Channel Myanmar

Harishankar

Oru Kattil Oru Muri (2024)
Oru Kattil Oru Muri (2024) Oru Kattil Oru Muri (2025) အခန်းလေးတစ်ခုက ခုတင်လေးရဲ့ ဒဏ္ဍာရီ"ပုန်းချင်တဲ့နေရာမှာသာပုန်း ငါတို့က မင်းကိုလိုက်ရှာပြီး အမှုန့်ကြိတ်မှာ" ရွတ်မန်ဂါဒန် ဆိုတဲ့ တက္ကစီဒရိုင်ဘာ‌လေးဟာ သူ့ကိုဒီလို အသေရရ အရှင်ရရ လိုက်ဖမ်းနေတဲ့ လူတစ်စုဆီက ထွက်ပြေးနေရပါတယ်။သူက သူတို့တစ်ဆယ့်တစ်‌ယောက်ရဲ့ပိုက်ဆံနဲ့ ကုမ္ပဏီထောင်ပြီး ထွက်ပြေးနေလို့ပါတဲ့။ တစ်နေ့ကျ သူလည်း ကြံရာမရတာနဲ့ ကားနဲ့တိုက်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ တစ်ဖက်မှာတော့ တိုက်ခန်းပိုင်ရှင်အစ်မကြီးက သူ့ခုတင်လေးပျက်လို့ ပြင်ဆရာဆီသွားပြင်နေတာပါ။သူ့ခုတင်ကို သူ့ကလေးလေးလို အထိမခံဖြစ်နေလို့ လက်သမားဆရာခမျာလည်း အကြံအိုက်နေရတဲ့အပြင် အိမ်ကိုပြန်သယ်လာတော့လည်း ပစ္စည်းသယ်ပေးရတဲ့သူတွေကို ဖြည်ဖြည်းသယ်ဖို့ပဲအော်နေလေရဲ့။သူ့မှာ စကားပြောဖော်ဆိုလို့ သူ့တိုက်ခန်းတစ်ခန်းကိုငှားနေတဲ့ မတ်ဒူမီယာဆိုတဲ့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်မလေးပဲရှိတာပါ။ မတ်ဒူမီယာကလည်း နှစ်ဆယ်ကျော်အရွယ်လေးတွေရဲ့ ထုံးစံအတိုင်း မိဘနဲ့ဆက်ဆံရေးမပြေလည်လို့ ထွက်ပြေးလာပြီး ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်‌ရှာနေသူတစ်ဦးပါ။ပိုင်ရှင်အစ်မကြီးက သူ့ခုတင်ကိုအထိမခံဖြစ်နေပေမဲ့ သူကိုယ်တိုင်ကျ မသုံးဘဲ သူ့ကိုပေးသုံးရတဲ့အကြောင်းရင်းကို မတ်ဒူမီယာကမေးတော့ အစ်မကြီးက သူ့ယောက်ျားနဲ့သူအတူသုံးခဲ့တဲ့ခုတင်လေးမို့ ကလေးလေးလို သူအရမ်းတန်ဖိုးထားရပေမဲ့ သူတစ်‌ယောက်တည်းတော့ ဒီခုတင်မှာ အိပ်မပျော်ပါဘူးတဲ့။ဒီလိုနဲ့ အမျိုးသမီးနှစ်ယောက်ဟာ ကိုယ့်ဘဝဇာတ်ကြောင်းကိုယ် ရင်ဖွင့်ရင်း ခင်မင်ရင်းနှီးလာပါတော့တယ်။ အဲဒီအချိန်မှာ ရွတ်မန်ဂါဒန်က ပြေးရင်းလွှားရင်း သူတို့တိုက်ခန်းကို ရောက်ရှိလာပြီး ငှားရမ်းနေထိုင်‌ဖို့ဖြစ်လာပါတော့တယ်။မနက်တစ်နေကုန်အလုပ်သွားပြီး ညမှတိုက်ခန်းပြန်လာတဲ့ မတ်ဒူမီယာ၊ တစ်ညလုံးအလုပ်လုပ်ရပြီး မနက်မှတိုက်ခန်းပြန်ရောက်တဲ့ ရွတ်မန်ဂါဒန်၊ တိုက်ခန်းပိုင်ရှင်အစ်မကြီး၊ သူတို့သုံးယောက် ဘယ်လိုဆက်စပ် ...
movie

Oru Kattil Oru Muri (2024)

RDX: Robert Dony Xavier (2023) 7.8
RDX: Robert Dony Xavier (2023) RDX:Robert Don't Xavier (2023)IMDb-7.8/10တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက် သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကား‌ကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါ မလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်... ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်... ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန်ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့ အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာ Action/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Dee ~ Moon ~ ToMo တို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Dee ~ Moon ~ ToMo
movie

RDX: Robert Dony Xavier (2023)

2023