Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Himaja
6.3
Daaku Maharaaj (2025)
Daaku Maharaaj (2025)"ဒါကူမဟာရာ့ဂျ်" ===============================တောင်ပိုင်းမင်းသားကြီး နန်ဒါမူရီနဲ့ ဘော်ဘီဒိုးတို့လို ဂန္ထဝင်သရုပ်ဆောင်ကြီးတွေရဲ့ အသစ်ထွက် အက်ရှင်ဒရာမာရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အရင်ဆုံးပြောရရင် ဒီကားက ရုပ်ငြိမ်ဓာတ်ပုံတွေ တော်တော်လှပါတယ်။ဇာတ်လမ်းကတော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရဲ့မြေး ဗိုင်ရှ်နာဗီဆိုတဲ့ မိတဆိုးကလေးမလေးဟာ မထင်မှတ်ထားဘဲ သူ့ရဲ့ခွေးလေး သေသွားတဲ့အတွက် သူ့ခွေးလေးကို သဝာ်တဲ့တရားခံကို ရဲတိုင်ရာကနေ လူဆိုးဂိုဏ်းကြီးတစ်ခုကို ရန်စမိသလိုဖြစ်သွားခဲ့ပါတယ်။အဲဒီလိုဖြစ်ပြီး ဗိုင်ရှ်နာဗီလေး အသက်အန္တရာယ်တွေ ကြုံလာရတဲ့အတွက် ထောင်ကျနေတဲ့ သူ့ရဲ့ဖခင် မဟာရာ့ဂျ်က ထောင်ဖောက်ပြေးလာပြီး သူ့သမီးရဲ့အိမ်မှာ ဒရိုက်ဗာအယောင်ဆောင်ကာ သမီးဖြစ်သူကို ကာကွယ်ပေးဖို့ကြိုးစားပါတယ်။မဟာရာ့ဂျ်ကတော့ တချိန်က အင်မတန်နာမည်ကြီးခဲ့တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်ပြီး သူ့သမီးကို ကာကွယ်ဖို့ကြိုးစားရင်း နောက်ကလိုက်နေတဲ့ ရဲစုံထောက်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.8 GB / 1.4 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Daaku Maharaaj (2025)
6.9
Nenu..Sailaja (2016)
Nenu Sailaja ( 2016 ) အချစ်ရှာသူဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၆ ခုနှစ်ထွက် IMDb 6.5/10 ရရှိထားတဲ့ အချစ်ဟာသကားလေးပါ..ဇာတ်လမ်းအကျဉ်းကတော့..ဟာရီလို့အမည်ရတဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ DJ တစ်ဦးဖြစ်ပြီး သူဟာ ငယ်စဉ်ကလေးဘဝ ကျောင်းစတက်တဲ့နေ့ကတည်းက တိတ်တခိုးချစ်မြတ်နိုးရတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ ဖွင့်မပြောလိုက်ရခင်မှာပဲ သူတို့နောက်တစ်နေရာကိုပြောင်းရွှေ့ခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ နောက်ထပ်မိန်းကလေးတွေနဲ့ပတ်သက်ပြီး တူညီတဲ့အမှားမလုပ်ဖို့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်ခဲ့ပါတော့တယ်။အဲဒါကြောင့် သူသဘောကျတဲ့မိန်းကလေးကိုတွေ့လိုက်တိုင်း သေချာပေါက်ဖွင့်ပြောတော့တာပဲ။ ကံမကောင်းစွာနဲ့ သူဖွင့်ပြောလိုက်တိုင်း အငြင်းချည်းခံရပါတော့တယ် ဆောရီး ဟာရီ ဆောရီး ဟာရီ ဆောရီး ဟာရီ ဒါဟာ မိန်းကလေးတိုင်းရဲ့သူ့အပေါ်တုံ့ပြန်စကားပါပဲ။ဒါကြောင့် သူ့ဘဝမှာ နောက်ထပ်အချစ်ဆိုတဲ့စကားလုံးမရှိတော့ဘူးလို့ ကြွေးကြော်လိုက်တဲ့အချိန်မှာပဲ နောက်ထပ်ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။နာမည်မသိ လိပ်စာမသိတဲ့ကောင်မလေးကို အချစ်မရှိကြွေးကြော်ထားတဲ့ ကိုဟာရီတစ်ယောက်ထပ်ကြွေသွားဦးမလား.. ဘယ်လိုအလွဲတွေထပ်ကြုံရဦးမလဲဆိုတာကို ဟာသဆန်ဆန်ပေါ့ပေါ့ပါးပါးရိုက်ကူးထားတာဖြစ်လို့ ပျော်ရွှင်စွာကြည့်ရှုခံစားပေးပါဦးခင်ဗျာ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.2 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Nenu..Sailaja (2016)
6.2
Maya Petika (2023)
Mayapetika ( 2023) IMDb 7/10နေဟာ နေ့ဘက်မှာထွက်ပြီး လဟာညဘက်မှာထွက်ပါတယ် ဖုန်းတွေဈေးကွက်ထဲရောက်လာပြီးနောက် ဒီသဘောတရားကိုမေ့လျော့နေသူတွေကတော့ ဖုန်းကိုဆေးစွဲသလိုစွဲနေတဲ့ လူသားတွေပါပဲလူတစ်ယောက် ဘာလုပ်တယ် ဘာကိုင်တယ် ဘာစားတယ်ကအစ ဆိုရှယ်မီဒီယာမှာတင်နေကြတဲ့ ဒီကမ္ဘာကြီးက လမ်းကိုတည့်မတ်စွာလျှောက်ဖို့တောင် မေ့လျော့နေလေရဲ့လေ ကံကြမ္မာက လူသားတွေလက်ထဲမှာပဲရှိပေမဲ့ လူသားတွေလက်ထဲမှာ ဖုန်းတွေကနေရာယူနေကြပါပြီဒီဇာတ်ကားကတော့ တမူထူးခြားတဲ့ ဖုန်းတစ်လုံးရဲ့ အတ္ထုပ္ပတ္တိကိုကြည့်ရှုရမှာပါ လူတစ်ယောက်ပြီးတစ်ယောက်ရဲ့လက်ထဲ ကူးပြောင်းနေတဲ့ဒီဖုန်းက ဖုန်းပိုင်ရှင်ရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်ပါတယ် ပါယယ်ဆိုတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက် ဖုန်းကျကွဲသွားလို့ သူ့ပရိုဂျူဆာက နောက်ဆုံးပေါ် အမိုက်စားဖုန်းတစ်လုံးဝယ်ပေးလိုက်ပါတယ်နောက်ဆုံးပေါ်ဆိုတာနဲ့အညီ ကင်မရာကောင်းကောင်းလှတပတဒီဖုန်းရောက်လာပြီးနောက်မှာတော့ ပါယယ်နဲ့ သူ့ဘေးကလူတွေရဲ့ကံကြမ္မာ သူတို့ဘဝတွေ ဘယ်လိုပြောင်းလဲသွားမလဲ ဘယ်လိုဖြစ်ရပ်တွေ တွေ့ကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Dee ~ToMo ~KKKZ ~Aditi ~V တို့ပဲဖြစ်ပါတယ် ) File size…2.6GB / 1.2GB Quality…1080p WEB DL /720p Format…mp4 Duration…2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Dee ~ToMo ~KKKZ ~Aditi ~V
movie
Maya Petika (2023)
2023
8.0
Krishna Vrinda Vihari (2022)
Krishna Vrinda Vihari (2022)အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ Chalo (2018) ကားမှာ ရက်ရှမီးကားမန်ဒါနားနဲ့အတူတွဲရိုက်ခဲ့တဲ့ တေလဂူမင်းသားချောလေး နာဂရှော်ရီယားရဲ့ရိုမန့် ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးက အချစ် အိမ်ထောင်ရေးနဲ့ မိသားစုအကြောင်း ဇာတ်အိမ်တည်ထားတယ်ဆိုရင် မမှားနိုင်လောက်ပါဘူး..ခုခေတ်လူငယ်တော်တော်များများကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ...ခရစ်ရှနားဟာ ရှေးရိုးစွဲမိသားစုက ဆင်းသက်လာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အမဆို ယင်မတောင် မသမ်းဖူးတဲ့ ကောင်လေးတစ်ယောက်ပေါ့..ရွာမှာ အမေဖြစ်သူက ဩဇာညောင်းတော့ သားဖြစ်သူကို မိန်းကလေးတွေကတောင် စေ့စေ့မကြည့်ရဲကြဘူး..ဗရင်ဒါးကတော့ မြို့သူတစ်ယောက်ဖြစ်ပြီး ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တဲ့သူ...သူ့မိသားစုကလည်း မော်ဒန်ဘဝကို ဖြတ်သန်းနေတဲ့မိသားစုခရစ်ရှနားဟာ ဗရင်ဒါးကို ချစ်ကြိုက်သွားတဲ့အခါ...။သူတို့နှစ်ယောက် အဆင်ပြေလာပါ့မလား...ဖြတ်သန်းလာတဲ့ ဘဝချင်းကလည်းမတူ မိသားစုအခြေအနေကလည်းမတူတဲ့အတွက် သူတို့မိသားစုတွေကရော အဆင်ပြေပါ့မလား...သူတို့ဘဝရဲ့ခရီးကြမ်းတွေနဲ့အတူ ပွင့်ချပ်နှစ်ရွက်ပေါင်းမှ တစ်ရွက်ဖြစ်လာနိုင်တဲ့ စွယ်တော်ရွက်လေးလိုပဲ နှစ်ကိုယ့်စိတ်တူဖြစ်လာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။ File size…2.16GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Jerrica ~ OeliuJ
movie
Krishna Vrinda Vihari (2022)
2022
4.6
Vinaya Vidheya Rama (2019)
ကဲ စာမမှန်ရင် မကြည့်ဘူး၊ကွာလတီမကောင်းရင်မကြည့်ဘူး ဆိုသူတွေအတွက်စာအမှန်နဲ့ ကွာလတီကောင်းကောင်းနဲ့ ရပါပြီ။ပထမဗားရှင်းမှာ စာမပါဘဲ ရုပ်ထွက်လည်းခုဗားရှင်းလောက် မကောင်းခဲ့ပါ။စာအမှန်ကို စောင့်ပေးကြတဲ့အတွက်ကျေးဇူးအထူးပင် တင်ပါတယ်။တေလဂူးမင်းသားချော ရမ်ချာရန်း အများအခေါ် ဘိုင်ရာဗာရယ်လို့ လူကြိုက်များတဲ့ မင်းသားရဲ့ ၂၀၁၉ မှာ ထွက်လာခဲ့တဲ့ကား ဆိုတာကို အထူးတလည် မိတ်ဆက်ဖို့ လိုမယ်မထင်ပါ။--------------------သိပ်ကို ဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေး၄ယောက်မှာတနေ့တော့ ရထားလမ်းဘေးမှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ရမ်ချာရန်းပါပဲ။သူ့ကို မွေးစားခဲ့တဲ့ ကလေး၄ယောက်ကိုအစ်ကိုကြီးတွေအဖြစ် သိပ်ကို ချစ်ရပါတယ်။အိပ်မပျော်ခင် နောက်ဆုံးတွေးတဲ့ အတွေးနဲ့မနက်အိပ်ယာထချိန် အစောဆုံး တွေးတဲ့ အတွေးတောင်သူတို့ လေးယောက် အဖို့ပါ။အဲ့သလောက်ကို ချစ်ပါတယ်။သူတို့လေးယောက်ရဲ့ ဇနီးတွေနဲ့ အတူရမ်းချာရန်ဟာ နေထိုင်ခဲ့တယ်။မိန်းမလား... ဟင့်အင်း စိတ်မဝင်စား ပညာရေးလား ... ဟင့်အင်း စိတ်မဝင်စားဘာဆို ဘာမှ မစဉ်းစားဘဲ အစ်ကို လေးယောက်အတွက်ပဲစဉ်းစားတတ်သူပါ။သူတို့အတွက်ဆို အသက်တောင်ပေးမလောက်ပဲ။တနေ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အစ်ကိုနဲ့လတ်တလော မဲဝင်ပြိုင်မယ့် ပါတီဝင်တွေနဲ့စကားများရာကစ...ပြဿနာတက်ခဲ့ရမှာတော့.....ကဲ ကိုယ်တိုင် ခံစားရမယ့် ...
movie
Vinaya Vidheya Rama (2019)
2019