Channel Myanmar

Huang Xiaoming

The Way Out (2025) 6.2
The Way Out (2025) သိပ်တော်လွန်းတဲ့ ပါရမီရှင်နဲ့ စိတ်ရောဂါဝေဒနာရှင်ဆိုတာကလေ စည်းလေးတစ်ခုပဲ ခြားနေတယ်ဆိုတာကိုသိကြလား... ဒီကားလေးမှာတော့ စီနီယာ ပရိုဂရမ်မာ ဟယ်လီဝေတစ်ယောက်ဟာ သူ့ရုံးမှာ သူပဲမြင်ရတဲ့ ကုလားအုတ်ဆိုတဲ့သူနဲ့အတူ ပရောဂျက်တစ်ခုကို ဒီဇိုင်းစပြီး အဆုံးသတ်ထိ တာဝန်ယူဖန်တီးခဲ့ပေမယ့်...သူဌေးရဲ့ တစ်ဖက်သတ်အမြင်ကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်... ဒါပေမယ့်လည်း သူဌေးအတည်ပြုတဲ့ ပရောဂျက်မှာသုံးထားတာက သူဒီဇိုင်းဖြစ်နေပြန်တာကြောင့် သူ့ဉာဏမူပိုင်ခွင့်တောင်းရာကနေ နောက်ဆုံးမှာတော့ သူ့ကိုစိတ်ဝေဒနာသည်လို့ ခေါင်းစဉ်တပ်ပြီးတော့ စိတ်ရောဂါစင်တာကို ပို့ခဲ့တာပါပဲ...တည်ဆဲဥပဒေအရလည်း စိတ်ဝေဒနာသည်မှာ တောင်းဆိုနိုင်တဲ့ လူ့အခွင့်အရေးမရှိသလို လူ့အခွင့်အရေး တောင်းဆိုခွင့်ပြုထားတဲ့ ဥပဒေလည်း မရှိနေပြန်ဘူး... ဒါကြောင့်လည်း သူဟာ မရူးကြောင်းကို သက်သေပြဖို့ကြိုးစားခဲ့တာပေါ့...တစ်ဖက်မှာလည်း ငယ်ငယ်တည်းက မမျှတဆက်ဆံခံရတဲ့ သူ့အစ်ကိုက သူ့ကိုတစ်သက်လုံး စိတ်ရောဂါစင်တာမှာ ရှိနေစေချင်ပြန်တာကတစ်ကြောင်း တစ်ဖက်မှာလည်း ဉာဏမူပိုင်ခွင့်ကို အပိုင်သိမ်းချင်တဲ့ သူဌေးရန်ကတစ်ကြောင်းနဲ့ ဟယ်လီဝေတစ်ယောက် အကြပ်ရိုက်ခဲ့ပါတော့တယ်...ဒီလိုနဲ့ ဆေးရုံစင်တာက ထွက်ပြေးခဲ့ရင်းကနေ သူမိတ်ဆွေ ကုလားအုတ်က တကယ် အပြင်မှာမရှိဘူးဆိုတာကို သိလိုက်ရချိန်မှာတော့... Filesize : 1.92 GB / 1.06 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres ...
movie

The Way Out (2025)

The Volunteers: To the War ( 2023 ) The Great War 6
The Volunteers: To the War ( 2023 ) The Great War စစ်ရယ်လို့ဖြစ်လာရင် နှစ်ဖက်လုံးကတော့ အဆုံးအရှုံး အသေအကြေ ကြုံကြရစမြဲပဲ.... ဒီလိုပဲ စစ်မြေပြင်ပေါ်မှာ တိုက်ခိုက်နေသူတွေတောင် မျက်စိတစ်ဆုံးမြင်ရတဲ့အရာအပြင် ပိုမသိနိုင်ကြပါဘူး... ဒါကြောင့်လည်း သမိုင်းဆိုတဲ့ မှတ်တမ်းချင်းတူပေမယ့်... ရေသားထားတဲ့ အကြောင်းအရာတွေမတူညီကြတာပဲ..ဒီလို သမိုင်းမှတ်တမ်းချင်းမတူညီတဲ့ထဲမှာ ၁၉၅၀-၅၃ ကြားဖြစ်ပွားခဲ့တဲ့ တောင်-မြောက်ကိုရီးယားစစ်ပွဲအကြား တရုတ်နဲ့ အမေရိကန် အားဖြည့်ကူညီတိုက်ခိုက်ရင်း တရုတ်-အမေရိကန်ကြား ဖြစ်ခဲ့တဲ့ ကာလရှည်တိုက်ပွဲလည်းပါဝင်နေပါသေးတယ်...သမိုင်းထက်မှာရော၊ တောင်-မြောက်ကိုရီးယားသမိုင်းကြောင်းမှာရော၊ ကမ္ဘာကုလသမဂ္ဂမှတ်တမ်းမှာရော အသီးသီးရေးသားမှတ်တမ်းတင်ထားသလို.. တရုတ်နိုင်ငံမှတ်တမ်းမှာလည်း သူတို့ရှုထောင့်က တစ်မျိုးတစ်ဖုံ မှတ်တမ်းတင်ထားပါသေးတယ်...ဒီမှတ်တမ်းကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက The Volunteers: To the War (2023) The Great War ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်... အင်အားမမျှတဲ့ စစ်မြေပြင်မှာမှ...တရုတ်နိုင်ငံကို ထိုင်ခုံနေရာမပေးဘဲ ကမ္ဘာကုလသမဂ္ဂအစည်းအဝေးမှာ သဘောတူညီချက်တွေ လက်မှတ်ထိုးရေးဆွဲပြီး ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဘက်မမျှတဲ့စစ်ပွဲဖြစ်နေခဲ့တာကြောင့်... မော်စီတုန်း တစ်ယောက်ဟာ မြေပြင်မှာ အားကိုးရတဲ့ ကြယ်နီတပ်သားတွေကို စေလွှတ်ခဲ့ပြီး... ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ နေရာတစ်နေရာရဖို့လည်း ကြိုးစားခဲ့ရပါသေးတယ်...တခြားစစ်ပွဲတွေနဲ့မတူညီတာကတော့... စစ်ပွဲရယ်လို့ဖြစ်လာရင် နိုင်ငံခေါင်းဆောင်နဲ့ သားသမီးတွေက စစ်မြေပြင်မှာ ရှေ့တန်းဆင်းတိုက်ခိုက်တာတို့ ကျရှုံးတာတို့မြင်ခဲတယ်ဆိုပေမယ့်... သမိုင်းမှတ်တမ်းအခြေခံရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့...မော်စီတုန်းရဲ့ သားကြီးကိုယ်တိုင် ရှေ့တန်းဝင်ခဲ့ပြီး လေယာဉ်ဗုံးမှန်သေခဲ့တာကိုပါ ရိုက်ပြထားခဲ့ပါတယ်... သမိုင်းဆိုတာ ရေးသူရဲ့ ရှုထောင့်အတိုင်းဖြစ်ပြီး... ဇာတ်လမ်းဆိုတာလည်း ...
movie

The Volunteers: To the War ( 2023 ) The Great War

4K HEVC
The Volunteers: The Battle of Life and Death ( 2024 ) 6.3
The Volunteers: The Battle of Life and Death ( 2024 ) သေမင်းနဲ့တိုက်ပွဲဝင်ရမှာသေချာပြီးအသက်ရှင်ပြန်လာနိုင်ခြေ ၁ ရာခိုင်နှုန်းတောင် မသေချာတဲ့ တိုက်ပွဲမှာ... စိတ်လိုလက်ရ ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲဝင်မယ့် စေတနာရှင် ပြည်သူ့သူရဲကောင်းတွေကို သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ရိုက်ကူးတဲ့ ကားတွေအများကြီးထဲကမှ အတော်လေး လူကြိုက်များပြီး အသိမှတ်ပြုခံထားရတဲ့ The Volunteers: To the War (2023) ကားအပြီးမှာတော့ နောက်ဆက်တွဲ The Volunteers: The Battle of Life and Death ( 2024 ) လေးထွက်လာတာမို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...လက်နက်အား၊ လူအင်အား၊ နည်းပညာအကူအင်အား မမျှတဲ့ အမေရိကန်တပ်နဲ့ တရုတ်တပ်တို့ ရဲ့ လွန်ခဲ့သော နှစ် ၁၀၀ လောက်က မြေပြင်မှာ တိုက်ခဲ့တဲ့ သမိုင်းကြောင်းကို မှတ်တမ်းတွေကတစ်ဆင့် ပြန်တူးဖော်ပြီး ပုံဖော်တင်ဆက်ထားတဲ့ကားလေးပါ... ဒီဇာတ်လမ်းလေးမှာတော့...စွန်းရှင်းတစ်ယောက် စစ်မြေပြင်မှာကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်မှုကြောင့် မှတ်ဉာဏ်ကစဉ့်ကလျားဖြစ်သွားခဲ့ပြီး... ဘာတွေကြုံတွေ့ခဲ့တယ်... ဘာဖြစ်ခဲ့တယ်ဆိုတာကို မေ့သွားပါတော့တယ်...ဒါပေမယ့်လည်း ရောဂါကုသရမယ့်အစား စစ်မြေပြင်မှာ ဆက်ပြီး တိုက်ပွဲဝင်ဖို့ဖြစ်လာခဲ့ပြန်တယ်... တရုတ်တပ်နဲ့ အမေရိကန်တပ်ကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြားထဲမှာမှ... ၁၉၅၀-၅၃ ခုနှစ်ကြားမှာ တောင်မြောက်ကိုရီးယားအရေးက တစ်ဆင့်ဖြစ်သွားခဲ့တဲ့ ကာလရှည်တိုက်ပွဲကို ...
movie

The Volunteers: The Battle of Life and Death ( 2024 )

4K HEVC
The Wig ( 2024 ) 6.2
The Wig ( 2024 ) ဒီရုပ်ရှင်ထဲမှာတော့ အားလုံးရင်းနှီးပြီးသားဖြစ်မဲ့ Xiaoming Huang ကို တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံနဲ့ မြင်ရမှာ ဖြစ်ပါတယ်။ အက်ရှင်၊ မှုခင်း၊ ပြစ်မှု၊ သဲထိတ်ရင်ဖိုစတဲ့ ရသအစုံကို ခံစားရမဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ရှေ့နေမုံ့ကျုံးရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာပြီး ငယ်စဉ်ကတည်းက အမေမရှိတော့တဲ့ မုံ့ကျုံးဟာ ကြီးလာတဲ့အချိန်မှာ အဖေ့အလုပ်ကို ဆက်ခံဖို့ထက် ရှေ့နေကြီးတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေစာမေးပွဲဟာ နတ်ကြီးတယ်လို့ ပြောရမလားပဲ ထူးချွန်လှပါတယ်ဆိုတဲ့ မုံ့ကျုံးတစ်ယောက် ၄ ကြိမ်တိတိဖြေပြီးမှ အောင်ခဲ့ပါတယ်။ရှေ့နေဖြစ်ပြီးနောက် နှစ် ၂၀ ခန့်ကြာတဲ့အခါ ရှေ့နေလောကမှာ ရပ်တည်နိုင်လာတဲ့ မုံ့ကျုံးဟာ အကူအညီလိုအပ်သူတွေကိုပဲ လိုက်ကူညီပေးပါတော့တယ်။ မိန်းကလေးကို မုဒိမ်းကျင့်မှုတစ်ခုကို လိုက်လံစုံစမ်းနေတဲ့အချိန်မှာ ဝေ့ရှန်ဆိုတဲ့ မိန်းကလေးနဲ့ တွေ့ခဲ့ပါတယ်။ မိန်းမကို စိတ်မဝင်စားဘဲ အလုပ်ထဲပဲ စိတ်နစ်ထားတဲ့ မုံ့ကျုံးဟာ ဝေ့ရှန်အပေါ်တော့ ထူးခြားနေခဲ့ပါတယ်။ ဒါပေမဲ့ ကျားမမေတ္တာတော့ မဟုတ်ပါဘူး။ဝေ့ရှန်ဟာ ဘယ်သူဖြစ်မလဲ...... မုံ့ကျုံးဆီမှာရော ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲ...... သူစုံစမ်းနေတဲ့ အမှုကရော အဆင်ပြေနိုင်ပါ့မလား...... ဆိုတာကို ...
movie

The Wig ( 2024 )

Escape Plan 2: Hades (2018) 3.9
Escape Plan 2: Hades (2018) Escape Plan 2: Hades (2018)ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး "50 cent" နဲ့ တရုတ်မင်းသား Huang Xiaoming တို့လည်းပါဝင်ထားပါတယ်။Escape Plan ၃ ကားလုံးကို 4K Quality နဲ့ ဒီမှာ https://www.channelmyanmar.to/?s=escape+plan+stallone ဒေါင်းလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။ တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ...
movie

Escape Plan 2: Hades (2018)

2018
4K HEVC
Heart’s Motive (2023) 6.2
Heart’s Motive (2023) Return of the Condor Heroes (2006)ဇာတ်လမ်းတွဲ နာမည်ကျော်ခဲ့တဲ့မင်းသား Huang Xiao Mingရဲ့ မမAngelababy နဲ့ကွာရှင်းပြီးမှထွက်တဲ့ Comeback Movie လေးပဲဖြစ်ပါတယ်။Huang Xiao Ming ကအရမ်းတော်တဲ့ရှေ့နေတစ်ယောက်ဖြစ်သရုပ်ဆောင်ထားတာပါ။ (၆)နှစ်ကြာမှဥပဒေလောကထဲကိုပြန်ရောက်လာတဲ့သူဟာ ပထမဆုံးပြန်ကိုင်ရတဲ့အမှုဟာ အနှိပ်ခန်းကအထူးဝန်ဆောင်မှုပေးတဲ့ အနှိပ်သည်မတစ်ယောက်ဟာ သူ့ရဲ့ဖောက်သည်ကိုရိုက်သတ်ခဲ့တဲ့အမှုဖြစ်တယ်။အားလုံးကအနှိပ်သည်ကတရားခံဆိုပြီး တရားသေအမှုအဖြစ် သတ်မှတ်ထားတဲ့အချိန်မှာ အမှုဟာမရိုးရှင်းဘူးလို့သူသုံးသတ်ခဲ့ပါတယ်။ ဒီလိုနဲ့သူရဲ့အမှုသည်ဟာအပြစ်မရှိကြောင်းပြနိုင်ဖို့ကြိုးစားရင်း အမှန်တရားတွေဟာ ချည်မျှင်စဆွဲထုတ်သလိုတဖြည်းဖြည်းပေါ်လာပါတော့တယ်။သူ့ရဲ့(၆)နှစ်ကြာမှာလုပ်ငန်းခွင်ပြန်ဝင်ရတဲ့အမှုဟာအောင်မြင်မလား အမှန်တရားရဲ့နောက်ကွယ်မှာဘာတွေရှိမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Heart’s Motive (2023)

Ordinary Hero ( 2022 ) 6.4
Ordinary Hero ( 2022 ) CM က ပရိတ်သတ်ကြီးကို ဒီနေ့မှာတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုကို ပုံဖော်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်၂၀၂၁ ခုနှစ် ၄ လပိုင်း ၃၀ ရက်နေ့မှာ ကျေးရွာလေးတစ်ရွာက အသက် ( ၇ ) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ လယ်ထွန်စက်နဲ့ လက်မောင်း ညှပ်ပြီးတော့ လက်မောင်းပြတ်ထွက်သွားခဲ့ပါတော့တယ် ကျေးရွာလေးဖြစ်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ဆေးပညာတွေဆိုတာ မဖွံ့ဖြိုးသေးပါဘူး ဒဏ်ရာက ပြင်းထန်တဲ့အတွက်ကြောင့် ဝူလူမုချီ (Ürümqi) မြို့ကို ခွဲစိတ်ကုသခံယူဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ် ခွဲစိတ်မှုလုပ်ရင်လည်း ဒဏ်ရာရတဲ့အချိန်ကနေပြီး စပြီး ခွဲစိတ်မှုလုပ်ချိန်အထိ (၈) နာရီအတွင်းမှာ ပြီးမြောက်ရမယ်ဖြစ်ပြီး အဲ့လိုမှမဟုတ်ရင် ဆဲလ်တွေသေဆုံးသွားပြီး​တော့ ဒဏ်ရာက ကုသလို့မရတော့ဘူးလို့ ဒေသခံဆရာဝန်က ပြောလာခဲ့တဲ့အခါမှာတော့ -❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ❐ မဖွံ့ဖြိုးသေးတဲ့ ကျေးရွာလေးက ဖြစ်တာမို့ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ကြရမှာလဲ? ❐ ကလေးလေးကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ ကြည့်ရှုရမဲ့အပြင် - ❐ (၇) နှစ်အရွယ်ကလေး မိသားစုဝင်တွေရဲ့ ပူပန်မှုတွေ, ❐ ဒုက္ခရောက်နေသူကို အချင်းချင်းရိုင်းပင်းကူညီမှုတွေ, ❐ သူ့တာဝန်နဲ့သူ အသီးသီးကျေပွန်အောင်လုပ်ဆောင်ကြပုံတွေကို အသေးစိတ်ကျကျရိုက်ပြထားထားတာကိုလဲ တွေ့မြင်ရမှာဖြစ်ပါတယ်ရှင် ဒါ့အပြင် “Li Bing Bing,Ma ...
movie

Ordinary Hero ( 2022 )

American Dreams in China (2013) 7.0
American Dreams in China (2013) [Unicode]လူတိုင်းမှာ အိပ်မက်တွေ ကိုယ်စီရှိကြမှာပါ ဒါပေမယ့် ကိုယ့်အိပ်မက်တွေ ဖြစ်မလာတဲ့ အခါမှာတော့ သူတို့တွေ ဘာလုပ်ကြမှာလဲ ဘာဖြစ်သွားကြမှာလဲ....ဒီဇာတ်လမ်းမှာတော့ အမေရိက ကို အရမ်းသွားချင်ကြတဲ့ တရုတ်လူငယ် ၃ ယောက်အကြောင်းကို ရိုက်ပြထားပါတယ် ။ချန်ဒုံချင်း မုန့်ရှောင်ကျွင်းနဲ့ ဝမ်ရန်တို့ သူငယ်ချင်း ၃ ယောက်ဟာ အမေရိကမှာ ကျောင်းတက် အလုပ်လုပ်ချင်ကြတဲ့ သူတွေပါဒါပေမယ့် တကယ်တမ်း Visa လျှောက်တဲ့ အခါမှာတော့ မုန့်ရှောင်ကျွင်းတစ်ယောက်ပဲ အမေရိက ကိုသွားနိုင်ခဲ့ပြီး ကျန်တဲ့ ၂ ယောက်ကတော့ တရုတ်မှာကျန်ခဲ့ပါတယ် ။ချန်ဒုံချင်းဟာ တက္ကသိုလ် နည်းပြလုပ်ရာကနေ ကျူရှင်ခိုးသင်တာ မိသွားလို့ အလုပ်ပြုတ်ခဲ့ပါတယ် အမေရိက ရောက်နေတဲ့ မုန့်ရှောင်ကျွင်းကလည်း အဲ့မှာ အဆင်မပြေလို့ ပြန်လာခဲ့တယ်သူပြန်လာတဲ့အခါ ချန်ဒုံချင်းနဲ့ ဝမ်ရန်က အင်္ဂလိပ်စာသင်တန်း ဖွင့်နေတာကို သိသွာပြီး သူငယ်ချင်းတွေနဲ့ အတူ သူလည်း အဲ့အလုပ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ် ကိုယ်ပိုင်ကျောင်း ထူထောင်နိုင်ဖို့ ...
movie

American Dreams in China (2013)

The Bravest (2019) 7.3
The Bravest (2019) The Bravest(2019) အညွှန်း***********************(zawgyi)ကျန်းကျိဝေ ဆိုတာ သိပ်တော်တဲ့မီးသတ်ခေါင်းဆောင်တစ်ယောက်....အတွေ့အကြုံလည်းများသလို တစ်ဒင်္ဂအတွင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကြောင့် ငယ်သားတွေကလည်း လေးစားအထင်ကြီးကြတယ်..တစ်နေ့တော့ မီးလောင်မှုတစ်ခုမှာ သူတို့အဖွဲ့ ကယ်ဆယ်ရေးလုပ်ကြတယ်...ကလေးတစ်ယောက်ကို ကျန်းကျိဝေခက်ခက်ခဲခဲကယ်ထုတ်နိုင်ခဲ့တယ်... ဒါပေမယ့် သူကလွဲလို့ မီးသတ်တစ်ဖွဲ့လုံးမမျှော်လင့်တဲ့ ဂစ်အိုးပေါက်ကွဲမှုကြောင့် သေဆုံးကုန်ကြတယ်.....ကျန်းကျိဝေအတွက် စိတ်ဒဏ်ရာအရဆုံးဖြစ်သလို ဦးတည်ရာမဲ့ရပ်တည်နေသလိုခံစားရတယ်...စိတ်ပညာဆရာဝန်တွေရဲ့ဆုံးဖြတ်ချက်အရမူမမှန်သလိုဖြစ်နေတဲ့သူ့ကို မီးသတ်အဖွဲ့ကလည်း နှုတ်ထွက်စေချင်ကြတယ်.... တစ်နေ့တော့ တရုတ်နိုင်ငံရဲ့အကြီးဆုံး ဆိပ်ကမ်းရေနံသိုလှောင်ကန်ကြီး ပယောဂတစ်ခုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်....အကြီးဆုံးရေနံသိုလှောင်ကန်ဆိုတော့ တကယ့်ကို ကပ်ဆိုးကြီးဆိုက်တာပါပဲ...အခက်အခဲဆုံးမီးလောင်မှုတွေမတားနိုင်ခဲ့ရင် အက်တမ်ဗုံး အလုံး ၂၀ အားနဲ့ ညီမျှတဲ့ပေါက်ကွဲမှုဖြစ်နိုင်တယ်လို့ကျွမ်းကျင်ပညာရှင်တွေကဆိုကြတယ်....ဘယ်လောက်တောင်အားကြီးမလဲစဉ်းစားသာကြည့်တော့... ကျန်းကျိဝေတို့မီးသတ်အဖွဲ့တွေ နဲ့ တာဝန်ရှိသူတွေ ဘယ်လိုတားဆီးကြမလဲဆိုတာ စောင့်ကြည့်လိုက်ကြပါဦး... ဒီကားက ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပါ... မီးသတ်နေတာကိုကြည့်ရုံနဲ့ ပျင်းစရာဇာတ်ကားကြီးလို့ထင်ရင်တော့မှားသွားလိမ့်မယ်...အစကနေအဆုံးထိ တကယ့်ကို ရင်တထိတ်ထိတ်နဲ့ကြည့်ရတာပါ..ကိုယ်တိုင်မီးသတ်တပ်ဖွဲ့ထဲရောက်သွားသလိုခံစားရပြီး ဖြစ်နိုင်ခြေတွေ လိုက်ကြည့်ရတာ ခင်ဗျားတို့ပါဇောချွေးပြန်လာလိမ့်မယ်... ရိုက်ချက်တွေကလည်း တကယ့်ကိုခမ်းနားသလို တခြားနိုင်ငံရဲ့ အထင်ကြီးလောက်စရာ နည်းစနစ်တွေကို အားကျစရာမြင်တွေရပါ့လိမ့်မယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ba Chit ပဲဖြစ်ပါတယ်.....(Unicode)ကျန်းကျိဝေ ဆိုတာ သိပ်တော်တဲ့မီးသတ်ခေါင်းဆောင်တစ်ယောက်....အတွေ့အကြုံလည်းများသလို တစ်ဒင်္ဂအတွင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကြောင့် ငယ်သားတွေကလည်း လေးစားအထင်ကြီးကြတယ်..တစ်နေ့တော့ မီးလောင်မှုတစ်ခုမှာ သူတို့အဖွဲ့ ကယ်ဆယ်ရေးလုပ်ကြတယ်...ကလေးတစ်ယောက်ကို ကျန်းကျိဝေခက်ခက်ခဲခဲကယ်ထုတ်နိုင်ခဲ့တယ်... ဒါပေမယ့် သူကလွဲလို့ မီးသတ်တစ်ဖွဲ့လုံးမမျှော်လင့်တဲ့ ဂစ်အိုးပေါက်ကွဲမှုကြောင့် သေဆုံးကုန်ကြတယ်.....ကျန်းကျိဝေအတွက် စိတ်ဒဏ်ရာအရဆုံးဖြစ်သလို ဦးတည်ရာမဲ့ရပ်တည်နေသလိုခံစားရတယ်...စိတ်ပညာဆရာဝန်တွေရဲ့ဆုံးဖြတ်ချက်အရမူမမှန်သလိုဖြစ်နေတဲ့သူ့ကို မီးသတ်အဖွဲ့ကလည်း နှုတ်ထွက်စေချင်ကြတယ်.... တစ်နေ့တော့ ...
movie

The Bravest (2019)

2019
Forever Young ( 2018 ) 6.5
Forever Young ( 2018 ) 2018 ခုနှစ်တဲ့ တရုတ်ဇာတ်ကားတွေထဲမှာ Recommend ဖြစ်ခဲ့တဲ့ထိပ်တန်း ဒရာမာကားလေးတစ်ကားပဲဖြစ်ပါတယ်Forever Young ဇာတ်ကားဟာ Imdb 6.5/10 ရထားပြီးChina မှာ US $ 118 milion Box Office ၀င်ငွေရရှိခဲ့ပါတယ်ဒီဇာတ်ကားဟာ ပထမ ကမ္ဘာစစ်ဖြစ်ချိန် 1920 ကနေ 1940 ထိ1960 ကနေ ယခုခေတ်အချိန်ထိ ဖြစ်ရပ်တွေကို မျိုးဆက်လေးခုစာရင်ဆိုင်ကြုံတွေ့ရပုံတွေကိုဖေါ်ပြထားခြင်းပဲဖြစ်ပါတယ် မျိုးဆက်တစ်ခုစီတိုင်းက သူတို့နဲ့ပတ်သတ်တဲ့စိန်ခေါ်မှုတွေကိုဘယ်လိုဖြေရှင်းကြမလဲ..အတိတ်ကဖြစ်ရပ်တွေကိုအနာဂတ်ကလူတွေမပြောင်းလဲနိုင်ပေမယ့် အတိတ်ကလုပ်ဆောင်ချက်တွေကအနာဂတ်အပေါ်ဘယ်လိုတွေသက်ရောက်မှုရှိလာမှာလဲကြည့်ပြီးရင်တော့ တွေးစရာလေးတွေ ရင်ထဲမှာ တခုခုကျန်ခဲ့မှာအသေအချာပါပဲ...ဒီဇာတ်လမ်းရဲ့အဓိကပေးချင်တဲ့ Messageလေးကလည်းရှိနေပြန်ပါတယ်..ကိုယ့်ရဲ့အမှန်တကယ်ဆောင်ရွက်ချင်တဲ့အရာ..အမှန်တကယ်လိုချင်မယ့်အရာ..ဖြစ်ချင်တဲ့အရာတန်ဖိုးထားရမယ့်အရာတွေကို သေချာစဉ်းစားမိလာမယ်လို့ကျွန်တော့်အနေနဲ့ခံစားမိပါတယ် Review & Translated By Phyo ZawEncoded By LK
movie

Forever Young ( 2018 )

2018
The Message (2009) 7.4
The Message (2009) IMDb Rating (7.4) ရရှိထားတဲ့ ဒီတရုတ်ကားမှာ မင်းသား Huang Xiaoming ...မင်းသမီး Li Bingbing နဲ့ Zhou Xun တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့......1942 ခုနှစ်၊ နန်ကျင်းအခြေအနေ... ဂျပန်တွေထိန်းချုပ်ထားတဲ့ ရုပ်သေးအစိုးရတာဝန်ရှိသူများအပေါ် တရုတ်တော်လှန်ရေးတပ်တွေရဲ့ လုပ်ကြံမှုအစီအစဉ်ပြီးနောက်  ဂျပန်ထောက်လှမ်းရေးအကြီးအကဲတွေက သူတို့ဌာနမှာ သူလျှိုရှိနေတာကို သိသွားတဲ့အတွက် သူလျှိုကို ဖော်ထုတ်ဖို့ သတင်းတုကို ဖန်တီးပြီး လွှင့်လိုက်ပါတော့တယ်။အဲ့ဒီသတင်းတုနဲ့ပတ်သက်ပြီး ဌာနအတွင်းက တရုတ်တော်လှန်ရေးတပ်တွေရဲ့ သံသယရှိသူတွေကို သူတို့ရဲ့ကိုယ်ပိုင်အိမ်တော်တစ်ခုမှာ ထိန်းသိမ်းပြီး တရားမ၀င် စုံစမ်းမေးမြန်ကြတယ်။အခြေအနေတင်းမာနေတဲ့ အချိန်မှာ တရုတ်ဝှက်စာဖော်ထုတ်ရေးအရာရှိတွေက ဒီအရေးကြီးသတင်းကို အပြင်ဖက်ရောက်စေဖို့ နည်းပေါင်းစုံနဲ့ အစွမ်းကုန် ကြိုးစားကြတဲ့အခါ..........။တရုတ် - ဂျပန် စစ်ပွဲနောက်ခံနဲ့ ဖန်တီးရိုက်ကူးထားပြီး Crime, Drama, Thriller ရသစုံမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ Aung Myat Shwe ပါ။)  File Size…(999 MB) and (350 MB)Quality…BluRay Rip 720pFormat…mp4 Duration…02:01:00 Subtitle…Myanmar ...
movie

The Message (2009)

2009