Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Henry O
5.4
They Wait (2007)
They Wait (2007)IMDb Rating (5.4) / Rotten Tomatoes (40%) တစ္ဆေများလဆိုရင် အာရှသားတွေတင်သာမက အနောက်တိုင်းသားတွေပါ ရင်းနှီးကြတဲ့ ရိုးရာပွဲတော်တစ်ခုပါ။သူနဲ့ပတ်သက်တဲ့ ရာဇဝင်တွေ၊ ပါးစပ်ပြောဇာတ်လမ်းတွေ ကိုယ်တွေ့ခြောက်ခြားစရာအဖြစ်အပျက်တွေလည်းအများကြီးရှိနေခဲ့ပြီးကိုယ်တိုင်ကြုံဖူးတဲ့သူတွေလည်းရှိကြပါလိမ့်မယ်။ဒီဇာတ်ကားကတော့ အဲ့ဒီနာမည်ကျော်တစ္ဆေများလကိုပဲ အခြေခံထားတာပါ။ဆာရာနဲ့ဂျေဆင်တို့ဟာ ရှန်ဟိုင်းမှာနေထိုင်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး ဂျေဆင် ဦးလေးဖြစ်သူရဲ့ဈာပနအတွက်ဗန်ကူးဗားကို ခဏပြန်လာကြပါတယ်။သူတို့ဦးလေးရဲ့ နေအိမ်ဟာ တစ်ချိန်က အလုပ်ရုံဟောင်းကြီးတစ်ခုဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ပိတ်သိမ်းထားခဲ့တာကြာပါပြီ။သူတို့ရောက်ရှိချိန်ဟာ တစ္ဆေများလနဲ့တိုက်ဆိုင်နေပြီး သူတို့ရဲ့သားဖြစ်သူ ဆမ်မီကလည်း ဗန်ကူးဗားကိုစရောက်ကတည်းကတစ္ဆေတွေကိုဟိုတစ်စဒီတစ်စမြင်နေခဲ့ရပါတယ်။ အဲ့ဒီအိမ်ကိုကြီးကိုစရောက်ကတည်းက စိတ်မလုံခြုံသလို ကျောချမ်းသလိုခံစားချက်တွေအပြင် သွေးပျက်ချောက်ချားစရာအာရုံတွေကိုပါ ခံစားလာမိတဲ့ ဆာရာဟာ သူတို့သားဖြစ်သူ ဆမ်မီလေး ဘာအကြောင်းမှမရှိပဲ သတိလစ်မေ့မျောပြီးဆေးရုံတင်လိုက်ရချိန်မှာတော့ အဲ့ဒီဖြစ်ရပ်တွေရဲ့အဖြေကိုမဖြစ်မနေရှာဖွေရပါတော့တယ်။သူတို့ကိုအခြေအနေကို အနီးကပ်စောင့်ကြည့်နေခဲ့တဲ့ တရုတ်လူမျိုးအဘိုးကြီးရဲ့ အဆိုအရတော့ ဆမ်မီလေးကို အဲ့ဒီအိမ်ကြီးထဲမှာရှိတဲ့အငြိုးအတေးတွေနဲ့ ဝိဉာဉ်တစ်ခုက ဖမ်းစားထားတာဖြစ်ပြီး ကလေးကိုကယ်တင်ဖို့ တစ္ဆေပွဲတော်မပြီးခင် အာရုံတက်အထိပဲ အချိန်ရတော့တယ်ဆိုတာပါပဲ။အာရှသားတွေရဲ့အယူအဆအပေါ်မှာ အခြေတည်ထားရုံတင်မက အာရှဟော်ရာကားအတော်များများရဲ့ချဉ်းကပ်ပုံနဲ့ပဲသွားထားတဲ့အနောက်တိုင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်နဲ့တင်ဆက်ပုံစိတ်ဝင်စားစရာကောင်းသလိုမြုပ်ကွက်တွေ Jumpscare တွေကိုအံဝင်ခွင်ကျသုံးထားတာတွေလည်းမိုက်ပါတယ်။Horror ပရိသတ်တွေအတွက် Old ...
movie
They Wait (2007)
2007
5.8
2012 (2009)
လူသားတွေဟာ ကိုယ့်ရဲ့အသက် သေမလား ရှင်မလား မသေချာတော့တဲ့အချိန်မှာ အတ္တကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို လေးစားရတဲ့ စာရေးဆရာတစ်ယောက်ဆီ မေးမြန်းဖြစ်ခဲ့တဲ့ ဘူမိဗေဒဒေါက်တာ ဟမ်စလေကမ္ဘာ့အဆုံးသတ်ကို အစောဆုံးသိရှိသတိပေးခဲ့သော်လည်း ကိုယ်တိုင်မလွတ်မြောက်ခဲ့တဲ့ ရူပနက္ခတ္တဗေဒ ဒေါက်တာဆက်နမ်ပြိုကွဲသွားတဲ့မိသားစုလေးကို တစ်ဘဝစာ တာဝန်မကျေခဲ့ပေမယ့် ကမ္ဘာပျက်ကပ်မှာ အသက်ရှင်သန်နိုင်မှုကို ယူဆောင်ပေးနိုင်ခဲ့တဲ့ မအောင်မြင်တဲ့စာရေးဆရာ ကားတစ်၂၀၁၂ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူ့အဖွဲ့အစည်းများ လူသားမျိုးနွယ်နဲ့ သက်ရှိမျိုးစိတ်များ အနုပညာလက်ရာများကိုပါ ဆက်လက်ရှင်သန်အောင် သူတို့ရဲ့အားထုတ်မှုက ဘယ်လိုပုံစံလဲ...ကယ်တင်မရနိုင်တဲ့လူတွေကို အေးစက်စက်နှလုံးသားနဲ့စတေးသွားကြသူတွေရယ် သူတို့နဲ့အတူ အဆုံးသတ်ရဲ့အမှောင်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသူတွေရယ်... 2012 ဆိုတဲ့ဇာတ်ကားကို 2009 ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး မေယာပြက္ခဒိန်ရဲ့ အယူအဆကို အခြေခံရိုက်ကူးသွားတဲ့ အကောင်းဆုံးကမ္ဘာပျက်ဇာတ်ကားတွေထဲက တစ်ခုပါ ကမ္ဘာ့အပေါ်လွှာမြေမာတွေ နေရာရွေ့ကုန်ပြီး ကုန်းပြင်တွေက ရေအောက်ရောက် ရေအောက်ကြမ်းပြင်တွေ မြေပေါ်တက်လာတဲ့ အခြေအနေမှာ ရှင်သန်ဖို့ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Are Khun Winchester ပါ ...
movie
2012 (2009)