Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Henick Chou
6
Everyphone Everywhere ( 2024 )
ဒီဇာတ်ကားလေးကတော့ အထက်တန်းကျောင်းသူငယ်ချင်း(၃)ယောက်က သူတို့ပေးခဲ့ကြတဲ့ကတိအတိုင်း (၂၅)နှစ်ကြာတဲ့အခါ ပြန်တွေ့ကြတဲ့အကြောင်းဇာတ်လမ်းလေးဖြစ်ပါတယ်။အခုခေတ်နေရာတိုင်း လူတိုင်းမှာဖုန်းတွေရှိကြတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းမတူကြဘူး။ သူငယ်ချင်းတစ်ယောက်ချင်းစီရဲ့ပြဿနာနဲ့ဇာတ်ကြောင်းလေးတွေပြရင်း လက်ကိုင်ဖုန်းတွေပေါများလာတဲ့ခေတ်မှာ လူငယ်တွေကြားမှာဖြစ်တတ်တဲ့ပြဿနာတွေ၊ ဖုန်းမရှိတဲ့အခါ အဆင်မပြေဖြစ်ရပုံတွေကိုမီးမောင်းထိုးပြသွားပါတယ်။((၂၅)နှစ်ကြာမှပြန်တွေ့ကြတဲ့ သက်လတ်ပိုင်းဖြစ်နေပြီဖြစ်ကြတဲ့ သူတို့တွေက ဘယ်လိုတွေပြောင်းလဲသွားကြပြီလဲ ဘာတွေကမပြောင်းလဲပဲအရင်အတိုင်းဖြစ်နေဦးမလဲဆိုတာ အတိတ်ခံစားချက်တွေကိုတမ်းတရင်းကြည့်ရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်။ Filesize : 1.28 GB / 642 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Everyphone Everywhere ( 2024 )
6
In Broad Daylight ( 2024 )
Undercover ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်တယ်... အမှုတစ်ခု အမှန်တရားတစ်ခုကို ဖော်ထုတ်ဖို့အတွက် လက်တွေ့ကွင်းဆင်းပြီး ကိုယ်တိုင်ကိုယ်ကျ ခံစားဖော်ထုတ်ဖို့ကြိုးစားရင် တစ်စုံတစ်ယောက်အသွင်ယူပြီး စုံစမ်းလေ့လာတာပါ...ဒါပေမယ့် ဒီကားလေးထဲမှာတော့ အသွင်ယူတဲ့သူက တရားစီရင်နိုင်တဲ့ အာဏာပိုင်မဟုတ်သလို.... အရာရာကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ငွေရှင်လည်းမဟုတ်ဘူး... ကလောင်အစွမ်းနဲ့ အမှန်တရားကို လောကမြစ်ထဲ စီးဆင်းစေတဲ့ သတင်းထောက်သမားလေးပါ...ဇာတ်လမ်းကတော့ တစ်နေ့ ဟောင်ကောင်မြို့ လူအိုရုံ (မသန်စွမ်းဂေဟာ) မှာ မသန်စွမ်းတဲ့ လူအိုတွေကို မြို့လယ်ကောင် နေရာလွတ်ထဲ ကိုယ်လုံးတီး ရေပန်းတွေဖြန်းပြီး ရေချိုးပေးတဲ့ဓာတ်ပုံတွေ အေဝမ်းမီဒီယာကို ရောက်လာလို့ ဒီသတင်းကိုလိုက်ဖို့အတွက် ရှောင်ချီဆိုတဲ့ သတင်းသမားလေးက သူငယ်ပြန်နေတဲ့ ထုံဖိုးဖိုးရဲ့ မြေးမလေးအနေနဲ့ သက်တံဂေဟာကို ရောက်လာတာပေါ့...သူက ကနေဒါကလာတဲ့ အဖိုးရဲ့ မြေးမလေး၊ လူအင်အားမလောက်ငှတဲ့ လူအိုရုံမှာ စေတနာ့ဝန်ထမ်းလေးအနေနဲ့ ကူပေးမယ်ဆိုပြီး သတင်းလိုက်ခဲ့ရာကနေ.... ဒီဂေဟာမှာ လူအိုတွေတင်မကဘဲ အသိဉာဏ်ဖွံ့ဖြိုးမှုအားနည်းတဲ့သူတွေ၊ ကိုယ်လက်မသန်စွမ်းသူတွေပါ ရှိနေတာကိုသိခဲ့တယ်...လူနာ ၈၀ ဝန်းကျင်ရှိပေမယ့် စောင့်ရှောက်သူက ၂ ဦးပဲ ရှိနေတာပါ တွေ့ခဲ့တဲ့အပြင်... တစ်ဖက်မှာလည်း နေ့စဉ်စားသောက်နေတဲ့ အစားသောက်တွေကလည်း ဒိတ်လွန်တွေတဲ့... ဘာကြောင့်မှန်းမသိပေမယ့် လဝက်မှာလည်း ၆ လောင်းလောက်ကို သေဆုံးမှုဖြစ်သေးတယ်... ကဲ ရှောင်ချီတစ်ယောက် ဒီရှုပ်ထွေးလှတဲ့သတင်းကို ပြီးဆုံးအောင်လိုက်နိုင်ပါ့မလား... သတင်းလိုက်လို့ အမှန်တိုင်းပေါ်လာရင်ရော အဆုံးသတ်ကောင်းနိုင်မှာလား.... Filesize : 1.14 GB ...
movie
In Broad Daylight ( 2024 )
5.8
The Lyricist Wannabe ( 2024 )
လူတိုင်းမှာ အိပ်မက်ရှိကြပါတယ်။ အိပ်မက်ရှိကြတဲ့ လူတိုင်းက အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအိပ်မက်က ကိုယ့်ရဲ့ စိတ်ကူးယဉ်ရုံ သက်သက်ဆိုရင်ရော......လော်ရင်ရှီးဟာ အလယ်တန်းအရွယ်မှာပဲ သူ့အိပ်မက်လမ်းကြောင်းကို သေချာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သီချင်းစာသားဖြည့်သူတစ်ယောက် ဖြစ်ချင်တာတဲ့။ အဲဒီအိပ်မက်အတွက် ၁၀ နှစ်ကျော်အချိန်ပေးပြီး တစ်စိုက်မတ်မတ် ကြိုးစားနေခဲ့ပါတယ်။ဒါပေမဲ့ ကြိုးစားတိုင်း အောင်မြင်မှာမဟုတ်တာ လူ့ဘဝ ဓမ္မတာပဲဖြစ်တဲ့အတွက် လော်ရင်ရှီးဟာလည်း အရှုံးတွေကို ရင်ဆိုင်ရတာ ပုံမှန်လို ဖြစ်နေခဲ့ပါတယ်။ သီချင်းစာသားဖြည့်သူဖြစ်ဖို့အတွက် လမ်းကြောင်းပြသူမရှိ၊ ဝင်ငွေမရှိဖြစ်နေပြီး ကိုယ်တိုင်က အခမဲ့ရေးပေးမယ်လို့ ပြောတာတောင် အထင်သေးခံနေရပါသေးတယ်။ နေ့စဉ်နဲ့အမျှ ဒီအိပ်မက်အတွက် ကိုယ့်မှာ ပါရမီ ပါရဲ့လားလို့ သံသယဖြစ်နေခဲ့ရပါတယ်။ဆယ်နှစ်တာ အချိန်အတွင်း လော်ရင်ရှီးတစ်ယောက် သူ့အိပ်မက်အတွက် ဘယ်လို ကြိုးစားမှုတွေ လုပ်ခဲ့သလဲ...... အကြိမ်ကြိမ်ကြိုးစား အကြိမ်ကြိမ်ရှုံးနိမ့်ရတဲ့ ဘဝမှာ ဘာအတွက်ကြောင့် သူ့အိပ်မက်တွေအတွက် တောင့်ခံထားနိုင်ရတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 830 MB , 479 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Music Runtime ...
movie
The Lyricist Wannabe ( 2024 )
6.3
A Light Never Goes Out (2023)
A Light Never Goes Out (2022)======================IMDb - 6.3/10ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ LED ဆိုင်းဘုတ်ခေတ်မစားခင်ခေတ်က အဏုမြူချောင်းတွေနဲ့ဆိုင်းဘုတ်တွေနဲ့ ဟောင်ကောင်မြို့လမ်းပေါ်ကို အလင်းရောင်စုံပေးခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးပြထားတဲ့ ဟောင်ကောင်ဒရာမာကားကောင်းလေး A Light Never Goes Out ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဟောင်ကောင်ရဲ့ ဥပဒေအသစ်ကြောင့် လမ်းမပေါ်က အဏုမြူဆိုင်းဘုတ်အများစု ဖြုတ်ချခံရလိုက်ပြီး LED ဆိုင်းဘုတ်တွေ အစားထိုးလာတာကြောင့် အဏုမြူဆိုင်းဘုတ် ဘေလ်တစ်ယောက် စီးပွားရေးဆုတ်ယုတ်လာပြီး နောက်ဆုံးအလုပ်တစ်ခုကိုလုပ်ရင်း ရုတ်တရက်ဆုံးပါးသွားပါတယ်ဘေလ်ရဲ့ ဇနီးဖြစ်သူ ဟွမ်တစ်ယောက် ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် အတိတ်ကအမှတ်တရတွေကို သတိရရာကနေ အလုပ်ရုံအသွား ဘေလ်ရဲ့ တပည့်ဆိုသူ လီယိုနဲ့တွေ့ဆုံခဲ့ပြီးနောက် ဘေလ်တစ်ယောက် အပြီးမသတ်လိုက်ရတဲ့ ဆန္ဒတစ်ခုရှိကြောင်းသိလိုက်ရပါတယ်ခင်ပွန်းသည်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်တာကြောင့် ဟွမ်တစ်ယောက် လိုက်စုံစမ်းရင်း အရင် အတိတ်ကအမှတ်တရလေးတွေပါ စုမိသလိုဖြစ်လာပါတယ်အမှတ်တရတွေမှာ ပျော်စရာ ဝမ်းသာစရာ ဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေတာလေးကို ကြည့်ရှုသူကို မျိုးစုံရသပေးနိုင်အောင် ရိုက်ပြထားတဲ့ ဒရာမကားကောင်းလေးပဲဖြစ်ပါတယ်( ...
movie
A Light Never Goes Out (2023)
6
Bursting Point ( 2023 )
ဒီတစ်ခေါကါ CM ကတင်ဆက်ပေးမယ့် ရုပ်ရှင်ဇာတ်လမ်းကတော့ ဟောင်ကောင်ရဲဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲမှူး လီကျစ်ရှင်က ကျန်းမင်ကို မူးယစ်ဆေးမှောင်ခိုအဖွဲ့အစည်းထဲသို့ သူလျှိုအဖြစ်ဝင်ခိုင်းပြီး ခေါင်းဆောင်ဖြစ်သူဟန်ယန်ကိုဖမ်းဆီးခိုင်းခဲ့တယ်ဒါပေမဲ့ကျန်းမင်က အခြေအနေအရမတတ်သာပဲ အမှောင်ဘက်သို့ တဖြည်းဖြည်းရောက်ရှိသွားခဲ့တယ် လီကျစ်ရှင်က ပြန်ကယ်ချင်ပေမယ့် မအောင်မြင်ပဲ ဆရာတပည့်နှစ်ယောက်က ရန်သူတွေဖြစ်လာခဲ့ပြီးတော့ ပြန်အဖတ်မဆည်နိုင်ဖြစ်ခဲ့ရလေတယ် ဒီဇာတ်လမ်းလေးမှာ ဆရာတပည့်ဆက်ဆံရေးက နောက်ဆုံးဘယ်လိုဖြစ်လာမလဲ ကျန်းမင်နောက်ဆုံးမှာ ဘယ်လိုတွေဆက်လုပ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါစို့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK
movie
Bursting Point ( 2023 )