Channel Myanmar

Huang Yao

The Way Out (2025) 6.2
The Way Out (2025) သိပ်တော်လွန်းတဲ့ ပါရမီရှင်နဲ့ စိတ်ရောဂါဝေဒနာရှင်ဆိုတာကလေ စည်းလေးတစ်ခုပဲ ခြားနေတယ်ဆိုတာကိုသိကြလား... ဒီကားလေးမှာတော့ စီနီယာ ပရိုဂရမ်မာ ဟယ်လီဝေတစ်ယောက်ဟာ သူ့ရုံးမှာ သူပဲမြင်ရတဲ့ ကုလားအုတ်ဆိုတဲ့သူနဲ့အတူ ပရောဂျက်တစ်ခုကို ဒီဇိုင်းစပြီး အဆုံးသတ်ထိ တာဝန်ယူဖန်တီးခဲ့ပေမယ့်...သူဌေးရဲ့ တစ်ဖက်သတ်အမြင်ကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်... ဒါပေမယ့်လည်း သူဌေးအတည်ပြုတဲ့ ပရောဂျက်မှာသုံးထားတာက သူဒီဇိုင်းဖြစ်နေပြန်တာကြောင့် သူ့ဉာဏမူပိုင်ခွင့်တောင်းရာကနေ နောက်ဆုံးမှာတော့ သူ့ကိုစိတ်ဝေဒနာသည်လို့ ခေါင်းစဉ်တပ်ပြီးတော့ စိတ်ရောဂါစင်တာကို ပို့ခဲ့တာပါပဲ...တည်ဆဲဥပဒေအရလည်း စိတ်ဝေဒနာသည်မှာ တောင်းဆိုနိုင်တဲ့ လူ့အခွင့်အရေးမရှိသလို လူ့အခွင့်အရေး တောင်းဆိုခွင့်ပြုထားတဲ့ ဥပဒေလည်း မရှိနေပြန်ဘူး... ဒါကြောင့်လည်း သူဟာ မရူးကြောင်းကို သက်သေပြဖို့ကြိုးစားခဲ့တာပေါ့...တစ်ဖက်မှာလည်း ငယ်ငယ်တည်းက မမျှတဆက်ဆံခံရတဲ့ သူ့အစ်ကိုက သူ့ကိုတစ်သက်လုံး စိတ်ရောဂါစင်တာမှာ ရှိနေစေချင်ပြန်တာကတစ်ကြောင်း တစ်ဖက်မှာလည်း ဉာဏမူပိုင်ခွင့်ကို အပိုင်သိမ်းချင်တဲ့ သူဌေးရန်ကတစ်ကြောင်းနဲ့ ဟယ်လီဝေတစ်ယောက် အကြပ်ရိုက်ခဲ့ပါတော့တယ်...ဒီလိုနဲ့ ဆေးရုံစင်တာက ထွက်ပြေးခဲ့ရင်းကနေ သူမိတ်ဆွေ ကုလားအုတ်က တကယ် အပြင်မှာမရှိဘူးဆိုတာကို သိလိုက်ရချိန်မှာတော့... Filesize : 1.92 GB / 1.06 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres ...
movie

The Way Out (2025)

Mumu (2025) 7.1
Mumu (2025) တစ်ချိန်တစ်ခါက EXO အဖွဲ့ထဲက အိုင်ဒေါလ် Lay ကတော့ သရုပ်ဆောင် Zhang Yi Xing အဖြစ်နဲ့ ကြိုးစားခဲ့တာ ဇာတ်ကားတွေ ရုပ်ရှင်တွေမနည်းပါဘူး... ဒီထဲမှာမှ ရုံတင်ကားဖြစ်ပြီး ရုံတစ်ခုလုံး မျက်ရည်မိုးကျအောင် လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုကို ဆွတ်ခူးနိုင်တဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်..." အကြားအာရုံချို့တဲ့နေသူကို လူပင်လယ်ထဲ တန်းပြီး ခွဲခြားနိုင်တဲ့နည်းလမ်းကိုသိလား" သိချင်တယ်ဆို ဒီကားလေးကို ကြည့်ကြည့်လိုက်ပါ... မာတ ဆိုတဲ့ ကောင်လေးက မွေးရာပါ အကြားအာရုံချို့တဲ့သူဖြစ်ပြီး အကြားကိရိယာကို တပ်ဆင်တာတောင် နားမကြားနိုင်တဲ့အနေအထားမျိုးပါ... ဒါကြောင့်လည်း သာမန်လူတွေလိုမျိုး ပညာရေးကို ပြီးမြောက်အောင် သင်ကြားခွင့်မရခဲ့ပါဘူး...ဒါပေမယ့် သူချစ်ရတဲ့သမီးလေး မုမုကိုတော့ သူပေးနိုင်တဲ့ အကောင်းဆုံးပဲ ပေးဖို့ ကြိုးစားနေတဲ့ အဖေကောင်းတစ်ယောက်ပေါ့... ဒါပေမယ့်လည်း သမီးလေးကို ကျောင်းထားဖို့ကိစ္စ မစွမ်းဆောင်နိုင်သေးတာရယ်.. ကွာရှင်းထားတဲ့ မိန်းမကလည်း ငွေထုတ်ပိုက်ပြီး ပြန်လာနိုင်တာရယ်...ဒီအချက်တွေကြောင့် သူ့ဘဝမှာ တစ်ခုတည်းသော ရတနာဖြစ်တဲ့ သမီးလေးရဲ့ အုပ်ထိန်းခွင့်ကို ဆုံးရှုံးရမယ့် အနေအထားကိုရောက်လာတော့တာပေါ့... ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ အကူအညီပေးမယ့်သူတွေက မိုးပေါ်ကကျသလို ရောက်လာတယ်... ရှေ့နေလိုချင် ရှေ့နေရတယ်...အလုပ်လိုချင်လည်း အလုပ်ရပြီ.. ငွေလိုတယ် ပိုင်ဆိုင်မှု ...
movie

Mumu (2025)

Raid On The Lethal Zone ( 2023 ) 5.9
Raid On The Lethal Zone ( 2023 ) အခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-၁၉၉၈ ခုနှစ် ၇ လပိုင်း တရုတ်အနောက်မြောက်ပိုင်းနယ်စပ်မှာ မိုးအဆက်မပြတ်ရွာခဲ့ပြီး တစ်ခါမှ မကြုံဖူးတဲ့ ရေကြီးမှုကပ်ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ ရေကြီးမှုဟာ နယ်စပ်မှာရှိတဲ့ မူးယစ်ဂိုဏ်းတွေအတွက်တော့ မူးယစ်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အကောင်းဆုံး အကာအကွယ်ပဲ ဖြစ်ပါတယ်။ နယ်စပ်မှ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်တော့ သဘာဝဘေးအန္တရာယ်ရော ရန်သူအန္တရာယ်ရောရှိနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ထိုကဲ့သို့ အခြေအနေမျိုးမှာ တပ်သားတွေဟာ အသက်စတေးရမယ့် အန္တရာယ်ကို မကြောက်မရွံ့နဲ့ မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးဖို့ ဆုံးဖြတ်ခဲ့ပါတယ် မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးစဉ်မှာပဲ ဝမ်ကျင်းဟောင်၊ ကောလိုင်လိုင်၊ စွင်းကျိ၊ ခုံကျူ့ကော်၊ လျိုချွင်းရှန်း စတဲ့ မူးယစ်ချေမှုန်းတဲ့ တပ်သားများဟာ ငယ်ရွယ်တဲ့ အချိန်မှာပဲ သူတို့အသက်ကို တိုင်းပြည်အတွက် စတေးခဲ့ကြပါတယ်။ကပ်ဘေးအန္တရာယ်တွေကတစ်ကြောင်း၊ ဒုစရိုက်ဂိုဏ်းတွေက တစ်ဖွယ်နဲ့ နှောက်ယှက်နေတဲ့နယ်စပ်ကို ကာကွယ်ဖို့အတွက် နယ်စပ်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိပြည့်ဝမှုကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie

Raid On The Lethal Zone ( 2023 )

Nice View (2022) 6.7
Nice View (2022)   "ဘာလုပ်လုပ် တင့်တယ်"ဆိုတဲ့စကားက ဂျင်​ဟောင်ဆို​တဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။ အထက်တန်း​ကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်​ဟောင်ကို အ​​ဖေဖြစ်သူပါ ပစ်ထားခဲ့တာ​ကြောင့် ​​ကျောင်းထွက်ကာ ဖုန်းပြုပြင်​ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမ​နဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။​ရောဂါသည် ညီမ​လေးက ​မွေးရာပါနှလုံး​ရောဂါ​ကြောင့် ခွဲစိတ်မှုကို မဖြစ်မ​နေလုပ်ရမယ့်အချိန် ​ ငွေအင်မတန်လိုလာတဲ့ ဂျင်​ဟောင်ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ​ကျော်ဖြတ်ရင်း လိုအပ်​နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာ​ဖွေမလဲ။ လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျ​တွေက ဘယ်လိုပုံစံမျိုး​ပေါ်လာကြမလဲ၊ ဒါ​တွေကို ​မောင်နှမ၂​ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ဇာတ်​​ကြောင်းကို ဖတ်မိလိုက်ရင် ဇာတ်ကားရဲ့ အရသာအ​တော်​ကို လျော့သွားနိုင်တယ်လို့ ယူဆမိလို့ အများကြီးမညွှန်းဆို​တော့ပါဘူး။ IMDbမှာ 6.7, MyDramaListမှာ 8.3အထိ ရထားပြီး ၂၀၂၂ခုနှစ် ပြည်တွင်းရုံဝင်​ငွေအ​ကောင်းဆုံး ထိပ်ဆုံး၁၀ကားထဲမှာ ကန်​ဒေါ်လာ ၂၂၁သန်းနဲ့ ရပ်တည်​နေပါတယ်။ ဒီ stats​တွေက အလကားရခဲ့တာမဟုတ်​​ကြောင်း ဒီ​Dramaဇာတ်ကားက ​သေချာ​လေးပုံ​ဖော်ရိုက်ကူးထားပါတယ်။ တစ်ခါတ​လေ မဲပြာပုဆိုးဇာတ်တွေကပဲ ရိုးရိုး​​လေးနဲ့ လှပ​နေတတ်တာ မဟုတ်ပါလား။ ...
movie

Nice View (2022)

The Crossing ( 2018 ) 7.0
The Crossing ( 2018 ) Imdb 7.0 ရရှိထားတဲ့The Crossing ဆိုတဲ့ ဟောင်ကောင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ... ကျောင်းသူလေး လျိုဇီပေ ဟာ ချစ်ရတဲ့သူငယ်ချင်းနဲ့အတူဂျပန်နိုင်ငံ အလည်အပတ်သွားဖို့ စိတ်အားထက်သန်ခဲ့သူတစ်ဦးပါ...ဒါပေမယ့် လျိုဇီပေ က အိမ်ထောင်ကွဲ မိဘနှစ်ဦးလက်အောက်မှာမပြည့်မစုံနဲ့ ကြီးပြင်းလာခဲ့ရတဲ့သူတစ်ဦးဆိုတော့ သူ့အတွက်ဂျပန်သွားဖိုု့ ငွေရေးကြေးရေး ခက်ခဲနေခဲ့တယ်။ သူငယ်ချင်းကကူညီပေးမယ်ဆိုသော်လည်း မာနလေးရှိတော့ ကိုယ်ပိုင်ငွေရှာဖို့အချိန်ပိုင်းအလုပ် ရှာခဲ့တယ်။ အဲ့ဒီမှာ သူ့သူငယ်ချင်းရဲ့ရည်းစားချိတ်ဆက်ပေးတာကြောင့် ဖုန်းမှောင်ခိုပို့နေတဲ့ အဖွဲ့နဲ့ဆက်သွယ်ရင်း လက်ဖျားငွေသီးအောင် ရှာနိုင်လာခဲ့တယ်...ကိုယ်လိုချင်တဲ့ငွေကို လွယ်လွယ်ရမယ့် ဖြတ်လမ်းကိုလျှောက်ခဲ့တဲ့လျိုဇီပေ တစ်ယောက် သူသွားချင်တဲ့ ဂျပန်ရောသွားဖြစ်မှာလားCustom တွေဆီ အဖမ်းခံလိုက်ရမလား သူနဲ့ အလုပ်လုပ်နေတဲ့ ေမှာင်ခိုအဖွဲ့ကရော ဘာတွေလဲ ... ဇာတ်လမ်းထဲမှာ အဖြေရှာလိုက်ကြပါ...This Movie Brought To You By Channel MyanmarTranslated & Review By Chu ChuEncoded By LK
movie

The Crossing ( 2018 )