Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hidekazu Mashima
5.7
The Yin-Yang Master Zero (2024) Onmyoji Zero
The Yin-Yang Master Zero (2024)IMDb Rating (5.7) ဒီဇာတ်လမ်းက ဂမ္ဘီရတွေနာမည်ကျော်ကြားတဲ့ ရှေးဂျပန် Heian ခေတ်တုန်းက အင်ပါယာကိုအခြေခံထားတဲ့ Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။Heian ခေတ်မှာ Onmyoji ဆိုတဲ့ ဂမ္ဘီရပညာရှင်တွေ ကျော်ကြားကြပြီး Onmyoji ဖြစ်ဖို့ ကြိုးစားကြတဲ့ ကျောင်းသားတွေလည်း အများကြီးရှိကြတယ်။မြေခွေးသားတော်လို့ လူတွေပြောကြတဲ့ Abe no Seimei က အရည်အချင်းအရမ်းရှိပေမဲ့ Onmyoji ဖြစ်ဖို့ ဆန္ဒမရှိဘဲ သဘာဝလွန်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့လူတွေနဲ့ ခပ်ခွာခွာနေတတ်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က သူများတွေလို Onmyoji တစ်ယောက်ဖြစ်ဖိုမဟုတ်ဘဲ သူ့မိဘတွေကို သတ်ခဲ့တဲ့တရားခံကို ရှာပြီး အပြစ်ပေးဖို့ပဲစိတ်ဆုံးဖြတ်ထားတဲ့သူဖြစ်တယ်။တစ်နေ့မှာ Onmyoji ဌာနက ထူးချွန်ကျောင်းသားတစ်ယောက် အသတ်ခံလိုက်ရပြီး တရားခံကိုရှာဖွေဖို့က ကျောင်းသားတွေအကုန်လုံးရဲ့ စာမေးပွဲဖြစ်လာခဲ့တယ်။Seimei လည်း သူ့သူငယ်ချင်းဖြစ်တဲ့ တက်တက်ကြွကြွ အထက်တန်းလွှာဂီတပညာရှင် အရှင် Hiromasa နဲ့ လူသတ်မှုကို ...
movie
The Yin-Yang Master Zero (2024) Onmyoji Zero
2024
7
A Man (2022)
A Man (2022)~ IMDb – 7/10, RT - 100%, MyDramaList – 7.9/10 ~ဘယ်သူဘယ်ဝါဆိုတာ အမှန်မသိရတဲ့ ယောက်ျားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းရင်းနဲ့ သူ့ရဲ့ ရှုပ်ထွေးတဲ့ဘဝအတိတ်အကြောင်းတွေကို တစ်ဆင့်ချင်း သိလာရမယ့် Mystery ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းကိုရီးယားလူမျိုးတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေ၊ ဒီလိုဖိအားကြောင့် ဖြစ်လာရတဲ့ အမှုတွေကိုလည်း ဒီရုပ်ရှင်ထဲမှာ မြင်ရမှာပါ။ရိအဲလို့ခေါ်တဲ့အမျိုးသမီးက ယောက်ျားဖြစ်သူနဲ့ ကွာရှင်းပြီးနောက် သားအကြီးနဲ့အတူ နယ်မြို့လေးဆီ ပြောင်းလာခဲ့ပါတယ်။ စာရေးကိရိယာဆိုင်လေးဖွင့်ထားရင်းနဲ့ ဒိုင်ဆုကဲဆိုတဲ့ အမျိုးသားနဲ့ ဆုံတွေ့ခဲ့ပါတယ်။ဒိုင်ဆုကဲက တည်းခိုခန်းကြီးပိုင်ရှင်ရဲ့ သားဖြစ်ပေမဲ့ မိသားစုဆီကနေ ထွက်လာခဲ့ပြီး တောင်ပေါ်မှာ သစ်ခုတ်လုပ်ငန်းလုပ်ရင်း ဇာတ်မြှုပ်နေတာပါ။ ကြင်နာတတ်ပြီး ရိုးသားတဲ့ ဒိုင်ဆုကဲကို ရိအဲလည်း သဘောကျသွားပြီး နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ ၄နှစ်ကြာပြီးနောက်မှာတော့ သမီးလေးတစ်ယောက်လည်းထပ်ရနေပြီး ပျော်ရွှင်တဲ့မိသားစုလေးဖြစ်နေပါပြီ။တစ်နေ့မှာတော့ သစ်ခုတ်သွားရင်းနဲ့ ဒိုင်ဆုကဲတစ်ယောက် သစ်ပင်ပိပြီး ဆုံးပါးသွားရပါတယ်။ တစ်နှစ်ပြည့် ...
movie
A Man (2022)
2022
5
What to Do With the Dead Kaiju? (2022)
What to Do with Dead Kaiju IMDB 4.4 ၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle ...
movie
What to Do With the Dead Kaiju? (2022)
6.3
Ju-on: The Grudge 2 (2003)
Ju-On: The Grudge 2 (2003)ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၃ခုနှစ်ထွက် ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ထွက်ခဲ့တဲ့ Ju-On ၂၀၀၂ကားရဲ့အဆက်လို့ပြောလို့ရပေမဲ့ တစ်ကားတည်းကြည့်ရင်လည်း အဆင်ပြေပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာပါပဲ။နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ အကုန်သေဆုံးကုန်ပါတယ်။အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေ အထူးသဖြင့် မိန်းမဖြစ်သူက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှ သေစေဖို့ ကျိန်စာတိုက်ခဲ့ပါတယ်။ တစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ...
movie
Ju-on: The Grudge 2 (2003)