Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
J.K. Simmons
7.5
Juno (2007)
ဂျူနိုဟာ၁၆နှစ်အရွယ်ကျောင်းသူလေးပါ။လူငယ်သဘာဝယောကျာ်းလေးသူငယ်ချင်းဖြစ်သူဘလီကာနဲ့အတူနေမိရာကကိုယ်ဝန်ရှိသွားတယ်ပေါ့။အထက်တန်းကျောင်းသားတွေဖြစ်နေတာတစ်ကြောင်း၊ဖျက်ချဖို့မရဲတာကတစ်ကြောင်းဒီကလေးကိုမွေးနိုင်မယ့် မွေးစားမိဘရှာဖို့ဂျူနိုဆုံးဖြတ်ခဲ့ပါတယ်။မိဘဖြစ်သူတွေကအပြစ်တင်မဖိနှိပ်ဘဲသမီးဆန္ဒကိုဦးစားပေးပြီးအားပေးကူညီကြသူတွေပါ။ဒီကားလေးထဲမှာတော့ကျွန်တော်တို့နိုင်ငံနဲ့ရိုးရာဓလေ့အတွေးအခေါ်ကွာခြားမှုများစွာကိုတွေ့ရမယ့်ဇာတ်ကားကောင်းလေးပါ။ရုပ်ရှင်ကားကို ဘာသာပြန်ပြီးအညွှန်းရေးပေးတာကတော့ ညို့မျက်ဝန်း ဖြစ်ပါတယ်
movie
Juno (2007)
2007
6.2
I’m Not Here (2019)
ပရိသတ်အချစ်တော် J.K.Simmonsနဲ့ Sebastian Stanတို့ရဲ့အသစ်စက်စက်ထွက်ရှိထားတဲ့ဇာတ်ကားပါ။Dramaအမျိုးအစားဖြစ်ပြီး IMDB Ratingလည်း မဆိုးလှပါဘူး။အတိတ်ရဲ့အမှားတွေ နောင်တတွေနဲ့ ဇရာရဲ့နှိပ်စက်ခြင်းဒဏ်တွေကို ခံနေရတဲ့စတိဗ်တစ်ယောက်ဟာ အထီးကျန်စွာနဲ့ဘဝကိုဖြတ်သန်းနေပါတော့တယ်။သူဟာ တစ်စစီကျိုးပဲ့ပျက်စီးနေတဲ့အတွက် အိမ်ကြီးထဲမှာပဲဘယ်သူ့ကိုမှ အပြင်လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ကာနေနေခဲ့ပါတယ်။သူ့ရဲ့အတိတ်ပုံရိပ်တစ်ခုချင်းစီဟာ သူ့ကို အကြိမ်ကြိမ်နှိပ်စက်နေခဲ့ပါတယ်။သူ့ကိုခြောက်လှန့်နေတဲ့ အဲ့ဒီအတိတ်တွေဟာ ဘာတွေလဲ။အဲ့ဒီအတိတ်တွေကနေ သူလွတ်မြောက်ပါ့မလား။တစ်ကားလုံးဟာ လွမ်းစိမ့်စိမ့်လေးနဲ့ တော်တော်လေးကြည့်ကောင်းပါတယ်။Film festival ပွဲတော်တွေမှာလည်း ဆုတွေရထားတဲ့ဇာတ်ကားပါ။တခြားဇာတ်လမ်းတွေလို ပြသချိန်သိပ်မကြာမြင့်တာကြောင့်ကြည့်ရတဲ့အချိန်ထက် လွမ်းဆွတ်တမ်းတမိမယ့်အချိန်က ပိုများမှာအမှန်ပါပဲ။အားလုံးပဲ ဇာတ်လမ်းလေးနဲ့အတူ လွမ်းဆွတ်ကြည့်လိုက်ကြစို့ဗျာ File Size : (713 MB) & ( 225 MB)Quality : WEB-DL 720pRunning Time : 1 hr 21minFormat ...
movie
I’m Not Here (2019)
2017
8.5
Whiplash (2014)
Whiplash (2014) IMDb - 8.5/10_____Rotten- 94%Won 3 Oscars. Another 91 wins & 144 nominations. ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့….အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ...ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့...ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့..တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်..ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့…ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင် Miles Teller ကတော့ ...
movie
Whiplash (2014)
2014
5.6
Renegades (2017)
ဒီကားလေးကလည်း ၂၀၁၇ခုနှစ်ကထွက်ထားတဲ့ ပေါ့ပေါ့ပါးပါး Action ကားလေးတစ်ကားဖြစ်ပါတယ်။ဒါရိုက်တာ Steven Quale ရိုက်ကူးထားတာဖြစ်ပြီး နေတိုးတပ်ဖွဲ့စစ်ခြေစိုက်စခန်းထားရှိရာ ဘော်စနီးယားနိုင်ငံ ၁၉၅၅ခုနှစ်တွင် ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။သြစတျေးလျသရုပ်ဆောင် Sullivan Stapleton ၊ ဗြိတိန်သရုပ်ဆောင်/ရုပ်ရှင်ထုတ်လုပ်သူ Charlie Bewley တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အမေရိကန် Navy Seal တပ်ဖွဲ့ဝင်၅ဦးရဲ့ စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနှောပြီးရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၅၅ခုနှစ် ဘော်စနီးယားနယ်တ၀ိုက်တွင် ပြန်လည်ထူထောင်ရေး၊ နယ်မြေလုံခြုံရေးတို့အတွက် နေတိုးတပ်ဖွဲ့မှ ၀င်ရောက် အခြေစိုက်ဖြေရှင်းပေးနေချိန်မှာ အဆိုပါတပ်ဖွဲ့ဝင်၅ဦးဟာ စစ်ဆင်ရေးတစ်ခုတွင်ပွဲကြီးပွဲကောင်းနွဲခဲ့ပြီးနောက် ၃ရက်လောက် အနားပေးခံရပါတယ်။အဲဒီအတောအတွင်း စတေတန်ရဲ့ဒေသခံကောင်မလေးကနေတဆင့် နှစ်ပေါင်း၅၀ခန့် တိမ်မြုပ်နေခဲ့တဲ့ ပြင်သစ်ကနေ နာဇီဂျာမနီတပ်ဖွဲ့တွေခိုးသွားတဲ့ ရွှေချောင်းတွေအကြောင်းကိုသိလိုက်ရပါတော့တယ်။ဒါနဲ့ပဲ သူတို့ငါးယောက်နဲ့အတူ စတေတန်ရဲ့ကောင်မလေးတို့ပူးပေါင်းပြီး အဲဒီရွှေတွေကို ရန်သူ့နယ်မြေထဲမှာ ရှာပုံတော်ဖွင့်ကြတော့တာပါပဲ။US Navy Seal တပ်ဖွဲ့ဝင်တွေကံကောင်းပြီး အဲဒီရွှေတွေကိုရသွားနိုင်မလား။မှန်းချက်နဲ့ နှမ်းထွက်ကိုက်ပါ့မလားဆိုတာတော့ ဆက်လက်ရှုစားလိုက်ပါဦး။Action ကြိုက်တဲ့သူတွေအတွက်တော့ ပေါ့ပေါ့ပါးပါး အပန်းပြေကြည့်ရှုနိုင်မည့်ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ File Size : (900 MB) ...
movie
Renegades (2017)
2017
7.4
Up in the Air (2009)
ဘ၀ဆိုတာ ခရီးရှည်တစ်ခု... ဒီခရီးကို ဘယ်လိုဖြတ်သန်းမှာလဲ။ ပိုင်ဆိုင်သမျှ အရာရာကို ထည့်သိမ်းဆည်းထားတဲ့ လွယ်အိတ်ကြီးတစ်လုံး လွယ်ပြီးတော့လား။ နေပါ... လွှတ်ချပစ်လိုက်။ အဲဒီ လွယ်အိတ်ကို မီးရှို့ပစ်လိုက်။ စိတ်လွတ်ကိုယ်လွတ်နဲ့ နောက်တစ်နေ့ရဲ့ မနက်ခင်းကို လွင့်မျောပစ်လိုက်။IMDB 7.4 | RT 91% | Roger Ebert 4/4ကိုယ့်ကို ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကနေ " ခင်ဗျား အလုပ်ပြုတ်ပြီ " ဆိုပြီး ကုမ္ပဏီက ဘာအကြောင်းမှ မရှိပဲ လာပြောရင် ဘယ်လိုခံစားရမလဲ။ သေချာတာကတော့ စိတ်ဓာတ်တွေ ကျသွားမှာပဲ။ ဒါပေမယ့် သူက ပိုင်တယ်။ ဖြုတ်တာကို ဖြုတ်တယ်လို့ မပြောဘူး။ အခွင့်အလမ်းအသစ်တွေ လာပေးတာပါတဲ့။ဒါ Ryan Bigham ရဲ့ အလုပ်။ ပိုင်ရှင်ကိုယ်စား အလုပ်ဖြုတ်လိုက်ပါပြီလို့ ပြောရတဲ့ အလုပ်။တစ်နှစ်မှာ ရက်ပေါင်း ၃၂၂ရက်လောက် လေယာဉ်စီးပြီး အလုပ်တွေ ဖြုတ်နေရတာ လေယာဉ်ဟာ သူရဲ့အိမ်ဖြစ်နေခဲ့ပြီ။ ...
movie
Up in the Air (2009)
2009
5.2
The Snowman (2017)
ဒါရိုက်တာ တိုမက်စ်အဲဖ ရက်ဆင်ရဲ့ လက်ရာဖြစ်ပြီး မိုက် ကယ်ဖက်စ်ဘန်ဒါ၊ ရီဘက်ကာ ဖာဂူဆန်၊ ရှားလက်ဂိန်းစ်ဘော့ဂ်၊ ဗယ်လ်ကစ်လ်မာ စတဲ့ သရုပ် ဆောင်တွေပါဝင်ထားတာပါ။နှင်းခဲလူရုပ်နဲ့ သဲလွန်စပေး ထားတဲ့ စိတ္တဇလူသတ်သမားကို စုံစမ်း ဖော်ထုတ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ဆောင်းရာသီအစပထမဆုံး နှင်းကျတဲ့နေ့မှာ အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့ပြီး စုံ ထောက် ဟယ်ရီဟိုးလ်ကတော့ သာမန်အမှုအခင်းမဟုတ်တဲ့ လူ သတ်မှုဖြစ်တယ်လို့ ယုံကြည်ခဲ့ပါ တယ်။ ထူးခြားတာတစ်ခုက လူ သတ်သမားက သူ့ကိုယ်သူနှင်းခဲ လူရုပ်(The Snowman)လို့သုံး နှုန်းသလို နှင်းခဲလူရုပ်နဲ့လည်း သဲ လွန်စချန်ထားခဲ့လို့ပဲဖြစ်ပါတယ်။လူသတ်သမားက နှင်းကျတဲ့ အချိန်တွေကိုပဲ ပစ်မှတ်ထားလှုပ် ရှားတာမို့ စုံထောက်ဟယ်ရီတစ် ယောက် ရက်စက်တဲ့လူသတ်မှု တွေထပ်ပေါ်လာမှာကို စိုးရိမ်နေ ခဲ့ပါတယ်။ အဲဒါကြောင့် ဆိုးရွား တဲ့အဖြစ်အပျက်တွေ ထပ်မပေါ် လာခင်မှာ Snowman ကို ...
movie
The Snowman (2017)
2017
5.6
Rock Dog (2016)
2016 မှာထွက်ထားတဲ့ကာတွန်းတစ်ကားဖြစ်ပြီး တရုတ်-အမေရိကန်ဖက်စပ်ဖြစ်ပါတယ်... IMDb 5.5 ရရှိထားပြီး ကာတွန်းကားကြိုက်သူတွေအတွက် ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. တရုတ်တို့ထုံးစံအတိုင်း ကွန်ဖူးအနည်းငယ်ပါသလို သိုးတွေရဲ့ထုံးစံအတိုင်း အရာရာကို မေ့တတ်ပြီး အပူအပင်ကင်းတဲ့ပုံစံပုံဖော်ထားတာကြောင့် ဟာသရောထားတဲ့ဇာတ်ကားလို့ ဆိုရမှာပါ.. ဇာတ်လမ်းအကျဉ်းကတော့... နှင်းတောင်တန်းတစ်ခုပေါ်မှာ သိုးတွေစုဝေးနေထိုင်ကြတဲ့မြို့တစ်မြို့ရှိပါတယ်.. သူတို့ဟာ ပူပင်ကြောင့်ကြမှုကင်းစွာနဲ့ သီချင်းလေးတီးလိုက် ဆိုလိုက်.. သိုးမွှေးတွေထုတ်လုပ်လိုက်နဲ့ ငြိမ်းချမ်းနေကြသူတွေပါ... သူတို့ကို စောင့်ကြပ်ပေးတဲ့မြို့စောင့်ကြီးကတော့ Khampa လို့ခေါ်တဲ့ တိဗက်ခွေးတစ်ကောင်ပဲဖြစ်ပါတယ်.. အဲဒီခွေးတွေဟာ မျိုးရိုးစဉ်ဆက် မြို့စောင့်အလုပ်ကို လုပ်ခဲ့ကြသူတွေဖြစ်ပြီး သိုင်းပညာတတ်ကျွမ်းသူတွေပါ... လောကကြီးမှာ ကိုယ်က ဘယ်လောက်ပဲ ငြိမ်းချမ်းပျော်ရွှင်နေပါစေ... ဒါကို ဖျက်စီးမယ့်အနှောင့်အယှက်ဆိုတာ ရှိစမြဲပါ.. အဲလိုပဲ သိုးတွေရဲ့မြို့ကို အပိုင်သိမ်းပြီး စားသောက်ပစ်ဖို့ အမြဲချောင်းနေတဲ့ဝံပုလွေအုပ်ကြီးရှိပါတယ် သူတို့မြို့ကို ကျူးကျော်တိုက်ခိုက်ပေမယ့်လည်း Khampa ကြောင့် အမြဲနောက်ဆုတ်ပြီး ပြေးရတာမို့ Khampa ကိုတော့ အသေကြောက်ရပါတယ်.. Khampa မှာ Bodi လို့ခေါ်တဲ့ သားတစ်ကောင်ရှိပြီး သူကတော့ ...
movie
Rock Dog (2016)
2016
6.0
All Nighter (2017)
မာတင် ဆိုတဲ့ လူငယ်လေးဟာ တီးဝိုင်း အဖွဲ့ငယ် တစ်ခုတွင် ဘင်ဂျို တီးတဲ့ ဂီတ သမား ရိုးရိုးပေါပေါ စိတ်ထားကောင်းသူ တစ်ဦးဖြစ်ပါတယ်... တစ်ရက်မှာတော့ မာတင် ရဲ့ ချစ်သူ ဂျင်းနီ ဟာ သူမ အဖေ ဖြစ်သူ မစ္စတာဂယ်လို နှင့် မာတင် အား စားသောက်ဆိုင် တစ်ခုတွင် ဆုံတွေ့၍ မိတ်ဆက်ပေးခဲ့ပါတယ်... စီးပွားရေးသမား မစ္စတာဂယ်လို နှင့် မာတင် တို့ ဟာ ယောက္ခမ နှင့် သားမက် အချိုးပြေပြေ တွေ့ဆုံမှုမဖြစ်ခဲ့ကြပါဘူး အလွဲလွဲအချော်ချော် နှင့် ပွဲပျက်ခဲ့ပါတယ်... သို့ နှင့် ထိုတွေ့ဆုံပွဲ အပြီး ၆ လအကြာမှာ မာတင် နှင့် ဂျင်းနီ တို့ဟာ လမ်းခွဲခဲ့ကြတယ်... ဇတ်လမ်းက ဒီမှာတင် ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး တစ်ရက်မှာ မာတင် ရဲ့ အိမ်ရှေ့ကို မစ္စတာဂယ်လို ရောက်လာပြီး သူ့သမီး ဂျင်းနီ ပျောက်သွားလို့ ...
movie
All Nighter (2017)
2017
6.9
Labor Day (2013)
Labor Day (2013) IMDb (6.9/10)....Rotten Tomatoes (35%) ခင်ပွန်းက နောက်အိမ်ထောင်ပြုပြီး စွန့်သားတစ်ယောက်နဲ့စွန့်ပစ်ခံရတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ (Adele) အနေနဲ့ Kate Winslet ပါဝင်ထားပါတယ်။ (Adele)ရဲ့ သားတစ်ယောက်အနေနဲ့ ကလေးသရုပ်ဆောင် အကျော်အမော်လေး Gattlin Griffith က (Henry) အဖြစ် သရုပ်ဆောင်ထားပါတယ်။ လူသတ်သမား တစ်ယောက်အနေနဲ့ မင်းသားကြီး Josh Brolin က Frank အဖြစ် ပါဝင်ထားပါတယ်။ သားတစ်ယောက်နဲ့ခင်ပွန်းသည်စွန့်ပစ်ခြင်းကို ခံရတဲ့ Adele ရဲ့ဘဝဟာ တိတ်ဆိတ်ခြောက်ကပ်လွန်းနေမှန်း သားဖြစ်သူ Henry ဟာ ခံစားမိနေပါတယ်။ တစ်ရက်သားအမိနှစ်ယောက် Shopping Center မှာ ဈေးဝယ်တုန်း Henry နားကို လူတစ်ယောက်ရောက်လာပြီး သူ့အမေကို လက်ညှိုးထိုးပြကာ မင်းအမေလားလို့ မေးပါတယ်။ ပြီးတာနဲ့ တစ်ဆက်တည်း သူ့ကို အကူအညီပေးဖို့ သူ့မှာဒဏ်ရာရလာကြောင်းပြောပါတယ်။ Adele က ထိုသူကိုတွေ့လိုက်ချိန်မှာတော့ ...
movie
Labor Day (2013)
2013
1
2
Previous