Channel Myanmar

Harssh A. Singh

The Mehta Boys (2024) 6.7
The Mehta Boys (2024) The Mehta Boys (2025)သွေးသည်ရေထက်ပျစ်သည် 3 idiots လို မသိသူမရှိလောက်အောင် ကျော်ကြားခဲ့တဲ့ရုပ်ရှင်မှာ တက္ကသိုလ်က‌ ပါမောက္ခကျောင်းအုပ်နေရာကနေ ဗီရူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Boman Irani က ဒီရုပ်ရှင်ထဲမှာ ကိုယ်တိုင် ဒါရိုက်တာရော မင်းသားအနေနဲ့ပါ ပါဝင်ထားပါတယ်။လူသား‌တွေအနေနဲ့ မွေးကတည်းက စတင်ထိတွေ့ ရင်းနှီးရတာ ကိုယ့်မိခင်နဲ့ဖခင်ပါ။ သူတို့ရဲ့မေတ္တာတရားတွေ စောင့်ရှောက် ဆုံးမမှုတွေနဲ့ ကြီးပြင်းလာရပြီး လူလားမြောက် အရွယ်ရောက်လာတဲ့အချိန်မှာတော့ ကတောက်ကဆ ဖြစ်လာတတ်ကြပါတယ်။ဒီဇာတ်ကားလေးမှာလည်း အာမေဆိုတဲ့ ဗိသုကာပညာရှင်လေးဟာ သူ့မိခင်ဆုံးပါးသွားချိန်ကစလို့ သူနဲ့စကားကြောမတည့် မျက်နှာကြောမတည့်ဖြစ်နေရတဲ့ဖခင်နဲ့ အတူနေရပါတော့တယ်။သူ့ဖခင်အနေနဲ့လည်း ဇနီးဖြစ်သူက ဆုံးပါးသွားလို့ စိတ်ထိခိုက်နေရတဲ့အပြင် သူတစ်သက်လုံးနေထိုင်ကြီးပြင်းခဲ့ရတဲ့ နေရပ်ဒေသကိုစွန့်လွှတ်လို့ တစ်ခြားဒေသမှာနေရဖို့ဖြစ်လာတဲ့အခါမှာတော့ သားဖြစ်သူနဲ့ ပိုလို့မတည့်တော့ပါဘူး။ဒီလို ဆက်ဆံရေးမပြေလည်ရာကနေ အေးစက်မလိုဖြစ်နေတဲ့ ယောက်ျားသားနှစ်ဦးကို ကြားထဲကညှိနှိုင်းပေးနေရတာကတော့ အာမေရဲ့အစ်မဖြစ်သူ အာနူပါ။ဘယ်လိုပဲစကားများရန်ဖြစ်ကြတယ်ဆိုဆို မိသားစုဆိုတာ အချိန်တန် အရေးကြုံရင် ပြန်လည်စည်းလုံးပေါင်းစည်းကြရ‌တာမို့ သူတို့သားအဖ ဘယ်လိုပြေလည်ကြမလဲ၊ အာနူကဘယ်လိုညှိနှိုင်းပေးရမလဲ၊ သူတို့ရဲ့ဖခင်ကရော ပြောင်းသွားတဲ့နေရာမှာ အဆင်ပြေသွားလား ဆက်လက်နေထိုင်ဖြစ်သွားလားဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 2 GB / 861 MB Quality…WEB DL 1080p ...
movie

The Mehta Boys (2024)

Jigra (2024) 7
Jigra (2024) Jigra (2024) "သတ္တိခဲမလေး"IMDb 7.0ဘောလိဝုဒ်ပရိသတ်တို့နှစ်ခြိုက်ကြတဲ့ မင်းသမီး Alia Bhatt ရဲ့ သည်းထိပ်ရင်ဖို အက်ရှင်ရုပ်ရှင်အသစ်ကို ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ဒီကားထဲမှာဆိုရင် မိန်းမက ခင်ပွန်းသည်ကိုကယ်တာမဟုတ်ဘဲ အစ်မက မောင်ဖြစ်သူကို သက်စွန့်ဆံဖျားကယ်မှာပဲဖြစ်ပါတယ်ဆပ်တရာက သူ့မောင်လေး အန်ကူကို အရိပ်တကြည့်ကြည့်စောင့်ရှောက်တဲ့ အစ်မကြီး ငယ်ငယ်က သူတို့မျက်စိရှေ့မှာတင် တိုက်ပေါ်က ခုန်ချသွားတဲ့အဖေကြောင့် တစ်ခုခုဆိုတိုင်း သူ့မောင်လေးအတွက် အစိုးရိမ်လွန်ကဲတယ်အန်ကူကလည်း ကြိုးစားတဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ပရောဂျက်တစ်ခုကို သူတို့ကိုစောင့်ရှောက်ထားတဲ့ ဦးလေးက သဘောကျတဲ့အတွက် အကောင်အထည်ဖော်ဖို့ နိုင်ငံရပ်ခြားကို အလုပ်ကိစ္စခရီးလွှတ်လိုက်တယ်ကံဆိုးချင်တော့ သူများနိုင်ငံမှာ မူးယစ်မှုနဲ့ အဖမ်းခံလိုက်ရတဲ့အန်ကူကို ကြီးလေးတဲ့ပြစ်ဒဏ်ချတော့မယ်ဆိုတာ သိလိုက်တဲ့အခါမှာ အစ်မတစ်ယောက်က သူ့မောင်ကို စွန့်စွန့်စားစား ဘယ်လိုကယ်ထုတ်သွားမှာလဲ ပရိသတ်တို့ဆက်လက်ကြည့်ရှုလိုက်ပါဦး File size… 2.12 GB / 1.05 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jigra (2024)

Pippa (2023)
Pippa (2023) Pippa (2023) "စစ်သည်တော် ပစ်ပ်ပါ"Amazon Prime Videoကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယစစ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်အကုန်ကျခံ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဒီကားဟာဆိုရင် အရှေးကူးမားသရုပ်ဆောင်တဲ့ Airlift(2016)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ရာဂျာခရစ်ရှ်နာမီနွန် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Airlift(2016)ကို ကြည့်ဖူးရင် သူ့ရဲ့ရိုက်ကူးတင်ဆက်မှုကို ခန့်မှန်းကြည့်လို့ရမှာပါ။ Fury(2014)တို့ T-34(2019)တို့ကရတဲ့ Vibeကို အိန္ဒိယဗားရှင်းနဲ့ခံစားရတာမျိုးဗျ။"စစ်သည်တော် ပစ်ပ်ပါ"ဆိုလို့ ပစ်ပ်ပါဟာ စစ်သည်တော်တစ်ဦးတော့မဟုတ်။ "ပစ်ပ်ပါ"ဆိုတဲ့ အိန္ဒိယရဲ့ ကုန်း‌ရောရေပါသုံးလို့ရတဲ့ ပထမဆုံးတင့်ကား PT-76ကြီးပေါ့။ အိန္ဒိယစစ်ကားဆိုတာနဲ့ အားလုံးလည်းသိတဲ့အတိုင်း ဘယ်နဲ့ဖြစ်မလဲဆို မြေကြီးလက်ခတ်မလွဲ ဖန်တရာထပ်‌နေတဲ့ အင်ဒို-ပါကစ္စတန်စစ်ပွဲပဲပေါ့။ဘာလ်ရမ်ဟာ ခပ်နောက်နောက်စစ်သားတစ်ယောက်ဆိုပေမဲ့ မျိုးနဲ့ရိုးနဲ့ စစ်သားလုပ်နေကြတဲ့ နိုင်ငံ့သစ္စာတော်ခံမိသားစုကပါ။ အရည်အချင်းရှိသူဆို‌ပေမဲ့ စစ်ရေးလေ့ကျင့်တာကိုတောင် အမိန့်ကို မသိမသာလေးဖီဆန်ပြီး စွန့်စားတတ်လွန်းလို့ အထက်အရာရှိတွေကပါ တော်ရုံဆို မျက်ကွယ်ပြုပေးထားရသူပါ။ဒီလိုနဲ့ တစ်နေ့မှာ ပါကစ္စတန်ဘက်က တင့်ကားတပ်ဟာအိန္ဒိယနယ်စပ်ဘက်ကို ဦးတည်လာနေတယ်ဆိုတဲ့သတင်းပေါက်ကြားလာခဲ့တယ်။အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန် အင်အားပြိုင်ဆိုင်မှုကြားမှာ အိန္ဒိယနယ်စပ်ကို ပြုံပြီးရောက်ရှိလာတဲ့ ဘင်္ဂလီစစ်ဘေးရှောင်ဒုက္ခသည်တွေ၊ စီးပွားရေးဝန်ပိနေတဲ့ကြားက လူသားချင်းစာနာမှုကို ရွေးချယ်လိုက်ခါမှ စစ်မီးကူးစက်လာဖို့ ဖြစ်လာတဲ့အခါ၊ အေးချမ်းသာယာနေတဲ့ ဘာလ်ရမ်တို့ရဲ့မိသားစုဘဝလေးဟာလည်း စစ်သားမိသားစုပီပီ ရှေ့တန်းကနေထွက်ဖို့ဖြစ်လာလေတော့...တင့်ကားမောင်းတဲ့တပ်သားတစ်ယောက်ဖြစ်တဲ့ ဘာလ်ရမ်တစ်ယောက် သူ့ရဲ့စီးတော်ယာဉ်ကြီးပစ်ပ်ပါနဲ့အတူ ရှေ့တန်းကနေ တိုက်စစ်ဆင်တဲ့အကြောင်း ရှေ့တန်းထွက်စစ်သည်တစ်ယောက်ရဲ့ရှုထောင့်နဲ့ ...
movie

Pippa (2023)

2023
Raman Raghav 2.0 (2016) 7.4
Raman Raghav 2.0 (2016) Raman Raghav 2.0 (2016) IMDb - 7.4/10_____Rotten - 86%  ၂၀၁၆ မှာထွက်ရှိထားတဲ့ Raman Raghav 2.0 ဆိုတဲ့ ဒီရုပ်ရှင်ကားဟာ ဒါရိုက်တာ Anurag Kashyap ကရိုက်ကူးထားပြီး IMDb 7.4 အထိရရှိထားပါတယ်။ နာမည်ကြီးစိတ္တဇအကြမ်းဖက်လူသတ်သမား တစ်ဦးဖြစ်တဲ့ Raman ရဲ့ ၁၉၆၀နှစ်အလယ်ပိုင်းများက မွန်ဘိုင်းပြည်နယ်မှာကျက်စားခဲ့ပုံကို တင်ဆက်ပြသထားပြီး ရဲအရာရှိတစ်ဦးဖြစ်တဲ့ Raghuvendra Singh Ubbi နဲ့ သူတစ်ပြန်ကိုယ်တစ်ပြန်ရင်ဆိုင်ကြတာတွေကို ရင်တစ်ဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအလှည့်အပြောင်းများသာမက ဇာတ်လမ်းဇာတ်အိမ် အင်မတန်ခိုင်မာကောင်းမွန်တာကြောင့် အများကြီးမညွှန်းတော့ဘဲ ဇာတ်ကားကိုသာကြည့်ရှုကြဖို့ တိုက်တွန်းပါရစေခင်ဗျာ။  ဇာတ်လမ်းအကျဉ်းကိုတော့ မိုးဦးမာန် က ရေးသားပေးခဲ့တာဖြစ်ပါတယ်။    File Size - 956 MB File Type - Mp4 Quality - BR-Rip 720p Duration - 2h 13min Translator - Linnthura1988 Encoder - Kyaw Ye Aung
movie

Raman Raghav 2.0 (2016)

2016