Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hari Krishnan
5.5
Gentlewoman (2025)
Gentlewoman 2025 အာဂအမျိုးသမီး Imdb 6.5ဒီကားလေးက နာမည်ကြားရတာတော့ နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးအကြောင်းများလား မှတ်ထင်ရပေမဲ့ တကယ်တမ်းကြည့်လိုက်ရင်တော့ တော်တော်လေး ကြမ်းတဲ့ဇာတ်လမ်းပါ ဖော်ပြရရင် တကယ့် သည်းထိတ်ရင်ဖိုလမ်းကြောင်းပေါ်မှာ အရှိန်အဟုန်နဲ့ မောင်းနှင်နေတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲဇာတ်လမ်းက ပူနီဆိုတဲ့ မိန်းမသားလေးတစ်ယောက်နဲ့ စတာပေါ့ စစချင်း ပူနီ့ဘဝအကြောင်း ဇာတ်အေးအေးလေး ရိုက်ကူးထားပြီး နောက်တော့ သူ့ခင်ပွန်းအာရဗင်ဆိုတဲ့လူက ဘယ်ရောက်သွားမှန်းမသိ ပျောက်သွားပါတယ် ရဲတွေကတော့ ပိုက်ဆံပြဿနာကြောင့် ထွက်ပြေးသွားတာနေမယ်လို ထင်ကြပေမဲ့အန်နာဆိုတဲ့ Single Lady စစ်စစ်ကတော့ ပူနီရဲ့ အေးဆေးတည်ငြိမ်နေပုံကို သံသယဝင်နေပါတယ် သူ့စိတ်ထဲမှာတော့ ဒီနောက်ကွယ်မှာ ပိုပြီး လျှိဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုခု ရှိနေတယ်လို ခံစားနေရတာပေါ့အန်နာဆိုတာက ပူနီတိုရဲ့အိမ်နီးချင်း ယောက်ျားတွေက မိန်းမတွေကို ပစ်ထားခဲ့ရင် ဘာနှုတ်ဆက်စကားမှ မဆိုသင့်ဘူးလို ခိုင်ခိုင်မာမာယုံကြည်ထားတဲ့ အမျိုးသမီးမျိုး ဒီလိုနဲ့ သူတစ်ယောက်တည်း စုံစမ်းစစ်ဆေးမှုတွေလုပ်ရင်း ပူနီနဲ့ တွေ့ကြတယ် အစပိုင်းမှာတော့ အေးအေးဆေးဆေးဖြစ်ပေမဲ့ နောက်ပိုင်းကျမှ နှစ်ယောက်သားကြားထဲမှာ တင်းမာမှုတွေ တဖြည်းဖြည်း ...
movie
Gentlewoman (2025)
7.1
Thangalaan (2024)
Thangalaan 2024 ကျိန်စာသင့်ရွှေတွင်းIMDb 7.1/10ကာနာတာကာရဲ့ကိုလာရွှေတွင်းမှာ ရွှေတူးသမားတွေ တွေ့ကြုံခဲ့ရတာကိုအခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ Box Office အနေနဲ့လည်း ₹100 crore ထိရရှိထားတဲ့ ၂၀၂၄ထွက် ဖြစ်ရပ်မှန်ရုံတင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ချစ်မိသွားရင်ဘာမှမမြင်တတ်ကြတဲ့သဘာဝအတိုင်း မိန်းမသည်သာအရာရာဖြစ်နေတဲ့ သန်ဂန်လန် ကလေးတွေဆိုလည်း မိခင်ထက် ဖခင်ကိုပိုချစ်ကြပြီးအဖေ့ရဲ့အိပ်ရာဝင်ပုံပြင်တွေက သူတို့ရဲ့အိပ်ဆေးပဲပေါ့ မိသားစုတွေဘဝကို အလုပ်လုပ်လိုက် ကြည်နူးလိုက်ဖြစ်နေချိန်မှာ ရွေတွင်းတူးဖို့အင်္ဂလိပ်အစိုးရက အမိန့်ချမှတ်လိုက်ပါတယ် ဒီရွှေတွင်းရဲ့သမိုင်းကိုပြောရရင်တော့။။။ပွန်နာမြစ်ဝန်းရံနေတဲ့အာနာမာလိုင်တောင်တစ်လုံး ဆင်နဲ့တူလို့ဒီလိုနာမည်ပေးထားတာဖြစ်ပြီး ဆင် ကျား ဝက်ဝံရိုင်းတွေရဲ့အသံတွေ ပဲ့တင်သံကြားရတဲ့ထိပေါများပါတယ် တိုင်းတစ်ပါးကရန်သူတွေကိုချေမှုန်းပြီး မြစ်ကိုဖြတ်သန်းလာတဲ့ဘုရင်က ဒီမြစ်မှာရွှေတူးသမားတွေနဲ့ဆုံခဲ့တယ် မြစ်ထဲမှာရှာနေတဲ့ရွှေတွေက လိုအပ်သူသာရဖို့ကျိန်စာသင့်နေပေမဲ့ ဘုရင်ကဒီရွှေကို အပိုင်သိမ်းချင်ခဲ့ပါတယ် ကျိန်စာသင့်တဲ့အတိုင်း ဘုရင့်လူတွေဆင်းရှာတော့ ဘယ်ရွှေမှမတွေ့ခဲ့ဘူးပေါ့ဒါပေမဲ့ပွန်နာမြစ်နဲ့မဝေးတဲ့တစ်နေရာမှာ ရွှေအတိဖြစ်နေတဲ့ကျောက်တုံးနဲ့ ရွေမြေတွေကို ကံကောင်းထောက်မစွာနဲ့တွေ့ခဲ့တယ် ဒီရွှေမြေကိုတော့ အာရသီဆိုတဲ့မှော်ဆရာမကစောင့်ရှောက်နေတာပါ တောအုပ်ရဲ့ခေါင်းဆောင် စိတ်ကိုအလိုရှိသလိုညှို့နိုင်စွမ်းရှိတဲ့သူမ..သူ့ကြောင့်ပဲဒီရွှေတွေကဘေးမသီရန်မခရှိနေခဲ့တာပါဒါပေမဲ့ လောဘသားတွေလက်အောက်မှာကျရှုံးခဲ့ရပြီး သူ့သွေးနဲ့ထိတဲ့ နယ်မြေတိုင်းကိုရွှေအတိဖြစ်စေခဲ့ပြီး ကျိန်စာတွေကလည်းဒီတိုင်းကျန်ရှိနေပြီး သမိုင်းကြောင်းကတစ်ခန်းရပ်ခဲ့တယ်မျက်မှောက်ကာလမှာတော့ ဒီရွေတွင်းကိုပြန်တူးဖော်ဖို့အင်္ဂလိပ်အစိုးရက အမိန့်ချမှတ်လေတော့ သန်ဂန်လန်တို့ရွာသားတွေက မဖြစ်မနေသွားဖို့အကြောင်းဖန်လာရာကနေ ဘယ်လိုအခက်အခဲတွေတွေ့ကြုံသွားရမယ်ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ V ~ KKKZ ~ Bluri တို့ပဲဖြစ်ပါတယ် ) File size… 3.5 GB / 1.69 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie
Thangalaan (2024)
8.4
Vada Chennai (2018)
Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များIMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်ဆောင်ထားတဲ့ crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်က မန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကို ဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်းလေးယောက်က သတ်ပြီး သူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကို ရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက် ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီက မြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာ ထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါ ပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ်လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့ အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေ နိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်း အကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲ ပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့... ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့ တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 2.8GB / ...
movie
Vada Chennai (2018)
2018
9
800 (2023)
800 (2023)"ဝစ်ကတ် ၈၀၀" ====================== IMBb 9/10Sport drama ကြိုက်တတ်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် 800 ဆိုတဲ့ တမီလ်စကားပြော ဖြစ်ရပ်မှန် Sport, biography ရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ခရစ်ကတ်သမိုင်းတလျှောက်မှာ Wicket တွေ အမြင့်ဆုံးထိခဲ့တဲ့ သီရိလင်္ကာခရစ်ကတ်သမား မူရာလီရဲ့အကြောင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။သမ္မာကျမ်းစာကို စာအုပ်ပေါင်းများစွာနဲ့ကူးယူနေရတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေက ရသေ့စိတ်ဖြေလုပ်ဖို့အတွက် ခရစ်ကတ်ကစားနည်းကို တီထွင်ခဲ့တယ်လို့ တချို့ကပြောကြတယ်။ တချို့ကတော့ အင်္ဂလိပ်သိုးကျောင်းသားတွေက တီထွင်ခဲ့တာတဲ့။ဘယ်သူကပဲတီထွင်ခဲ့တီထွင်ခဲ့ အင်္ဂလိပ်တွေနဲ့အတူ အိန္ဒိယကိုရောက်လာခဲ့တဲ့ ခရစ်ကတ်ကစားနည်းကို အိန္ဒိယက မူသီယာ မူရာလီသာရန်ဆိုတဲ့ ကလေးငယ်လေးက သဘောကျသွားပြီး အရူးအမူးကစားရင်း အနိမ့်အမြင့် အတက်အကျတွေကြားထဲကနေ ကမ္ဘာ့စံချိန်ချိုးတဲ့ကစားသမားဖြစ်လာခဲ့ပုံကို ခရစ်ကတ်အကြောင်းမသိတဲ့သူတွေတောင်မှ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်..။( ဒီရုပ်ရှင်အတွက် ဘာသာပြန်ညွှန်းဆိုသူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie
800 (2023)
2023