Channel Myanmar

Hrishikesh Joshi

PaniPuri (2024) 5.9
PaniPuri (2024) PaniPuri (2024) "ပါနီပူရီ" IMDb - 5.9/10မာရသီစကားပြော အိန္ဒိယမိသားစုဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ပူရီဆိုတဲ့ အိန္ဒိယသရေစာတစ်မျိုးကို မစားဖူးချင်နေမယ် မကြားဖူးသူတော့ မရှိသလောက်နေမှာပါ။ ဒီရုပ်ရှင်က ပါနီပူရီဆိုတဲ့မုန့်အကြောင်းတော့ မဟုတ်ဘူး ပါနီပူရီနဲ့တူတဲ့ အိမ်ထောင်ရေးအကြောင်း။ ပါနီနဲ့ ပူရီဆိုတာက အစပ်အဟပ်တည့်နေမှ၊ မဟုတ်ရင် ပူရီဘယ်လောက်ကောင်းနေပါစေ ပါရီကဖျက်ရင်ပျက်တာပဲ။ အိမ်ထောင်မှု ဘုရားတည် မင်ရည်စုတ်ထိုးရယ်ဆိုပြီး ရှိခဲ့ပေမဲ့ ခေတ်ကာလအလျောက် အိမ်ထောင်မှုရော မင်ရည်ရောရယ်က ပြင်ဖို့လွယ်နေပြီပဲလေ။ဒီရုပ်ရှင်လေးမှာလည်း အလွှာအသီးသီးက စုံတွဲခြောက်တွဲရဲ့ အိမ်ထောင်မှုဘ၀ပြဿနာတွေကို တင်ဆက်ပြသထားပြီး ရာနှုန်းပြည့်အမှုနိုင်တဲ့ နာမည်ကျော်ရှေ့နေကြီးဆီ ကွာရှင်းကြဖို့ စုံတွဲခြောက်တွဲလုံး ရောက်သွားတဲ့အခါမှာတော့...။ ဘ၀ထဲက ဘ၀တွေကို ရသမြောက်အောင် ပုံဖော်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်၊) File size… 2.3 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

PaniPuri (2024)

Teen Adkun Sitaram (2023) 4.6
Teen Adkun Sitaram (2023) Teen Adkun Sitaram (2023) သောက်တလွဲလုပ်ဖို့ မွေးဖွားလာပါတယ်ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2023 ခုနှစ်ထွက် အိန္ဒိယ-မာရသီစကားပြော Comedy/Drama ဇာတ်ကားပဲဖြစ်ပါတယ်။အာဂျင်ကယာ ၊ ကုတ်တရားနဲ့ ပူရှ်ကာရတ်တို့ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းဆိုးဖော်ပေဖက်တွေဖြစ်ကြပါတယ်တစ်ရက်မှာတော့ ဘားသွားရင်း အပျော်လွန်ပြီး ရန်ဖြစ်ကြပါတော့တယ်။ ပူရှ်ကာရတ်နဲ့ အာဂျင်ကယာတို့ဟာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့သားတွေဖြစ်ကြပြီး အဖေချင်းက ရွေးကောက်ပွဲအတွက် ပြိုင်ဘက်တွေဖြစ်နေကြတာကြောင့် နိုင်ငံသတင်းထဲမှာတောင် ပါလာတဲ့အတွက် အဖေဖြစ်သူတို့ အရှက်ရကာ သားတွေကို နိုင်ငံထဲကနေ နှင်လွှတ်ကြပါတော့တယ်။ဘယ်နိုင်ငံသွားပြီး ဘာပဲလုပ်လုပ် ငါ့လက်ကလွတ် ဗြွတ်ဆိုပြီး လွှတ်လိုက်ပေမဲ့ သူတို့ချင်းပူးပေါင်းကြံစည်ပြီး လန်ဒန်ကိုပဲ အတူထွက်သွားကြပါတယ်။သူတို့သုံးယောက်ပေါင်းပြီး လန်ဒန်မှာ လောင်းကျော်မလား မြောင်းကျော်မလား မြောင်းထဲပဲကျမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦးဗျ။( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှ ဖြစ်ပါတယ် ) File size…2.43 GB / 1.16 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Teen Adkun Sitaram (2023)

Phullwanti (2024) 7.8
Phullwanti (2024) Phullwanti 2024 ကချေသည်မလေးဖူလ်ဝမ်တီIMdb - 7.8/10၁၈ ရာစု အနုပညာထွန်းကားမှု အထွတ်ထိပ်ကိုရောက်နေတဲ့ခေတ်မှာ အင်ဒိုစတန်တစ်ခွင်မှာ ဒိတ်ဒိတ်ကြဲကျော်ကြားတဲ့ ကချေသည်တစ်ယောက်ရှိပါသတဲ့။ သူ့ရဲ့နာမည်ကတော့ ဖူလ်ဝမ်တီပါ။ဖူလ်ဝမ်တီကို လက်တွေ့မြင်ဖူးတဲ့သူမရှိပေမဲ့ သူ့ရဲ့ဟိုးလေးတကျော် ဂုဏ်သတင်းတွေနဲ့အတူ အနုပညာကို ကိုးကွယ်ပြီး တော်ရုံဖျော်ဖြေဖို့ ခေါ်လို့မရတာကလည်း ဖူလ်ဝမ်တီကို လူတွေအကြားမှာ ပိုပြီးတော့ ရေပန်းစားစေတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက မရနိုင်တဲ့မနွမ်းပန်းကိုမှ လှမ်းဆွတ်ချင်ကြတာ သဘာဝဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။ဒါပေမဲ့ ဖူလ်ဝမ်တီကလည်း ခေသူတော့မဟုတ် ၊ ဒေလီဧကရာဇ်မင်းရဲ့ ချီးမြှောက်မှုကိုတောင်မှ ငြင်းဆန်ဝံ့တဲ့သူမျိုး အနုပညာရဲ့တန်ဖိုးကို ထိပါးတယ်ထင်ရင် ရှင်ဘုရင်ကိုတောင် ချွင်းချက်ထားမယ့်သူမျိုးမဟုတ်ပါဘူး။ဒီလိုနဲ့ ဖူလ်ဝမ်တီတစ်ယောက် ပက်ရှ်ဝါတိုင်း ပူနဲကိုလာပြီးတော့ ဖျော်ဖြေဖို့ လာရောက်ဖိတ်ခေါ်မှုနဲ့အတူ ပူနဲကို ရောက်လာချိန်မှာတော့ နေရာတိုင်းက ပုရိသတို့ရဲ့ ပါးစပ်ဖျားမှာ ဖူလ်ဝမ်တီဆိုတဲ့နာမည်က ပျံ့လွင့်နေတာပေါ့။ဒါပေမဲ့ ရုတ်တရက် ရှာစထရီဆိုတဲ့သူ ရောက်လာချိန်မှာ ပြည်သူတွေရဲ့အာရုံက ဖူလ်ဝမ်တီဆီကနေ ရှာစထရီဆိုသူဆီ ရုတ်တရက်ပြောင်းလဲသွားခြင်းနဲ့အတူ ဒီရှာစထရီအပေါ် သူ့ရဲ့စိတ်ဝင်စားမှုတွေ တိုးလာချိန်မှာတော့...(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်) File size…2.1 GB / 0.98 GB Quality…WEB DL ...
movie

Phullwanti (2024)