Channel Myanmar

I. M. Vijayan

Orumbettavan (2025) 5.4
Orumbettavan (2025) Orumbettavan (2025) "လှည့်စားရက်တဲ့ကံကြမ္မာ"လူ့သဘောသဘာ၀နဲ့ လူ့ဘ၀ရဲ့ရှုပ်ထွေးပွေလီမှုတွေကို ရိုက်ကူးပုံဖော်ထားတဲ့ မလေယာလမ်စကားပြောဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။မီဇီဆိုတဲ့ ကလေးမလေးဟာ အစပိုင်းမှာတော့ မိဘအစုံအလင်နဲ့ မပူမပင်မကြောင့်မကြနေခဲ့ရသူပါ။ဒါပေမဲ့ တစ်နေတော့ မိသားစုငွေကြေးအခက်အခဲကြောင့် မထင်မှတ်ဘဲ မိဘမဲ့ဘ၀ကိုရောက်ရှိသွားပါတော့တယ်။ အဖေဖြစ်သူက သမီးငယ်ကို သူ့အစ်ကိုတော်တဲ့ပတ်ပန်ဆီမှာ အပ်ထားခဲ့တာပါ။ပတ်ပန်ကလည်း တူမလေးဖြစ်တဲ့မီဇီကို အရမ်းချစ်ပေမဲ့ ကိုယ်တိုင်ကအမှိုက်ကောက်သမားကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မီဇီလေးကိုတော့ သူတတ်နိုင်တဲ့နည်းနဲ့ တာ၀န်ယူခဲ့ပါတယ်။အမှိုက်ကောက်သမားပီပီ စရိုက်ကြမ်းတဲ့ပတ်ပန်ဟာ သူတို့အရပ်က လူ့ခွစာပန်းပဲဆရာကြီးကေလုနဲ့လည်း ရန်ငြိုးရန်စရှိသူပါ။တစ်ယောက်ကိုတစ်ယောက် အခွင့်သာရင် ပြန်ကလဲ့စားချေဖို့ မျက်စောင်းထိုးနေကြသူတွေပေါ့။ဒီလိုနဲ့ တစ်နေ့မှာတော့ မထင်မှတ်ဘဲ မီဇီလေးပျောက်သွားတဲ့အခါ... ။ကံဆိုးရှာတာမီဇီလေး ဘာဆက်ဖြစ်သွားမလဲ၊ ရန်ငြိုးတွေကပဲ အပြစ်မဲ့သူတွေကို ထိခိုက်သွားစေတာလား၊ဘယ်သူကတရားခံလဲ၊ နောက်ကွယ်မှာ ဘယ်လိုအရှုပ်အထွေးတွေရှိနေမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size…2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 20min Subtitle….Myanmar Subtitle (Hard ...
movie

Orumbettavan (2025)

Idiyan Chandhu (2024) 6.4
Idiyan Chandhu (2024) Idiyan Chandhu ( 2024 ) လက်သီးချန်ဒူဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက် အိန္ဒိယ-မာလေယာလမ်စကားပြော action thriller ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ဇာတ်ကားအကျဉ်းကတော့ - ချန်ဒူလို့ခေါ်တဲ့ ဒေါသကုမ္မာန် ကလေးငယ်တစ်ယောက်ကို ဇာတ်အိမ်ပြုရိုက်ကူးထားပါတယ်။ချန်ဒူဟာ ဘယ်နေရာမှာမဆို လက်သီးသုံးကာဖြေရှင်းတတ်တဲ့ ကလေးဆိုးတစ်ယောက်ဖြစ်တာကြောင့် တက်သမျှကျောင်းကနေ အထုတ်ခံရတဲ့ကောင်ကလေးတစ်ယောက်ပါ။သူ့အဖေ ချန်ဒရာဆိုသူကလည်း ရဲဝန်ထမ်းတစ်ဦးဖြစ်ကာ အပြစ်သားများကို လူမဆန်စွာရိုက်နှက်ခြင်း ရာထူးအာဏာကိုအလွဲသုံးစားလုပ်ကာ ပြည်သူတို့ကို အနိုင်ကျင့်တတ်ခြင်းတွေကြောင့် ရွံကြောက်ကြောက်ကာ လက်သီးချန်ဒရာလို့ အမည်ပေးထားခံရပါတယ်။ချန်ဒူတစ်ယောက်ရဲ့ ဒေါသကြီးပြီး လက်နဲ့သာဖြေရှင်းတတ်တဲ့အကျင့်ဆိုးက သူ့အဖေကြောင့်လည်းအများကြီးပါပါတယ်။သူ့အဖေဟာ သူ့အမေကို ယောက်ျားတကာကိုမြူဆွယ်နေသူဆိုပြီး စွပ်စွဲပြောဆိုကာ ပြင်းပြင်းထန်ထန် တံခါးပိတ်ရိုက်နှက်တတ်တဲ့ အိမ်တွင်းအကြမ်းဖက်သူဖြစ်နေပါတယ်။ချန်ဒူ့မှာတော့ အမေအရိုက်ခံရတာကိုလည်း မြင်ရ ၊ အိမ်နီးနားချင်းတွေက သားဖြစ်နေပြီး အမေအရိုက်ခံရတာကို ထိုင်ကြည့်နေသလားဆိုပြီး ကဲ့ရဲ့ပြစ်တင်တာကိုလည်း ခံရတဲ့အတွက် ဒေါသကြီးတဲ့လူဆိုးလေးတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းခဲ့ရတာလည်းဖြစ်ပါတယ်။တစ်ရက်မှာတော့ သူ့အဖေ ချန်ဒရန်တစ်ယောက် ရန်ကြွေးရှိသူတစ်စုက ဝိုင်းရိုက်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နေစဉ်သေဆုံးသွားတာဖြစ်လို့ ရဲဝန်ထမ်းရာထူးဟာ ချန်ဒူအတွက် ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ချန်ဒူက အသက်လည်းမပြည့်သေး ၁၂ တန်းလည်းမအောင်သေးတာကြောင့် လုပ်ခွင့်မရပါဘူး။ ဒီနောက်မှာတော့ ချန်ဒူတစ်ယောက် လူလိမ္မာဖြစ်ပြီး ရဲဝန်ထမ်းကောင်းတစ်ယောက်ဖြစ်လာမလား..ဆိုးမြဲဆိုးဆဲဖြစ်ပြီး အဖေ့ခြေရာနင်းတဲ့ ရဲဆိုးတစ်ယောက်ဖြစ်လာမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျ။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Idiyan Chandhu (2024)

Gumasthan (2024) 7.3
Gumasthan (2024) Gumasthan 2024 (ဂူမာစ်သန်)မိန်းမကို သံတုတ်နဲ့ရိုက်လိုက်မိလို့ မိန်းမသေသွားရာကနေ အမှုဖွင့်ခံထားရတဲ့ ဂီရိ၊ သူဟာ ထောင်မကျဖို့အရေး လွတ်လမ်းရှာရင်းနဲ့ တရားဥပဒေနဲ့ပတ်သတ်ပြီးတော့ ဉာဏ်ကြီးရှင်ကြီးတစ်ပါးဖြစ်တဲ့ ပါလီပါဒန်ကို သူ့ရဲ့ ရှေ့နေကနေတစ်ဆင့် သိခဲ့ပါတယ်။ပါလီပါဒန်ဟာဆိုရင် ဥပဒေရဲ့ ယိုပေါက်တွေအားလုံးကို သူသိနေပါတယ်။ ဥပဒေကနေ လွတ်လမ်းရှာချင်သူတိုင်း သူ့ဆီလာပြီးတော့ အကြံတောင်းကြပါတယ်။ တစ်ခုထူးခြားတာကတော့ ပါလီပါဒန်ဟာ ဆူညံမှုကို မုန်းတီးတာပါပဲ။ သူ့အိမ်မှာဆိုရင် အသံကျယ်ကျယ်ပြောလို့မရသလို ဘာဆူညံမှုမှလည်း လုပ်လို့မရပါဘူး။ဂီရိဟာ ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ဖို့အတွက် ပါလီပါဒန်ဆီကနေ အကြံသွားတောင်းခံခဲ့ပါတယ်။ ပါလီပါဒန် အကြံပေးတဲ့အတိုင်း လုပ်ဆောင်ခဲ့ပေမယ့် ရဲအရာရှိတွေဟာလည်း ဂီရိရဲ့ မှုခင်းဇာတ်ကြောင်း အကြောင်းကို သိသွားကြတဲ့နောက်မှာ ရဲတွေဟာလည်း ဒီအမှုကို အမှန်ဖြစ်စေနိုင်ဖို့ လုပ်ဆောင်ပါတော့တယ်။ဒီလိုနဲ့ ဂီရိကို အမှုကနေ ကွင်းလုံးကျွတ်နိုင်ဖို့ ပါလီပါဒန်ပေးတဲ့ အကြံတွေအတိုင်းလုပ်ရင်း လွတ်သွားနိုင်မလား ...... ရဲတွေဘက်ကနေပဲ အားသာပြီး ဂီရိတစ်ယောက်အမှုမှာ ရှုံးသွားမလား ....... ပါလီပါဒန်ရဲ့ နောက်ကွယ်က အကြောင်းတွေကရော ဘယ်လိုတွေ စိတ်ဝင်စားဖို့ကောင်းမလဲ..... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie

Gumasthan (2024)

The Teacher (2022) 9.0
The Teacher (2022) The Teacher (2022)IMDb-9.2/10ဒီတစ်ခါတော့ Mynaa(2013) , Cavader (2022)ဇာတ်ကားနဲ့ ပရိသတ်တွေ ရင်‌ထဲဝင်ရောက်လာတဲ့မင်းသမီး Amala Paul ပါ၀င်သရုပ်ဆောင်ထားပြီး Rating အမိုက်စား Thriller ကားလေး တင်ဆက်ပေးချင်ပါတယ်ဒီဗီကာဟာ ကျောင်းသားတွေကို ထူးထူးချွန်ချွန်ပျိုးထောင်နိုင်တဲ့ ဆရာမလေးတစ်ယောက် အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်နေတဲ့ ဇနီးအနေနဲ့ ဘ၀ကအေးချမ်းသာယာနေသူပါတစ်ခုရှိတာက သူတို့ဟာအိမ်ထောင်သက်လေးနှစ်ကြာသည်ထိ ကလေးမရသေးတဲ့အတွက် ဒီဗီကာနဲ့ ဆူဂျိတို့နှစ်ယောက်သား ရင်သွေးရဖို့အရေးအသည်းအသန်ကြိုးစားနေကြချိန်ပေါ့တစ်နေ့ဒီဗီကာဟာ ကိုယ်၀န်ရှိတဲ့အရိပ်အယောင်တွေတွေ့လို့ သွားစစ်ဆေးခဲ့ပါတယ် တကယ်ရလဒ်ထွက်လာချိန်မှာတော့ ဆန်ဂျိကိုဖွင့်မပြောရဲတဲ့အပြင် ဒီဗီကာဆီမှာလည်း ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်တစ်ဖက်မှာလည်း သူ့ကျောင်းကသူငယ်ချင်းနဲ့အတူ အတိတ်ကဖြစ်ရပ်တစ်ခုကို စုံစမ်းနေခဲ့တာပါမျှော်လင့်တောင့်တနေတဲ့ရင်သွေးရလာတာတောင် ဘာကြောင့် မပျော်နိုင်ရတာလဲ စုံစမ်းနေတာကရော ဘာတွေလဲ သူမရင်ဆိုင်ရမယ့်ဖြစ်ရပ်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာတွေကိုတော့ဆက်လက်ခံစားကြည့်လိုက်ပါဦးနော် File size…1.8GB / 861MB Quality…1080p  True WEB DL  / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub)  Encoder….YK Translated by BpL~ Cherry ~ Yunni ~ OeliuJ
movie

The Teacher (2022)

2022