Channel Myanmar
Haru Kuroki
Fly On (2023) Hotsureru 5.8
Fly On (2023) Hotsureru   Fly On (2023) HotsureruIMDb Rating (5.8) ဒရာမာအမျိုးအစား အချစ်ရုပ်ရှင်အိမ်ထောင်ရေး ဇာတ်လမ်းကောင်းလေးတစ်ကားပါ။ဝါတာကိုဆိုတဲ့ မိန်းကလေးဟာ သူ(မ)ရဲ့ ချစ်ရသူဖြစ်တဲ့ ကီမူရာကို တိုကျိုက အက်ဆီးဒန့်တစ်ခုမှာ ဆုံးရှုံးခဲ့ရတယ်။ဒီမိန်းကလေးဟာ ဒီဝမ်းနည်းမှုကို မေ့ပျောက်ပြီး ဘဝကို သူ့ယောက်ျားနဲ့ပဲ အေးအေးဆေးဆေး ဖြတ်သန်းတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ မေ့ချင်ယောင်ဆောင်ပြီးနေခဲ့ပေမဲ့ ကီမူရာကို ဆုံးရှုံးလိုက်ရတာကြီးက သူ့(မ) ဘဝမှာ အမှတ်သားကြီး တစ်ခုအနေနဲ့ထားခဲ့ပြီး သူ့နဲ့အတူရှိခဲ့ဖူးတဲ့ အမှတ်တရတွေဆီက မလွှတ်မြောက်နိုင်တဲ့အခါ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Lin Thurein ဖြစ်ပါတယ်။) File size…(830 MB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:24:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Lin Thurein
movie
Fly On (2023) Hotsureru
2023
Kyrie (2023) Kyrie No Uta 6.8
Kyrie (2023) Kyrie No Uta Kyrie (2023)IMDb Rating (6.8) ရွှန်းဂျီ အိဝါအီ ဒါရိုက်တာက သူ့ကိုယ်ပိုင် ဝတ္ထုဖြစ်ကို အခြေခံရိုက်ကူးထားတဲ့ Kyrie no Uta ဆိုတဲ့ အချစ်အသားပေးမဟုတ်ဘဲ ဘဝအသားပေးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ပေးလိုက်ပါတယ်...ဘဝအသားပေးဆိုတာ ဘယ်လိုမျိုးလဲဆိုရင် သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့တဲ့ အစတည်းက ဖွံ့ဖြိုးမှုအားနည်းတဲ့ ကောင်မလေးတစ်ယောက် တစ်ချိန်တည်းမှာ မိသားစု၊ အချစ်၊ ပျော်ရွှင်မှုကို ပျောက်ဆုံးရုံမကဘူးသူဟာ ဘယ်သူဆိုတာကိုပါ မသိတော့တဲ့ ကောင်မလေးတစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ အကြောင်းလေးကို ရိုက်ကူးထားတာပါ...ဒီကားလေးထဲမှာ ခံစားချက်နက်ရှိုင်းမှုတွေ၊ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ လူတချို့ရဲ့ ဘဝခံစားချက်တွေ၊ ထရာမာရပြီး ပြန်လည်တည်ဆောက်တဲ့ပုံတွေကို ပုံဖော်တင်ဆက်ထားပါတယ်...အဓိက ဇာတ်ဆောင် ကီရီအယ် ဆိုတဲ့ ကောင်မလေးကတော့ ပလပ်ဖောင်းပေါ်မှာနေပြီး နေ့စဉ် ဂစ်တာတစ်လုံးနဲ့ သီချင်းတွေကို သီဆိုပြီး ဘဝကို ဖြတ်သန်းနေခဲ့သူပေါ့....သူ့ထူးခြားချက်က စကားပြောရင် တစ်လုံးနဲ့ တစ်လုံး ခွာပြောတတ်သလို တစ်နေ့နေလို့ စကား ...
movie
Kyrie (2023) Kyrie No Uta
2023
Okiku and the World (2023) 6.8
Okiku and the World (2023) Okiku and the World (2023)IMDb 6.8 ရထားတဲ့ ဂျပန် အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်၁၉ ရာစုအလယ် အဲဒို(လက်ရှိတိုကျို)မှာ ဇာတ်လမ်းတည်ထားတဲ့ ဒီရုပ်ရှင်လေးမှာ ချူးဂျိဆိုသူက မစင်တွေလိုက်ကျုုံးပြီး ရောင်းချအသက်မွေးရတဲ့လူပါဒီလိုနဲ့ တစ်နေ့မှာ အိုကီကူဆိုတဲ့ ကောင်မလေးနဲ့တွေ့ပါတယ်အိုကီကူကတော့ ဆာမူရိုင်းမဟုတ်တော့တဲ့ တစ်ချိန်က ဆာမူရိုင်းကြီးရဲ့သမီးဖြစ်ပြီး လက်ရှိမှာတော့ ဆင်းရဲသားအိမ်တန်းလျားမှာ ငှားနေရပါတယ်နိမ့်ဆင်းသွားတဲ့လက်ရှိဘဝကို စိတ်ပျက်ညှိုးမှိုင်လျက်ရှိတဲ့ မိန်းကလေးတစ်ယောက်... သူ့ဘဝထဲကို မစင်ကျုံးသမားလေး ဝင်လာတဲ့အခါမှာ အေးစက်တဲ့ လောကဓံကြားမှာ နွေးထွေးတဲ့ ချစ်ခြင်းကို ရှာတွေ့သွားနိုင်မှာလား ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုအားပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ KKKZ ~ ToMo တို့ပဲ ဖြစ်ပါတယ် File size…1.4 GB / 770 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ KKKZ ~ ToMo
movie
Okiku and the World (2023)
It Comes (2018) 6.2
It Comes (2018) It Comes (2018)ဟိဒဲကိဟာ သိပ်ချောလှပြီး ချစ်ရတဲ့ ဇနီးလောင်းလေး ကာနာနဲ့အတူ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် စိတ်ကူးပျော်ရွှင်နေသူတစ်ယောက်...လက်ထပ်ပြီး မကြာခင် ဟိဒဲကိရဲ့အလုပ်ထဲကို ဧည့်တွေ့တစ်ယောက် ရောက်လာခဲ့ပြီး မဆုံလိုက်ရပေမဲ့ ချိဆာဆိုတဲ့ နာမည်တော့ ပြောသွားခဲ့တယ်။ ဧည့်သည်ရောက်နေကြောင်း အသိပေးလာတဲ့ လုပ်ဖော်ကိုင်ဘက်ကတော့ မကြာခင်မှာပဲ ထူးဆန်းတဲ့ ရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။အမှုမဲ့အမှတ်မဲ့နေခဲ့ပေမဲ့ သမီးလေး မွေးလာချိန်မှာ ချိဆာလို့ မှည့်ခဲ့တယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း တစ်နေ့ တစ်နေ့ သူ့မိသားစုနဲ့ ဘာတွေလုပ်တယ်၊ ဘယ်လိုအတွေးတွေ ရှိတယ်၊ သမီးလေးကို ဘယ်လိုထိန်းကျောင်းတယ်ဆိုတာ ဘလော့ဂ်ထဲ အမြဲရေးတင်တတ်သူ...မိတ်ဆွေ သူငယ်ချင်းတွေ ဘ‌လော့ဂ် ဖတ်သူတွေ အနေနဲ့တော့ ဟိဒဲကိဟာ ဖခင်ကောင်းတစ်ယောက် အများက အားကျရတဲ့မိသားစုလေးပိုင်ဆိုင်ထားသူ...သမီးလေး ၂နှစ်အရွယ်ရောက်ချိန်မှာ သူတို့မိသားစုအပေါ် ဂြိုဟ်ဆိုးတွေ တစ်ခုပြီးတစ်ခု ဝင်လာပါတော့တယ်။ဒါတွေကို ကိုင်တွယ်ပေးနိုင်ဖို့ နိုဇာကိနဲ့မာကိုတို တို့ကို အကူအညီတောင်းပြီးနောက်တော့...သမားရိုးကျထက် မထင်မှတ်ထားတဲ့ ...
movie
It Comes (2018)
2018
18×2 Beyond Youthful Days ( 2024 ) 6.6
18×2 Beyond Youthful Days ( 2024 ) CM ချစ်ပရိသတ်တို့ကို ဒီနေ့ ဂျပန်-ထိုင်ဝမ် ဖက်စပ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ထိုင်ဝမ်မင်းသားချောလေး Greg Hsu က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးထားတဲ့အပြင် Michieda Shunsuke ကလည်း ဧည့်သရုပ်ဆောင်အဖြစ် ပံ့ပိုးကူညီထားပါသေးတယ်...ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင်တော့ ထိုင်ဝမ် အိုင်တီပညာရှင်တစ်ယောက် ဖြစ်တဲ့ ဂျင်မီဟာ ကုမ္ပဏီတွင်း ပြဿနာတွေဖြစ်ပြီး ကုမ္ပဏီကနားပြီး တစ်ကိုယ်တော် ခရီးထွက်မယ်ဖြစ်လာခဲ့တယ်...ဒီလိုနဲ့ ဂျပန် ဖူခူရှီမာကို ခရီးထွက်ဖို့ဖြစ်လာတဲ့ ဂျင်မီစိတ်ထဲမှာ လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက တင်ရှိနေတဲ့ အစိုင်အခဲလေးတစ်ခုရှိပါတယ်...သူ့နာမည်က အာမီတဲ့... သူအထက်တန်းကျောင်းသားအရွယ်မှာ သူရှိတဲ့ ထိုင်ပေကို တစ်ယောက်တည်းလာခဲ့တဲ့ ခရီးသွားဂျပန်မလေးပေါ့... အာမီနဲ့ ဆုံရတဲ့အကြောင်းအရင်းကတော့ အာမီတစ်ယောက် ပိုက်ဆံအိတ်ပျောက်ပြီး... ထိုင်ဝမ်မှာနေဖို့စရိတ်မရှိသလို ဂျပန်ပြန်ဖို့လည်း စရိတ်မတတ်နိုင်တော့လို့ အလုပ်ရှာရင်း... ဂျင်မီအလုပ်လုပ်တဲ့ အချိန်ပိုင်းအလုပ်မှာ အလုပ်လာလျှောက်ရင်းဆုံတာပေါ့...အားလုံးမှန်းမိမှာပါ ဂျင်မီတစ်ယော်က အာမီကို စိတ်ဝင်စားခဲ့တယ်... အချစ်ဦးလို့ပြောရလောက်အောင် ကြိုက်ခဲ့တယ်.. ဒါပေမယ့် ဖွင့်ပြောခွင့်မရဘဲ အာမီတစ်ယောက် ဂျပန်ပြန်သွားခဲ့တယ်... ၁၈ နှစ်အရွယ်မှာလွဲခဲ့တဲ့ အာမီကို ၃၆ နှစ်အရွယ်ဂျင်မီတစ်ယောက် ပြန်ရှာနိုင်မလားဆိုတာ ဇာတ်လမ်းအဆုံးသတ်လေးက ပြောပြပါလိမ့်မယ်... Filesize : 792 MB / 467 MB Quality : WEB-DL 1080p , ...
movie
18×2 Beyond Youthful Days ( 2024 )
The Village (2023) 5.8
The Village (2023) The Village (2023)~ MyDramaList – 7.1/10 ~ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို ...
movie
The Village (2023)
2023
Noise (2023) 6.3
Noise (2023) Death Note ကား ထဲက L နဲ့ Light Yagami မင်းသား 2ယောက်ကို အတူတူတွေ့ရမှာပါရှီရှီခါရီ ဆိုတဲ့ ကျွန်းလေးဟာ လူဦးရေခေါင်းပါလာပြီး အေးချမ်းသာယာတဲ့ကျွန်းလေးပါ ကျွန်းရဲ့အဓိကထွက်ကုန်ကတော့ အနက်ရောဂ်သဖန်းသီးတွေပါဒီကျွန်းပေါ်မှာ သဖန်းပင်စိုက်ပျိုးပြီး ကျွန်းလေးကိုအကျိုးပြုနတောကြောင့် လူအများချစ်ခြင်းမေတ္တာရရှိကာ ကျွန်းရဲ့ကယ်တင်ရှင်လို့ တင်စားခံရတဲ့ ကီတာ... အမဲလိုက်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ပြီး အမဲလိုက်ရာသီမဟုတ်ရင် သဖန်းခြံမှာ လာရောက်ကူညီလေ့ရှိတဲ့ ဂျွန်... ဒီကျွန်းအတွက် အဘက်ဘက်က အကာအကွယ်ပေးမယ့်ဆို့တဲ့ အ်ယူကို လက်ခံထားတဲ့ ရဲဝန်ထမ်းလေး ရှင်း...ဒီလို အေးချမ်းစွာ နေနေရင်းကနေ တစ်နေ့တော့ Life Changing event တစ်ခုဖြစ်ပွားခဲ့ပါတယ် ပြည်မကြီးအကျဉ်းထောင်ကနေ ပြန်လည်ထူထောင်ရေးစခန်းမှ အကျဉ်းသား အိုမီဆာကာ ဟာဒီကျွန်းကိုအလုပ်လုပ်ဖို့လာရောက်ခဲ့ပေမယ့် လူတစ်ယောက်သတ်ပြီး ထွက်ပြေးနေခဲ့ပါတယ် ဒီလိုအန္တရာယ်များတဲ့လူတစ်ယောက်ကျွန်းပေါ်ရောက်နေတာကြောင့် ဟို3ယောက်ဟာ သူ့ကိုသတ်ရမယ့်အကြောင်းအရာပေါ်ပေါက်လာခဲ့ပါတယ် ပထမတော့ စိတ်မနှံ့တဲ့အကျဉ်းသားမို့လို့ ဘယ်သူမှလာမရှာဘူးလို့ထင်ထားပေမယ့် ကြိုးစားပန်းစားလာရှာတဲ့ရဲတွေကြောင့် သူတို့၃ယောရ် ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ဘယ်သူတွေပါပါဝင်နေသေးလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ Plot ...
movie
Noise (2023)
The Antique: Secret of the Old Books (2018) 5
movie
Mirai(2018) 7.2
Mirai(2018) Mirai(2018)IMDb.....7.2,,,Rotten....92%"ကွန်​" ဆိုတဲ့ ၄ နှစ်​သားအရွယ်​က​လေး​လေးတစ်​​ယောက်​၊ မိဘ​မေတ္တာ​တွေကို ပုံပြီးရ​နေတဲ့အချိိန်​မျိုးမှာမှ သူ့ဘဝထဲကို "မိရိုင်​" ဆိုတဲ့ညီမ​လေးတစ်​​ယောက်​ ဝင်​​ရောက်​လာတဲ့အခါ အ​​ဖေနဲ့အ​မေဆီကရ​နေကြ အာရုံစိုက်​မှု အလိုလိုက်​မှု စတဲ့ဂရုစိုက်​ခံရမှုအားလုံးကလည်​း ညီမ​လေးဖြစ်​သူ "မိရိုင်​"ဆီအလိုလို​ရောက်​ရှိသွားပါတယ်...​ ၄နှစ်​သားအရွယ်​က​လေးတစ်​​ယောက်​ရဲ့ မနာလိုမှု ဝမ်​းနည်​း​ကြေကွဲရမှု​တွေက ​ညီမ​လေး "မိရိုင်​" ဆီ ဒေါသအဖြစ်​​ရောက်​သွားပါ​တော့တယ်​။ဒီလိုမျိုး တစ်​​ယောက်​တည်​းအထီးကျန်​​နေတဲ့ "ကွန်​" ဆီကို ညီမဖြစ်​သူ "မိရိုင်​" ကအနာဂတ်​က​နေ ​လူငယ်​အသွင်​ရောက်​ရှိလာတဲ့အခါ "ကွန်​"တစ်​​ယောက်​ဘယ်​လိုထူးဆန်​းမှု​တွေရဲ့ကြုံလာရမလဲ "မိရိုင်​" က​ရော ဘာလို့အနာဂတ်​က​နေ ​ရောက်​လာရတာလဲ တစ်​အိမ်​လုံးရဲ့ဖူးဖူးမှုတ်​ခံထားရတဲ့အချိန်​ ရုတ်​တရက်​ လျစ်​လျူရှုခြင်​းခံလိုက်​ရတဲ့က​လေးတစ်​​ယောက်​က​ရော အနာဂတ်​မှာ ဘယ်​လို​တွေဖြစ်​လာမလဲ စတဲ့​မေးခွန်​း​ပေါင်​းများစွာနဲ့ ဒါရိုက်​တာ"Mamoru Hosoda" ရဲ့ ဇတ်​ကားအသစ်ဖြစ်​တဲ့ "Mirai" ဆိုတဲ့ ရုပ်​ရှင်​က အခုဆိုရင်​ Best Animation Film nomineeအဖြစ်​ ၉၁ ကြိမ်​​မြောက်​ Oscar ဆန်​ကာတင်​စာရင်​းမှာလည်​း ပါ​နေပါ​သေးတယ်​...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်...File ...
movie
Mirai(2018)
2018