေးပေး အသံလွှင့်ခန်းထဲရောက်ရင် သူလုပ်ချင်ရာလုပ်ပါတယ်။ ဆင်ဆာဖြတ်ထားတဲ့အပိုင်းတွေ အကုန်ထည့်ဖတ်တယ်။ အမေရိကန်စစ်တပ်ကို Troll တယ်။ သမ္မတဟောင်းရဲ့မိန့်ခွန်းလွှင့်နေရင်းတောင် ရုပ်ပြောင်လိုက်ပါသေးတယ်။ အားတဲ့အချိန် မြို့ထဲက ဗီယက်နမ်တွေနဲ့မိတ်ဖွဲ့ပြီး အင်္ဂလိပ်စာလည်းသင်ပေးလိုက်ပါသေးတယ်။ စစ်ရဲ့ အနိဌာရုံတွေကြားက ဒီလူတွေနဲ့ ခရိုနော်ရဲ့ လှပပြီး တိုတောင်းတဲ့ ရေစက်လေးတစ်ခုပေါ့။ဒီလိုပါပဲ ခရိုနော်နဲ့ ...
movie
Good Morning, Vietnam (1987)
1987
7.3
The Negotiator(1998)
The Negotiator(1998)IMDb....7.3,,,,,,, Rotten...75%ဒန်နီ ရိုမန် (Samuel L. Jackson) ဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာ ချီကာဂို ရဲဌာနမှာ Negotiator လုပ်ရတဲ့ ရဲတစ်ယောက်ပေါ့….Negotiator ဆိုတာ မြန်မာလိုဆိုရင် စေ့စပ်ညှိနှိုင်းဆွေးနွေးသူပေါ့ ….သူ့ရဲ့ အဓိကတာဝန်ကတော့ပြန်ပေးဆွဲအမှုတွေ ဓားစာခံအမှုတွေမှာ သူက ဓားစာခံတွေ မထိခိုက်အောင် အနာတရ အသေအပျောက်မရှိအောင်ပြန်ပေးသမားနဲ့ စကားပြောပေးရတဲ့သူပေါ့… သူပြောတဲ့စကားတစ်ခွန်းဟာ ပြန်ပေးသမားရဲ့ စိတ်အခြေအနေကိုအဆိုးဘက်ကိုအနည်းငယ်ရောက်စေရုံနဲ့ ဓားစာခံရဲ့ အသက်အချိန်မရွေးပျောက်သွားနိုင်သလို အခြားမလိုလားအပ်တဲ့ ပြသနာတွေလည်း ရှိနိုင်ပါတယ်....ဒန်နီရိုမန်ကတော့ ပြန်ပေးသမားကို သိမ်းသွင်းပြီး ဖြေရှင်းတဲ့အပိုင်းမှာ အထူးကျွမ်းကျင်သလိုရုပ်မြင်သံကြားမှာလည်း မကြာခဏ ချီးကျူးဖော်ပြခံနေရတဲ့ သူပေါ့…...လုပ်ဖော်ကိုင်ဘက်တွေကလည်း သူ့အပေါ်လေးစားကြတယ်....တစ်နေ့တော့ ရဲဌာနထဲမှာ ရံပုံငွေတွေကို ဒေါ်လာသန်းနဲ့ ချီပြီး အလွဲသုံးစားလုပ်တဲ့ အမှုတစ်ခု ဖြစ်လာခဲ့ပါတယ်…...ဒီကိစ္စကို ကံဆိုးချင်တော့ ဒီအမှုကို ဒန်နီရိုမန် လုပ်တယ်ဆိုပြီး ထောင်ချောက်ဆင်ခံလိုက်ရတယ်...ဒီထောင်ချောက်ဆင်မှုကြောင့် လုပ်ဖော်ကိုင်ဘက်တွေရဲ့ရွံ့မုန်းတဲအကြည့်တွေရခဲ့တဲ့အပြင် မီဒီယာတွေရဲ့ခေါင်းစဉ်တွေမှာလည်းအကျင့်ပျက်ခြစားတဲ့ရွံစရာအကောင်းဆုံး လူသားအဖြစ်အဖော်ပြခံလိုက်ရတယ်...ဒန်နီရိုမန်အတွက်တကယ့်ကို ကမ္ဘာပျက်တဲ့အခိုက်အတန့်ပါပဲ....ကိုင်း ဒီအမှုကြီးကို ကို ...
movie
The Negotiator(1998)
1998