Channel Myanmar

Hongbiao Bai

Snow Leopard Secret War ( 2021 ) 6
Snow Leopard Secret War ( 2021 ) အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဂျပန်တပ်ကို တရုတ်တွေတော်လှန်ခဲ့တဲ့ ခေတ်နောက်ခံထားပြီး ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် low budget  ကားဆိုပေမယ့် သရုပ်ဆောင်တွေက သရုပ်ဆောင်ကောင်းမွန်မှုနဲ့ Plot ကောင်းတာကြောင့် ကြည့်လို့ကောင်းတဲ့ဇာတ်ကားအမျိုးအစားထဲမှာပါပါတယ်ဇာတ်လမ်းအကျဉ်းပြောရရင် တရုတ်ပြည်ကို ဂျပန်တွေသိမ်းထားတဲ့ကာလမှာ ဂျပန်လက်အောက်ခံ သစ္စာဖောက်တွေ အများကြီးပေါ်လာပါတယ် ဒါကို ရှင်းဖို့ပြည်သူ့တပ်ဖွဲ့နဲ့အတူ ပြောက်ကျားတပ်ဖွဲ့လေးတွေပေါ်လာတော့တယ်သို့ပေမယ့် ခံယူချက်နဲ့ ပန်းတိုင်တူပေမယ့် သတင်းပေါက်ရောက်မှုခြင်းကွာသလို ရိက္ခာ ထောက်ပံ့မှု အစစ မတူညီတာမျိုးရှိလို့ ကြားထဲ သဘောထားကွဲလွဲမှုတွေနဲ့ သိုးရေခြုံသော ဝံပုလွေလိုပဲ ရန်သူတပ်က သူလျိုတွေလည်း ကိုယ့်တပ်ထဲရှိနေတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ဘယ်လိုကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါပဲဖြစ်ပါတယ် Filesize : 0.99 GB / 572 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , War Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded ...
movie

Snow Leopard Secret War ( 2021 )

The Enigma of Arrival ( 2024 ) 5.7
The Enigma of Arrival ( 2024 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-မူးယစ်ဖမ်းဆီးရေးတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင် ယုံကျန့်ကို မူးယစ်ဆေးအမှုတစ်ခုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ မှုခင်း စုံစမ်းနေတဲ့အချိန်မှာ သူငယ်ချင်းယွီကျီထုံက မူးယစ်ဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ သံသယဖြစ်စရာတွေ ပေါ်လာခဲ့ပါတယ်။ယွီကျီထုံဟာ လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ပြီး နေမကောင်းတဲ့သားကို ကုသဖို့အတွက် မူးယစ်ဂိုဏ်းထဲ ဝင်ခဲ့သူ ဖြစ်ပါတယ်။ မူးယစ်ဂိုဏ်းမှာ တစ်ဦးတည်းသော အမျိုးသမီးလူယုံအနေနဲ့ သူ့ကို မနာလိုမုန်းတီးသူတွေလည်း အများအပြားရှိနေပါတယ်။ဒီလို သူငယ်ချင်းဟောင်းနှစ်ယောက်က ပြန်တွေ့တဲ့အချိန်မှာ ရန်သူတွေ ဖြစ်သွားကြမလား...... မူးယစ်ဂိုဏ်းကို ချေမှုန်းဖို့ ပူးပေါင်းကြမလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.46 GB / 754 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Crime , Action Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ...
movie

The Enigma of Arrival ( 2024 )

Fake Big Brother ( 2024 ) 5.8
Fake Big Brother ( 2024 ) CM ရဲ့ တရုတ်ကားဖန်တွေအတွက် ဒီနေ့မှာတော့ ပညာပေး ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းလေးမှာ စွန်းရှောင်ဟောက်ဆိုတဲ့ ကောင်လေးအကြောင်းနဲ့ မာထျန်းလျန်ဆိုတဲ့ သက်လတ်ပိုင်း အကြောင်း ကိုပြောပြဖို့လိုမယ်... မာထျန်းလျန်ကတော့ သက်လတ်ပိုင်း... အကင်ဆိုင်ဖွင့်နေသူပေါ့... သူက တစ်နေ့လုပ်မှ တစ်နေ့စားနေရပေမယ့်လည်း တစ်ဖက်မှာ ငွေတိုးချေးလုပ်ငန်းနဲ့ ငွေရှာရလွယ်ကူနေတဲ့ ဝမ်ဟွေ့ဆိုတဲ့ သူ့သူငယ်ချင်းကရဲ့ အားပေးအားမြှောက်မှုကြောင့်...အကြွေးလိုက်သိမ်းသူဖြစ်လာခဲ့တယ်... ဘဝပေးအခြေအနေကြောင့် ငွေရဖို့အတွက် ဘာမဆိုလုပ်ချင်တဲ့သူမျိုးဖြစ်လာတယ်....ကဲ စွန်းရှောင်ဟောက်ကတော့ မိတစ်ဆိုးလေးမို့ အဖေအလိုလိုက်တာ ခံထားရသူပေါ့... ရုတ်တရက်ကြီး သူ့အဖေသွေးတိုးပြီး ဆေးရုံတက်လိုက်ရချိန်မှာ သူ့ကောင်းကင်ကြီး ပြိုကျလာခဲ့တယ်... ဘဝဆိုတာကို စာတွေ့ကလွဲပြီးမသိတဲ့ ၁၉-၂၀ အရွယ်ကောင်လေးက ဒ ယ်လီလိုက်ပို့ပြီး တစ်နေ့ထက် တစ်နေ့ ပိုပိုမြင့်တက်လာတဲ့ အတိုးတွေနဲ့ အကြွေးကို ဆပ်ဖို့ ရုန်းကန်နေရတယ်...ဒီကလေးနဲ့ မာထျန်းလျန်တို့ ဘယ်လို ပတ်သက်မှုရှိတာလဲ... ဘယ်လို သက်ဆိုင်ပြီး မာထျန်းလျန်ကြောင့် ရှောင်ဟောက်ဘဝဘယ်လိုပြောင်းလဲသွားမှာလဲ... ငွေတိုးချေးတယ်ဆိုတာ အခြေခံလူတန်းစားတွေဘဝကို ဘယ်လို နင်းမြိုသွားတယ်ဆိုတာကို ဒီကားလေးကပြောပြသွားမှာမို့ အတူကြည့်လိုက်ကြရအောင်နော်... Filesize : 1.50 GB / 820 MB Quality : WEB-DL 1080p HEVC , 720p ...
movie

Fake Big Brother ( 2024 )

Three Old Boys ( 2024 ) 6
Three Old Boys ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ လာဘ်စားမှု၊အခွန်ရှောင်တိမ်းမှု၊ တရားမဝင် ငွေမည်းငွေဖြူလုပ်မှု စတဲ့စီးပွားရေးနှင့် ပတ်သက်တဲ့အမှုတွေကို စုံစမ်းရေးအဖွဲ့မှာ အတွေ့အကြုံဝါရင့်ပြီး ဆရာတစ်ဆူအဖြစ်သတ်မှတ်ထားတဲ့ ချွေးထျယ်ကျွင်း။ သူလိုမျိုးလုပ်သက်တဲ့ သူငယ်ချင်းနောက်ထပ် ၂ ယောက်ရှိသေးတာပေါ့။သူတို့တွေကတော့ မှုခင်းစုံစမ်းရေးမှူး၊ကင်းလှည့်ရဲတွေ ဖြစ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာသူတို့မြို့ရဲစခန်းဆီ ဘဏ်ဝန်ထမ်းတစ်ယောက်က မြေအောက်ဘဏ်လို့ခေါ်တဲ့ အောက်လမ်းမသမာတဲ့ဘဏ်လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီး ငွေတွေကိုပြည်ပဆီပို့ပေးပြီးလိမ်လည်တယ်ဆိုတဲ့ တိုင်ကြားစာရောက်လာခဲ့တယ်။ဒီတိုင်ကြားစာကိုစုံစမ်းရင်းတခြားသဲလွန်စသက်သေတွေတွေ့ရှိလာခဲ့ပေမဲ့ စုံစမ်းရေးမှူးတဖွဲ့လုံးက အတွေ့အကြုံနုသေးတဲ့အပြင် ဒီအန္တရာယ်ကြီးထဲကို ဘယ်သူမှမစွန့်စားရဲတာကြောင့် အတွေ့အကြုံရင့်တဲ့ ချွေးထျယ်ကျွင်းနဲ့သူ့အပေါင်းအပါ နှစ်ယောက်ကိုဒီအမှုစုံထောက်အဖြစ်တာဝန်ပေးအပ်ခဲ့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာ ဒီအမှုကိုဖော်ထုတ်နိုင်သွားပေမဲ့ ချွေးထျယ်ကျွင်းတစ်ယောက်ကတော့ဒီအမှုကို သိပ်မသင်္ကာစရာတွေအများကြီးရှိနေတာကြောင့် အမြစ်ပြတ်ရှင်းပစ်ဖို့တောင်းဆိုခဲ့ရာမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီအမှုကကော ဘယ်လောက်ထိရူပ်ထွေးနေလဲ။ နောက်ကွယ်ကဘယ်သူချုပ်ကိုင်ထားလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။ Filesize : 995 MB / 625 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime Runtime : 1h 49 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Three Old Boys ( 2024 )

The Great Ice Siege ( 2024 ) 5.7
The Great Ice Siege ( 2024 ) တရုတ်ပြည်မြောက်ပိုင်းကမြို့လေးတစ်မြို့မှာ စီးပွားရေးသမားအယောင်ဆောင် လူဆိုးဂိုဏ်းတွေဟာ ခြယ်လှယ်နေကြတယ်။ တစ်နေ့မှာတော့ မြို့လေးကို လက်ဝါးကြီးအုပ်ထားတဲ့ ဝမ်ယွီကို ဖန့်မျိုးနွယ်ညီအစ်ကိုက လူသတ်သမားလွှတ်ပြီး လုပ်ကြံလိုက်ပါတယ်။ဒီမြို့လေးရဲ့သမိုင်းမှာအရမ်းကိုဆိုးရွားတဲ့အမှုဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကနေပြီး အင်အားကုန်သုံးပြီး တရားကိုဖမ်းဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ သူများလက်ကိုသုံးပြီး တစ်ဆင့်ခံသတ် သက်သေဖျောက်ပြီး ဉာဏ်များတဲ့ဖန့်ညီအစ်ကိုကို ရဲတပ်ဖွဲ့ခေါင်းဆောင်ကျိုးတို့က မဆုတ်မနစ်တဲ့ဇွဲနဲ့ အမိအရကြိုးစားဖမ်းနိုင်ဖို့ ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ရမလဲ ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Great Ice Siege ( 2024 )

The Coldest City ( 2023 ) 6.2
The Coldest City ( 2023 ) ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကို ကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ်အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့ မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။ သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင် ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့ အမှု‌ကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကို ရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကို ကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ...တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာ ကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလား လုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သက်သေပြသွားမယ့် လောင်ကျောင်းကရော ကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ အားပေးကြပါဦးဒီဇာတ်ကားဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလမှာ တိုင်းပြည်ကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ သေနတ်သမားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Quality : ...
movie

The Coldest City ( 2023 )

Golden Robbery ( 2023 ) 5.9
Golden Robbery ( 2023 ) ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ဟာသလေးနှောထားတဲ့ မှုခင်းကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရဲစခန်းလုံခြုံရေးအစောင့်မာတာနဲ့ သူ့ရဲ့ရည်းစာချောလေး လျိုစီးကျားတိုဟာ သာမန်ဘဝကို ဖြတ်သန်းနေကြတဲ့ စုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ တစ်စုံတစ်ယောက်က မာတာရဲ အဖေဆိုပြီး ဖုန်းဆက်လာခဲ့ပါတယ်။နှစ် ၂၀ လောက် ပျောက်သွားခဲ့တဲ့ အဖေက ရုတ်တရက် ပြန်ပေါ်လာတဲ့အချိန်ကစ မာတာရဲ့ အေးချမ်းတဲ့ ဘဝကြီးက စတင်ရှုပ်ထွေးလာပါတော့တယ်။ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းမှောင်ခိုမှု၊ သင်္ချိုင်းဖောက်မှု၊ ရဲအတု အစစ်တွေနဲ့ ဘယ်လို အရှုပ်တွေ ဖြစ်မလဲဆိုတာကို Golden robbery ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by ...
movie

Golden Robbery ( 2023 )

The Seven’s Dog PDU ( 2023 ) 6
The Seven’s Dog PDU ( 2023 ) CM ပရိသတ်တွေအတွက် The Seven Dogs ဆိုတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရဲတပ်ဖွဲ့ဝင် အသစ်ဖြစ်တဲ့ ချန်ရှောင်ထျန်းဟာ မှုခင်းရဲတစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့ ရဲခွေးတပ်ဖွဲ့ကို အပို့ခံလိုက်ရပါတယ်။ သူတာဝန်ယူရတဲ့ ခွေးလေး ဖက်ထုပ်လေးက သူ့စကားကို နားမထောင်ပဲ လေ့ကျင့်ရခက်ခဲခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အဖြစ်အပျက် အမျိုးမျိုး ဖြတ်သန်းပြီးနောက် အချင်းချင်း ပူးပေါင်းကူညီပြီး သူတို့ဟာ အကောင်းဆုံးရဲဘော်ရဲဘက်တွေ ဖြစ်သွားကြပါတော့တယ်။ ဖက်ထုပ်လေးကို ချန်ရှောင်ထျန်းက ဘယ်လို လေ့ကျင့်ပေးမလဲ...... သူတို့နှစ်ယောက် သံယောဇဉ်က ဘယ်လို ဆက်သွယ်သွားမလဲကို...... ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုကြရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Seven’s Dog PDU ( 2023 )