Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ismath Banu
7.1
Raghu Thatha (2024)
Raghu Thatha (2024) "အရိုင်းပန်းပုံပြင်" ===============================နာမည်ကြီးဗီဂျေးတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဗင်ဒရာဗီဂျေးနဲ့ မင်းသမီးချောလေး ကီရ်သီဆူရက်ရှ်တို့ရဲ့ အသစ်ထွက် ကျေးလက် ဟာသဒရာမာရုပ်ရှင်လေးကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ကာယာဟာ မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲ မိန်းမလှလေးတစ်ယောက်ပါ။ သူဟာ မိန်းကလေးစာရေးဆရာတွေကို အားမပေးတဲ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းထဲမှာ ယောက်ျားလေးနာမည်နဲ့ စာရေးပြီး အတော်အသင့်အောင်မြင်နေသူလည်းဖြစ်ပါတယ်။အသက် ၂၅ နှစ်ရောက်ပေမဲ့ အိမ်ထောင်မကျသေးတာကြောင့် တစ်ရွာလုံးက တွေ့တဲ့အချိန်တိုင်း ဘယ်တော့စားရမှာလဲလို့မေးတာခံနေရတဲ့သူဖြစ်ပြီး သူကလည်း မေးတဲ့သူတိုင်းကိုဂရုမစိုက်ဘဲ ကိုယ့်ခံယူချက်နဲ့ကိုယ် နေထိုင်သူဖြစ်ပြီး သူ့ရဲ့ ခံယူချက်တွေနဲ့ အများကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေကြားမှာ မဖြစ်မနေရွေးချယ်ရမယ့်အခြေအနေ ဖြစ်လာတဲ့အခါမှာတော့...။ကျေးလက်မြင်ကွင်းစိမ်းစိမ်းစိုစိုလေးတွေနဲ့ ရယ်ရမောရတဲ့ ရုပ်ရှင်လေးဖြစ်လို့ ပရိသတ်တွေ ခေတ္တစိတ်အပန်းပြေစေဖို့အတွက် ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 2.35 GB / 1.04 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Raghu Thatha (2024)
8
Veppam Kulir Mazhai (2024)
Veppam Kulir Mazhai (2024) "ရေကြည်တစ်ပေါက်"ပတ်ဝန်းကျင်မှာ မြင်ဖူးနေကျဇာတ်လမ်းကို ခပ်ဆန်းဆန်းပုံဖော်ထားတဲ့ တမီလ်ရုပ်ရှင်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။လိုတာမရ ရတာမလိုဆိုတာလိုပဲ လိုချင်သူတွေကျ နည်းအမျိုးမျိုး ဆေးအဖုံဖုံနဲ့ ကြံဆပေမဲ့ ဘယ်လိုမှမရကြသလို မလိုချင်သူတွေကျပြန်တော့ တားနေတဲ့ကြားက တဖွတ်ဖွတ်ထွက်လာတတ်ကြတာကတော့ ရတနာလို့တင်စားကြတဲ့ သားသမီးရင်သွေးတွေပေါ့။ ဒီဇာတ်လမ်းမှာလည်း အိမ်ထောင်ရက်သားကျလို့ အချိန်တစ်ခုကြာတဲ့အထိ သားသမီးမရတဲ့ လင်မယားစုံတွဲကိုတွေ့ရမှာပါ။သူတို့လင်မယားက သားသမီးမရတာကို ဘယ်လိုမှမနေပေမဲ့ ပတ်ဝန်းကျင်ရဲ့ သွားပုတ်လေလွင့်ပြောတဲ့ဒဏ်၊ ယောက္ခမဖြစ်သူရဲ့ ပူညံပူညံစကားသံကို နားမခံနိုင်တော့တဲ့ ချွေးမဖြစ်သူရဲ့ ပူပင်သောကဒဏ်တွေနဲ့ လင်မယားနှစ်ယောက် သားသမီးရဖို့အရေး အကြိတ်အနယ် ကြိုးစားကြပုံကို ဇာတ်လမ်း ဇာတ်အိမ် ခပ်ဆန်းဆန်းနဲ့တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.9GB / 896MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Veppam Kulir Mazhai (2024)
2024
8.6
J.Baby (2024)
J Baby (2024) "မေမေ"IMDb 8.7 စိတ်နှလုံးချမ်းမြေ့စေမယ့် မိခင်မေတ္တာဖွဲ့ ဒရာမာကားလေးတစ်ကား တင်ပေးလိုက်ပါတယ် ရှုပ်ထွေးဆန်းပြားတဲ့ တည်ဆောက်ပုံတွေ မပါဝင်ပဲ ပရိသတ်ရင်ဘတ်ရောက်အောင် ရိုးရိုးရှင်းရှင်း ဆွဲခေါ်နိုင်မယ့် ဇာတ်လမ်းသွားမျိုးပါဘဝမှာ ပထမဆုံးချစ်ဖူးတဲ့ အမျိုးသမီးက အမေ မဟုတ်လား မိခင်မေတ္တာဆိုတာကို မပြောလည်း လူတိုင်း ခံစားရဖူးတာပါပဲ ဒါတွေသိသည့်တိုင် ကိုယ့်အမေရဲ့စိတ်ထဲ ဘာတွေတွေးနေမှာလဲဆိုတာကိုတော့ အမှုမှတ်အမဲ့မှတ် မတွေးမိပဲရှိတတ်ပါတယ်ဇာတ်လမ်းအစမှာဆိုရင် ညီအစ်ကိုနှစ်ယောက်ကို သူတို့အမေ အဝေးကြီးက ကောလ်ကတ္တားမြို့ကို ရောက်နေကြောင်း ရဲစခန်းက အကြောင်းကြားလာတယ်သူတို့ညီအစ်ကိုကလည်း နှစ်ပေါင်းများစွာ စကားမပြောတော့တဲ့ ညီအစ်ကိုပေါ့ ဒါပေမဲ့လည်း ဒီတစ်ခါမှာတော့ နယ်မြေတစ်မျှော်တစ်ခေါ်ကို အတူတူသွားပြီး အမေ့ကိုပြန်ခေါ်ရဖို့ဖြစ်လာတယ်သူတို့ညီအစ်ကို အတိတ်တုန်းက ဘယ်လိုများ ပြဿနာဖြစ်ခဲ့လို့ စကားမပြောကြတာလဲ သားသမီးတွေကို အရိပ်တကြည့်ကြည့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ အမေကရော ဘာဖြစ်လို့ ရုတ်တရက် ထွက်သွားရတာလဲဇာတ်လမ်းအစ ဒိုင်ယာလော့တွေထဲမှာပဲ ပြောနေကြတဲ့ အမေ့ရဲ့ တကယ့်ဇာတ်လမ်းကရော ဘယ်လိုဖြစ်လာမှာလဲ ဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ထားတဲ့ ကားကောင်းလေးတစ်ကားပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File ...
movie
J.Baby (2024)
2024