Channel Myanmar

Indraja

14 Days (Girlfriend Intlo) (2025) 6.1
14 Days (Girlfriend Intlo) (2025) 14 Days: Girlfriend Intlo (2025)"ချစ်သူလေးနဲ့ ၁၄ ရက်တာ"ပေါ့ပေါ့ပါးပါးနဲ့ရယ်မောကြည့်ရှုရမဲ့ တေလဂူစကားပြော လူငယ်အချစ်ဟာသဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဟာရှာဆိုတဲ့ကောင်လေးဟာ 'Creator Kiss' ဆိုတဲ့ ချန်နယ်မှာ ဗီဒီယိုတွေကိုဖန်တီးနေတဲ့ မြီးကောင်ပေါက်လူငယ်လေးပါ။တစ်နေ့တော့ dating app တစ်ခုကို စမ်းသုံးကြည့်ရာကနေ အဟာနာဆိုတဲ့ ချစ်စရာမြီးကောင်ပေါက်အပျိုချောလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။စစချင်း ဖုန်းထဲကတဆင့်စကားပြောကြရာက အပြင်မှာတွေ့ပြီး ချစ်သူတွေဖြစ်သွားကြလေသတည်းပေါ့...။ဒါပေမဲ့ ဇာတ်လမ်းက အခုမှစတာပါ။တစ်ရက်တော့ အဟာနာတို့အိမ်မှာ လူကြီးတွေခရီးထွက်သွားတာကြောင့် အိမ်မှာတင် မိဘတွေမသိအောင် နှစ်ဦးသားခိုးတွေ့ကြပါတော့တယ်။ဒါပေမဲ့ မထင်မှတ်ဘဲ အဟာနာတို့မိဘတွေ ပြန်ရောက်လာတဲ့အခါ...မမျှော်လင့်ဘဲထွက်ပေါက်ပိတ်သွားတဲ့ ဟာရှာတစ်ယောက် လူကြီးတွေမသိအောင် အိမ်ကထွက်ဖို့အမျိုးမျိုးကြိုးစားပုံနဲ့ အိမ်ထဲမှာ ချောင်ပိတ်မိနေတဲ့ ကိုးရိုးကားရားအခြေအနေတွေကို ရယ်စရာ စိတ်၀င်စားစရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~ToMo~KKKZ~ZweYan~Yunni တို့ဖြစ်ပါတယ်။) File size…1.1 GB / 570MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 30mIN Subtitle….Myanmar Subtitle ...
movie

14 Days (Girlfriend Intlo) (2025)

Razakar: The Silent Genocide of Hyderabad (2024) 7.8
Razakar: The Silent Genocide of Hyderabad (2024) Razakar: The Silent Genocide of Hyderabad (2024) လွတ်မြောက်မှုဘယ်ဆီဒီတစ်ခါမှာတော့ သမိုင်းရာဇဝင်ကြိုက်နှစ်သက်သူ ပရိတ်သတ်တို့အတွက် သမိုင်းကြောင်းနောက်ခံ အက်ရှင်ဒရမ်မာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ငွေဟာဒုတိယဘုရားသခင်လို့ ပြောကြတဲ့အတိုင်း သာမန်လူတွေဟာ ငွေကိုတပ်မက်ကြသလို နိုင်ငံတွေအနေနဲ့လည်း အရာအားလုံးရယူနိုင်ပါတယ်ဆိုတဲ့ လက်နက်အာဏာကို တပ်မက်ကြပြန်ပါတယ်။၁၉၄၇ ဩဂုတ် ၁၅ မှာအိန္ဒိယဟာ လွတ်လပ်‌ရေးရခဲ့ပေမဲ့ ဟိုင်ဒရာဘတ်ပြည်နယ်မှာတော့ မတည်ငြိမ်မှုတွေရှိနေဆဲပါ။ နိုင်ငံရဲ့တခြားနေရာတွေက လွတ်လပ်ရေးပွဲဆင်နွှဲနေကြပေမဲ့ ဗြိတိန်ဟိုင်ဒရာဘတ်ပြည်နယ်ကတော့ နီဇမ်တွေရဲ့ထိန်းချုပ်မှုအောက်ကျရောက်နေသလို ဟင်ဒူတွေကလည်း ရာဇာကာတွေရဲ့ဖိနှိပ်မှုကိုခံနေကြရတုန်းပါ။ဟင်ဒူတွေရဲ့အိန္ဒိယကိုနန်းတက်ဖို့ဆန္ဒကို ဆန့်ကျင်ဖို့၊ နီဇမ်တွေ မူဆလင်ထိန်းချုပ်မှုအောက် ကျရောက်ဖို့ အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ရာဇာကာတွေရဲ့ အကြင်နာမဲ့မှု၊ သူတို့ကိုဆန့်ကျင်တဲ့ သူရဲကောင်းတွေရဲ့ ရဲရင့်မှုတွေကို ရင်သပ်ရှုမော ခံစားကြည့်ရှုကြရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 7 GB / 3 GB / 1.6 GB Quality…4k HEVC WEB DL / WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Razakar: The Silent Genocide of Hyderabad (2024)

4K HEVC
Prathinidhi 2 (2024) 6.7
Prathinidhi 2 (2024) Prathinidhi 2(2024) အမှန်တရားဘက်တော်သားဒီတစ်ခါမှာတော့ IMDB 8.7/10 ရထားတဲ့အပြငိ ပရိသတ်အကြိုက်တွေ့စေမယ့် ဘောလီးဝုဒ်နိုင်ငံရေး ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အကျင့်ပျက်ခြစားမှုတွေ အာဏာကို အလွဲသုံးစားလုပ်မှုတွေ အနိုင်ကျင့်မှုတွေရဲ့အောက်မှာ ပြားပြားဝပ်နေရတဲ့ အိန္ဒိယပြည်သူတွေရဲ့ဘဝ... ကလောင်ရှိပေမယ့် ရေးချလို့ရမယ့်စာရွက်မရှိ.... စာရွက်ရှိသော်လည်း ချရေးပေးမယ့် ကလောင်မရှိဆိုသလို အမှန်တရားကိုဖော်ထုတ်မယ့်သူမရှိလို့ အောက်ခြေမှာဖြစ်ချင်တိုင်းဖြစ်နေတဲ့ အိန္ဒိယနိုင်ငံ ....ဒီနိုင်ငံအတွက် အမှန်တရားအတွက် ဘာမဆိုလုပ်ရဲပြီး အကြောက်အရွံ့မရှိတဲ့ ရုပ်သံလိုင်းတစ်ခု... ဒါမှမဟုတ် အမှန်တရားဘက်တော်သားတစ်ယောက်ရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှူသွားလှည့်ပါဦး။(အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကပဲရေးသားပေးထားပါတယ်) File size… 1.8 GB / 946 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Prathinidhi 2 (2024)

Maruthi Nagar Subramanyam (2024) 7.7
Maruthi Nagar Subramanyam (2024) Maruthi Nagar Subramanyam (2024)"ဗရုတ်သုတ်ခ မိသားစု" =============================================တေလေဂူးမင်းသားကြီး ရောဝ်ရာမက်ရှ်ရဲ့ အသစ်ထွက်ထားတဲ့ ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူဘရာမန်ယမ်ဟာ အစိုးရအလုပ်မရမချင်း အလုပ်မလုပ်ဘူးလို့ သံဓိဌာန်ချထားသူဖြစ်ပြီး သားဖြစ်သူ လူပျိုဖြစ်တဲ့ထိ အလုပ်မရှိသေးတဲ့သူဖြစ်ပါတယ်။သူတို့မိသားစုဟာ ဆူဘရာမန်ယန်ရဲ့ ဇနီးဖြစ်သူ ရာနီရဲ့လစာတစ်ခုတည်းနဲ့ လည်ပတ်နေရတာဖြစ်ပြီး မိသားစုဝင်တွေကလည်း ရောဂါသည်ဖြစ်ချင်နေတဲ့ ယောက္ခမကြီးရယ် သူ့ကိုယ်သူ လူစားလဲခံရတဲ့သူဌေးသားလို့ထင်နေတဲ့ သားဖြစ်သူရယ်နဲ့ တကယ့် ကဂျီကဂျောင်တွေပါ။အဲဒီလို အလုပ်မရှိတဲ့ ဆူဘရာမန်ယန်ကို မိန်းမဖြစ်သူက အမြင်ကပ်လို့ စီးကရက်ဖိုးတောင်မပေးတော့တဲ့အချိန်မှာ သူ့ရဲ့ဘဏ်အကောင့်ထဲကို ဘယ်ကမှန်းမသိရတဲ့ ပိုက်ဆံဆယ်သိန်း မှားဝင်လာတဲ့အချိန်မှာတော့ ဆူဘရာမန်ယမ်ရဲ့ဘဝအတွက် အလှည့်အပြောင်းတွေဖြစ်လာခဲ့ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.7 GB / 1.24 GB  Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by CM Bollywood Tea
movie

Maruthi Nagar Subramanyam (2024)

Bootcut Balaraju (2024) 4.1
Bootcut Balaraju (2024) Bootcut Balaraju(2023)သူကြီးသမီးနဲ့ ကိုလူပြက်ဘောလိဝုဒ်အချစ်ဟာသာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသား Syed Sohel နဲ့ Megha Lekha ၊ Ananya Nagalla တို့ မင်းသမီးချောလေးနှစ်ယောက်ပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါးရယ်မောနိုင်မဲ့ ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်မဟာလက်ရှ်မီးတို့မိသားစုက ကျေးရွာကောင်းစားရေးနဲ့ ကျေးရွာလူတွေအကျိုးအတွက်ပဲ အမြဲဦးစားပေးလုပ်ဆောင်ခဲ့ကြလို့ ရွာကလေးစားချစ်ခင်ကြတဲ့ ရွာလူကြီးမျိုးဆက် ၊ ကတိတစ်လုံးကို အသက်ထက်တန်ဖိုးထားကြတဲ့ မျိုးဆက် ၊ အဲဒီကတိတစ်လုံးအတွက် အိမ်ထောင်ကိုပါကွာရှင်းပြီး တစ်ယောက်တည်း ရဲရဲရပ်တည်ခဲ့တဲ့မဟာလက်ရှ်မီးရဲ့အမေ ။ဒီမျိုးဆက်ကနေ ပေါက်ဖွားလာတဲ့ မဟာလက်ရှ်မီးက ငယ်ငယ်လေးတည်းက အားလုံးရဲ့အလေးပေးခံရပြီး တူတူပေါင်းရမဲ့အဖော်မရှိဖြစ်နေချိန် ဘာလ်ရာဂျူးနဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့တယ် ။ ဘာလ်ရာဂျူးဆိုတာက အရာအားလုံးထက် ဒီနေ့မှာပျော်နေဖို့အရေးကြီးတယ်ဆိုတဲ့ ပျော်ပျော်နေတတ်တဲ့သူ...ဘဝကိုအလေးအနက် အများအတွက်ရှင်သန်တတ်တဲ့မိသားစုနဲ့ ပျော်အောင်ကြံဖန်နေတတ်တဲ့ ဘာလ်ရာဂျူးတို့ ဘယ်လိုအလွဲအချော်တွေကြုံတွေ့ရမလဲ ဘာလ်ရာဂျူးတစ်ယောက်ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာဦးမလား အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.9GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Bootcut Balaraju (2024)

2023
Skanda (2023) 5.5
Skanda (2023) Skanda (2023) ===============================တော်တော်များများ တောင်းဆိုနေကြတဲ့ တေလဂူးစကားပြော Tollywood ရုံတင်အက်ရှင်ကား ခပ်မိုက်မိုက် ကားသစ်လေးတစ်ကားကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်အစမှာတော့ နိုင်ငံတကာထိ လူသိခံရတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ မတရားစွပ်စွဲချက်တွေကို ခေါင်းငုံ့ခံရင်း ကြိုးမိန့်ချခံထားရကာ သမီးဖြစ်သူကလည်း အကြောင်းတစ်ခုကြောင့် ကိုမာဝင် သတိလစ်နေခဲ့ပါတယ်။အဲဒီလိုဖြစ်ရတာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေနဲ့အကွက်ရွှေ့နေကြတဲ့ ပြည်နယ်ဝန်ကြီးတွေရှိနေပြီး သူတို့တွေကလည်း သားရေးသမီးရေးကိစ္စတွေကြောင့် အချင်းချင်း လှည့်ပတ်တိုက်ခိုက်နေကြပါသေးတယ်။အဲဒီလို တစ်စစီပြန့်ကြဲနေတဲ့ ဇာတ်ကောင်တွေကြားထဲကို တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်ရှိတဲ့ ယောင်္ကျားဘသား ဇာတ်လိုက်မင်းသား ဝင်လာချိန်ကစပြီး ဇာတ်လမ်းဟာ တဖြည်းဖြည်းပုံပေါ်လာခဲ့ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ရုံတင်ချိန်တုန်းကလည်း အထိုက်အလျောက်အောင်မြင်ခဲ့ပြီး မင်းသမီးလေးတွေကလည်း တော်တော်လှကြတာမလို့ တောင်ပိုင်းအက်ရှင်ကြိုက်သူတွေအတွက် နှစ်နာရီကျော် အချိန်ပေးရတန်လောက်မယ့် ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…4.5GB / 2.09GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard ...
movie

Skanda (2023)

2023
Stand Up Rahul(2023) 5.1
Stand Up Rahul(2023) Stand Up Rahul (2022) IMDb-5.1/10ချစ်သူတွေကြားမှာ အချစ်ဆိုတာထက်ပိုအရေးကြီးတာတွေရှိတတ်ကြတာပဲလေ။ ဒါကိုနားမလည်နိုင်ဘဲဘာနေနေ မချစ်လို့ဖြစ်တာ၊အဲလိုလုပ်မှာပေါ့ ငါ့ကိုမှမချစ်တော့တာဆိုရင် အဲဒီလိုမျိုး Relationshipတခုဟာ ရေရှည်တည်မြဲနေနိုင်ပေမယ့် ပျော်ရွှင်စရာဆိုတဲ့အရာတော့ တဖြည်းဖြည်းဆိတ်သုန်းလာမှာပဲ။ရာဟူးလ်က ချစ်တတ်ပြီး ချစ်သူကိုအနွံတာခံပေမယ့် အိမ်ထောင်မှုဆိုတာကို မယုံကြည်တဲ့သူ၊အိမ်ထောင်သည်ဘ၀ဆိုတာ သူ့အဖေနဲ့အမေလို ရန်တကျက်ကျက်ဖြစ်ရင်းနဲ့ သူလို ငတိတကောင်ကိုမွေးထုတ်ပေးရုံသက်သက်ကိစ္စတခုလိုတွေးမြင်ထားတာ၊ လမ်းပျောက်နေပြီး မိသားစုတွေမိတ်ဆွေတွေရဲ့ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဆိုတာတွေကိုလည်း နားမဝင်တဲ့သူ၊စင်ပေါ်ကနေ ဟာသတွေပြောရတဲ့အလုပ်ကို ဝါသနာပါတဲ့သူ၊သူ့ချစ်သူကောင်မလေးကကျ ချစ်သူတွေရဲ့နောက်တဆင့်က ပျော်ရွှင်စွာအတူလက်ထပ်နေထိုင် ပေါင်းသင်းသွားကြလေသတည်းဆိုတာမျိုးကို စိတ်ကူးယဉ်တဲ့သူဖြစ်ပေမယ့် ချစ်သူစိတ်ချမ်းသာရင်ပြီးတာပဲ ဆိုတဲ့စိတ်နဲ့ ဒီတိုင်းLiving Togetherပဲနေကြတယ်။သူ့မိဘတွေက ရာဟူးလ်နဲ့လက်မထပ်ဘဲအတူနေမှန်းမသိကြ။သူတို့နှစ်ယောက်နေတဲ့အိမ်ရောက်လာပြီး တခြားတယောက်နဲ့ လက်ထပ်ဖို့စီစဉ်ပေးပါရော။အိမ်ထောင်ရေးကိုမယုံကြည်တဲ့ ရာဟူးလ်တယောက် မင်္ဂလာဆောင်ရတော့မယ့်ချစ်သူကို ချစ်သူအလိုကျ အိမ်ထောင်မှုတခုတည်ဆောက်လိုက်နိုင်မလား၊သူဝါသနာပါတဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်မလားဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ရိုမန့်စ်ဟာသအချစ်ဇာတ်ကားလေးပါ။ (အညွှန်းကို Yunniမှရေးထားပြီး Yunni,BpL,V,Sai,ThaikSanတို့ဘာသာပြန်ထားပါတယ်) File size…1.7GB / 800MB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni,BpL,V,Sai,ThaikSan
movie

Stand Up Rahul(2023)

2023
Ugram (2023) 9.0
Ugram (2023) Ugram 2023ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ကားလေးကတော့ IMDb 9/10 ရထားတဲ့ အိန္ဒိယကားသစ်လေးပဲ ဖြစ်ပါတယ်။ ‌ ပရိသတ်ကြီးတို့ နေ့မြင်ညပျောက်ဆိုတဲ့စကားကြားဖူးကြမှာပါ။ ဒါဟာလည်း သေဆုံးမှုကို ရည်ညွှန်းတယ်လို့ပဲ သဘောပေါက်ထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီစကားစုဟာ ဒီကားမှာတော့ ပျောက်ဆုံးမှုကို ရည်ညွှန်းတဲ့အသုံးဖြစ်သွားပါလိမ့်မယ်။ ညကလေးတင် ကားအက်ဆီးဒင့်နဲ့ကိုယ်တိုင် ဆေးရုံတင်ထားတဲ့ ဇနီးသည်နဲ့သမီးလေးဟာ နာရီပိုင်းလောက်ပဲကြာတဲ့ မ နက်ခင်းမှာတော့ ဆေးရုံကို ဘယ်တုန်းကမှရောက်မလာဖူးတဲ့သူတွေဖြစ်လို့နေပါတယ်။မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားသိနေပါရဲ့နဲ့ ဒီလိုဖြစ်တာဘာလို့များပါလဲ..။ ဒါမှမဟုတ် မင်းသားရဲ့ခေါင်းကဒဏ်ရာကြောင့်များ တစ်ယောက်တည်းဖြစ်တာကို အထင်လွဲနေတာလား...။ ဒါမှမဟုတ် လူနာတွေကို ပိုက်ဆံပဲယူပြီး လူနာရှင်နဲ့တွေ့ခွင့်မပေး ဈေးကြီးလွန်းတဲ့ ဒီဆေးရုံကြီးမှာများ လျှို့ဝှက်ချက်တွေရှိနေတာလား....။ ဒါမှမဟုတ် ရဲအုပ်ဖြစ်တဲ့မင်းသားနဲ့ရန်ဘက်ဖြစ်တဲ့ သူ့ဇနီးသည်ရဲ့အဖေဖြစ်သူ မူးယစ်ရာဇာရဲ့ လက်ချက်များလား...။ ဒီလို သို့လောသို့လော ပဟေဠိတွေနဲ့ အချစ်/အမုန်း/ မှုခင်း/ ဆေးပညာ တွေကို စနစ်တကျပေါင်းစပ်ပြီး တစ်ခန်းချင်းမှာ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့ကားလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။ (အညွှန်းရေးသားသူကတော့ Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Aditi~Yunni~BpLနဲ့ Zwe Yanတို့ပဲဖြစ်ပါတယ်) File size… 3.08GB ...
movie

Ugram (2023)

2023
Macherla Niyojakavargam (2022) 4.9
Macherla Niyojakavargam (2022) Macherla Niyojakavargam (2022)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ Check 2021 ထဲက တေလဂူမင်းသားချောလေးနဲ့ နီတင်နဲ့ Uppena 2021 ထဲက မင်းသမီးချောလေး ကရီတီးရှက်တီးတို့ရဲ့ကားလေးပဲဖြစ်ပါတယ်။မာချာလာဆိုတဲ့မြို့တစ်မြို့ရှိတယ် အဲ့ဒီမြို့မှာ နှစ်ပေါင်း ၃၀ကြာရွေးကောက်ပွဲကျင်းပခွင့်မပေးဘဲ လူမိုက်ကြီးရာဂျာပါဆိုသူက အုပ်စိုးနေတယ်။ သူနဲ့အတိုက်အခံလုပ်တဲ့ပါတီမှန်သမျှ ဇာတ်သိမ်းသွားရပြီး ဆန့်ကျင်တဲ့သူမှန်သမျှ ဇီဝိန်ချုပ်သွားရတယ်။ဆိဒ်ဒူဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ် ဘယ်သူဘာပြောပြော စိတ်ထဲရှိတာနဲ့ ကိုယ်မှန်တယ်ထင်တာကိုပဲ လုပ်တတ်တဲ့ကောင်လေး..။ အစိုးရအရာရှိဝန်ထမ်းစာမေးပွဲဖြေထားပြီး တာဝန်ကျမယ့်နေရာကို စောင့်နေတဲ့ ကောင်လေးပါ။မထင်မှတ်ဘဲ မာချာလာမြို့မှာ သူ တာဝန်ကျလာတဲ့အခါမှာတော့...။နှစ် ၃၀ ကြာ အုပ်စိုးနေတဲ့ ခြင်္သေ့အိုကြီးနဲ့ သူ့နန်းကို ဖျက်သိမ်းမယ့် ခြင်္သေ့ငယ်လေးတို့ ထိပ်တိုက်တွေ့လာပါတော့မယ်။ကျန်တာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါဦးနော် File size…3.6GB / 1.76GB Quality…1080p Telugu WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Hay Man ~ OeliuJ
movie

Macherla Niyojakavargam (2022)

2022